အခန်း ၈၂
Vol. 9 Ch. 82
Ch 82 နင်ဘာလို့ စိတ်လှုပ်ရှားနေတာလဲ
ဒီကားက ရှန်ရန်ချင်းမြင်ဖူးသမျှထဲမှာ အဆိုးဆုံးဇာတ်ကားပဲ။
သူက ဇာတ်ကားထဲကအကြောင်းအရာကို ဂရုစိုက်လို့မရဘူး။ သူသိတာတစ်ခုက သူ့ဘေးက အမျိုးသမီးလေးက သူ့ကို အေးဆေးပေးမနေဘူး။
သူက သူမ လက်ကို ခပ်မာမာ ဆွဲလိုက်ပြီး သူမကို အာရုံပြောင်း လိုက်တယ်။
“ဇာတ်ကားကို အရင်ဆုံးပြီးအောင် ကြည့်တာပေါ့ အိုကေလား”
“အို့ အိုကေ”
နန်ကောက သူ နည်းနည်းလောက် ထူးဆန်းနေတာကို ခံစားမိတယ်။
အရင်ကဆို သူက သူမ ပြောသမျှတိုင်းကို ပြန်တုံ့ပြန်လေ့ရှိတယ်။ ဒါက ပထမဆုံးအကြိမ် သူက သူမကို ရှောင်လိုက်တာပဲ။
ကောင်မလေးက အတော်လေး သိချင်လာတယ်။ သူ မဖြေလေ သူမက အဲဒါကို စိတ်ထဲ သိမ်းထားလိုက်တယ်။
ဒါပေမဲ့ သူမက ရုပ်ရှင် အရင်မကြည့်ဘဲ သူ့ကို ထပ်ပြီး ဆိုးဝါးတဲ့ ဖွင့်ဟချက်တစ်ခုကို ကောက်နုတ် ပြလာတယ်။
ရုပ်ရှင်နောက်ခံက အထက်တန်း ကျောင်းအဆောင်တစ်ခုကနေ စတင်ရိုက်ပြ လာခဲ့တယ်။ နန်ကောက အဲ့ထဲကို စိတ်ပါဝင်စားစွာ ကြည့်နေခဲ့ပြီး ဇာတ်ကြောင်းရဲ့ဆွဲဆောင်တာ ခံလိုက်ရပြီး ပိတ်ကားပေါ်ကို ကြည့်နေခဲ့တယ်။
ရှန်ရန်ချင်းက သက်ပြင်းမောတစ်ခု ချလိုက်မိတယ်။
သူက လေထုအပူချိန် မြှင့်လာတာနဲ့ ပတ်သက်ပြီး ဘာလုပ်ရမှန်း မသိတော့ကာ သူ့နဖူးမှာ ချွေးအလွှာတစ်ခု ထွက်လာတာကို ခံစားလိုက်ရတယ်။
သူက ဘေးက သစ်သီးဖျော်ရည်ကို ကောက်ယူလိုက်ပြီး နှစ်ငုံလောက် သောက်ကာ သူ့စိတ်ကို ဖြေလျော့လိုက်ရတယ်။
သူ သောက်ပြီးတာနဲ့ သူက နန်ကော ခွက်ကို ယူလိုက်မိတာကို သတိရသွားတယ်။ သူ့ခံစားချက်က ရိုလာကိုစတာ ထပ်ဆုံးကနေ အောက်ကို ပြန်ပြုတ်ကျသွားသလို ဖြစ်နေပြီး သူက ခွက်ကိုအမြန် လွင့်ပစ်လိုက်တယ်။
သူ့ရင်ခုန်နှုန်းက မြှင်လိုက် တက်လိုက် ဖြစ်နေပြီး လုံးဝ မတည်ငြိမ်နေတော့ဘူး။
အဲဒါက ဒဏ္ဍာရီလာ.....သွယ်ဝိုက်အနမ်းများလား။
