အခန်း ၈၁
Vol. 9 Ch. 81
Ch 81 ရှင့်ရဲ့နားရွက်က....နီနေတယ်
ရှန်ရန်ချင်းက သူမရဲ့ နဖူးကို နူးနူးညံ့ညံ့နမ်းလိုက်ပြီး သူ့ရဲ့ကံကောင်းမှုကို မလွှင့်ပစ်ခဲ့ဘူး။
သူ ထွက်သွားဖို့လုပ်တော့ နန်ကောက သူ့ရဲ့လက်မောင်းကို ဆွဲကိုင်ထားပြီး ရှုပ်ထွေးနေပုံ ရတယ်။
သူက ရှက်သွားတာကို သူမ သိလိုက်ချိန်မှာ ဘဝင်လေဟပ်နေတာက အဝေးကြီးကို လွှင့်ထွက်သွားပြီ။
အဲဒါက မီးနဲ့ကစားနေတာမျိုးနဲ့ ဆင်တယ်။
သူမ နားရွက်တွေက ဖြည်းဖြည်းချင်း နီရဲလာတာကိုမြင်တော့ သူက ပြုံးလိုက်ပြီး သူမ ခေါင်းကို ပွတ်ပေးလိုက်တယ်။ သူက သူမကို တိုးတိုးလေး သတိပေးလာတယ်။
“မင်းကိုမင်း သတိဝင်ဖို့ အချိန်ရောက်နေပြီနော်”
နန်ကော မျက်တောင် ခတ်လိုက်ပြီး သူမ ခေါင်းကို အဝေးကို လှည့်လိုက်တယ်။
သူမက ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေရင်း ရှေ့ကို ကြည့်နေခဲ့တယ်။ ဒါပေမဲ့ နောက်တစ်စက္ကန့်မှာပဲ သူမက လက်ဆန့်ထုတ်ကာ သူမ နဖူးကို ပြန်ထိလိုက်ဖို့ မအောင့်နိုင်တော့ဘူး။
အို့ အဲဒါက နူးနူးညံ့ညံ ပေါ့ပေါ့ပါးပါးလေးသာ ဖြစ်တယ်။ သူမက ကြောင်အ နေတာမို့ အနမ်းကို မခံစားနိုင်ခဲ့ဘူး။
သူက သူ့လက်ကို မဖယ်လိုက်ခင်အထိ သူမမှာ ဒါကိုတွေးဖို့ အချိန်မရှိခဲ့ဘူး။
အနမ်းခံလိုက်ရတဲ့ ပင်ကွင်းပေါက်လေးက လုံးဝကို ငြိမ်ကျသွားပြီး လက်မှတ်တွေနဲ့အတူ ရှန်ရန်ချင်းဘေးမှာ ငြိမ်ငြိမ်လေး နာနာခံခံ ရပ်နေခဲ့တယ်။
သူမ ရုပ်ရှင်ရုဲထဲဝင်တော့ သူမ သတိဝင်လာပြီး သူမရဲ့ ပူလောင်နေတဲ့ မျက်နှာကို ပွတ်သပ်နေမိတယ်။
ကံကောင်းစွာနဲ့ပဲ သူမ အနားက မီးရောင်က မှိန်နေခဲ့တာမို့ ရှန်ရန်ချင်းက သူမရဲ့ မျက်နှာ အမူအရာကို မမြင်နိုင်ခဲ့ဘူး။
ချစ်သူများနေ့မှာ ထုတ်လွှတ်တဲ့ ဇာတ်ကားက ထုံးစံအတိုင်း ရိုမန့် ဇာတ်ကားတစ်ကားသာ ဖြစ်တယ်။
ရုပ်ရှင်ရုံထဲမှာ လူတွေက ပြည့်နှက် နေခဲ့တယ်။
ရှန်ရန်ချင်းက ရုပ်ရှင်ကို အချိန်အကြာကြီးတည်းက မကြည့်ခဲ့ရဘူး။ နောက်ဆုံးအကြိမ် သူ ရုပ်ရှင် လာကြည့်တုန်းက နိုင်ငံခြားမှာ စာလေ့လာနေတုန်းပဲ ရှိသေးတယ်။ သူက အတန်းဖော်တစ်ချို့ရဲ့ ဆွဲခေါ်လာမှုကြောင့် သိပ္ပံရုပ်ရှင်ကို ကြည့်ခဲ့တယ်။
