← Chapters

အခန်း ၈၇

Vol. 9 Ch. 87

အခန်း ၈၇

Vol. 9 Ch. 87

87 01

Chapter 87 ကျွန်မအစ်ကို ဒီ‌ရောက်နေတယ်!

နန်ကော တွေးမိပါတယ်။ သူမ အစ်ကိုသာ ဟိုက်မြို့ကို လာခဲ့ရင် သူတို့နှစ်ယောက် ဆုံကောင်း ဆုံမိနိုင်တယ်ဆိုတာ။

ဒါပေမဲ့ ဖြစ်နိုင်ချေ ၂၀ကနေ ၃၀ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့တာ။

ဟိုက်မြို့ အိပ်ခန်း၃ခန်းနဲ့ ဧည့်ခန်း၂ခန်းပါတဲ့ တိုက်ခန်းတစ်ခန်းပဲ မဟုတ်ဘူးလေ။

ဖြစ်နိုင်ချေ ၃၀ရာခိုင်းနှုန်းလောက်ပဲဆိုပေမဲ့ အခုတော့ သူမဆီမှာ တကယ်ကြီး ဖြစ်လာပြီ။

ကံကြမ္မာဆိုးကြီး။

ရှန်ရန်ချင်း လမ်းတစ်ဖက်ကို သတိမထားမိဘူး။ သူ မြင်တာဆိုလို့ နန်ကော တစ်ယောက်ပဲ ရှိတယ်။

နောက်ကျနေပြီ။ သူတို့သာ ဒီအချိန်ပြန်ရင် ကျန်းမြို့ကို ပြန်ရောက်တဲ့အခါ ညနက်နေလောက်ပြီ။

သူ နန်ကောကို သူမ ထင်မြင်ချက်ကို မေးပြီး အခု အိမ်ပြန် လိုက်ပို့သင့်လားဆိုတာ စဉ်းစားနေတယ်။

မထင်မှတ်ထားစွာနဲ့ ချက်ချင်းပဲ နန်ကော တစ်ယောက် သူ့ကော်လံကို ဆွဲကိုင်လာတယ်။

သူတောင် ဘာမှ မပြောနိုင်သေးခင်မှာဘဲ နန်ကော သူ့ကို သစ်ပင်တွေအနောက်ကို ဆွဲခေါ်လိုက်တယ်။

တစ်ဖက်မှာတော့။

သိပ်မဝေးတဲ့နားက လူနှစ်ယောက် ခိုးကြောင်ခိုးဝှက်နဲ့ လုပ်နေတာကို မြင်တော့ နန်ကျဲ့ ခေါင်းကို အနည်းငယ်စောင်းလိုက်တယ်။ သူ့မျက်လုံးတွေထဲ ရှုပ်ထွေးမှုအပြည့်။

ဘာလို့ ဆန့်ကျင်ဖက်က အတွဲက သူ့ကို ကြည့်နေတာလဲ။

သူလည်း ပြန်ကြည့်ရော ဘာလို့ ထွက်ပြေးသွားတာလဲ။သူတို့ သူ့ကို သိတာလား။

နန်ကျဲ့ အဲဒါကို စိတ်ထဲတော့ သိပ်ထားမနေဘူး။ သူ မျက်လွှာချကာ ဆေးလိပ် ဆက်သောက်တယ်။

ပြောခါမှ ခုနကမိန်းကလေးက နန်ကော နဲ့တောင် နည်းနည်းဆင်သလိုပဲ...ခဏ။ နန်ကော အဲ့ချီးထုပ်။

နန်ကျဲ့ရဲ့ လက် တုန်ခါလာပြီး ပြာတွေ မြေပေါ်ကျသွားတယ်။

ရုတ်တရက် ရယ်စရာ ကောင်းတဲ့အတွေးတစ်ခု သူ့စိတ်ထဲ ပေါ်လာတယ်။

သူ မှတ်မိတာသာ မှန်မယ်ဆိုရင် ဒီနေ့ချစ်သူများနေ့လား။

ချစ်သူများနေ့!!!

