← Chapters

အခန်း ၉၀

Vol. 9 Ch. 90

အခန်း ၉၀

Vol. 9 Ch. 90

Chapter 90 ဘာကို စောင့်နေတာလဲ။ တက်လေ။

မီးပုံးပွဲတော်နီးလာတော့ နန်ကျဲ့ရဲ့ စားသောက်ဆိုင် လူရှုပ်လာတယ်။

နန်ကော ၂ရက်အတွင်း ကျောင်းပြန်တက်ရတော့မယ်။ ဒီတော့ သူမ ဝိုင်းကူဖို့ ဟိုက်မြို့ကို ကြိုလာခဲ့တယ်။

သူမ တွေးနေတာကို နန်ကျဲ့ ဘယ်လိုလုပ် မသိရတာလဲ။

သူ သူမကို ဖော်ကောင်လုပ်ဖို့အတွက် မအားနိုင်‌သေးရုံပါပဲ။

ထင်တဲ့အတိုင်းပဲ သူမ ဟိုက်မြို့ကို ရောက်တာနဲ့ နန်ကော ရှန်ရန်ချင်းဆီ စာပို့လိုက်တယ်။

[ကျွန်မ ပြန်ရောက်ပြီ!!!]

[ကျွန်မ အခုစားသောက်ဆိုင်မှာ ကူနေတယ်]

ဒီပုဒ်ဖြတ်ပုဒ်ရပ်၃ခု သူမ ဘယ်လောက် စိတ်တက်ကြွနေလဲဆိုတာ ဖော်ပြနေတယ်။

ပြီးခဲ့တဲ့တစ်ခေါက်က ဒိတ်မှာ မိသွားကတည်းက နန်ကော တစ်ယောက် လွန်ခဲ့တဲ့၂ရက်လုံး အိမ်ထဲမှာပဲ နေခဲ့ရတယ်။ သူမ အသက်ရှူကျပ်ပြီး သေတော့မလို့။

ပိုဆိုးတာက သူတို့နှစ်ယောက် အခုမှ စတွဲရုံပဲ ရှိသေးတာ။ ဘယ်လိုလုပ် အချစ်မှာ ပျော်၀င်နေတဲ့ တက်သစ်စအတွဲလေးက ရပ်ခြားမြေခြားဆက်ဆံရေးကို လက်ခံနိုင်ပါ့မလဲလို့။

ရှန်ရန်ချင်း ချက်ချင်းစာမပြန်ဘူး။ သူ အလုပ်ရှုပ်နေမှာကို ခန့်မှန်းမိတဲ့အခါ နန်ကော စာတွေ ထပ်ပို့ပြီး သူ့ကို မနှောင့်ယှက်တော့ဘူး။

စားသောက်ဆိုင်က အော်ဒါလက်ခံရရှိတဲ့အခါ သူမ ခပ်မြန်မြန်ပဲ အလုပ်ထဲ ပြန်သွားကာ သူမရဲ့ အလုပ်ဟောင်းဖြစ်တဲ့ ဒလီပို့တဲ့အလုပ်ဆီ ပြန်သွားတယ်။

ရှန်ရန်ချင်း သူမ စာကို မြင်တော့ နေ့လည်၂နာရီထိုးတော့မယ်။

[မင်း စားသောက်ဆိုင်မှာပဲလား။]

သူ့စာ၀င်လာတော့ နန်ကော နောက်ဆုံး အော်ဒါပို့ပြီးလို့ စားသောက်ဆိုင်ကို ပြန်ရောက်ရုံပဲ ရှိသေးတယ်။

[အင်း။ ကျွန်မအခုပဲ အော်ဒါ ပို့လို့ပြီးတာ။ ရှင် ကုမ္ပဏီမှာလား။]

ရှန်: [ဟင့်အင်း။ ကိုယ် ဒီနေ့ နားတယ်။ ]

အတိအကျ ပြောရရင်တော့ သူလွန်ခဲ့တဲ့၂ရက်ကလည်း ကုမ္ပဏီကို မသွားခဲ့ဘူး။

အဲ့နေ့က သူတို့ ခွဲခွာပြီးတဲ့နောက် သူ့ခန္ဓာကိုယ် မခုခံနိုင်ဘဲ ၀တ်မှုန်အလတ်ဂျစ် ထလာတယ်။

ခဏကြာတော့ သူ နောက်ထပ်စာတစ်စောင် ပို့လိုက်တယ်: [မင်း အခု အလုပ်ဆင်းပြီလား။ ကိုယ် လာခေါ်မယ်။ ]

[ကျွန်မ ခဏနေ အလုပ်ဆင်းတော့မှာ။ ရှင် လာခေါ်ဖို့ မလိုဘူး။ ကျွန်မမှာ ကားပါလာတယ်!]

