← Chapters

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉

Vol. 9 Ch. 89

Chapter 89 သူ့ခေါင်းကို လိမ်ချိုးပစ်မယ်။

ရှန်ရန်ချင်းဘက်ကနေ တိုက်ရိုက်ကြီး သူ့ကို တွေ့ဖို့ ပြောလာလိမ့်မယ်လို့ နန်ကျဲ့ မထင်ထားဘူး။

သူ ရှန်ရန်ချင်းကို တွေ့ရမှာ ကြောက်တာ မဟုတ်ဘူး။ ကို့ရို့ကားယားနိုင်တဲ့ အဓိက အကြောင်းအရာက ဟိုတစ်ခါပွဲမှာတုန်းက သူတမင်တကာ သူ့သရုပ်မှန်သူ ဖုံးကွယ်ခဲ့တဲ့ကိစ္စပဲ။

သူတို့ ထပ်တွေ့ရင်...ဟင်း...သူ ဘယ်လို ရှင်းပြရမလဲ။

အချိန်တစ်ခုလောက် တုံ့ဆိုင်းနေပြီးတဲ့နောက် နန်ကျဲ့ စာပြန်လိုက်တယ်: [ဒါပေါ့။ ဒါပေမဲ့ ငါ လတ်တလော အချိန်မရှိဘူး။ ငါအားတဲ့အခါကျ မင်းကို ဆက်သွယ်လိုက်မယ်။ ]

[ကောင်းပါပြီ။ ] ရှန်ရန်ချင်း ချက်ချင်း စာပြန်တယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ယုံကြည်ချက်ရှိရှိပဲ။ [မင်း အားတဲ့ဘယ်အချိန်မဆို ကျွန်တော့်ကို ဆက်သွယ်လို့ ရပါတယ်။ မင်း နေရာရွေးလို့ ရတယ်။ ဟိုက်မြို့ဖြစ်ဖြစ် ကျန်းမြို့ဖြစ်ဖြစ် ကျွန်တော်က ကိစ္စမရှိဘူး။ ]

[အိုကေ။ အိုကေ။ အိုကေ။ ] နန်ကျဲ့ သူ့ကို အမြန် ဖြတ်လိုက်တယ်။

ရှန်: [ဒါဆို ဒီပြဿနာအတွက် မင်း နန်ကော ကို အပြစ်မတင်ဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပြဿနာတစ်ခုခုရှိရင် ကျွန်တော်နဲ့သာ ပြောပါ။ ]

ဆိုဖာပေါ်မှာ နန်ကျဲ့ လက်တစ်ဖက်ကို ဆိုဖာအနောက်မှာ ထားထားပြီး ကျန်လက်တစ်ဖက်ကတော့ သူ့မျက်စိရှေ့က ဖုန်းကို ကိုင်ထားတယ်။ သူ နှုတ်ခမ်းကို ဖိပြီး စာကို ရွဲ့တဲ့လေသံနဲ့ ဖတ်လိုက်တယ်။

ဖတ်ပြီးတဲ့နောက် သူမ နေနိုင်ဘဲ မျက်လုံးတွေကိုသာ လှည့်ကာ ထွီလုပ်လိုက်တယ်။

[TN - ထွီကို သဘောမပေါက်ကြမှာ စိုးလို့လေ ဟန်လုပ်ပြီး တံတွေးထွေးတာမျိုးပါ။ တကယ် ထွေးပစ်တာမျိုး မဟုတ်ပါဘူး။ ဒီနားမှာ တံတွေးထွေးလိုက်တယ်လို့ ပြန်ဖို့က သိပ်မလိုက်လို့ပါ။ ]

သူက အကြီးကြီးတွေတော့ ပြောပြီး ပြဿနာတွေကျ ဖန်တီးတယ်။

ကြောင်သူတော်ကောင်။

နန်ကျဲ့ ဘ၀မှာ အဲလိုအပေါ်ယံလူမျိုးတွေကို အမုန်းဆုံးပဲ။ သူတို့ကို ကြည့်ရုံနဲ့တင် သူ့မှာ ပင်ပန်းတယ်။

သူ တမင်တကာ ရှန်ရန်ချင်းကို တားဂတ် ထားနေတာတော့ မဟုတ်ပေမဲ့ သူ့မှာ သူ့လိုလူမျိုးတွေအပေါ် ပုံသေပုံစံမျိုးတော့ ရှိတယ်။

