အခန်း ၈၃
Vol. 9 Ch. 83
83 01
Ch 83 ရှင့်ကို ချစ်တယ်
ဟိုက်မြို့တော်မှာဆိုတဲ့စကားကို ကြားမိတော့ သူမက ကိုယ့်ခြေထောက်ပေါ် ကျောက်တုံး ပြန်ပစ်ချမိတာကို သိလိုက်ရတယ်။
သူမက ခံပြင်းစွာနဲ့ မျက်စိ မှိတ်လိုက်ပြီး သူမ ပါးစပ်ကို ဖြည်းဖြည်းချင်း ပွင့်လာတယ်။
သူမက ဘာကိုမှ ကောင်းကောင်း မမေးနိုင်တော့ဘူး။
ဒါဆိုသူမ ဘာလို့များ ပါးစပ်ဟလိုက်မိတာပါလိမ့်။
နန်ကောက အသက်ပြင်းပြင်း ရှူရင်း တုံ့ဆိုင်းနေမိတယ်။
“ငါ ဟိုက်မြို့ကို အခုသွားလိုက်ရမလား။ အခုချိန်ဆို အရမ်းနောက်ကျနေပြီမလား”
ကံမကောသ်းစွာနဒ့ နှစ်ယောက်လုံးက ဖုန်းပြောနေခဲ့တယ်။ သူမ ပြန် ရုတ်သိမ်းချင်ရင်တောင် အခွင့်အရေး မရှိတော့ဘူး။ သူမ စကားတွေကို နန်ကျဲ့က စိတ်ထဲမှာ မှတ်ထားလိုက်ပြီလေ။
“အာ...ဒါက” နန်ကောက တွေဝေနေမိတယ်။
သူမ ကောက ဟိုက်မြို့ကိုလာရင် ဘယ်လိုလုပ်မလဲ။
သူတို့ တစ်ယောက်ဆီက တစ်ယောက် ဘယ်လိုပြေးရမလဲ။
သူမ ကောက လာခွင့် မပြုရင်တောင်မှ သူမကို ရှာဖို့ ကောက ယွီကို လိုက်ရှာမှာလေ။ ဒါပေမဲ့ သူမက အနားမှာ မရှိဘူးတဲ့။ သူမကိုယ်သူမ ဖော်ထုတ် ပစ်ရုံသာမက သူမ သူငယ်ချင်းယွီကို ယုံကြည်မှုလည်း ပျက်ပြားသွားတော့မှာ။ ဒါဆို အနာဂတ်မှာ ယွီက သူမကို ကူညီပေးဖို့ကို ခက်ခဲသွားနိုင်စေတယ်။
ဒါကို တွေးမိတော့ နန်ကောက သူမ ကောကို ဟိုက်မြို့ကို လာခွင့်ပြုလိုက်တာက ပိုကောင်းတယ်လို့ ခံစားရတယ်။
ပြောရမယ်ဆိုရင် ဟိုက်မြို့က အကြီးကြီးလေ။ တစ်ယောက်နဲ့တစ် ယောက်ထိပ်တိုက်တွေ့ဖို့က ခက်ခဲလွန်းတယ်လေ ဟုတ်တယ်မလား။
သူသာ ဟိုက်မြို့ကိုလာခဲ့ရင် သူမ သေမလားရှင်မလားက မသေချာဘူး။ ဒါပေမဲ့ သူသာ ဟိုက်မြို့ကိုမလာခဲ့ရင် သူမ ကျိန်းသေပေါက် သေသွားရမှာ။
အများဆုံးဆို သူမက ဒီညကျော်ရင် အရှင်လတ်လတ် မီးရှို့ခံရနိုင်တယ်။
ဟုတ်ပြီ။ အဲဒီအချိန်ဆိုရင် ရှန်ရန်ချင်းပါ ပေါင်းပြီး မီးရှို့ခံရနိုင်ချေ ရှိတယ်။ ဒါပေမဲ့ သူမ ကောရဲ့ဒေါသအတိုင်းဆိုရင် သူတို့နှစ်ယောက်ကို မိုင်ပေါင်းထောင်ချီလောက် ခွဲထားလိုက်မှာ။
