အခန်း ၉၅
Vol. 10 Ch. 95
95 01
Chapter 95 ရှင်သောက်ထားတာလား။
နန်ကျဲ့ဟာ မလှုပ်မယှက်နဲ့။
သူ့အတွေးတွေဟာ လွင့်မြောသွားပြီး ရုတ်တရက် ကျောင်းတုန်းက နေ့ရက်တွေကို ပြန်တွေးမိသွားတယ်။
သူ့မွေးနေ့တုန်းက မိုး အရမ်းရွာနေခဲ့တယ်။
အဲဒီညက သူ့အတန်းဖော် အနည်းငယ်နဲ့ ငယ်သူငယ်ချင်းတွေ စုပြီး ကျောင်းနဲ့နီးတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ သူ့မွေးနေ့ပွဲကို ကျင်းပခဲ့တယ်။
ချီယန်ဟာ နောက်ဆုံးမှ ရောက်လာတဲ့လူ။
သူမလည်း ရောက်လာရော သီးသန့်အခန်းထဲက လူတွေအားလုံးက ပြန်ကုန်ကြပြီ။
သူ တစ်ယောက်ပဲ ကျန်ခဲ့တာ။
“အစ်ကိုကြီးနန်! အိုး နင်တစ်ယောက်ပဲ ကျန်တော့တာလား...”
“ငါတောင်းပန်ပါတယ်။ ငါ တောင်းပန်တယ်။ ငါနေတာ နည်းနည်းဝေးလို့ပါ။ မိုးက အရမ်းရွာနေတော့ ငါ တက္ကစီလည်း ရှာမတွေ့ဘူး”
သူမ ၀င်လာတော့ သူမရဲ့ဂျက်ကတ်ဟာ စိုနေတယ်။ ပြီးတော့ သူမရဲ့ ဆံပင်တိုတိုဟာလည်း မိုးရေတွေကြောင့် စိုရွဲနေတယ်။
သူ သူမကို စောင့်နေခဲ့တာမို့ သူ စိတ်မဆိုးဘူးပြောရင် လိမ်ရာကျမယ်။
အဲဒီနေ့ ကျောင်းဆင်းတော့ သူမ ကျိန်းသေပေါက်လာမယ်လို့ ပြောခဲ့တာ။ ဒီတော့ သူ စောင့်နေခဲ့တယ်။
သူ့ဘေးက ထိုင်ခုံဟာ အမြဲတမ်း သူမအတွက်ပဲ။ သူ့ငယ်သူငယ်ချင်းတွေ လာပြီး ထိုင်ချင်တာတောင် သူ သူတို့ကို ငြင်းထားတာ။ အဆုံးမှာတော့ ဒီထိုင်ခုံဟာ အဆုံးထိကို နေရာလွတ်နေခဲ့တယ်။
သူ ထရပ်တော့မယ်လို့ သူ ထင်ထားခဲ့တာ။
မရှင်းမလင်းဖြစ်နေတုန်း သူမဟာ ဂျက်ကတ်ကို ဇစ်ဖြုတ်ပြီး အိက်ကပ်ထဲကနေ ဘူးတစ်ဘူး ထုတ်လာတယ်။ မိုးရေမစိုအောင် သေချာတောင် အိတ်နဲ့ ထည့်လာသေးတယ်။
“နင့်မွေးနေ့လက်ဆောင်! မြန်မြန် ဖွင့်ကြည့်ကြည့်! နင်ကြိုက်မယ် ထင်တာပဲ။ ငါ ပြီးခဲ့တဲ့ လ၀က်လောက်ထဲက ရွေးထားတာ!”
