← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

Chapter 88 အခေါင်းရွေး။

နန်ကော တစ်ယောက် ချီယန်ကို အသည်းအသန်မျက်လုံးမှိတ်ပြတယ်။ ကံကောင်းစွာနဲ့ ချီယန် သူမ ထက် ပိုဉာဏ်ကောင်းတာမို့ ချက်ချင်းသဘောပေါက်သွားတယ်။

ချီယန် နန်ကျဲ့ကို မပြောတော့မှာ သေချာတော့မှ နန်ကော လွှတ်ပေးလိုက်တယ်။

ချီယန်ရဲ့ အကြည့် မောင်နှမနှစ်ယောက်အပေါ် တွယ်သွားတယ်။

သိပ်မကြာဘူး။ သူမ ရှေးခေတ်က ၈နာရီအချစ်ဇာတ်လမ်းကို စိတ်ကူးယဉ်တော့တယ်။

ဒီမိန်းကလေး လွန်ခဲ့တဲ့ရက်အနည်းငယ်က အခြားယောက်ျားတစ်ယောက်နဲ့ ရှိနေတာပါ။ ဒါပေမဲ့ အခု...ဟင်း။

ချီယန်ရဲ့ အကြည့် သံသယကနေ သနားစာနာခြင်း အဖြစ် ပြောင်းလဲသွားတာကို နန်ကော သတိထားမိလိုက်တယ်။

“အဆင်ပြေပါတယ် အစ်ကိုကြီးနန် အားလုံး အဆင်ပြေသွားမှာပါ”

ဒီလိုအချိန်မျိုးမှာ ညီအစ်ကိုတစ်ယောက်အနေနဲ့ ချီယန် သဘာ၀အလျောက်ပဲ နန်ကျဲ့ကို နှစ်သိမ့်ပြီး စိတ်ပြင်ဆင်ထားပေးဖို့ လိုတယ်။ သူမ အနားကို လျှောက်သွားပြီး လေကြောင့် ရှုပ်ပွနေတဲ့ နန်ကျဲ့ရဲ့ ဆံပင်ကို သပ်ပေးပြီး နှစ်သိမ့်လိုက်တယ်။ “အဆင်ပြေတယ်။ အဆင်ပြေတယ်။ ဖောက်ပြန်ခံရတာက နင့်ကို သေတော့ မသေစေပါဘူး”

နန်ကျဲ့ “.....”

အဲဒီနောက် ချက်ချင်းပဲ ချီယန် အနောက် ပြန်လှည့်လိုက်ပြီး နန်ကောကို လက်ဆွဲနှုတ်ဆက်တယ်။ “ယောင်းမလေး တွေ့ရတာ ၀မ်းသာပါတယ်”

ဒါ ချီယန်အနေနဲ့ ပထမဆုံးအကြိမ် သတ္တိရှိတဲ့ မိန်းကလေးမျိုးကို မြင်ဖူးတာပဲ။ သူမ တကယ်ကြီး နန်ကျဲ့အပေါ် ဖောက်ပြန်ရဲတယ်လေ။ ကျစ် ကျစ် ကျစ်။ သူမ သူမ အတွက် တကယ်စံပြပုဂ္ဂိုလ်ဖြစ်သွားပြီ။

နန်ကော “ဟမ်။”

မဟုတ်ဘူး။ ဘယ်သူက သူ့ယောင်းမ။

နန်ကျဲ့နှုတ်ခမ်းထောင့် ပြင်းပြင်းထန်ထန် တွန့်သွားတယ်။ သူ အရှေ့တိုးပြီး နှစ်ယောက်ကို ခွဲလိုက်တယ်။ သူ အံ့ကြိတ်ပြီး ရှင်းပြတယ်။ “သူက ငါ့ညီမ။ ငါတို့က တစ်မအေတည်း မွေးတာ”

နာရီ၀က်ကြာပြီးနောက် နန်ကျဲ့ ချီယန်ကို အိမ်ပြန်လိုက်ပို့တယ်။

အဲ့နောက် သူ နန်ကောကို ကျန်းမြို့ကို ပြန်ခေါ်သွားတယ်။

“အစ်ကို နင်ပြောတော့ ဒီည ဟိုက်မြို့မှာ နေမယ်ဆို”

နန်ကော အကြောက်အလန့်မရှိ ပြောလိုက်တယ်။

“ငါ ပြန်သွားသင့်တယ်။ ပြီးမှ တစ်ယောက်ယောက် နင့်အလောင်းကို ကောက်လို့ ရတာပဲ”

“.....”