နန်ကော ရဲ့အတွေးတွေက တောင်ရောက်မြောက်ရောက် ဖြစ်နေစဉ်မှာ နန်ကျဲ့က ဒါကို တွေးကြည့်ပြီးသွားပြီ။
နန်ကောက ဘာမှမပြောနိုင်သေးခင်မှာ နန်ကျဲ့က မီးခြစ်ကိုင်ရင်း ထရပ်လိုက်တယ်။
သိပ်မဝေးတဲ့နေရာက ဝိတ်တာလေးက ထရပ်လာပြီး သူ့ကိုအချိန် အကြာကြီး လေ့လာနေခဲ့တယ်။
သေချာပြန်တွေးကြည့်ရင် သူက အစောပိုင်းထဲက ရောက်လာခဲ့တယ်။
သူက ဘာမှ မမှာထားဘဲ တစ်ယောက်ယောက်ကို အကြာကြီး စောင့်နေခဲ့တယ်။ အခုချိန်ရောက်နေတာတောင်မှ တစ်ယောက်မှ မရောက်လာခဲ့ဘူး။
ဝိတ်တာလေးက ရှေ့တစ်လှမ်းတိုးဖို့ လုပ်နေစဉ် နန်ကျဲ့က သူ့ဆီ လျှောက်လာခဲ့ပြီး ဒီဆိုင်ရဲ့ မန်ဘာကတ်ကို သူ့ဆီ ပစ်ပေးလာတယ်။
“စားပွဲပေါ်မှာ အပေါက်တွေ အများကြီး ကျန်ခဲ့တယ်။ ကတ်ထဲမှာ ဒေါ်လာ တစ်သောင်း ကျန်သေးတယ်။ မင်းဘာ့သာကြည့်ရှင်းလိုက် ပြီးရင် ကတ်ကို မင်ရိတိုက်ခန်းနံ ပါတ်၁၈ဆီ ပို့လိုက်”
“အို့..အို့...အို့ ကောင်းပါပြီဗျ”
ဝိတ်တာလေးက ခပ်မြန်မြန် တုံ့ပြန်လာပြီး သူ့ဆီက ဆွဲယူလိုက်တယ်။
သူ့ဘေးနားက လမ်းလျှောက်သံ ကြားတော့ နန်ကောက ကြောင်အသွားတယ်။
“ကော နင်ဘယ်သွားနေတာလဲ”
“တစ်ယောက်ယောက်နဲ့ ညစာ သွားစားမလို့လေ”
နန်ကျဲ့က ကားထဲဝင်ပြီး ထိုင်ခုံ ခါးပတ် ပတ်လိုက်တယ်။
“နင် အဲ့အမျိုးသမီးနဲ့ သွားတွေ့မလို့လား”
“..အမ်ဟမ်”
“နင် တကယ်ကြီး သူမကို ကြိုက်နေတာလား”
သူက တကယ်ကြီး သူမကို လိုက်ဖို့အတွက် ဟိုက်မြို့ကို မောင်းလာ တယ်။ ဒါက တကယ်ကြီး ပုံမှန် မဟုတ်ဘူး။
“အဓိပ္ပါယ်မရှိတာ” နန်ကျဲ့က လှောင်ပြောင်လိုက်တယ်။
“နင့်ကောက အသက်နှစ်ဆယ်ကျော် နေလာခဲ့ပြီးပြီ။ လူတစ်ယောက်ကပဲ ငါ့ကို အရူးတစ်ယောက်ကပဲ ရန်စရဲတာ”
“နင်က ငါ့ကို ရန်စ ပေးနိုင်မယ်ထင်လို့လား လုံးဝပဲ”
နန်ကောက သိချင်စိတ်နဲ့မေးလာတယ်။
“ဒါဆို ဘယ်သူက နင့်ကို ရန်စရဲတဲ့ ပထမဆုံးလူက ဘယ်သူလဲ”
“နင်လေ..”