အဲ့အချိန်တုန်းက လူတွေအများကြီး မရှိခဲ့ဘူး။ အဲဒီမှာ သူတို့လူတစ်စုပဲ ရှိနေခဲ့တယ်လို့ ထင်ရတယ်။
အခုတော့ မတူတော့ဘူး.......။
ကံကောင်းလို့ ရုပ်ရှင်က အမြန်စပြလာပြီး လူတိုင်းက အလိုအလျောက် တိတ်ဆိတ် သွားကြတယ်။
“ဒီဇာတ်လမ်းအသံက ဘာလဲ”
နန်ကောက သူ့ဘက်ကို ကွေးပြီး တိုးတိုးလေး မေးလာတယ်။
သူမ အထဲဝင်လာတုန်းက လက်မှတ်တွေ ရလာခဲ့ပေမဲ့ သူမက ဘာရုပ်ရှင်ပြမလဲ သတိမထားမိခဲ့ဘူး။
သူမက တခြားသူများကို အနှောင့်အယှက် ဖြစ်သွားမှာ ကြောက်တာမို့ နန်ကောက တမင်တကာ အသံတိုးတိုးနဲ့ ပြောလာပြီး မေးဖို့အတွက် သူ့နားရွက်နားကို တိုးသွားခဲ့တယ်။
ရှန်ရန်ချင်းရဲ့ လက်မောင်းရင်းပေါ်က လက်ချောင်းတွေက ကွေးသွားခဲ့တယ်။
ပိတ်ကားပေါ်မှာ အဖွင့်မှာ ပါဝင်သူတွေကို ပြသထားဆဲဖြစ်ပြီး သူ့ရဲ့လက်ရာမြောက်တဲ့ မျက်နှာအမူအရာပေါ်ကို ဖြတ်သန်းသွားခဲ့တယ်။
နန်ကောက တဖြည်းဖြည်း နီးလာခဲ့တယ်။ မီးရောင်ရဲ့အကူအညီကြောင့် သူမက သူ့ရဲ့မျက်နှာကို မြင်လိုက်ရတယ်။ သူ့ပုံက အေးဆေးနေပြီး တည်ငြိမ်နေတယ်။
သူမက ရှန်ရန်ချင်းတစ်ယောက် မကြားလိုက်တာများလို့ သံသယ ဝင်လာမိတယ်။ မဟုတ်ရင် သူက ဘာလို့ ပြန်မပြောရတာလဲ။
အဲဒီလို တွေးမိတာနဲ့ သူမက လည်ချောင်းကို ရှင်းလိုက်ပြီး သူမတို့ နှစ်ယောက်ကြားက လက်ရန်းကို မကြည်မသာနဲ့ တွန်းလိုက်တယ်။ အခုချိန်မှာတော့ သူမတို့ နားမှာ ဘာအတားအဆီးမှ မရှိတော့ဘူး။
နန်ကောက သူ့အနားကို တိုးသွားခဲ့တယ်။
ရုံထဲက အပူပေးစက်က အတော်လေး ကောင်းလွန်းတာမို့ သူမ ရောက်လာပြီး မကြာခင် သူမ ကုတ်အင်္ကျီကို ချွတ်လိုက်ရတယ်။
အဲ့ဒါအောက်မှာ သူမက ညနေခင်း ပွဲတက်ဂါဝန်ကို ဝတ်ထားခဲ့ပြီး သူမရဲ့ နူးညံ့တဲ့ လက်မောင်းက အမျိုးသားရဲ့ လက်မောင်းကို ဖိထားလိုက်တယ်။
သူမ အနားရောက်ပြီး မကြာခင် သူမ အနားက ရေမွှေးက နွေးထွေးတဲ့ ရုံအတွင်းမှာ ရှန်ရန်ချင်းရဲ့ အနားကို ဝန်းရံလာခဲ့တယ်။
သူ အသက်ရူလိုက်တိုင်း သူမ ခန္ဓာကိုယ်က ချိုမိန်တဲ့အနံတွေ ပြည့်နှက်နေခဲ့တယ်။