[အော် ဟုတ်သား။ ရှင် ဘာစားချင်လဲ။ကျွန်မ ရှင့်အတွက် ယူလာပေးမယ်။ ]

လွန်ခဲ့တဲ့၂ရက်လုံး ရှန်ရန်ချင်း နေလို့မကောင်းဘဲ အများကြီး မစားဖြစ်ဘူး။ ဒီနေ့လည်း သူ စားဖို့ အချိန်မရှိဘူး။

သူမ လာမယ်ဆိုတာကို တွေးမိတော့ သူ အော်ဒါမှာလိုက်တယ်။ ဒီနည်းနဲ့ နန်ကော အပိုငွေရနိုင်တယ်။

ရှန်: [ကိုယ် အော်ဒါမှာထားတယ်။ အဲဒါကိုသာ ယူလာခဲ့ပေး။ ]

[ဟုတ်ပြီ။ ဟုတ်ပြီ။ ]

[ကျွန်မ မိနစ်၄၀အတွင်း အဲ့ကို ရောက်မယ်။ ]

ရှန်: [ဟုတ်ပြီ။ လမ်းမှာ ဂရုစိုက်ဦးနော်။ ]

_____

မိနစ်၂၀ကြာတော့ နန်ကော လက်တစ်ဖက်မှာ အော်ဒါတစ်ထုပ်၊ ကျန်တဲ့လက်တစ်ဖက်မှာတော့ ကားသော့နဲ့ စားသောက်ဆိုင်ထဲကနေ နှေးတိနှေးကန်နဲ့ ထွက်လာတယ်။

ရင်းနှီးတဲ့ Lamborghiniကို မြင်တဲ့အခါ စားသောက်ဆိုင်ထဲက အခြား၀န်ထမ်း မနေနိုင်ဘဲ အတင်းတုတ်မိတယ်။

“သူက ငါတို့သူဌေးနဲ့ ဘယ်လိုဆက်ဆံရေးလဲ။ သူ Lamborghini စီးပြီး ဒလီလိုက်ပို့နေတာ!”

“ဟင်း သူက သူ့ကောင်မလေးနေမှာပေါ့။ သူက တက္ကသိုလ်ကျောင်းသူလို့ မပြောခဲ့ဘူးလား။ ချမ်းသာတဲ့လူတွေက တက္ကသိုလ်ကျောင်းသူတွေကို ရည်းစားထားရတာ ကြိုက်ကြတယ်မဟုတ်လား”

“ဖြစ်နိုင်တယ်။ ဟိုတစ်ခေါက်က သူဌေး ရောက်လာပြီး ဒီကားနဲ့ပဲ သူနဲ့အတူ မောင်းထွက် သွားတာကို တွေ့လိုက်တယ်”

မန်နေဂျာ စတိုခန်းထဲက ပစ္စည်းတွေရဲ့စတော့ကို မှတ်ယူလို့ပြီးသွားတယ်။ သူ ထွက်လာတော့ လူအနည်းငယ် မှန်တံခါးကို မှီပြီး တိုးတိုး တိုးတိုးနဲ့ ပြောနေကြတာကို တွေ့ရတယ်။ သူ အနားရောက်သွားတော့ သူတို့ နန်ကော နဲ့ နန်ကျဲ့အကြောင်းဆွေးနွေးနေတာကို သိလိုက်ရတယ်။

သူ မျက်လုံးတွေကို လှည့်ပြီး သူတို့ခေါင်းတွေကို လက်ထဲက မှတ်စုစာအုပ်နဲ့ ခေါက်လိုက်တယ်။ “အရမ်း အားနေကြလား”

“မန်နေဂျာ!”