ဒီအကြောင်းတွေးမိတာနဲ့ နန်ကျဲ့ရဲ့ မျက်နှာထား ရှုံ့တွသွားတယ်။ သူ လက်ကို မြှောက်ပြီး ဆေးလိပ်ဖင်ကို ကားခေါင်မိုးပေါ် ဖိချေလိုက်တယ်။ သူ မတ်တပ်ရပ်ပြီး လမ်းတစ်ဖက်ကို ဖြတ်ကူးသွားတယ်။

“ဟမ်။ အစ်ကိုကြီးနန် ဘယ်သွားမလို့လဲ” သူ ရုတ်တရက် ထသွားတာကို မြင်တော့ ချီယန် လန့်သွားတယ်။

နန်ကျဲ့ လှည့်မကြည့်မိဘဲ သူ့ကို စောင့်နေဖို့သာ လက်ဟန်ပြတယ်။

သူ သူ့ဘ၀ကို စွန့်စားနေတာ မြင်နေရတာကို သူမက ဘယ်လိုလုပ် တည်တည်ငြိမ်ငြိ မ်နေနိုင်ပါ့မလဲ။

ဒီတိုက်ပွဲမှာ သူမ မပါလို့ ဘယ်ရပါ့မလဲ။ သွားစို့။

သူမ နောက်ဆုံး ကော်ဖီတစ်လုတ်ကို မြန်မြန်သောက်ပစ် လိုက်တယ်။ မြိုချလို့ မပြီးသေးခင်မှာဘဲ သူမ အင်္ကျီလက်ကို လိပ်တင်ပြီး သူမရဲ့ ဖောင်းပွနေတဲ့ ပါးနှစ်ဖက်နဲ့ပဲ သူ့အနောက်ကို လိုက်သွားတယ်။ “ခဏလေး...အဟွတ် အဟွတ် အဟွတ်...ငါ့ကို စောင့်ဦး!”

_____

တစ်ဖက်မှာတော့ နန်ကော ရှန်ရန်ချင်းကို ကားပါကင်ဆီ ဆွဲခေါ်သွားတယ်။ “သော့ သော့!”

ရှန်ရန်ချင်းခမျာ ဘာမှ နားမလည်ဖြစ်နေပေမဲ့လည်း ပြောတဲ့အတိုင်းတော့ လုပ်ရှာတယ်။

နန်ကော ကားတံခါးကို ဖွင့်ပြီး သူ့ကို တွန်းထည့်လိုက်တယ်။ အဲဒီနောက် သူမ ကားသော့နဲ့အခြားအရုပ်တွေကို သူ့လက်ထဲ ထည့်ပေးပြီး “သွားမယ် သွားမယ်!”

““ ရှန်ရန်ချင်း ဒရိုင်ဘာခုံမှာ ထိုင်ပြီး သူမကို ကြောင်ကြည့်နေတယ်။ “ဘာဖြစ်တာလဲ”

သူစကားဆုံးတာနဲ့ နန်ကော ငုံ့ပြီး သူ့ပါးကို ခပ်မြန်မြန် တစ်ချက်နမ်းတယ်။ “ဒီနေ့တော့ ဒီလောက်ပဲ နောက်ကျနေပြီ အိမ်မြန်မြန် ပြန်တော့ တာ့တာ!”

ရှန်ရန်ချင်း “.....”

ချက်ချင်းပဲ သူမ ကားတံခါးကို တွန်းပိတ်လိုက်ပြီး သူ့ကို စကားပြောဖို့ အခွင့်အရေးတောင် မပေးဘူး။

သူမ ကြည့်ရတာ ရန်သူကပဲ သူမကို လာရှာနေသလိုလို။ ရှန်ရန်ချင်းက ဘယ်လိုလုပ် စိတ်ချနိုင်မှာလဲ။

ဒါပေမဲ့ သူ တံခါးကို ဖွင့်မလို့ တွန်းလိုက်တဲ့အချိန်မှာပဲ နန်ကော သူ့ကို အလျင်အမြန်တားပြီး စိုးရိမ်တကြီးရှင်းပြတယ်။

“ကျွန်မအစ်ကို ကျွန်မအစ်ကို ဒီရောက်နေတယ်!”

“ကျွန်မ တောင်းဆိုနေတာပါ။ မြန်မြန်သွားတော့ ၂မိနစ်အတွင်း ကျွန်မ ရှင့်ကို ဒီမှာ မြင်နေရသေးရင် ကျွန်မ စိတ်ဆိုးတော့မှာနော်!”