အဲဒါ အမှန်ပဲ။ သူမသာ ဒီမှာ နေမယ်ဆိုရင် ဒီည နန်ကျဲ့ သူမကို သေအောင်ရိုက်ရင်တောင် ရဲခေါ်ပေးမဲ့ လူရှိမှာ မဟုတ်ဘူး။

“နင် ဘာလို့ ဘာမှမပြောတာလဲ”

“အာ ဘာပြောရမှာလဲ”

နန်ကျဲ့ စတီယာရင်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်တယ်။ “နင်နဲ့ ရှန်ရန်ချင်းအကြောင်းလေ”

နန်ကော ပြဿနာထဲ ရောက်နေပုံ ပေါ်တယ်။ သူမ ခေါင်းကုတ်ပြီး တိုးတိုးလေး ပြောလိုက်တယ်။ “ငါတို့ ညစာအတူစားရုံပါ”

သူမ စကားဆုံးတာနဲ့ သူမ အစ်ကိုရဲ့ လှောင်သံကို ကြားလိုက်ရတယ်။

နန်ကော တစ်ဖန်ခေါင်းကုတ်ပြီး အမှန်တိုင်းသာ ပြောရတော့တယ်။ “နင့်ရဲ့ ဒီညအခြေအနေနဲ့ အတူတူပဲ ငါတို့ ညစာစားပြီး ဒိတ်လေးလုပ်ရုံပါပဲ...”

သူမ စကားပြောလို့ ပြီးတာနဲ့ သူမ အစ်ကိုရဲ့ တုံ့ပြန်မှုကို သတိတထား စောင့်ကြည့်လိုက်တယ်။

သူမ အစ်ကို အပြင်ပိုင်းမှာတော့ တည်ငြိမ်နေပုံပါပဲ။ နှစ်စက္ကန့်လောက်ကြာတော့ သူ အံကြိတ်ပြီး ပြောလာတယ်။ “အရမ်းကောင်းတယ်”

“.....”

သူမ ဖုန်းသံမြည်လာတော့ နန်ကော ဖွင့်ကြည့်လိုက်တယ်။

နန်ကျဲ့လည်း အဲဒါကို ကြားတယ်။

“ရှန်ရန်ချင်း” Husky ရုတ်တရက် နိုးကြားလာတယ်။

“အာ ဟုတ်တယ်”

“သူ ဘာပြောလဲ”

“ဘာမှ မဟုတ်ဘူး...။ ငါ ဘယ်မှာလဲလို့ မေးတာ”

“အိုး သူ နင့်ကို စိတ်ပူသေးတယ်ပေါ့။ သူ အခုလေးတင် ထွက်ပြေးသွားတုန်းကတော့ တော်တော် မြန်တယ်နော်”

သူ အမြဲအရွဲ့တိုက်တတ်တော့တာပဲ။

နန်ကော မနေနိုင်ဘဲ ရှန်ရန်ချင်းအတွက် ကာပြောပေးတယ်။ “ငါ သူ့ကို အရင်ပြန်ဖို့ ခြိမ်းခြောက်လိုက်တာ။ သူက ထွက်မသွားခင် နေပြီး နင့်ကိုတောင် နှုတ်ဆက် ချင်နေသေးတာ...”

နန်ကျဲ့ ဟာသတစ်ခုကို ကြားလိုက်ရပုံပဲ။ “သူ့အသက်အရွယ်ကြီးနဲ့ သူက တော်တော်နုံတာပဲ”

“သူသာ နေပြီး ငါ့ကို နှုတ်ဆက်လို့ကတော့ သူ ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး”

နန်ကော ခမျာ သီးသွားရတယ်။

သူမ အစ်ကို အာရုံသိပ်မရှိနေတဲ့အချိန် သူမ ခပ်မြန်မြန်လေး ရှန်ရန်ချင်းကို စာပြန်လိုက်တယ်: [ကျွန်မ အဆင်ပြေတယ်။ ကျွန်မအစ်ကိုနဲ့ ကျွန်မ အိမ်ကို ပြန်နေပြီ။ စိတ်မပူပါနဲ့!]