တခဏအတွင်မှာပဲ သူက သူ့လက်ထဲက အအေးကို ကြည့်လိုက်မိပြီး အတွေးထဲ နစ်သွားတယ်။
လူနှစ်ယောက်က အတူတူရှိမိရင် မသိစိတ်အရ အချင်းချင်း အတုခိုးတတ်ကြတယ်လို့ လူတွေက ပြောကြတယ်။ လူတစ်ချို့က အခြားလူရဲ့အရိပ်ကို ဖြတ်ပြီး တစ်ချိူ့ကိစ္စတွေကို တွေးနေတတ်တယ်တဲ့။
အဲဒါက တကယ်ကို မှန်တာပဲ။
ဥပမာပြောရရင် လက်ရှိဥက္ကဌရှန်လည်း နန်ကောနဲ့ အတူရှိပြီး မယုံနိုင်စရာ ကောင်းတဲ့ အတွေးတွေကို တွေးနေမိတယ်။ သူ့အတွေးက များလွန်းနေပြီး အဓိက အကြောင်းအရာဆီမှာ ရပ်လို့မရတော့ဘူး။
ရုပ်ရှင်တစ်ဝက်မှာ နန်ကျဲ့က နန်ကောကို စစ်ဆေးလာတယ်။
မက်ဆေ့ခ်ျ အတန်းလိုက်ကြီးက သူမ ဖုန်းမှာ ပေါ်လာတယ်။ နန်ကောက ဖုန်းကို မကြည့်တောင် နန်ကျဲ့မှန်း ပြောနိုင်ခဲ့တယ်။
သူမက ဖုန်းကို ယူလာမိတာတောင် စိတ်အနှောင့်ယှက် ဖြစ်မိသွားတယ်။
သူမက ဖုန်းကို စစ်ဆေးနေတာမြင်တော့ ရှန်ရန်ချင်းက သူမ လက်ကို လွှတ်လိုက်တယ်။
နန်ကောက သူမ ဖုန်းရဲ့အလင်းအားကို အမှောင်ဘက်ကို ပြောင်းလိုက်ပြီး နန်ကျဲ့ရဲ့စာတွေကို အောက်အထိ ဆွဲလိုက် တယ်။
ရုပ်ဆိုးတဲ့သူတွေက ပြဿနာရှာတယ်။
[နင်ဘာလုပ်နေလဲ]
[နင်အခုဘယ်မှာလဲ]
[နင်နဲ့ အဲဒီငတုံးကောင်ရီယွီက ဘယ်သွားတာလဲ]
ရီယွီက ယွီရဲ့နာမည် အပြည့်အစုံဖြစ်တယ်။
နန်ကောက သက်ပြင်းရှိုက်လိုက်ပြီး အစောပိုင်းက ယွီနဲ့သဘော တူထားတဲ့အတိုင်း သူ့စာတွေကို ပြန်ဖြေလိုက်တယ်။
ပြီးတော့ သူမက ထပ်ပေါင်းထည့်လိုက်တယ်။
[နင့်ရဲ့ဘလိုင်းဒိတ်ကိုသာ အာရုံစိုက်ပြီး ငါကိစ္စက ဝေးဝေးနေစမ်းပါ]
[အခြေအနေက ဘယ်လိုလဲ]
နန်ကျဲ့က အချိန်အကြာကြီး စာမပြန်လာဘူး။
နန်ကောက သူက ရပ်လိုက်တယ်လို့ တွေးနေစဉ်မှာပဲ သူမ သိနေတဲ့သူက သူမကို ဖုန်းခေါ်လာတယ်။
နန်ကောက မျက်လုံးပြူးသွားပြီး မသိစိတ်အရ ဖုန်းချလိုက် မိတယ်။