ရှန်ရန်ချင်းရဲ့ ခေါင်း ခပ်မြန်မြန် အလုပ်လုပ်နေတယ်။ တွေးကြည့်ပြီးတဲ့အခါ သူမ ပြန်ချင်သေးဘူး။ “ကိုယ် သွားနှုတ်ဆက်လိုက်မယ်။ ဒီလိုကြီး ထွက်သွားတာက မယဉ်ကျေးဘူး”

နန်ကော သူ့ကို စိုက်ကြည့်လိုက်တယ်။ “ဘယ် ပိုအရေးကြီးလဲ။ ကျင့်၀တ်လား။ ရှင့်အသက်လား”

သူက ဘာလို့များ အခုလိုအချိန်မျိုးမှာ နန်ကျဲ့ကို နှုတ်ဆက် ချင်ရသေးတာလဲ။ သူ‌ သက်သက် သေလမ်းရှာနေတာ မဟုတ်ဘူးလား။

“ဒါပေမဲ့ မင်း...”

နန်ကော သူ့ကို တွန်းထုတ်လိုက်ပြီး “ဒါပေမဲ့မနေနဲ့တော့! မြန်မြန်လုပ်ပြီး သွားတော့။ ညာဘက်ထွက်ပေါက်ကို သုံး!”

_____

နန်ကျဲ့ရောက်လာတဲ့အခါ ရှန်ရန်ချင်း ထွက်သွားပြီဖြစ်တယ်။

သူ နန်ကော တစ်ယောက်တည်းကိုပဲ မိတယ်။

“ကျေးဇူးပြုပြီး အနောက် လှည့်ပါဦး”

“ဟိုင်း!” နန်ကောရဲ့ ကျောပြင် တောင့်တင်းသွားတယ်။ သူမ အနောက်လှည့်ပြီး အပြုံးလေးနဲ့ သူ့ကို လက်ပြတယ်။

နန်ကျဲ့ မျက်လုံးကို ကျဉ်း၊ လက်ပိုက်ပြီး သူမကို ခေါင်းစခြေဆုံး သေချာကြည့်တယ်။ “အို ဘုရား ဒါဘယ်သူပါလိမ့်”

“ငါပါ! နင့်ချစ်စရာညီမလေးလေ ဟားဟား တိုက်ဆိုင်လိုက်တာ အစ်ကို”

“မဟုတ်ဘူးလား နန်ကော ။ နည်းနည်းတော့ တိုက်ဆိုင်တယ် ဒါပေမဲ့ ဟမ်။ နင် ဘယ်တုန်းက ကိုယ်ပွားနည်း သင်လိုက်တာလဲ။ ခုနက ငါ့ကို ဖုန်းခေါ်တုန်းက နင်ကျန်းမြို့မှာမဟုတ်ဘူးလား”

“ငါ အခု...အခုမှ ရောက်တာ ငါ နင့်ကို လာအားပေးတာ မွန်မြတ်တဲ့ထောက်ခံမှုလေး ပေးချင်လို့ပါ”

“အိုး ယွီယွီကရော”

“အာ သူ...သူ အများကြီးသောက်ထားလို့ မောင်းလို့ မရဘူး။ သူ...မလာဘူး”

ဒါကို ကြားတော့ နန်ကျဲ့ ရုတ်တရက်ကြီး ပြုံးလိုက်တယ်။ သူ လေကုန် ခံမနေတော့ဘဲ အနားကို လျှောက်သွားပြီး သူမ ပုခုံးပေါ် လက်တင်လိုက်တယ်။ သူ သူမ လည်ပင်းကို ချုပ်ကာ ကိုင်ထားတယ်။

နန်ကော လည်ပင်းမှာ နာကျင်မှုကို ခံစားရပြီး သူမ အစ်ကိုရဲ့ လက်ကို ခပ်ပြင်ပြင်း ပုတ်လိုက်တယ်။ “အစ်ကို။ ဟေး ဟေး ဟေး နင် ဘာလုပ်နေတာလဲ”

နန်ကျဲ့ ဖုန်းထုတ်ပြီး ယွီကို ခေါ်တယ်။

မြည်းတစ်ကောင်ဆီကနေ သူ့‌ဦးနှောက်အကန်မခံရမချင်း သူ နန်ကောရဲ့ သောက်ပိုတွေကို ယုံမှာ မဟုတ်ဘူး။

တစ်ဖက်လူ အရမ်းကို မြန်မြန်ပဲ ဖုန်းကိုင်တယ်။ “မင်္ဂလာညနေခင်းပါ အစ်ကိုနန်!”