သူမဟာ လက်ဆောင်ကို စားပွဲပေါ်တင်ပြီး နန်ကျဲ့ဘေးမှာ ပေါ့ပေါ့ပါးပါးပဲ ၀င်ထိုင်တယ်။ သူမရဲ့ စိုနေတဲ့ ကုတ်အင်္ကျီဟာ ထိုင်ခုံပေါ်မှာ အမြန်ပဲ ရေအစွန်းအထင်းတွေ ကျန်စေတယ်။
ဒါပေမဲ့ သူမ အဲဒါကို သတိမထားမိဘဲ သူ့ကို ရူးကြောင်ကြောင်နဲ့ပဲ ကြည့်နေဆဲ။ သူမထို င်တဲ့ကိုယ်ဟန်အနေအထားက သူ့ထက်တောင် ယောက်ျားပိုဆန်သေး။
သူဟာ အဲဒါကို ဖွင့်ဖို့ လောမနေခဲ့ဘူး။ သူ တစ်ယောက်ယောက်ကို သူမအတွက် ပုဝါတစ်ထည် ယူလာခိုင်းလိုက်တယ်။ “နင် ဒီကို ဘယ်လိုလာတာလဲ”
“ဘတ်စ်ကားနဲ့ ဆင်းပြီးတော့ စားသောက်ဆိုင်နဲ့ နည်းနည်း လှမ်းနေသေးတာမို့ ငါ ပြေးလာလိုက်တာ”
“နင့်ထီး ဘယ်မှာလဲ”
“အပြင်မှာ လေအရမ်းတိုက်နေတော့ ထီးက ခံနိုင်မှာ မဟုတ်လို့ မသုံးဘူး။ ငါ အခုလေးတင် ထီးကို တံခါး၀မှာ ပစ်ထားခဲ့တာ”
“မြန်မြန်လုပ်ပြီး လက်ဆောင်ကို ဖွင့်တော့!”
သူမရဲ့ တိုက်တွန်းမှုကြောင့် သူ ဘူးကို ဖွင့်လိုက်တယ်။
သူဒီနေ့ လက်ဆောင်တွေ အများကြီးရတယ်။ အခြေခံအားဖြင့် ဈေးကြီးတဲ့တံဆိပ်တွေပဲ ဖြစ်ပြီး အရာအားလုံးပါတယ်။
သူ ဒီဘူးကိုတော့ ခန့်မှန်းမရပေမဲ့ အထဲမှာ ဘာရှိမလဲဆိုတာကိုတော့ မျှော်လင့်နေမိတယ်။
ဖွင့်ပြီးတဲ့အခါ အထဲမှာ နှင်းဆီပန်းပုံ ဖော်ထားတဲ့ ငွေရောင်မီးခြစ်လေးတစ်လုံး ရှိနေတယ်။ အဲဒါဟာ ထိကြည့်ဖို့တောင် မညီမညာနဲ့။ လက်ရာဟာ အရမ်းကြီးမကောင်းပေမဲ့ ထူးထူးခြားခြားတော့ ရှိပါတယ်။
နောက်တော့ မီးခြစ်ဟာ ဒေါ်လာ၇၀၀ကျတယ်ဆိုတာကို သူ သိရပြီး ဒါအတွက် ချီယန်ဟာ အချိန်အကြာကြီး ပိုက်ဆံစုနေခဲ့တာတဲ့။
အဲဒီအချိန်တုန်းက သူမရဲ့ တစ်လမုန့်ဖိုးဟာ နေ့လည်စာ အပါအ၀င် ဒေါ်လာ၄၀၀ ၀န်းကျင်လောက်ပဲ ရခဲ့တယ်။
“ဘာလို့...ငါ့ကို ဒါပေးတာလဲ”
95 02
“ပြီးခဲ့တဲ့ရက်ကမှ နင် ဘယ်လို ဆေးလိပ်သောက်ရမလဲ သင်ထားတယ်လေ။ ဒါကြောင့် မီးခြစ်ပေးတာ။ ဒါပေမဲ့နော် ဆေးလိပ်သောက်တာက ကျန်းမာရေးအတွက် မကောင်းဘူး။ လျှော့သောက်”
သူမဟာ ဘေးက ပူရှိန်သကြားလုံးတစ်လုံးကို ယူပြီး အခွံသေချာခွာကာ ပါးစပ်ထဲ ပစ်ထည့်လိုက်တယ်။
“ငါ သောက်မှာကို စိုးရိမ်တယ်ဆိုရင် ဘာလို့ ၀ယ်လာသေးလဲ”