နန်ကောက သူ ဘာတွေးနေမှန်း မသိခဲ့ဘူး။ သူမက ခေါင်းငုံ့ရင်း တဖြည်းဖြည်း တိုးလာပြီး မျက်နှာပြင်နဲ့ တဖြည်းဖြည်း ကပ်လာတယ်။ သူမက သူ့ရဲ့ငေါထွက်နေတဲ့ အာဒမ်ပန်းသီး မြင့်ရာက နိမ့်သွားတာကို မြင်လိုက်ရတယ်။
သူ့ရဲ့အာဒမ်ပန်းသီးက အနက်ရောင်ရှပ်အင်္ကျီထဲ နိမ့်ဆင်းသွားပြီး...လည်စည်းက ရင်းနှီးနေလိုက်တာ။
အစက သူက သူ့ရဲ့အပေါ်အင်္ကျီကို မချွတ်တာမို့ သူမက အဲဒါကို အာရုံမစိုက်လိုက်မိဘူး။
အခုကြည့်မိတော့ လည်စည်းက သူမ နောက်ဆုံးအကြိမ်က သူ့ကိုပေးခဲ့တဲ့တစ်ခုနဲ့ တူတယ်။
အဲဒါက တကယ်ပဲ ကြည့်ကောင်းတယ်။
သူနဲ့ တကယ်လိုက်တယ်။
သူမ အကြည့်တွေက ဒဲ့တိုးဆန်ပြီး စူးရှနေတယ်။ ရှန်ရန်ချင်းက သူပင်အပ်တွေ ပြည့်နေတဲ့ နေရာမှာ ထိုင်နေရတယ်လို့ ခံစားလိုက်ရတယ်။ သူက ဘာကို ကြည့်ရမှန်းတောင် မသိတော့ဘူး။
နန်ကောက ဒါကို သတိပြုမိတာမို့ သူ့ကို ဒီလိုမျိုး ကြည့်နေတာက မယဉ်ကျေးတာကို သိလိုက်တာမို့ သူမကိုယ်သူမ ဖိအားပေးပြီး အဝေးကို ကြည့်လိုက်ကာ အရေးကြီးတဲ့ကို မေးခဲ့သလို အသံတိုးတိုးနဲ့ ပြောလာတယ်။
“ကျွန်မ မေးချင်တာက ဒါက ဘာကားလဲ”
ရုတ်တရက် ရှန်ရန်ချင်းက ကြည့်လာပြီး ချောင်းဆိုးတော့တယ်။
နန်ကောက ကြောင်အ သွားပြီး သူမ မေးမဲ့ကို အားတင်းပြီး ရပ်လိုက်ရတယ်။ သူမက သူ့ကို စိတ်လှုပ်ရှားတစ်ကြီး ကြည့်လာတယ်။
“ရှင် ရေသောက်မလား အာ… မဟုတ်သေးဘူး။ အသီးဖျော်ရည် ဆိုရင်ကော”
သူမက သူမ ဘေးက အသီးဖျော်ရည်ကို လှမ်းပေးလိုက်တယ်။
ရှန်ရန်ချင်းက ပွဲထဲမဝင်ခင် အဲဒါကို ဝယ်ခဲ့တာ။ သူက ဆိုဒါက သောက်မကောင်းဘူးပြောပြီး လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်ကို ယူလာခဲ့တယ်။ အဲဒါက အတော်လေး ချိုတယ်။
သူ မှတ်မိသလောက်ဆိုရင် ရှန်ရန်ချင်းက ဆန့်ကျင်ဘက်လိင်နဲ့ တစ်ခါမှ အဲဒီလောက် မနီးစပ်ဖူးဘူး။ ဒါပေမဲ့ တစ်ဖက်လူက သူမက ဘယ်လောက် ဆွဲဆောင်မှု ရှိနေမှန်းကို သိမနေဘူး။ တခဏလောက် သူ့နားရွက်တွေက ပူလောင်နေပြီး စိတ်လှုပ်ရှား လာတာမို့ သူ့လက်ကို ဘယ်မှာထားရမှန်း မသိတော့ဘူး။