“မင်္ဂလာညနေခင်း” နန်ကျဲ့ရဲ့ လေသံ သဘာ၀ကျကျပဲ။ ပုံမှန် ပြောနေတာနဲ့ ကွာခြားမှုမရှိ။ “နန်ကော ပြန်သွားပြီလား။ ငါ သူ့ကို ဖုန်းခေါ်တော့ ဘာလို့ မကိုင်တာလဲ”

“အော် နန်ရော့ရော့လား။ သူ အခုလေးတင် သီချင်းဆိုပြီး မောနေပြီ အခုအိပ်နေတယ်”

“သူ မင်းနဲ့ပဲလား။ ငါ အိမ်ပြန်သွားပြီ မှတ်နေတာ”

“နိုး နိုး ကျွန်တော်တို့ ပြီးလို့ရှိရင် သူ့ကို ပြန်လိုက်ပို့ပေးမယ်။ အစ်ကိုနန် မင်းမှာ သူ့ကို တစ်ခုခု အရေးတကြီး ပြောစရာရှိလို့လား။ သူ ငါ့ဘေးမှာ သူ့ကို နှိုးပေးရမလား”

နန်ကော စိတ်ပျက်အားငယ်စွာနဲ့ မျက်နှာကို အုပ်ကိုင်လိုက်တယ်။ နောက်ဆုံး‌တော့ သူမ အစ်ကို သူမကို ဘာလို့ အရင်ကိုင်ထားလဲဆိုတာ သူမ သိသွားပြီ။

နန်ကျဲ့ ဘာမှ ပြန်မပြောဘူး။ သူ ပြုံးပြီး ဖုန်းကို နန်ကော နားနားကို ထိုးပေးလိုက်တယ်။ “လာ သူ့ကို နင့်နင်ပြော”

နန်ကျဲ့ ဆိုလိုချင်တာကို ယွီတစ်ယောက် နားမလည်ဘူး။

ဒါပေမဲ့ နန်ကျဲ့ သူ့ကို အလွယ်တကူ ယုံကြည်မှာ မဟုတ်တာကိုတော့ သူ သေချာသိတယ်။ ကံကောင်းစွာနဲ့ပဲ သူ ပြင်ဆင်ထားတယ်လေ။ သူ အလျင်အမြန်ပဲ နန်ကော သွင်းထားခဲ့တဲ့ အသံဖိုင်ကို ဖွင့်ပြလိုက်တယ်။ “အစ်ကို ငါပါ”

တစ်ချိန်တည်းမှာပဲ တူညီတဲ့အသံ ဖုန်းထဲကနေ ထွက်လာတယ်။ ကွာခြားတာဆိုလို့ ဖုန်းထဲက ထွက်လာတဲ့အသံ နည်းနည်းလေး မျှော်လင့်ချက်မဲ့နေရုံပဲ။ “ယွီ ငါပါ”

ယွီ “.....”

ဘုရားရေ။ သူတို့ မိသွားပြီပေါ့။

ဒါကို သဘောပေါက်သွားတဲ့နောက် သူ ခပ်မြန်မြန်ပဲ နန်ကော နဲ့ ရှိရှိသမျှသော ကြိုးတွေကို ဖြတ်ချ လိုက်တယ်။ “အစ်ကိုကြီး! နန်ရော့ရော့ ကျွန်တော့်ကို လုပ်ခိုင်းတာ! ဒီကိစ္စ ကျွန်တော်နဲ့ ဘာမှ မဆိုင်ဘူး!”

နန်ကျဲ့ ဖုန်းကို ပြန်လုပြီး ယုတ်မာတဲ့ အပြုံးတစ်ပွင့်ကို လစ်ပြထားတယ်။ “ငါတို့ ပြန်ရောက်မှ ဒီကိစ္စအကြောင်း ရှင်းကြတာပေါ့”

အဲဒါနဲ့ပဲ သူ ဖုန်းကို ချပြီး နန်ကော ကို ကြည့်ဖို့ ခေါင်းကို ငုံ့လိုက်တယ်။ သူ သူမကို တင်းတင်းကြပ်ကြပ် စစ်ဆေးမေးမြန်းလိုက်တယ်။ “ရှန်ရန်ချင်း ဘယ်မှာလဲ”

နန်ကော ပါးစပ်ကို ဖွင့်လိုက်တယ်။ သူမ လိမ်ချင်ပေမဲ့ သူမ သူ့ကို လိမ်လို့မရဘူးလို့ ခံစားနေရတယ်။ ဒီတော့ သူမ အမှန်တိုင်းပဲ ပြောရတော့တယ်။ “ပြန်သွားပြီ”