သူမရဲ့ ပြန်စာကို တွေ့မှပဲ ရှန်ရန်ချင်း စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချနိုင်တော့တယ်။ [မင်း ပြဿနာတစ်ခုခုတက်လို့ ရှိရင် မင်းအစ်ကိုကို ကိုယ့်ဆီသာ အချိန်မရွေး ဆက်သွယ်ခိုင်းလိုက်။ ကိုယ်ရှင်းပြမယ်။ ]

[စိတ်မပူပါနဲ့။ ကျွန်မအစ်ကိုက စကားပြောရင်သာ နည်းနည်းမာတာ။ သူ ကျွန်မကို တကယ်မထိပါဘူး။ သူရဲ့ ဟောင်သံကသာ သူ့ရဲ့ ကိုက်ချက်ထက် ပို‌ဒေါသထွက်ပုံပေါ်ပြီး ကြောက်ဖို့ကောင်းတာ...]

နန်ကျဲ့ ကားကို မီးပွိုင့်မှာ ရပ်လိုက်တယ်။ နန်ကော စာပြန်တဲ့အပေါ်ကိုပဲ အာရုံစိုက်နေတာကို မြင်တဲ့အခါ သူ မျက်လုံးတွေကို ကျဉ်းပြီး ဖုန်းကို လုလိုက်တယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ဟောင်သံကသာ သူ့ကိုက်ချက်ထက် ပိုဒေါသထွက်ပုံပေါ်ပြီး ကြောက်ဖို့ ကောင်းကြောင်း သူမ ပြောနေတာကို သူ မြင်သွားတယ်။

သူ ခေါင်းကို လှည့်ပြီး ကြင်ကြင်နာနာပဲ ကြည့်တယ်။

“အမ် အစ်ကို နင် ငါ့ကို ဒီစာလေး အရင်ပြီးအောင် ပေးပြန်လို့ရမလား”

နန်ကျဲ့ ပြီးစလွယ်ပဲ သူမ ဖုန်းကို ဘေးကို ပစ်လိုက်တယ်။ “စာပြန်တာ ရပ်လိုက်တော့ သူ့ကို နင့်အတွက် အခေါင်းတစ်ခေါင်းသာ မှာခိုင်းထားလိုက်”

နန်ကော “.....”

_____

ရှန်ရန်ချင်း ဒါက မှားနေတယ်လို့ ခံစားရတယ်။ သူ နန်ကော ဆီကိုပဲ ပြဿနာတွေ အားလုံး တွန်းပို့ခဲ့သလိုပဲ။

အဲဒါ ရှင်းလင်းစွာပဲ လူနှစ်ယောက်ကြားက ပြဿနာလေ။

ပြီးတော့ သူတို့ တွဲနေရုံလေး။ သူတို့ မဟုတ်တရုတ်‌တွေ လုပ်နေတာမျိုးလည်း မဟုတ်ဘူး။

အရမ်းကြီး လျှို့ဝှက်နေဖို့ မလိုပါဘူး။

ဒါကြောင့် ခဏလောက်တွေးပြီးတဲ့နောက် သူ ဝီချက်မှာ နန်ကျဲ့ကို အပ်လိုက်တယ်။

နန်ကျဲ့ ကားမောင်းနေခဲ့ပြီး ဖုန်းကို ကြည့်ဖို့ အချိန်မရဘူး။

သူတို့ အိမ်ကို ရောက်တော့ သူ သူမကို တကယ်ရိုက်မှာကို နန်ကော ကြောက်နေခဲ့တယ်။ ဂိုထောင်ထဲကို ရောက်တာနဲ့ သူမ ကားတံခါးကို တွန်းဖွင့်လိုက်ပြီး ကားက အပြီးတိုင် ရပ်မသွားခင် ခပ်မြန်မြန်ပဲ ထွက်ပြေးသွားတယ်။

နန်ကျဲ့ တည်တည်ငြိမ်ငြိမ်ပဲ အကြည့်ကို ပြန်ရုတ်လိုက်ပြီး သူမ အနောက် လိုက်မသွားဘူး။

ဘာပဲဖြစ်ဖြစ် သူမ ပြေးလို့ပဲ ရတာလေ။ ပုန်းလို့ မရဘူး။

ကားထဲကနေ ထွက်ပြီး အိမ်ထဲကို ၀င်လာရင်း သူ ဖုန်းကို တစ်ချက်ကြည့်လိုက်တယ်။

အထဲကို ရောက်တော့ သူ တစ်ယောက်ယောက်လာအပ်ထားတဲ့ ဝီချက်အသိပေးချက်ကို တွေ့တယ်။

သူ အဲဒါကို နှိပ်လိုက်ပြီး စာတစ်ကြောင်းကို တွေ့တယ်: [မင်္ဂလာပါ။ ကျွန်တော် ရှန်ရန်ချင်းပါ။ နန်ကောရဲ့ ကောင်‌လေး။ ]