ဒီလူ စီးပွားရေးလောကမှာ ရှိနေတာ ၁၀နီးပါးလောက် ရှိနေပြီး ချမ်းသာတဲ့ မိသားစုကနေ လာတယ်။ သူ့အနားတစ်ဝိုက်မှာ အလိုအလျောက်ကိုပဲ မရေတွက်နိုင်တဲ့ သွေးဆောင်မှုတွေ ရှိနေပြီးသား။ သူ တကယ်ပဲ သွေးဆောင်မခံရဘဲ နေနိုင်မှာလား။

ရှန်ရန်ချင်း ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတယ်ဆိုတာ သူယုံကြည်တယ်။ သူက ဂုဏ်သိက္ခာရှိပြီး ယုံကြည်မှုရှိတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူ့မှာ တခြားအကြံ မရှိဘူးဆိုတာ တကယ် မဖြစ်နိုင်ဘူး။

အခုဆို လူအဖွဲ့အစည်း အရမ်းကို ရှုပ်ထွေးလာပြီ။ နန်ကော လို ရိုးရှင်းတဲ့စိတ်နဲ့လူမျိုး နားမလည်နိုင်ဘူး။

အဲဒါ သူ ကြောက်တဲ့အရာပဲ။

နန်မိသားစု သူတို့ရဲ့ အဖိုးတန်သမီးလေးကို မြတ်မြတ်နိုးနိုးနဲ့ ပျိုးထောင်လာတာပါ။ သူတို့ ဘယ်လိုများ သူမကို လွယ်လွယ်ကူကူနဲ့ ပေးပစ်နိုင်ရတာလဲ။

ချမ်းသာမှုက အဓိကပြဿနာ မဟုတ်ဘူး။ သူ့အတွက် နန်မိသားစုက ဆင်းရဲတဲ့ပုံ ပေါ်နေလား။

ရှန်မိသားစုလောက်အထိ မရောက်နိုင်ဘူးဆိုပေမဲ့ အဆိုးကြီးလည်း ဟုတ်မနေဘူး။

ကျန်းမြို့မှာ နန်မိသားစုက ဒုတိယနေရာကို ယူရဲမယ်ဆိုရင် ဘယ်သူက ပထမနေရာကို လာယူရဲမှာလဲ။သူတို့ခေါင်းတွေ လိမ်ချိုးခံရလိမ့်မယ်။

ဒါကြောင့် သူတို့ အမှိုက်ကောက်ရမယ်ဆိုရင်တောင်မှ နန်မိသားစု နန်ကောကို အောက်ကျခံရစေမှာ မဟုတ်ဘူး။

သူတို့ နန်ကျောကို ဘယ်လိုနည်းနဲ့မှ ခံစားရစေမှာ မဟုတ်ဘူး။

သူမ မိဘတွေ သူမကို တစ်ခါမှ အရမ်းကြီး မထိန်းချုပ် တတ်ဘူး။ နန်ကော သာ ကြိုက်တယ်ဆိုရင် သူမရဲ့ ဆုတောင်းတွေကသာ အရေးကြီးဆုံးလို့ သူတို့မှာ ခံစားရတာ။

နန်ကော ရဲ့ အနာဂတ်အိမ်ထောင်ဖက်အပါအ၀င်ပေါ့။ သူမ မိဘတွေ ဘာစံနှုန်းမှ သတ်မှတ် မထားဘူး။ နန်ကော အကြိုက်ပဲ။

ဒါ မကောင်းတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါနန်ကောကို အလွယ်တကူ လမ်းလွဲစေနိုင်တယ်။

ဒါကြောင့် တစ်ယောက်က ရဲကောင်းအနေနဲ့ ကစားပြီဆိုရင် အခြားတစ်ယောက်က ရပ်တည်ပြီး ရဲဆိုးအနေနဲ့ ကစားပေးရမှာပေါ့။

သူ အမြဲတမ်း လူဆိုးကြီး ဖြစ်ခဲ့တယ်။

အရင်တုန်းက သူမ မိဘတွေ များသောအားဖြင့် အိမ်မှာ သိပ်မရှိကြတော့ သူတို့ နန်ကောဆီက ဘာမှ မျှော်လင့်မထားဘူး။ ထပ်ပေါင်းအနေနဲ့ သူမရဲ့ အဖိုးနဲ့အဖွား နန်ကောကို သိပ်သဘော မတွေ့ကြတဲ့အတွက် သူမ မိဘတွေ သူမကို ပိုပြီးတောင် အလေးပေး ဂရုစိုက်ကြတယ်။