“ဟင်း သူ နင့်ကို ဒီလိုပဲ ထားခဲ့သလား။ ငါသိနေတယ်! စကားမစပ် နင်ဘာလို့ သူနဲ့ အတူမထွက်သွားလိုက်တာလဲ”

“.....” ဟမ်။နန်ကော တစ်ယောက် ကြောင်သွားတယ်။

အော် ဟုတ်သားပဲ။ သူမ ဘာလို့ ဒီမှာ ရှိနေတာလဲ။

သူမ တစ်ခုခုကို သိသွားသလိုမျိုး နန်ကျဲ့ကို အံ့ဩတကြီး မော့ကြည့်လိုက်မိတယ်။

သူမ အတူ ထွက်ပြေးလို့ ရတာပဲ!

သူမ မျက်နှာထားကို မြင်တော့ နန်ကျဲ့ ဒေါသထွက်လွန်းလို့ ရယ်သာ ရယ်မိတယ်။

နန်ကျဲ့ နန်ကောမှာ အသိတရား နည်းနည်းကျန်နေသေးလို့ ထွက်မပြေးခဲ့ဘူး ထင်တာ။ သူမက ကျန်နေခဲ့ဖို့ကို ရွေးချယ်ပြီး သူ့ရဲ့ ဒဏ်ရာရသွားတဲ့နှလုံးသားလေးကို နှစ်သိမ့်ပေးဖို့ရာ ရဲရဲရင့်ရင့်ပဲ သူမ အမှားကို ၀န်ခံမယ်ပေါ့။

အဆုံးသတ်ကျတော့ သူမ ဒီတိုင်း ထွက်ပြေးဖို့ကို မေ့သွားရုံပဲ။

နန်ကျဲ့ကို ရှာမတွေ့ခင် ချီယန် ဟိုဟိုဒီဒီ ရှာခဲ့ရသေးတယ်။

သူမ အသင့်အနေအထားမှာ ရှိပြီးသား။ မထင်မှတ်ထားဘဲ သူမ လှမ်းကြည့်လိုက်တော့ နန်ကျဲ့ဆီ အဖမ်းခံထားရတဲ့ လူ မိန်းကလေးတစ်ယောက်ဖြစ်ပုံပေါ်တယ်။

“ဟမ်” သူမ အံ့ဩသွားတယ်။

ချီယန် ရောက်လာတာကို မြင်တော့ နန်ကျဲ့ နန်ကောကို လွှတ်ပေးလိုက်ပြီး အထင်အမြင်သေးစွာပဲ သူမ နဲ့ ခပ်ခွာခွာနေလိုက်တယ်။

နန်ကော အပစ်ခံရကာ ငေးကြောင်ပြီး မတ်တပ်ရပ်နေတယ်။

သူမ အစ်ကို ဘာလို့ ရုတ်တရက် သူမကို လွှတ်လိုက်လဲဆိုတာ သူမ စဉ်းစားနေတာ။ သူမ မော့ကြည့်လိုက်တော့မှ အဖြေကို တွေ့တော့တယ်။

“ဟိုင်း” သူမ ခပ်မြန်မြန်လေး အပြုံးတစ်ပွင့် ဖော်ဆောင်ကာ ချီယန်ကို ဖော်ရွေစွာနဲ့ လက်ပြနှုတ်ဆက်တယ်။

“မင်းကိုး” ချီယန် သူမကို တစ်ချက်ကြည့်ရုံနဲ့တင် မှတ်မိသွားတယ်။

နန်ကျဲ့ မျက်မှောင် ကြုတ်လိုက်တယ်။ “နင်တို့ အချင်းချင်း သိကြတာလား”

“ငါတို့ တစ်ခါတွေ့ ဖူးတယ်။ လွန်ခဲ့တဲ့ရက်က...” ချီယန် သိပ်ပြီး များများစားစား တွေးမနေဘူး။ ဒါပေမဲ့ သူမ စကားမဆုံးခင်မှာဘဲ နန်ကော အရှေ့ကို ကပျာကယာ တိုးလာပြီး သူမ ပါးစပ်ကို အုပ်လိုက်တယ်။

ချီယန် စကားပြောမှာကို သူမ အတင်းတားလိုက်တယ်!

******

All Chapters