“နင်သောက်မှာကို စိုးရိမ်တယ်လို့ မပြောပါဘူး။ ဒီတိုင်း လျှော့သောက်ဖို့ ပြောတာ အိုကေ။ ပြီးတော့ နင်သောက်သောက် မသောက်သောက် ဘယ်သူ ထိန်းချုပ်လို့ရမှာလဲ”
ယုတ္တိကျကျ ပြောရရင် ယောက်ျားလေးတွေချည်းပဲမို့ အဆုံးမှာ ကိတ်ဟာ ကျိန်းသေပေါက် ဖျက်ဆီး ခံထားရမှာ။
ဒါပေမဲ့ သူ သူတို့ အဲဒီလိုမလုပ်အောင် တားလိုက်နိုင်တယ်။ သူ အဲဒါကို သပ်သပ်ရပ်ရပ် ဖြတ်ပြီး ကျန်တာကို ထုပ်ပိုးကာ စားပွဲထိုးကို ဝေးဝေးမှာ သွားထားပေးဖို့ ပြောခဲ့တယ်။
အဲဒီနေ့ စားပွဲပေါ်က ဟင်းပွဲတွေ တစ်ဖန်ထပ်ရောက်လာတော့ သူ ချီယန်နဲ့အတူ ထပ်စားခဲ့တယ်။ အဲဒီနောက် သူမအရှေ့မှာ ဖယောင်းတိုင် မှုတ်ဖို့အတွက် ကျန်တဲ့ကိတ်အပိုင်းကို အသုံးပြုခဲ့ပြီး သူမအတွက် အကြီးဆုံးအပိုင်းကြီး ဖြတ်ပေးခဲ့တယ်။
“အစ်ကိုကြီးနန်” သူ မလှုပ်တာကို မြင်တော့ ချီယန်ဟာ ခေါင်းကို စောင်းလိုက်တယ်။
ကားထဲက အလင်းရောင်ဟာ ခပ်မှိန်မှိန်လေး။ အလယ်ကနေ ပြန့်ကျဲနေတဲ့ မီးအလင်းရောင်အောက်က သူ့မျက်နှာကို သူမ ကြည့်ချင်တယ်။
နန်ကျဲ့ဟာ ခပ်မြန်မြန်ရှောင်ပြီး သူမ လက်ထဲက ဘူးကို ယူလိုက်တယ်။
သူဟာ အဲဒါကို ဒီတိုင်းပဲ ကြည့်တယ်။ ဒီတစ်ခေါက် သူသိတဲ့ နာမည်ကြီး တံဆိပ်ဆိုပေမဲ့ သူ မဖွင့်ချင်ခဲ့ဘူး။
“နင် ငါ့ကို ဘာလို့ မီးခြစ် ထပ်ပေးပြန်တာလဲ”
“နင့်ဟာ ပျက်နေပြီ မဟုတ်လား” ချီယန်ဟာ အနောက်ကို ပြန်မှီထိုင်ပြီး ရှင်းပြတယ်။ “ဟိုတစ်ခေါက် ငါ မီးခြစ်ကို တွေ့တုန်းက အရောင်ကွာနေပြီး နင်ခြစ်ဖို့တောင် အနိုင်နိုင်လေ”
“ငါ ဒါကို မနေ့က ငါ့လုပ်ဖော်ကိုင်ဖက်နဲ့ ဈေး၀ယ်ထွက်ရင် တွေ့လာတာ။ နင် အခု လဲလို့ရပြီ”
သူမဟာ ခေါင်းစောင်းပြီး ခါးပတ်ကို ဆွဲလိုက်တယ်။ ခါးပတ် ပတ်နေရင်း သူမက ပြောတယ်။ “ဒါပေမဲ့ နင့်အတွက် လျှော့သောက်တာက ပိုကောင်းတယ်”
“ငါ နင့်ကို ဆရာကြီးလုပ်နေတာ မဟုတ်ဘူး။ ဒီတိုင်း ဆေးလိပ်သောက်တာက ကျန်းမာရေးအတွက် လုံး၀မကောင်းလို့။ နင် ဂရုတော့စိုက်ရမှာပဲ။ နင်သောက်တာ ဘယ်လောက်ကြာပြီလဲ”
“ဒါဆို နင် ဘာလို့ ငါ့အတွက် ဒါကို ၀ယ်လာလဲ” သူဟာ လှမ်းကြည့်တယ်။
“ငါက ဒီတိုင်းပြောရုံပဲ။ ဘာပဲဖြစ်ဖြစ် နင် ဖြတ်နိုင်မှာမှ မဟုတ်တာ”