“.....”သူမ မမေးလိုက်သင့်ဘူး။ တကယ်ကိုပဲ သူမက အပြောခံရ ဖို့ မေးမိတာပဲ။ ဟင့် ဟင့် ဟင့်
“ငါ နင့်ကို ထပ်မပြောတော့ဘူး။ ကားမောင်းနေတယ်။ နင် သွားလို့ရပြီ”
“ငါ” နန်ကောက ပါးစပ်ဟပြီး စကားမဆုံးခင်မှာ တစ်ဖက်က ဖုန်းချပစ်လိုက်တယ်။
83 02
သူမက ဖုန်းကို သူမ နားကနေ ဖယ်လိုက်ပြီး စက္ကန့် အနည်းငယ်လောက် ကြည့်နေမိတယ်။ သူမ နှုတ်ခမ်းထောင့်စွန်းတွေက ပြင်းပြင်းထန်ထန် ရှုံ့တွသွားတယ်။
“နင်က သူမကို မကြိုက်သေးတာတောင် ဖုန်းကို လောလောနဲ့ ချပစ်တယ်။ နင်က တကယ်ကို လူသားဆန်မှု မရှိဘူး”
သူက မိန်းမရတာနဲ့ ညီမကို မေ့သွားတယ်။ ဟမ့်
အရူးကောင် နန်ကျဲ့
သူမ ကျိန်ဆဲနေတုန်းမှာပဲ သူမ ဖုန်းက တုန်လာတယ်။ နိုတီဘားတစ်ခုက မျက်နှာပြင်မှာ ပေါ်လာတယ်။
[ဝီချတ်မှာ ငွေလွှာစာ]
သူမက သိချင်စိတ်နဲ့ နှိပ်လိုက်တော့ နန်ကျဲ့ရဲ့ရင်းနှီးနေတဲ့ ပရိုဖိုင်က ပေါ်လာပြီး ဒေါ်လာ၂သောင်း၂ထောင်ရော....။
ရုပ်ဆိုးတဲ့ သူတွေက ပြသနာရှာလွန်းတယ်။
[ပါးနဲ့မားကို ပြောလိုက် ငါဒီည ဟိုက်မြို့မှာ အိပ်မှာလို့ ဖုန်းမခေါ်နဲ့ မနှောင့်ယှက်နဲ့လို့ နားလည်လား]
“!!!!”
နန်ကော ငွေအမြန် လက်ခံလိုက်ပြီး အိုကေ သင်္ကေတလေး ပို့လိုက်တယ်။ သူမက ပြောလာတယ်။
[ကော မပူနဲ့ ဒီတစ်ညလုံး ငါနင့်ကို ဖုန်းမဆက်တော့ဘူး။ အဲဒီငွေကို လက်ခံပြီးပြီဆိုတော့ နင့်ရဲ့ဒိတ်က အဆင်ပြေပါစေနော်။ ချစ်တယ်ကော]
နန်ကျဲ့က စာကို တစ်ချက်ပဲကြည့်ကာ သရော်လိုက်တယ်။
သူက စာမပြန်ခဲ့ဘူး။ သူက ဝီချတ်ကနေ ထွက်လိုက်ပြီး အစောက သူ့ကိုမိတ်ဆက်ပေးထားတဲ့ သူရဲ့စာကို ရှာလိုက်တယ်။
သူက အမျိုးသမီးရဲ့လိပ်စာကို မရှာနိုင်ဘူး။
တခဏနေတော့ သူက မြေပုံမက်ပ်ကို ဖွင့်လိုက်ပြီး ဟိုက်မြို့ရှိ ချီယန်ရဲ့ဓာတ်ပုံဆိုင်ကို ရှာလိုက်တယ်။
မကြာခင်မှာပဲ လိပ်စာတစ်ခုက အောက်ကို ကျလာတယ်။ သွားရမဲ့ နေရာရဲ့ လိပ်စာဓာတ်ပုံက ဆေယ့ဝဲလ်ကနေ ပေါ်လာတယ်။
နန်ကျဲ့က ကားမောင်းနေစဉ်မှာပဲ ပုံနှစ်ပုံကို ကြည့်လိုက်တယ်။
ဒါပဲ ဖြစ်နိုင်တယ်။