ရှန်ရန်ချင်းက သူမ အပြုအမှုကို သတိထားမိသွားတယ်။
“မင်း ဖုန်းပြောမလို့လား”
“ဟမ်...”သူမ တွေးနေစဉ် နောက်တစ်စက္ကန့်မှာပဲ နန်ကျဲ့က သူမကို ဖုန်း ထပ်ခေါ်လာတယ်။
သူ ရူးနေတာလားဟ။
နန်ကောက ညည်းညူလိုက်ပြီး ရှန်ရန်ချင်းကို အပြင်ထွက်နှင့်မှာကို ပြောလိုက်တယ်။
“ကျွန်မ အပြင်မှာ ဖုန်းပြောလိုက်ဦးမယ်။ ပြန်လာခဲ့မယ်”
“အိုကေ” သူမ ဖုန်းပြောတာကို သူက နောက်လိုက်ဖို့က သိပ်မသင့်တော်ဘူးလေ။
သူက သူ့ခြေတံရှည်တွေကို ရုတ်သိမ်းလိုက်ပြီး သူ့ဖုန်းကိုကိုင်ကာ သူမ လမ်းတစ်လျှောက် ဖုန်းမီးထိုးပြလိုက်ကာ သူမကို အေးအေးဆေးဆေး လမ်းလျှောက် သွားစေခဲ့တယ်။
သူက သူမကို စိုးရိမ်တကြီး သတိပေးလာတယ်။
“အောက်ဆင်းရင် တံခါးနားမှာ အထစ်တွေ ရှိတယ်။ သတိထားဦး”
ရုပ်ရှင်ရုံထဲကမီးတွေက မှိန်မှိန်လေး လင်းနေတာမို့ ချော်လဲဖို့ လွယ်လေတယ်။
“အမ်..အမ်..သိပြီ” နန်ကောက သူမ ဖုန်းကိုကာထားပြီး ငုံ့ပြီးထွက်လာလိုက်တယ်။
ရုံထဲကထွက်တော့ ကော်ရစ်ဒါက မီးအလင်းရောင်တွေက သူမကို မသက်မသာ မျက်မှောင် ကြုတ် မိစေတယ်။
သူမက ကော်ရစ်ဒါကို တိတ်တဆိတ် လျှောက်သွားပြီး ဖုန်းဖြေလိုက်တယ်။
“ဘာလို့ အခုမှ ငါ့ဖုန်းကို ကိုင်တာလဲ”
ဖုန်းကိုင်ပြီး မကြာ နန်ကျဲ့ရဲ့ မကျေမချမ်းအသံက ဖုန်းကနေ ထွက်ပေါ်လာတယ်။
နန်ကောက သူမ မျက်လုံးကို တိတ်တိတ်လေး လှိမ့်လိုက်တယ်။
အခြေအနေအရသာ သူမက ဖုန်းကိုင်ရတာ မဟုတ်ရင် သူမက သူ့ကို ဘလက်လစ်စာရင်းထဲ သွင်းပစ်ချင်တာ။
“ငါက အခု အထဲကို ရောက်နေပြီး အဲဒီမှာ နည်းနည်းလောက် ဆူညံ့နေလို့လေ။ ငါ အပြင်ရောက်တော့ နင့်ကို ပြန်ခေါ်မလို့ပဲ”
သူမက အဓိပ္ပါယ်မရှိတဲ့စကားတွေကို မျက်တောင်မခတ် ပြောနေခဲ့တယ်။
“ကော ဘာကိစ္စရှိလို့လဲ”
“အခုက ဘလိုင်းဒိတ် လုပ်နေတာ မဟုတ်ဘူးလား ဘာလို့ ငါ့ကို ဖုန်းခေါ်နေတာလဲ”
အခြာတစ်ဖက်ရှိ ကျန်းမြို့ထဲမှာ.....