“.....” နန်ကျဲ့ အတော်လေး ဒေါသထွက်ကာ ဘေးနားက အမှိုက်ပုံးကို ပိတ်ကန်မိတယ်။

ဒီလူအိုကြီးက တော်တော် ဇွဲကောင်းတာပဲ။

ရှန်ရန်ချင်းဘက်က ဆက်သွယ်လာတဲ့အတွက် နန်ကျဲ့ သူနဲ့အရင်ရှင်းဖို့ကို ဆုံးဖြတ်လိုက်တယ်။ နန်ကော အတွက်ကတော့ သူမရဲ့ စီရင်ချက်ကို ရွှေ့ဆိုင်းထားလိုက်ဦးမယ်။

သူ လက်ခံလိုက်ပြီး ချက်ချင်းလက်ငင်း ပြန်ပြောလိုက်တယ်။

[ငါ ဒီတစ်ခါ မင်းနဲ့ စကားများမှာ မဟုတ်ဘူး။ ဖြည်းဖြည်းချင်း ချက်နဲ့လက်နဲ့ ပြောကြတာပေါ့။ ]

[မှန်တယ်။ သူ မင်းနောက်လိုက်နေတာ နှစ်တွေကြာပြီ။ သူ့အစ်ကိုတစ်ယောက်အနေနဲ့ ငါ ဒါကို ၀န်ခံတယ်။ ]

[သူ မင်းကို ကြိုက်ဖူးပေမဲ့ တကယ်တော့ သူက အချစ်ဆိုတာ ဘာလဲတောင် ပြောနိုင်တာမဟုတ်ဘူး။ အခု အများဆုံးမှ သူ မင်းကို အထင်ကြီးလေးစားနေတာ။ ]

[ပြီးတော့ ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ စိတ်က အမြဲပြောင်းလဲနေတာ။ သူတို့က ငယ်ပြီး အပျော်မက်တယ်။ နောက်ရက်ထဲပဲ သူ မင်းကို ဖြတ်သွားရင် ဘယ်လိုလုပ်မလဲ။]

[မင်းက အသက်၃၀ပြည့်တော့မယ်။ ဒါပေမဲ့ မင်းက သူနဲ့ ကွာပါတယ်။ မင်း ဘာလို့ သူနဲ့ အိမ်ဆောက်တိုင်း ဆော့နေရတာလဲ။]

[ကျိုးကြောင်းဆီလျော်ပြီး ရင့်ရင့်ကျက်ကျက်နဲ့ပဲ ပြောရအောင်။ ငါ့ညီမမှာ ချို့ယွင်းချက်တွေ အများကြီး ရှိနေပြီး မင်းနဲ့ ထိုက်တန်မနေပါဘူးကွာ။ တကယ်အတည်။ ငါ မင်းကို ပိုကောင်းတဲ့လူနဲ့ မိတ်ဆက်ပေးမယ်။ ဘယ်လိုလဲ။]

သိသိသာသာကိုပဲ နန်ကျဲ့တစ်ယောက် ဗျူစပြောင်းလိုက်ပြီ။

_____

ရှန်ရန်ချင်း စာရိုက်လို့ မပြီးသေးခင်မှာဘဲ တစ်ဖက်လူရဲ့ စာတွေ သေနတ်လိုမျိုး အဆက်မပြတ် ဝင်လာပြီး သူ့ကို အခွင့်အရေးတောင် မပေးဘူး။

ဒါပေမဲ့ သူ အလျင်အမြန်ပဲ တစ်ဖက်လူရဲ့ အဓိက ဆိုလိုချင်တဲ့ “ကြိုက်နေတာ” ဆိုတဲ့စာလုံးကိုတော့ မိလိုက်တယ်။