နန်ကျဲ့နဲ့ ရင်တမမနဲ့ သဘောတူညီမှုယူပြီးနောက် နန်ကောက ရုပ်ရှင်ရုံထဲကို ပြန်ဝင်လိုက်တယ်။
သူမ ပြန်လာတာနဲ့ ရှန်ရန်ချင်းက သက်ပြင်းချလိုက်တယ်။
သူမ ပြန်ထိုင်လိုက်ပြီး သူ့ကို ရှင်းပြလိုက်တယ်။
“ကျွန်မကောက ဘလိုင်းဒိတ်မှာ ပြသနာကြုံလာလို့ ကျွန်မတို့ ခုနကမှ ဖုန်းပြောလို့ပြီးတာ”
“အဆင်ပြေပါတယ်။ ဆိုးလို့လား။ ကိုယ့်အကူညီရောလိုလား”
နန်ကောက ခေါင်းခါပြီး သူ့ကို အသံတိုးတိုးနဲ့ ပြန်ပြောလာတယ်။
“ဘာမှမလိုဘူး။ ကောက အခု တစ်ဖက်သူဆီကို သွားနေပြီ”
အချို့ကြောင်းအရာတွေကြောင့် ရှန်ရန်ချင်းက နန်ကော မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေမဲ့ သူမ အသံက ပီတိဖြစ်နေတာကိုတော့ သူကြားနိုင်တယ်။
“အို့ ဟုတ်သား။ ရှင် သူနဲ့တွေ့မဲ့သူကို အရင်ကမြင်ဖူးတယ်လေ”
“ကိုယ်လား..” ရှန်ရန်ချင်းကြောင်အသွားတယ်။
နန်ကောရဲ့ ဆိုရှယ်ထဲကပဲ လူတော်တော်များများကို တစ်ချိန်တည်းမှာ သူ မတွေ့ခဲ့ဖူးဘူး။
“သူမက ဟွာရှန် ဥက္ကဌရုံးခန်းမှာ အလုပ်လုပ်တာလား”
ဒါက သူတွေးမိတာအကုန်ပဲ။
ဥက္ကဌရုံးခန်းထဲမှာ လက်မထပ်ရသေးတဲ့ မိန်းကလေး ၇ယောက် ၈ယောက်လောက်တော့ ရှိတယ်လေ။
သူတို့ထဲက အများစုက နန်ကော အစ်ကိုနဲ့ အသက်တူတူပဲ။
“မဟုတ်ဘူး။ မဟုတ်ပါဘူး” နန်ကောက သူ ထပ်ပြီး အမှားလုပ်ပြီး မဟုတ်တာတွေ ခန့်မှန်းမိမှာစိုးကာ သူ့ကို ချက်ချင်း ပြောပြလိုက်တယ်။
“ဟိုနေ့က ရေပန်းမှာ ကျွန်မတို့ကို ဓါတ်ပုံရိုက်ပေးတဲ့ တစ်ယောက်ပါ”
သူမ ပြောပြီးတာနဲ့ ရှန်ရန်ချင်းက သေချာပြန်တွေးနေမိတယ်။
သူက အဲဒီညကို ရှင်းရှင်လင်းလင်း မှတိမိနေခဲ့တယ်။
ဒါပေမဲ့ ဓါတ်ပုံရိုက်ပေးတဲ့ အမျိုးသမီးကိုတော့ သူက သေချာမမှတ်မိဘူး။
“ဘယ်လိုတောင် တိုက်ဆိုင်တာများလဲ”
“ဟုတ်တယ်မလား”
နန်ကောက တခစ်ခစ် ရယ်နေတယ်။
“ကျွန်မ သိတုန်းကလဲ အဲလိုပဲ တွေးမိတာ။ တိုက်တိုက်ဆိုင်ဆိုင် သူမက ကျွန်မကောရဲ့ ဂျုနီယာ အထက်တန်းကျောင်းက ကျောင်းနေဖက်အတန်းဖော်တဲ့လေ”