နန်ကျဲ့က စားသောက်ဆိုင်မှာ တစ်ယောက်တည်း ထိုင်နေခဲ့တယ်။ လက်တစ်ဖက်က သူ့ဖုန်းကို ကိုင်ထားပြီး အခြားတစ်ဖက်က မီးခြစ်နဲ့ ဆော့နေခဲ့တယ်။
သတ္ထုအဖုံးက ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေကာ အသံတိုးတိုးလေး ထွက်လာစေတယ်။
အပြာရောင် မီးတောက်တွေက ခုန်ထွက်လာပြီး ပျောက်သွားတယ်။
အဲ့ဒါက ထပ်တလဲလဲ ဖြစ်နေတယ်။
သူ့ဘက်မှာ ပုံမှန်မဟုတ် တိတ်ဆိတ်နေပြီး သူက ပြန်မဖြေခဲ့ဘူး။ နန်ကောရဲ့ အပျော်သဘော အပြောင်အပျက်တွေက ပျောက်သွား ပြီး သူမက လေးနက်လာတယ်။
“ကော နင်အဆင်ပြေရဲ့လား”
သူမက ဂရုတစိုက် မေးလာတယ်။
“ပြေတယ်” နန်ကျဲ့အသံက ပုံမှန်အတိုင်းပဲ ဖြစ်နေတယ်။
နန်ကောက ကြောင်အ သွားတယ်။ ဒါဆိုသူက ဘာလို့ သူမကို အကြောင်း မရှိဘဲ ဖုန်းခေါ်ရတာလဲ။
သူ့လေသံအရဆို သူက သူမ ရှန်ရန်ချင်းနဲ့ တွေ့နေမှန်း သိပုံမရဘူး။
သူ့ဒေါသအရဆိုရင် သူက သူမတို့ တွေ့တာသိတာနဲ့ ချက်ချင်းအ ပြေးလာ လောက်တယ်။ အရင်ဆုံး သူမကို ခေါ်ကာ အဝေးကိုသွားပြီး သူမကို ရက်ရက်စက်စက် ဆူလောက်တယ်။
ဒါကြောင့်ဒါက ပုံမှန် မဟုတ်ဘူး။
ဒါက အတော်လေးကို ပုံမှန်မဟုတ်တာ။
“နင်ဘလိုင်းဒိတ်က အဆင်မပြေဘူးလား”
နန်ကောက မျက်နှာပြောင်ပြောင်နဲ့ ခန့်မှန်းလိုက်တယ်။
လော့ဂျစ်ကျကျပြောရရင် အခုချိန်မှာ သူမ ကောက ဘလိုင်းဒိတ်မှာ စားသောက် နေလောက်ပြီလေ။ ဒါမဟုတ် စားပြီးရုံလောက်ပဲ ရှိဦးမှာ။ ပြီးရင် သူမ လိုမျိုး ရုပ်ရှင်ကြည့် မဟုတ်ရင် ရှော့ပင်းထွက်ရမှာလေ။
အဲဒါက မဟုတ်သေးဘူးလေ ဟုတ်တယ်မလား။
“အဲဒါက အဆင်ပြေပြေ ပြီးသွားတယ်” နန်ကျဲ့က သူ့ပါးစပ်ထဲက စီးကရက်ကို ထုတ်လိုက်ပြီး ခါလိုက်တယ်။ ပြာတွေက အဖြူရောင်စားပွဲခင်းကို ညစ်ပတ်သွားစေတယ်။
သူက အဲဒါကို ဂရုမစိုက်ဘူး။ သူက ထိုင်ခုံနောက်ကို ပျင်းပျင်းရိရိ မှီလိုက်တယ်။
“ဘယ်လိုလုပ် နင့်ကောရဲ့ ဘလိုင်းဒိတ်က မချောမွေ့ရမှာလဲ။ တစ်ဖက်က င့ါကို တွေ့ဖို့ လူကိုယ်တိုင်လာတာ မဟုတ်ဘူး သူမရဲ့ အကြီးအကဲတွေနဲ့ ရောက်ချလာပြီး သူတို့ခြေလက်တွေ မြှောက်ပြီး လက်ထပ်ပွဲကို ထောက်ခံလာတယ်လေ”
“....”နန်ကော တစ်ခါတည်း ကြောင်အသွားပြီး သူမ ကောရဲ့ပြောပြလာတာကို သေချာတွေးမိတယ်။
အမ်..ဘယ်လိုတောင် ထူးဆန်းရတဲ့ မြင်ကွင်းလဲ။
အဲဒါက သရဲကားနဲ့တောင် ဆင်သေးတယ်။
“နင်အခု ဘလိုင်းဒိတ် တွေ့ပြီးပြီဆိုတော့ အိမ်ပြန်နေပြီလား”
အဲဒါက တကယ်မမှန်ဘူး။ သူမက မိဘတွေနဲ့ သဘောတူထားတယ်။ သူမ ကော အိမ်ပြန်ရောက်တာနဲ့ သူမကို ချက်ချင်း မက်ဆေ့ခ်ျပို့ပေးဖို့ကိုလေ။
ဒါပေမဲ့ သူမ ဆီ စာတစ်စောင်တောင် ရောက်မလာဘူး။
“နိုး”
“.....”
