Chapters

အခန်း ၉၂

Vol. 10 Ch. 92

အခန်း ၉၂

Vol. 10 Ch. 92

92 01

Chapter 92 ငါ အရမ်းတော်တယ်။

နန်ကောဟာ ကားကို ပါကင်ထိုးလိုက်ပြီး ခါးပတ်ကို ဖြုတ်ကာ ရှန်ရန်ချင်းကို လှည့်ကြည့်တယ်။

“သွားကြစို့။ ဒီနေ့ လေဆိပ်က နည်းနည်းလူရှုပ်ပုံပဲ”

ရှန်ရန်ချင်းဟာ သူမနဲ့အတူ ကားထဲက ထွက်လာတယ်။

“စကားမစပ် ရှင် ဘာခရီးဆောင်အိတ်မှ ယူမလာသလိုဘဲရော်” နန်ကောဟာ ကားသော့ ခတ်ပြီး လက်ထဲ အော်ဒါလေးတစ်ထုပ်နဲ့ ရပ်နေတဲ့ ရှန်ရန်ချင်းကို ကြည့်လိုက်တယ်။ အဲဒီအခါမှ သူမ သူ့ကို ကားထဲ တန်းပြီး ဆွဲသွင်းခဲ့တာကို ပြန်သတိထားမိသွားတယ်။

ဒီတော့ သူ့ခရီးဆောင်အိတ်က ဘယ်မှာလဲ။

အို မဟုတ်ဘူး။

“ကျွန်မ သွားပြန်ယူပေးမယ် အထဲ၀င်ပြီး ကျွန်မကို စောင့်နေ စကားမစပ် တံခါးလျှို့ဝှက်နံပါတ်က...”

“၃၅၉၂၇၆”

နန်ကော စိတ်ထဲကနေ နှစ်ခါထပ်ရွတ်လိုက်တယ်။ သူမ ချမှတ်ပြီးတဲ့အခါ ကားမောင်းဖို့ ပြင်လိုက်တယ်။

သူမအနောက်က လူဟာ သူမလက်မောင်းကို ဆွဲပြီး တားတယ်။ သူက ပြုံးပြီး “ဒါပေမဲ့ ကိုယ်အစကတည်းက ခရီးဆောင်အိတ်ကို မပြင်ထားပါဘူး”

“ဘာလို့လဲဆိုတော့ ကိစ္စတွေ ချောချောမွေ့မွေ့နဲ့ ပြီးသွားရင် ကိုယ် တကယ် မနက်ဖြန်‌ ဒါမှမဟုတ် သဘက်ခါလောက် ပြန်လာနိုင်လို့လေ”

“ကိုယ် ဘာမှ မလိုဘူးရယ်”

နန်ကောက လက်ခံတယ်။ အဲဒါအမှန်ပဲ။

သူ ဘာပဲလိုလို လက်လေးတစ်ချက် လှုပ်ရုံနဲ့တင် ရနိုင်တယ်။

သူ့အတွက် ကျိန်းသေပေါက် ခရီးဆောင်အိတ် ပြင်ဖို့ကို လိုမနေဘူး။

“သွားကြမယ်” ရှန်ရန်ချင်းဟာ ဖြည်းဖြည်းချင်း အောက်ကို လျှောဆင်းသွားပြီး သူမလက်ကို ပုံမှန်အတိုင်း ကိုင်တယ်။ “အထဲ၀င်ပြီး ကိုယ်နဲ့ ခဏလောက် ထိုင်ဦး”

“ကောင်းတယ်!”

ဥက္ကဌရုံးခန်းက လူတွေဟာ ရှန်ရန်ချင်းထက် နည်းနည်းစောရောက်နေတယ်။

ရှန်ရန်ချင်း ရောက်နေပြီဖြစ်မှန်း လက်ထောက်ယွမ် သိရတဲ့အခါ သူ အထူးတလည် လေဆိပ် စားသောက်တန်းကနေ ထွက်လာပြီး လာကြိုတယ်။

မထင်မှတ်ထားဘဲ သူထွက်လာတာနဲ့ လုံခြုံရေးစစ်ဆေးမှုကို ဖြတ်နေတဲ့ ရှန်ရန်ချင်းနဲ့...နန်ကောကို တွေ့လိုက်ရတယ်။

လက်ထောက်ယွမ်ရဲ့ မျက်လုံးတွေ လင်းလက်သွားတယ်။

ရှန်ရန်ချင်းနဲ့ နန်ကော တွဲနေတယ်ဆိုတာ ဥက္ကဌရုံးခန်းမှာ လျှို့ဝှက်ချက်တော့ မဟုတ်ပါဘူး။

ဒါပေမဲ့ ရှန်ရန်ချင်း ချန်းအန်ဥက္ကဌရဲ့ မွေးနေ့ပွဲတက်မှာကို နန်ကော အတူလိုက်ဖို့ ဒီရောက်နေတာလား။