“ပြီးတော့ သူမက ကျောင်းတက်နေစဉ်က မြို့ရဲ့ တိုက်ကွမ်ဒို ချန်ပီယံတဲ့။ သူမက အံဩစရာကောင်းတယ်။ သူမမှာ ကိုယ်ပိုင်စတူဒီယိုတောင် ရှိနေသေးပြီး ဓါတ်ပုံဆရာတောင် ဖြစ်နေသေးတယ်”
နန်ကောက အမြဲတမ်း လူတွေရဲ့ အထူးစကေးတွေပေါ် မူတည်ပြီး ဆုံးဖြတ်လေ့ရှိတယ်။
ရှန်ရန်ချင်းက ပြုံးပြီး သူမ ခေါင်းကို ပုတ်ပေးတယ်။
“မင်းလည်း အရမ်းတော်ပါတယ်ကွာ”
“ကျွန်မက ဘယ်လို တော်တာလဲ” နန်ကောက ဇဝေဇဝါ မေးလာတယ်။
သူမက ထောင်လွှားတတ်သူ မဟုတ်ပေမဲ့လည်း ရှန်ရန်ချင်းက ဘာကို ချီးကျူးနေမှန်း သူမ မသိဘူး။
“နေရာတိုင်းမှာလေ”
83 03
“ကျွန်မတော့ မထင်ဘူး။ ကျွန်မက အရမ်းတုံးတာလေ။ ကျွန်မမှာ ဘာစွမ်းရည်မှ မမြင်မိဘူး။ ကျွန်မ ငယ်ငယ်တုန်းကဆို ကျွန်မက စားတာက လွဲပြီး ဘာမှစိတ်မဝင်စားဘူး”
အဆုံးသတ်ရောက်လေလေ သူမက အသံတိုးသွားပြီး ကိုးရိုးကားရားနဲ့ ချောင်းဆိုးလာတယ်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“မင်းသာ ငတုံးဆိုရင် ဟိုက်တက္ကသိုလ်ကို ဘယ်လိုတက်နိုင်မှာလဲ”
“အို့ ဟုတ်သားပဲနော်”
မကြာခင်မှာ သူမက ရုပ်ရှင်ကို စိတ်ဝင်စားသွားတယ်။ သူမက အံဩသွားတယ်။
“ဘာလို့ သူတို့က လမ်းခွဲရတာလဲ”
“နားလည်မှု လွဲတာ ဖြစ်ရမယ်။ အမျိုးသမီးက ဒီလူကို တည့်တည့် ကြည့်နေတာဆိုတော့ သူက အမျိုးသားဇာတ်ဆောင် ဖြစ်ရမယ်”
“အို သိပြီ” သူမက စက္ကန့်ပိုင်းအတွင်း အဖြေရှာတွေ့သွားတယ်။
“ဒါက ပုံမှန်ဇာတ်လမ်းပလော့ပဲ”
ရှန်ရန်ချင်းက ဒါမျိုးတွေ မသိဘူး။
တကယ်ဆို သူက ဇာတ်လမ်းကို အစောတည်းက အာရုံစိုက် မနေဘူး။ နန်ကော ထွက်သွားတည်းက သူမက ဝင်လာတာနဲ့ ဇာတ်လမ်းကို ဆက်မကြည့်နိုင်တော့ဘူး ဒါကြောင့် သူက ဇာတ်ကားကို ခဏပဲ ကြည့်ခဲ့တာ။
“အဲဒီလူမျိူး ကိုယ့်မှာ လူတစ်ယောက်ရှိပြီးတာတောင်မှ တစ်ခြားသူကို ပြောင်းကြိုက်တဲ့ အဲဒီလူတွေ မုန်းလိုက်တာ”
“သူက လား” ရှန်ရန်ချင်းက မမေးဘဲ မနေနိုင်တော့။
“ဟုတ်တယ်လေ ရှင်သာ တစ်ယောက်ယောက်နဲ့ မပတ်သက်ရင် သူမကို ကူပြီး ပစ္စည်းဝယ်ပေးမှာလား အဲလိုယောင်္ကျားတွေက လူ့အမှိုက်တွေ”
ရှန်ရန်ချင်း : “.......”
******