“နင် သောက်လို့ရတယ် ဒီတိုင်းပဲ။ နည်းနည်းလျှော့သောက်” ချီယန်ဟာ တတ်နိုင်သမျှ လျှော့သောက်ဖို့ကို သူမရဲ့လက်ချောင်းလေးတွေနဲ့ ဟန်လေးလု ပ်ပြတယ်။
နန်ကျဲ့ဟာ ရှုံ့ချလိုက်ပြီး ကားစက်နှိုး လိုက်တယ်။ သူက စောဒက တက်တယ်။ “နင် အရမ်း၀င်ပါတာပဲ”
“ဟေး ငါလည်း မပါချင်ပါဘူးနော်” ချီယန်ဟာ အနောက်ကို မှီပြီး သူမလက်မောင်းပေါ် ခေါင်း တင်ထားလိုက်တယ်။ “ငါ့မှာ အသက်၄၀အရွယ် ဦးလေးတစ်ယောက်ရှိတယ်။ သူက ဆေးလိပ် ပုံမှန်သောက်တတ်တဲ့လူ လွန်ခဲ့တဲ့၂နှစ်က ဆုံးသွားတယ်”
“အဲဒါကြောင့် နင် ဂရုစိုက်ရမယ်လို့ ငါ ပြောတာ။ နောက်အနှစ်၂၀အတွင်း အတန်း ပြန်လည်တွေ့ဆုံပွဲကို အောက်မေ့ဖွယ် အခမ်းအနားတော့ မဖြစ်စေချင်ဘူး ဟုတ်...”
“ဟေးးး အဲဒါ မင်္ဂလာရှိတဲ့စကား မဟုတ်ဘူးနော် ဖွီ! လွဲပါစေ! ပယ်ပါစေ!”
“အစ်ကိုကြီးနန် ငါ နင် အသက်ရှည်ရှည် နေနိုင်ဖို့ မျှော်လင့်တယ်”
“နင် အသက်၁၀၀ပြည့်တဲ့ အခါကျရင် ငါ နင့်ကို မီးခြစ်တစ်လုံး ထပ်ပေးမယ်”
နန်ကျဲ့ဟာ ရယ်စရာ ကောင်းသလို ခံစားရပေမဲ့လည်း ပြုံးပြီး လေးတိလေးကန်နဲ့ သဘောတူ လိုက်ပါတယ်။ “ကောင်းပြီ”
တစ်ခါလောက်တော့ မိုးလေ၀သခန့်မှန်းချက်ဟာ တိကျခဲ့တယ်။
စီကျူးမြို့မှာ ညနေ၉နာရီမှာ နှင်းစကျလာတယ်။ နှင်းက မများပေမဲ့လည်း နန်ကောဟာ အရမ်းပျော်နေတုန်းပဲ။
ရှန်ရန်ချင်းပြန်မလာခင် သူမဟာ အားလုံး ထုပ်ပိုးထားပြီး သွားဖို့ အဆင်သင့်။
သူမ အိမ်အကူတွေကို နားခိုင်းလိုက်ပြီး ဧည့်ခန်းထဲမှာ တစ်ယောက်တည်း ထိုင်နေတယ်။ တီဗီကြည့်ရင်း ရှန်ရန်ချင်းကို စောင့်နေတာ ဖြစ်တယ်။
ရှန်ရန်ချင်းဟာ စောစော ပြန်မလာဘူး။ ၁၀နာရီထိုးခါနီးမှ သူ ပြန်ရောက်လာတယ်။
နန်ကောမှာ အိပ်ပျော်လုနီးနီး။
လှုပ်လှုပ်ရွရွနဲ့ အသံကြားတော့ သူမ အလျင်အမြန် ထလိုက်တယ်။ သူမအိတ်ရဲ့ ကြိုးကို ကိုင်ပြီး တံခါးဆီ မျှော်လင့်တကြီး ကြည့်နေတယ်။
ရှန်ရန်ချင်းပဲ။
“ရှင် ပြန်လာပြီပဲ!” နန်ကော ပျော်သွားတယ်။
“ဟုတ်တယ်”
95 03
ရှန်ရန်ချင်းဟာ ဖိနပ် လဲမနေတော့ဘူး။ သူဟာ တံခါးနား ရပ်နေပြီး သူမကို လက်ပြတယ်။ “မင်း အခု သွားတော့မှာလား”
“သွားကြစို့!”