ဒါက လူကြားထဲ ကြေညာတာနဲ့ အတူတူပဲ မဟုတ်လား။

လက်ထောက်ယွမ်ဟာ လက်ဖဝါးချင်း ပွတ်လိုက်တယ်။ သူဟာ အဓိက လူတွေထက်တောင် ပိုပြီးစိတ်လှုပ်ရှားနေသေးတယ်။

“ဟိုင်း!” ချဥ်းကပ်သွားရင်း လက်ထောက်ယွမ်ဟာ နန်ကောကို အပြုံးနဲ့ နှုတ်ဆက်လိုက်တယ်။

အကြောင်းတစ်ချို့ကြောင့် လက်ထောက်ယွမ်ဟာ တစ်ခါတလေ ပုံမှန်ဖြစ်ပြီး တစ်ခါတလေကျတော့လည်း ပုံမှန်မဟုတ်သလို နန်ကော ခံစားရတယ်။

ဥပမာအနေနဲ့ အခုပေါ့။ သူဟာ နွေဦးလေ‌ပြည်လိုမျိုး ပြုံးပြနေတယ်။ သူ့မျက်လုံးထဲက စပ်စုလိုစိတ်နဲ့ မျှော်လင့်ခြင်း အပိုင်းအစလေးကို သူ မဖုံးထားနိုင်ဘူး။

ဟမ်။ ခဏလေး။ မျှော်လင့်တာ…..

နန်ကောဟာ မတတ်နိုင်ဘဲ ခေါင်းကို ကုတ်လိုက်တယ်။

ဒီမှာ စကားပြောဖို့ အဆင်မပြေတဲ့အတွက် လက်ထောက်ယွမ်ဟာ သူမတို့ကို စားသောက်ဆိုင်ဆီ ခေါ်သွားတယ်။ သွားနေတဲ့လမ်းမှာ သူဟာ မနေနိုင်ဘဲ တိုးတိုးလေးမေး တယ်။ “မိန်းကလေးနန်ကော မင်း ဥက္ကဌရှန်နဲ့အတူ စီကျူးမြို့ကို သွားမလို့လား”

“ဟင့်အင်း” နန်ကောဟာ ခေါင်းခါတယ်။ “သူ့ကား ပျက်သွားလို့ ကျွန်မ ဒီကို လိုက်မောင်းပို့ပေးတာ”

“မောင်းတာ” လက်ထောက်ယွမ်ရဲ့ မျက်လုံးတွေဟာ တအံ့တဩနဲ့ ပြူးကျယ်သွားတယ်။

ကား။ ဘာကားတုန်း။ သူသာ မမှားဘူးဆိုရင် လျှပ်စစ်စကူတာတွေက လေဆိပ်သွားတဲ့ အဝေးပြေးလမ်းမတွေပေါ်မှာ မောင်းခွင့်မရှိဘူး။ ဟုတ်တယ်မလား။

သူမ အဖမ်းမခံရဘူးလား။

အဲဒါဟာ သတင်းမှာတောင် ပါလာနိုင်လောက်တယ်။

“ဟုတ်တယ်” သူ ဘာလို့ အဲဒီလောက်ကြီးကြီးမားမားတုံ့ပြန်လဲဆိုတာ နန်ကော နားမလည်ဘူး။ “ပြဿနာရှိလို့လား”

92 02

“ဟင်း မင်း ယာဉ်ထိန်းရဲဆီကနေ အဖမ်းမခံရဘူးလား” လက်ထောက်ယွမ် တစ်ယောက် မြင်ကွင်းကို ပုံဖော်ကြည့်ဖို့ ခက်ခဲနေတယ်။

ဥက္ကဌရှန်ဟာ သေချာပေါက် လျှပ်စစ်စကူတာသေးသေးလေးကိုတော့ စီးလာမှာ မဟုတ်ပါဘူး။ နန်ကောစီးလာတာပဲ ဖြစ်ရမယ်။

ဒါဆို ၁.၈၇ မီတာရှည်တဲ့ ဥက္ကဌရှန်ကို နန်ကောက တင်မောင်းလာတယ်ပေါ့လေ...။

သူ ဘယ်လိုပဲ တွေးတွေး ဒီမြင်ကွင်းက နည်းနည်းထူးဆန်းနေတယ်။

ပိုဆိုးတာက ဥက္ကဌရှန်ဟာ အင်တာဗျူး မလုပ်တာ အနှစ်၈၀၀လောက် ရှိနေပြီ။ ပြီးတော့ သတင်းထဲ မပါတာလည်း ‌အ‌တော်ကြာပြီ။ သူဟာ ခပ်အေးအေးပဲ နေနေခဲ့တာ။

******