ဒါပေမဲ့ ဘာထိန်းချုပ်မှုမှ မရှိဘဲ ကြီးပြင်းလာတာ လုံး၀အကောင်းကြီး မဟုတ်တဲ့အတွက် သူ နန်ကောကို ထိန်းညှိပေးခဲ့ရတဲ့လူ။

ဒီနှစ်တွေအားလုံးမှာ သူ ဂရုတစိုက်နဲ့ သူ့ညီမလေးကို ပုပ်ပွနေတဲ့အရွက်တွေ တစ်ရွက်မှ မရှိစေရမယ့် ဂေါ်ဖီထုပ်လေးတစ်ထုပ်လို ပျိုးထောင်လာခဲ့တာ။ အခုလည်း အချစ်နဲ့ အိမ်ထောင်ရေးဆိုရင်တောင်မှ သူ သူမကို သတိထားပြီး စောင့်ကြည့်နေရဦးမှာပဲ။

သူ အရှက်မဲ့ပြီး ပြဿနာတွေကိုလည်း မကြောက်တတ်ဘူး။

ရှန်ရန်ချင်းနဲ့ ပတ်သတ်ပြီး ဘာတစ်ခုမှ မှားမနေဘူးဆိုတာ သေချာပြီဆိုရင်တော့ သူ ကျိန်းသေပေါက် ဒီဂေါ်ဖီထုပ်ကို တူးပြီး ဘေးအိမ်က ၀က်ခြံထဲ ပစ်ပေးလိုက်မှာ။

သူ ဒီဂေါ်ဖီထုပ် ပိုင်ရှင်ပြောင်းပြီး အမြန် ပျောက်ကွယ် သွားဖို့ကို မစောင့်နိုင်တော့ဘူး။

နှစ်တိုင်း သူ ဒီဂေါ်ဖီထုပ်ကို ဂရုတစိုက် ပျိုးထောင်နိုင်ဖို့အတွက်နဲ့ ဂဏန်း၇လုံးလောက် သုံးနေရတယ်ဆိုတာ သိသင့်တယ်။

ရှန်ရန်ချင်းသာ တကယ်အားကိုးရပြီး ဒီဂေါ်ဖီထုပ်ကို ပျိုးထောင်ဖို့ တတ်နိုင်မယ်ဆိုရင်တော့ ကောင်းတာပေါ့။

_____

နောက်တစ်နေ့မနက်။

နန်ကော တံခါးကို ခိုးကြောင်ခိုးဝှက်နဲ့ ဖွင့်တယ်။ သူမ စောစောထပြီး အပြင်ထွက်ကာ ရှောင်ဖို့ စီစဉ်ထားတယ်။

သူမ အစ်ကိုရဲ့ ညနက်တဲ့အထိ နေတတ်တဲ့အကျင့်အရဆိုရင် ဒီအချိန် သူ အိပ်နေလောက်ဦးမှာ။

မထင်မှတ်ထားစွာဘဲ သူမ တံခါးကို ဖွင့်လိုက်တာနဲ့ ဆန့်ကျင်ဘက်နံရံမှာ ပျင်းရိပျင်းတွဲနဲ့ မှီနေတဲ့လူကို တွေ့လိုက်ရတယ်။

တစ်ဖက်လူ ကော်ဖီခွက်ကို ကိုင်ထားတယ်။ သူမ ထွက်လာတာ မြင်တော့ အေးအေးဆေးဆေးပဲ ကော်ဖီတစ်ငုံသောက်ပြီး သူမကို မျက်ခုံးပင့်ပြတယ်။ “မောနင်း”

“.....” နန်ကော အိတ်ပေါ်က သူမ လက်ကို တင်းလိုက်ပြီး ကျောပြင်ကို ဖြည်းဖြည်းချင်း ပြန်မတ်လိုက်တယ်။ သူမ နှုတ်ခမ်းထောင့် တွန့်သွားတယ်။ “မောနင်းပါ အစ်ကိုကြီး”

“နင်ဘာလို့ အစောကြီး အပြင်ထွက်တာလဲ” နန်ကျဲ့ သူမ အ၀တ်အစားကို ကြည့်ပြီး မေးတယ်။ “နင် ထပ်ပြီး ဒိတ်သွားလုပ်တာလား။ ရှန်ရန်ချင်းမှာ စီမံခန့်ခွဲဖို့ ကုမ္ပဏီအကြီးကြီး ရှိတယ်မဟုတ်ဘူးလား။ သူ အလုပ်မသွားဘူးလား”