သူတို့ ပြေးမလို့ လုပ်လိုက်ပေမဲ့ အတားခံလိုက်ရပြန်တယ်။

မန်နေဂျာ သူတို့ကို တစ်ချက်ကြည့်ပြီး သူ ရှင်းပြဖို့လိုတယ်လို့ ခံစားရတယ်။

မဟုတ်လို့ စကားတွေ ပျံ့သွားရင် နောက်ဆို ရှင်းပြဖို့ ခက်ခဲသွားလိမ့်မယ်။

မိန်းမပျိုလေးတစ်ယောက်အကြောင်း အခုလိုမျိုး ပြောဆိုနေကြတာ မကောင်းဘူး။

“စားသောက်ဆိုင်ပိုင်ရှင်က နန်ကျဲ့လို့ ခေါ်တယ်။ ခုနက ဒလီပို့နေတဲ့ ကောင်မလေးက နန်ကောလို့ ခေါ်တယ်။ သူတို့ မျိုးရိုးနာမည်‌တွေ အတူတူပဲ ဟုတ်ပြီလား။ သူတို့က မောင်နှမအရင်းတွေ”

“သူက ဒီမှာ ဘ၀အတွေ့အကြုံ လာယူနေတာ။ ကျောင်းဖွင့်ရင် သူ လာတော့မှာ မဟုတ်ဘူး။ မင်းတို့ အပြောအဆိုဆင်ခြင်ပြီး ပေါက်ကရတွေ လျှောက်မပြောတာ ပိုကောင်းမယ်”

“.....”

_____

တစ်ဖက်မှာတော့။

ရှန်ရန်ချင်း ရေမိုးချိုးပြီး ညအိပ်၀တ်စုံကို လဲလိုက်တယ်။ သူ အ၀တ်ခန်းထဲကနေ ထွက်လာတော့ အိပ်ရာပေါ်မှာ သူ့ဖုန်းမြည်နေတာကို ကြားလိုက်တယ်။

သူ နန်ကောလို့ ထင်လိုက်ပေမဲ့ သူ အနီးကပ် လျှောက်သွားလိုက်တော့ လက်ထောက်ယွမ် ဖြစ်နေတယ်။

“ဥက္ကဌရှန် ကျွန်တော်တို့ နှစ်သစ်မတိုင်ခင်က ချန်းအန် အင်တာနေရှင်နယ်နဲ့အတူ လက်ခံထားတဲ့ ပရောဂျက်မှာ ပြဿနာရှိနေတယ်။ ပရောဂျက်ရဲ့ မန်နေဂျာက ဒီနေ့ကို လောချင်နေတယ်။ ဒါပေမဲ့ မနက်ဖြန်က ချန်းအန်ဥက္ကဌရဲ့ မွေးနေ့ပွဲရှိတယ်။ ဖိတ်စာကလည်း ရောက်လာပြီးပြီ။ မင်းအခု အဲဒီကို သွားချင်လား”

“အဓိကက ဘာလို့လဲဆိုတော့ မင်း ပရောဂျက်ကို ဆွေးနွေးတဲ့အစည်းအဝေးကို မတက်လိုက်လို့ မင်း သိတယ်မလား ။သူက...”

ချန်းအန်ရဲ့ ဥက္ကဌ မာနကြီးတဲ့လူဖြစ်တယ်။

ပြီးခဲ့တစ်ခေါက် ရှန်ရန်ချင်း အစည်းအဝေး မတက်နိုင်တုန်းက တစ်ဖက်လူရဲ့ မျက်နှာထား နေရာမှာတင် မဲမှောင်သွားပြီး သူတို့ ပူးပေါင်းဆောင်ရွက်မှု ပျက်သွားလု နီးနီးပဲ။

“ကျွန်တော် ကောင်းကို မင်းကို အခုလေဆိပ်ကို လိုက်ပို့ ခိုင်းလိုက်ရမလား”

“စီကျူးမြို့ရဲ့ နောက်ဆုံးလေယာဉ်က နောက်နှစ်နာရီခွဲအတွင်းမှာ ရှိတယ်”

ကြာရှည်တဲ့ တိတ်ဆိတ်မှုအပြီး ရှန်ရန်ချင်း တုံ့ပြန်လိုက်တယ်။ “ငါ နားလည်ပြီ”

“မင်း ငါ့ကို လာခေါ်ဖို့ မလိုဘူး။ လေဆိပ်ကိုသာ တန်းသွား။ ငါ...နည်းနည်း နောက်ကျမယ်”