“နင်ဘာလုပ်နေတာလဲ”
“ငါ့ကို လိပ်စာပို့လိုက် ဒီနေရာက အသစ်မလား။ ငါအရင်က မလာဖူးဘူး။ ငါ့သူငယ်ချင်းတွေနဲ့ ခဏလောက်လာမလို့လေ”
“။။”နန်ကော သက်ပြင်း ရှိုက်မိပေမဲ့ သူမ ရင်ထဲ မြိုသိပ်ထားလိုက်ရတယ်။
“ဟယ်လို” နန်ကျဲ့ဘက်က လိုင်းကျနေတယ် ထင်ကာ သူက သူမ အသံကို မကြားရဘူးလို့ ထင်နေခဲ့တယ်။
“ခဏလေး...ကော ကောင်မလေးကရော ဘယ်မှာလဲ”
“ဘာလုပ်ဖို့ မေးတာလဲ”
“နင်သူမကို အရင်ပြန်ပို့ရမယ်လေ ဟုတ်တယ်မလား”
“အို့” နန်ကျဲ့က သာမန်လိုမျိုး အမှန်အတိုင်းဖြေလိုက်တယ်။
“သူမက နေရာကို မရောက်လာခဲ့ဘူးလေ”
နန်ကောက မျက်လုံးပြူးကျယ်သွားပြီး ပီတိ ဖြာနေတယ်။
“ဘယ်လို နင်အခု ဘယ်မှာလဲ”
“ဘာလို့ စိတ်လှုပ်ရှားနေတာလဲ”
“မဟုတ်ပါဘူး မဟုတ်ပါဘူးဟ”
နန်ကောက ချက်ချင်းပဲ ဒီလိုကိစ္စမျိုးကို ပျော်နေတာက မဖြစ်သင့်ဘူးလို့ သတိ ထားမိသွားတယ်။
“အဲဒါဆို တစ်ဖက်က မတော်တဆလား တမင်သက်သက် လုပ်လိုက်တာလား”
“သူမ ပြောတာတော့ သူမက အလုပ်များနေလို့တဲ့။ လွန်ခဲ့တဲ့ မိနစ်ပိုင်းကပဲ ဆယ်လီတစ်ချို့နဲ့ ပုံရိုက်ပေးနေရလို့တဲ့”
“ဒါဆို သူမက ဘယ်မှာလဲ။ မဝေးရင် နင် သူမကို လာကြည့်လို့ရတယ်လေ။ အခြားဒိတ် တစ်ခုစီစဉ်ပြီးသား ဖြစ်တာပေါ့”
“ဘယ်မှာလဲလား” နန်ကျဲ့က ပြန်စဉ်းစားနေခဲ့တယ်။
“ငါ့အထင် ဟိုက်မြို့မှာဖြစ်တယ်”
နန်ကော “.....”
******