နန်ကော စားသောက်ဆိုင်မှာ ပြောခဲ့တဲ့ကို သူအမြန်လေး ပြန်စဉ်းစားလိုက်တယ်။

သူ မျက်လွှာချလိုက်ပြီး သူ့အတွေးတွေလည်း မရှင်းမလင်းနဲ့။

စက္ကန့်အနည်းငယ် လောက်ကြာတော့ သူ စာဆက်ရိုက်တယ်။ [မင်္ဂလာပါ။ ကျွန်တော် ရှန်ရန်ချင်းပါ။ ပြီးခဲ့တဲ့တစ်ခေါက် မင်း ကျွန်တော့်ရဲ့ ဝီချက်အကောင့်ကို ဘလော့လိုက်လို့ ဒီနံပါတ်နဲ့ပဲ ကျွန်တော် မင်းကို ဆက်သွယ်လို့ ရတယ်။ ကျွန်တော် ဒီနေ့ မင်းနဲ့ ရန်ဖြစ်ဖို့ လာတာ မဟုတ်ဘူး။ ]

[မင်း ကျွန်တော်နဲ့ ပတ်သတ်ပြီး အထင်လွဲနေတာကို ကျွန်တော်သိတယ်။ ဒီည ဖြစ်သွားတဲ့ကိစ္စအတွက်လည်း မင်းစိုးရိမ်နေမယ်ဆိုတာ သိတယ်။ ဒါကြောင့် ကျွန်တော် ရှင်းပြပြီး ကျွန်တော်တို့ကြားက အထင်လွဲ‌နေတာတွေကို ဖြေရှင်းချင်တယ်။ ]

[ပထမဆုံးအနေနဲ့ ကျွန်တော် မင်းကို တောင်းပန်ပါတယ်။ ကျွန်တော် ဒီည သေချာပေါက်ကိုပဲ နည်းနည်း ရိုင်းပျမိသွားတယ်။ ဘာကိစ္စပဲရှိရှိ ကျွန်တော် မင်းကို နှုတ်ဆက်လိုက်ရမှာ။ ]

[ဒုတိယအနေနဲ့ မင်းပြောတာကို ကျွန်တော် လက်ခံပါတယ်။ နန်ကောက ငယ်သေးတယ်။ အတွေ့အကြုံရှိခြင်းနဲ့ အကင်းပါးခြင်းမှာ သူ ကျွန်တော်တို့လောက် မရင့်ကျက်သေးဘူး။ ဒါပေမဲ့ သူ အချစ်နဲ့ လေးစားမှုကို မခွဲခြားတတ်ဘူးဆိုတာ ကျွန်တော်တော့ မထင်ဘူး။ သူမမှာ အဲ့နှစ်ခုကို ခွဲခြားနိုင်တဲ့အရည်အချင်းရှိတယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။ ]

[နန်ကော နဲ့ ကျွန်တော်က ဒီညမှ တွဲဖို့ ဆုံးဖြတ်လိုက်တာပါ။ ကျွန်တော်တို့ ဒီအကြောင်းကို သေချာတွေးခဲ့ပြီး စိတ်မြန်လက်မြန် လုပ်ခဲ့တာ မဟုတ်ဘူး။ သူက ဆက်ဆံရေးကို အလေးအနက် ထားထားပြီး ကျွန်တော်ကလည်း အတူတူပါပဲ။ ]

[သူ့ရဲ့အစ်ကိုအနေနဲ့ မင်း ဒီလို ဖြစ်နေတာက မမှားပါဘူး။ မင်း စိုးရိမ်နေတဲ့ အကြောင်းကို ကျွန်တော် နားလည်ပါတယ်။ အ‌ခြေအနေအရပ်ရပ်တိုင်းမှာ သူက ကျွန်တော့်ထက် အားနည်းတာကိုး။ အသက်ကတော့ ကျွန်တော်လည်း မပြင်နိုင်ဘူးလေ။ ]

[ကျွန်တော့် အနေနဲ့ကတော့ အခုကျွန်တော်ပြောသမျှတွေက တကယ်တော့ အရမ်းတစ်ဖက်သတ် ဆန်ပါတယ်။ စကားလုံးနည်းနည်းလောက်နဲ့ ကျွန်တော့်အပေါ်ရှိတဲ့ မင်းရဲ့အမြင်ကို လုံး၀ကြီး ပြောင်းဖို့ကလည်း မဖြစ်နိုင်ဘူးလေ။ ]

[မင်းမှာ အချိန်ရှိရင် ကျွန်တော်တို့ ထိုင်ပြီး လူချင်းတွေ့ စကားပြောသင့်တယ်လို့ ထင်တယ်။ ]

******

All Chapters