“ဟုတ်ပါပြီ” လက်ထောက်ယွမ် ထပ်ပြီး ရှည်ရှည်ဝေးဝေး မမေးရဲဘူး။ အတည်ပြုပြီးတဲ့နောက် သူဖုန်းချလိုက်တယ်။

ရှန်ရန်ချင်း ဒလီအက်ပ်ထဲက အော်ဒါအချက်အလက်ကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ အဲဒါက နန်ကော ၁၀မိနစ်အတွင်း ရောက်မယ်လို့ ပြနေတယ်။

ဒီအချိန်ကို အခွင့်ကောင်းယူပြီး သူ ၀တ်စားဆင်ယင်ကာ သူမကို စောင့်နေဖို့ အောက်ကို ဆင်းသွားတယ်။

_____

လမ်းမှာ ဒီနေ့ ကားနည်းနည်း ကြပ်တယ်။ နန်ကော အခြားလမ်းကြောင်းကို ရွေးလာရတယ်။ ဒီတော့ သူမ ပုံမှန်ထက် အနည်းငယ် နောက်ကျပြီး ရောက်သွားတယ်။

ပတ်၀န်းကျင်ထဲကို ၀င်လာပြီးတဲ့နောက် နန်ကော အရှိန်လျှော့ကာ ရှန်ရန်ချင်းရဲ့အဆောက်အအုံဘက်ကို ဖြည်းဖြည်းချင်း သွားလိုက်တယ်။

တစ်ချိန်တည်းမှာပဲ ကားဂိုဒေါင်ထဲမှာတော့ ရှန်ရန်ချင်းတစ်ယောက် ကားထဲကနေ အကူအညီမဲ့စွာနဲ့ ထွက်လာရတယ်။

နှစ်သစ်မတိုင်ခင်က အခြားကား၂စီး ပြုပြင်ထိန်းသိမ်းဖို့ အပို့ခံထားရတယ်။ ကျန်ခဲ့တဲ့တစ်စီး မမောင်းဖြစ်တာ အတော်ကြာပြီ။ ဘာက မှားနေလဲ သူ မသိပေမဲ့ အဲဒါ နှိုးလို့ မရဘူးဖြစ်နေတယ်။

ပြီးခဲ့တဲ့ နှစ်တွေထဲ သူ ဒရိုင်ဘာအားကိုးကာ သူ့ကို လာခေါ်စေပြီး ဘယ်နေရာမဆို လိုက်ပို့ခိုင်းခဲ့တာ။ သူ မောင်းတဲ့အကြိမ်အရေအတွက် လက်ချိုးရေလို့ ရတယ်။

သူ ကားဂိုဒေါင်ကနေ ထွက်လာတာနဲ့တစ်ပြိုင်နက် အော်ဒါနဲ့အတူ အပေါ်ကို တက်ဖို့လုပ်နေတဲ့ နန်ကောနဲ့ ၀င်တိုးတယ်။

“ဟေး ရှင်ဘာလို့ ဆင်းလာတာလဲ” တယ်လီပသီလိုမျိုး နန်ကော အနောက်လှည့်ပြီး သူ့ကို တွေ့သွားတယ်။ သူမ လော်ဘီကနေ အနားကို ခပ်မြန်မြန် လျှောက်လာတယ်။

သူမ ချဉ်းကပ်လာရင်း သူ သပ်သပ်ရပ်ရပ် ၀တ်စားထားကာ အပြင်သွားမဲ့ပုံ ပေါက်နေတာကို သူမ သတိထားမိလိုက်တယ်။

“ရှင် အပြင်သွားမလို့လား”

“ဟုတ်တယ်” ရှန်ရန်ချင်း သက်ပြင်းချပြီး သူမကို တောင်းတောင်းပန်ပန်နဲ့ ရှင်းပြတယ်။ “ကိုယ် စီကျူးမြို့ကို အလုပ်ခရီးသွားရမယ်။ ဒီတော့ ကိုယ် နောက်၂ရက်အတွင်း မင်းကို အဖော် မလုပ်ပေးနိုင်တော့ဘူး”

“အိုး” သူမ စိတ်မပျက် သွားဘူးလို့ ပြောရင် လိမ်ရာကျမယ်။ ဒါပေမဲ့ နန်ကော အမြဲ နားလည် ပေးတတ်ပြီး ဒါ ကိစ္စကြီးမဟုတ်ဘူးလို့ ခံစားရတယ်။