နန်ကော သီးသွားတယ်။

“မဟုတ်ဘူး။ ငါ-ငါ မနက်စာဆင်းစားမလို့ပါဟ”

နန်ကျဲ့ သူမရဲ့ အသည်းပုံပန်းရောင်အိတ်လေးရဲ့ ကြိုးကို ဆွဲကိုင်လိုက်တယ်။ “ဒါဆို အိတ်က ဘာလုပ်ဖို့”

နန်ကော ရဲ့ ဦးနှောက် တွ့န်တက်သွားတယ်။ “နင့်အတွက်လေ”

နန်ကျဲ့ “.....”

နန်ကော ကို သူနှစ်‌ပေါင်းများစွာ သိလာတဲ့အချက်ကြောင့်သာ မဟုတ်ရင် သူမ သူ့ကို အရူးတစ်ယောက်လို ခံယူထားတယ်လို့ သူ ယူဆမိမှာ။

မကြာဘူး။ နန်ကျဲ့ ပုံမှန် ပြန်ဖြစ်သွားပြီး စိုက်ကြည့်တယ်။ “အောက်ဆင်းပြီး သွားစား!”

အဲဒါနဲ့ သူ အနောက်လှည့်ပြီး ဓာတ်လှေကားထဲ ၀င်သွားတော့တယ်။

နန်ကော တုံ့ပြန်ပြီး အလျင်အမြန် သူ့နောက် ပြေးလိုက်သွားတယ်။ ဒါပေမဲ့ နန်ကျဲ့ တံခါးပိတ်ဖို့ ခလုတ်ကို နှိပ်ပြီးနေပြီ။ သူ သူမကို ဒိုးဆိုတဲ့ သဘောနဲ့ သူမ လှေကားကနေသာ တွယ်ဆင်းလာခဲ့ဖို့ အချက်ပြတယ်။

နန်ကော ပြုံးရင်း သူဆင်းသွားတာကို ကြည့်နေလိုက်တယ်။ သူ ပျောက်ကွယ်သွားတဲ့နောက် သူမ လေကိုသာ ပိတ်ထိုးလိုက်တော့တယ်။

သူမ မိဘတွေ မနက်‌အစောကြီး အပြင်ထွက်သွားကြတယ်။

မောင်နှမနှစ်ယောက်သာ အိမ်မှာ ကျန်ခဲ့တယ်။

သူ့ရဲ့ ပိုးသားညအိပ်၀တ်စုံနဲ့ နန်ကျဲ့တစ်ယောက် ထမင်းစားပွဲမှာ လေးတိလေးကန်နဲ့ ထိုင်နေတာကို မြင်တော့ သူ ဒီနေ့ အပြင်မသွားတော့ဘူးဆိုတာ နန်ကော သိလိုက်တယ်။

နန်ကျဲ့ အပြင်မထွက်ဘူး ဆိုခါမှတော့ သူမ လည်း...အခွင့်အရေး မရ‌လောက်တော့ဘူး။

အစား စားနေတဲ့အချိန် သူမ အစ်ကို သူမကို လစ်လျူရှုထားပြီး ဖုန်းသုံးရင်း မနက်စာ စားနေတယ်။

နန်ကော ဘာဖြစ်လာမလဲဆိုတာကို စိုးရိမ်နေရင်း မနက်စာကို လက်စသတ် လိုက်တယ်။ သူမ စိတ်မချမ်းမသာ ဖြစ်နေတယ်။

“နင် ဘာလို့ ငါ့ကို ကြည့်နေတာလဲ” သူမရဲ့ အကြည့် သူ့ဆီတွယ်ကပ်နေတာကို ခံစားမိတဲ့အခါ နန်ကျဲ့ ပျင်းရိစွာနဲ့ မျက်လုံးကို ပင့်ပြီး သူမကို လှမ်းကြည့်တယ်။

“အာ အစ်ကို မနေ့က နင့်ဘလိုင်းဒိတ် ဘယ်လိုဖြစ်သွားလဲ”

“အဲဒီမိန်းကလေးကြည့်ရတာ အတော်လေး အဆင်ပြေတယ်”

“နင့်အပူမပါဘူး”