ဒါကြောင့် သူ့စိတ်တွေက ဗလာဖြစ်နေပြီး သူမ ပေးတဲ့သစ်သီး ဖျော်ရည်ကို သဘာဝကျကျ ယူလိုက်တယ်။
သူက တစ်ငုံလောက် သောက်လိုက်ပြီးတာနဲ့ သူ့ဘေးက ပင်ကွင်းပေါက်လေးက တစ်ခုခုကို နားလည်ဟန်နဲ့ အံ့အားတကြီး မေးလာတယ်။
“အို့ နိုး ကျွန်မ သောက်ပြီးသားကြီး”
ရှန်ရန်ချင်း”.....”
အို ဘုရားရေ သူအခု ပိုပြီး ပူလာသလိုပဲ။
သူက သူများတွေကို မနှောက်ယှက်ချင်တာမို့ သူ့ချောင်းဆိုးချင် တာကို ဖိနှိပ်လိုက်ရတယ်။
နန်ကောက သူ သက်တောင့်သက်သာ မရှိတာကိုမြင်တော့ စိတ်ရှုပ် ထွေးစွာနဲ့ သူမ ခေါင်းကို ကုတ်ကာ မေးလာတယ်။
“ရှင် အဆင်ပြေရဲ့လား”
“ကိုယ် အဆင်ပြေပါတယ်”
ရှန်ရန်ချင်းက မျက်တောင် အောက်ချလိုက်ပြီး သူ့နှလုံးသားထဲက ပူပန်မှုကို ဖုံးကွယ်လိုက်တယ်။
သူ့လက်ထဲက သစ်သီးဖျော်ရည်ကို ကြည့်နေရင်း ထပ်ပြီး ရှက်ကိုးရှက်ကန်း ဖြစ်လာတယ်။
“ဒီကားက လူငယ် အချစ်ဇာတ်ကားလေ။ အသေးစိတ်ကိုတော့ အာရုံမစိုက်လိုက်မိဘူး။ လူအတော်များများက အဲဒီကားက ကြည့်လို့ကောင်းတယ် ပြောကြလို့လေ”
ရှန်ရန်ချင်းက အမှန်အတိုင်း ပြောခဲ့တယ်။ သူက ရုပ်ရှင်တွေကို အာရုံမစိုက်ခဲ့ဘဲ ဇာတ်ကားနာမည်ကိုတောင် မမှတ်မိခဲ့ဘူးလေ။
သူသိတာက ဒါက လူငယ်အချစ်ဇာတ်လမ်းဆိုတာပဲ။
ဥက္ကဌရုံးခန်းထဲက ဂရုချက်မှာပြောကြတာက နန်ကောလို ကောင်မလေးက အဲဒီလို ဇာတ်ကားတွေ ကြိုက်တယ်ပြောတယ်။
အဲဒီဇာတ်ကားကို ချစ်သူများနေ့မှာ လွှင့်မှာဖြစ်ပြီး ရိုမန့်တစ်ဆန်တဲ့ လေထုနဲ့ သင့်တော်တယ်။
ကောင်းတဲ့ ဇာတ်ကားတွေဖြစ်တဲ့ နွေဦးပွဲတော်မှာထွက်တဲ့ ဇာတ်ကား တွေလည်း ရှိတယ်။ ဒါပေမဲ့ ရုံးခန်းထဲရှိ ဂရုချက်မှာ အကြောင်းအရာက အဓိက မဟုတ်ဘူးလို့ ပြောထားခဲ့တယ်။ အဲဒီအစား အတူကြည့်ရမဲ့သူက အရေးကြီးတယ်တဲ့။
ဒါကြောင့် နောက်ဆုံးမှာ သူက ဒီဇာတ်ကားကို ရွေးခဲ့ရတာ။
“ဟမ်” သူ ပြောပြီးတာနဲ့ နန်ကောက မေးလာတယ်။
“ရှင်က ကျွန်မမေးတာကို အစောတည်းက ကြားတာလား။ အဲဒါဆို ဘာလို့ အခုမှ ပြန်ဖြေရတာလဲ”
သူမက သူမ ကြားဘူးလို့ ထင်ခဲ့တာပဲ။
ရှန်ရန်ချင်း “...”