သူမ ခေါင်းခါပြီး အပြုံးနဲ့ ပြောတယ်။ “ရပါတယ်။ ကျောင်းက ဖွင့်တော့မှာဆိုတော့ ကျွန်မလည်း ဒီ၂ရက်အတွင်း အလုပ်ရှုပ်မှာ။ ဒါပေမဲ့ အခုကစပြီး ကျွန်မ ဟိုက်မြို့မှာပဲ ရှိနေတော့မှာလေ။ ကျွန်မတို့မှာ အတူတူကုန်ဆုံးဖို့ အချိန်တွေ အများကြီး ရှိပါတယ်။ ကျွန်မအတွက် ရှင့်ကို နေ့တိုင်းတွေ့ရတာက ပြဿနာ မရှိဘူး!”

“ကောင်းပါပြီ” ရှန်ရန်ချင်း ပြုံးပြီး သူမ ခေါင်းကို ပွတ်ပေးတယ်။ “ကိုယ် ပြန်လာရင် မင်းအတွက် လက်ဆောင်ယူလာမယ်”

နန်ကော အော်ဒါကို ကမ်းပေးတယ်။ “ရှင်လမ်းမှာ စားလို့ရတယ် ရှင် မစားရင် ဗိုက်မကောင်းဘဲနေလိမ့်မယ်”

“စကားမစပ် လက်ထောက်ယွမ် ရှင့်ကို လာခေါ်မှာလား” ဘေးပတ်ပတ်လည်ကို ကြည့်ပြီး လက်ထောက်ယွမ်နဲ့ အခြားလူတွေ မရောက်သေးတာကို မြင်တဲ့အခါ နန်ကော သူ့ကို ဘေးဘက်ကို ခြေ၂လှမ်းလောက် ရွှေ့လိုက်ပြီး ပြောတယ်။ “ဘာလို့ အစောကြီး ဆင်းလာတာလဲ။ အပြင်မှာ အရမ်းအေးနေတာကို”

ရှန်ရန်ချင်း သူမ လက်ကို ယူပြီး ညှစ်လိုက်တယ်။ “ကိုယ် အစက လေဆိပ်ကို ကိုယ့်ကိုယ် သွားမလို့ လုပ်ထားတာ အခုတော့ ကိုယ် သူတို့ကို ကိုယ့်ကို ပြန်လာပတ်ခေါ်ဖို့ ပြောရတော့မယ်”

“ဘာလို့လဲ”

“ကားနဲ့ ပတ်သတ်ပြီး ပြဿနာရှိနေလို့”

ရှန်ရန်ချင်းလေသံ အကူအညီမဲ့နေပုံ ပေါက်တယ်။

“ရှင် စောစောပြောသင့်တာပေါ့! ကျွန်မမှာ ကားပါတယ်!”

“သွားကြမယ် ကျွန်မ ရှင့်ကို လေဆိပ်လိုက်ပို့ပေးမယ်! အချိန်ရှိသေးတယ်!”

ရှန်ရန်ချင်းမှာ သူမ အနောက်ကိုပဲ လိုက်နိုင်တော့ပေမဲ့ သူ စိတ်ထဲမသက်မသာ ဖြစ်နေတယ်။

ဒီကနေ လေဆိပ်ကို မောင်းဖို့ မိနစ်၄၀ကြာတယ်။ သူ နန်ကော ရဲ့ လျှပ်စစ်စကူတာကိုသာ စီးရင်...

ဟင်း။ သူ အချိန်မှီ ရောက်ပါ့မလား။

သူမရဲ့ လျှပ်စစ်စကူတာ မစီးဖို့ကို ဘယ်လိုငြင်းရမလဲ ရှန်ရန်ချင်း စဉ်းစားနေတုန်းမှာပဲ နန်ကော ကုတ်အင်္ကျီ အိတ်ကပ်ထဲကနေ ကားသော့တစ်ချောင်းကို ထုတ်ပြီး နှိပ်လိုက်တယ်။

သိပ်မဝေးတဲ့နားက ၃မီလီယံ‌ဒေါ်လာရှိတဲ့ Lamborghini တစ်စီးရဲ့ ကားမီး ဖြတ်ခနဲ လင်းလာတယ်။

“ရှင် ဘာစောင့်နေတာလဲ။ တက်လေ”

“.....”

******

All Chapters