ထင်တဲ့အတိုင်းပဲ သူမ အစ်ကိုရဲ့ လေသံ အမြင်ကတ်စရာ ကောင်းတယ်။

နန်ကော ဖြည်းဖြည်းချင်း အသက်ရှူထုတ်ပြီး သူနဲ့ စကားမများဘဲ နေတယ်။ “ငါက နင့်ကို စိတ်ပူတာပါ။ ဘာတွေပဲဖြစ်နေဖြစ်နေ နင်က အိမ်ရဲ့ ပထမဦးစားပေးပဲလေ”

နန်ကျဲ့ ၀က်သားပြားကို ဝါးနေရင်း သူမကို ခါးသီးမှုရေးရေးလေးနဲ့ ကြည့်လာတယ်။

“နင့်ကို ကျေးဇူးတင်ရမယ်”

“ဟမ်” နန်ကော မျက်တောင်ခတ်လိုက်တယ်။

“ငါ အခြားစီစဉ်ထားတွေ ရှိခဲ့ပေမဲ့ နင့်ကြောင့် ပျက်စီးသွားတယ်လေ”

“.....” နန်ကော ၀န်ခံဖို့ကို ငြင်းဆန်ပြီး တိုးတိုးလေး ပြန်လည်ချေပလိုက်တယ်။ “ဘယ်သူက နင့်ကို ငါ့နောက် လိုက်လာခိုင်းလို့လဲ”

“လာပါ ကျယ်ကျယ်လေးပြော”

နန်ကော အမြန်ပါးစပ်ပိတ် လိုက်တယ်။

နန်ကျဲ့ ခက်ရင်းကို ချပြီး “ငါ နင့်ကို ပြောလိုက်မယ်။ နင်နဲ့ ယွီယွီ ငါလူးလေးတွေ လောလောဆယ် ငါ ဒါကို မှတ်ထားလိုက်မယ်”

“ငါ အားတော့မှ နင်နဲ့ ဖြည်းဖြည်းချင်း ရှင်းမယ်။ ထွက်ပြေးဖို့ စဉ်းတောင် မစားနဲ့”

နန်ကော အဓိက အကြောင်းအရာကို မိသွားပြီး မေးလိုက်တယ်။ “တစ်နည်းအားဖြင့်...နင် အခု မအားဘူးပေါ့နော်”

“ငါ့မှာ နင့်အတွက် အချိန်မရှိဘူး”

“ဒါဆို ဘယ်သူ့အတွက် နင် အချိန်ရှိတာလဲ။ ဟီးဟီးဟီး” နန်ကော ကြည့်ရတာ အတင်း ပြောတတ်တဲ့လူ အတိုင်းပဲ။

နန်ကျဲ့ အစကတော့ ပြုံးနေပါတယ်။ နောက်တော့ သူ့မျက်နှာ အေးစက်သွားတယ်။ “ထွက်သွား”

“.....” နန်ကော ဆွံ့အ သွားရှာတယ်။ ဒီလူ ဘာလို့ အဲ့လောက် စိတ်အပြောင်းအလဲ မြန်ရတာလဲ။သူမ သူမ အိတ်ကို ဆွဲပြီး အပြင်ထွက်ဖို့ အခွင့်အရေးကို လိုချင်နေတယ်။

“နင် အပြင်ထွက်ခွင့် မရဘူး။ အပေါ်ထပ်ကို တက်ပြီး ကိုယ့်ကိုယ်ကို ပြန်သုံးသပ်နေ”

“ငါ အသက်၂၀ဖြစ်နေပြီ!”

သူမ အမှားတွေကို သူမ ပြန်သုံးသပ်စရာ ဘာအကြောင်းမှ မရှိဘူး။ သူမ ကလေး မဟုတ်တော့ဘူး!

“ပြီးတော့ ငါအိမ်မှာ ပျင်းတယ်။ ဂရုမစိုက်ဘူး။ ငါ အပြင်ထွက်ချင်တယ်”

နန်ကျဲ့ လက်မခံဘူး။ “ဒါဆို အပေါ်ထပ် တက်ပြီး ကိုယ့်ကိုယ်ကို ပြန်သုံးသပ်စာ သွားရေးနေ။ အခု နင်ပျင်းသေးလား”

“သွား အလုံး၂၀၀၀။ မနေ့ညက နင့်ပြစ်မှုကို သေချာ ရှင်းပြ။ ပြီးတော့ အလုံး၂၀၀၀ရှိတဲ့ အပြင်ထွက်ဖို့ လျှောက်လွှာလည်း ရေးလာခဲ့”

“.....”

******

All Chapters