“အဟမ်း ရုပ်ရှင်က စနေပြီ”
နန်ကောက သူမ ခန္ဓာကိုယ်ကို ပြန်မတ်လိုက်ပြီး သူ့ဘေးက ဆုတ်လိုက်ပြီး သူမရဲ့ မျက်လုံးဝ်ိုင်းကြီးနဲ့ ကြည့်လာတယ်။
တစ်ချက်လောက် ကြည့်ရုံနဲ့ သူက သူမ ခေါင်းကို ပွတ်ပေးလိုက်ပြီးသူမ အကြည့်တွေက ပိတ်ကားထက်ကို ကြည့်စေခဲ့တယ်။
ပူလောင်နေတဲ့အကြည့်တွေ ပျောက်ကွယ်သွားတာနဲ့ ရှန်ရန်ချင်းက သက်ပြင်း ချလိုက်တယ်။
ဒါပေမဲ့ သူ သက်ပြင်း မချရသေးခင် ပင်ကွင်းပေါက်လေး ခေါင်းက ရွေ့လာပြီး ဖြည်းဖြည်းချင်း သူ့ကို ကြည့်လာတယ်။
အစမြင်ကွင်း ပြီးသွားတာနဲ့ ရုပ်ရှင်က စပြလာတော့တယ်။ ဇာတ်လိုက် ပေါ်လာပြီးနောက် မြင်ကွင်းတစ်ခုလုံးရဲ့ အလင်းတွေက ရုတ်ချည်း တိုးသွားပြီး ငယ်ရွယ်ပြီးလှပတဲ့ အရောင်အဆင်းတွေက သက်ဝင်ပြည့်နှက်နေခဲ့တယ်။
နန်ကောက ဇာတ်ကားက ဘာပြမှန်း သတိမထားမိဘူး။ သူမက ရှန်ရန်ချင်းရဲ့ နားကွက်တွေက အံအားတကြီး လက်ညှိုးထိုး လာတယ်။
“ရှင့်နားရွက်တွေ....နီနေတယ်”
“ရှင် ပူလို့လား”
သူမက အတည်ကြီး မေးလာတယ်။
“......”
“ရှင် ကုတ်နှစ်ထပ်ကို ချွတ်လိုက်တယ်လေ။ ခုထိ ပူနေသေးတာလား”
သူမ အသံက သိချင်စိတ် ပြည့်နေပြီး အပြင်ထွက်ကာ နောက်တစ်စက္ကန့်မှာ ဝန်ထမ်းကို ခေါ်လာပြီး အပူချိန်ကို ထိန်းညှိခိုင်းလိုက်တယ်။
“မလှုပ်နဲ့”
ရှန်ရန်ချင်းက သူမ လက်ညှိုးကို ဆွဲထားလိုက်တယ်။
နန်ကောက အဖြေ ပြန်မရတာမို့ ဒေါသထွက်သွားတယ်။ သူမ လက်ချောင်းတွေက သူ့နွေးထွေးတဲ့ လက်ဖဝါးကို ကုတ်ခြစ်လိုက်တယ်။
******