နန်ကောဟာ တီဗီပိတ်ပြီး သူမရဲ့ စလစ်ပါဖိနပ်တွေနဲ့အတူ ရှပ်ပြာရှပ်ပြာနဲ့ ပြေးသွားတယ်။
သူမ သူ့အနားရောက်တော့ သူမ မျက်နှာပေါ်က အပြုံးဟာ တဖြည်းဖြည်း ပျောက်ကွယ် သွားတယ်။
သူမ ဖိနပ်လဲဖို့ကို အလျင်လို မနေခဲ့ဘူး။ သူမ အသာလေး အနံ့ရှူကြည့်ပြီး မျက်မှောင်ကြုတ်မိသွားတယ်။
“ရှင်...သောက်လာတာလား”
အနံ့ကြောင့် နန်ကောဟာ မသိစိတ်ကနေ မေးလိုက်မိတယ်။
မေးပြီးတော့မှ သူမ အသိပြန်၀င်သွားတယ်။ သူမ မျက်လုံးပြူးသွားကာ သူမရဲ့ ရှုပ်ထွေးမှူဟာ စိုးရိမ်မှုအဖြစ် ပြောင်းလဲသွားတယ်။ “ရှင် ရှင် ရှင်!”
“ဟင့်အင်း ကိုယ်မသောက်ခဲ့ဘူး” ရှန်ရန်ချင်းဟာ သူမလက်မောင်းကို ကိုင်လိုက်ပေမဲ့ သူ မမျက်လုံးကိုတော့ မကြည့်ရဲဘူး။ “သူတို့ မတော်တဆ ကိုယ့်ပေါ် အရက်နည်းနည်း ဖိတ်သွားတာ။ အဲဒါကြောင့် အရက်နံ့ရနေတာ”
နန်ကောဟာ သူ့ကို ခေါင်းစခြေဆုံး ကြည့်ပြီး မယုံကြည်နိုင်သေး။ သူမ အရှေ့ကို တိုးပြီး သူ့မျက်နှာနဲ့ လည်ပင်းကို ကြည့်ဖို့ ခြေဖျားထောက်လိုက်တယ်။
သူ့အသားအရေက အရမ်းဖွေးပြီးတော့ ဘယ်ခြေရာလက်ရာမဆို သိသာလိမ့်မယ်။
ဘာနီနေတာမှ မရှိဘူး။
သူ့ကြည့်ရတာလည်း မူးနေပုံ မပေါ်ဘူး။
နန်ကောဟာ တုံ့တုံ့ဆိုင်းဆိုင်းနဲ့ ခေါင်းညိတ်လိုက်တယ်။ “ရှင် မသောက်လာဘူးဆိုလို့ ကျွန်မ ၀မ်းသာပါတယ်”
နန်ကောဟာ ဖိနပ်လဲဖို့ ကုန်းလိုက်တယ်။ ရှန်ရန်ချင်းဟာ သူမကို ကူပေးပြီး သူမ မမြင်တဲ့ဘက်ကို ဖြည်းဖြည်းချင်း လေရှူထုတ်လိုက်တယ်။ တော်ပါသေးတယ်။
လက်ထောက်ယွမ်ဟာ အပြင်မှာ စိုးရိမ်တဲ့ မျက်နှာထားနဲ့ စောင့်နေတယ်။
သူတို့ ထွက်လာတာကို မြင်တော့ လက်ထောက်ယွမ်ဟာ တစ်ခုခုပြောချင်ပေမဲ့ သူဟာ အလျင်အမြန်ပဲ ရှန်ရန်ချင်းဆီကနေ နှောင့်ယှက် ခံလိုက်ရတယ်။ “နောက်ကျနေပြီ ဟိုတယ် ပြန်နားတော့။ ငါတို့ နန်းမြို့တော်အပြင်နားတစ်ဝိုက် လျှောက်ကြည့်ပြီးရင် ပြန်လာခဲ့မယ်”
လက်ထောက်ယွမ် နှောင့်ယှက် ခံလိုက်ရတာ...သူ သူတို့နှစ်ယောက် ကားထဲ ၀င်တာကို ကြည့်နေတယ်။ နန်ကောကို ကြည့်ပြီး သူ တစ်ခုခု ပြောချင်ပေမဲ့ တွန့်ဆုတ်နေမိတယ်...။
******