← Chapters

အခန်း ၉၆

Vol. 10 Ch. 96

အခန်း ၉၆

Vol. 10 Ch. 96

96 01

Chapter 96 ဥက္ကဌရှန် ဖျားပြီ။

နန်ကောဟာ လက်ထောက်ယွမ်ရဲ့ ရှုပ်ထွေးတဲ့ မျက်နှာထားကို နားမလည်ဘူး။

သူမ မေးတော့ မမေးခဲ့ဘူး။

ပိုအရေးကြီးတာက သူမ သူ့ကို စတွေ့ကတည်းက လက်ထောက်ယွမ်ဟာ ပုံမှန်လူ မဟုတ်ဘူးလို့ ခံစားရတယ်။

ဒါပေါ့။ သူက မူမမှန်ဘူးလို့ ပြောတာမျိုးတော့ မဟုတ်ဘူး။ ဒီတိုင်း သူ့ရဲ့ ရံဖန်ရံခါ လုပ်ရပ်တွေနဲ့ စကားတွေက...ကောင်းပြီ။ သူကိုယ်က ပုံမှန်မဟုတ်တာ။

ကားထွက်တာကို ကြည့်ရင်း လက်ထောက်ယွမ်တစ်ယောက် သက်ပြင်းအရှည်ကြီး ချလိုက်တယ်။ အိမ်အကူတွေကို တစ်ခုခုပြောဖို့ ဗီလာထဲ ၀င်သွားတယ်။

“ဘာ။ ဥက္ကဌရှန် သောက်လာတယ်”

ဒါကို ကြားတော့ အိမ်အကူတွေဟာ အံ့ဩတကြီး ဖြစ်သွားတယ်။

ရှန်ရန်ချင်း ဒီမှာ မကြာခဏ မနေဘူးဆိုပေမဲ့လည်း သူရဲ့ကိုယ်ရေးကိုယ်တာ အခြေအနေနဲ့ပတ်သက်ပြီး အိမ်အကူတွေဟာ အတော်လေး ရင်းနှီးတယ်။

“သူ ဆေးရုံ သွားပြီးပြီလား”

“သူ အများကြီးသောက်ထားတယ်လို့တော့ မထင်ဘူး။ ပြီးတော့ ထွက်လာတုန်းကလည်း ဆေး သောက်ထားသေးတယ်။ ဆေးက အလုပ်မဖြစ်မှာကိုပဲ နည်းနည်း စိတ်ပူတာ။ စိတ်ချရအောင်လို့ အဒေါ် နည်းနည်းလောက် နောက်ကျပြီး အိပ်ပေးပါ။ ဥက္ကဌရှန် ပြန်လာလို့ သူ နေထိုင်မကောင်းဘူးဆိုရင် ဆရာ၀န်ကို ချက်ချင်း ခေါ်ပေးပါ”

“ဟုတ်ပြီ ဟုတ်ပြီ” အိမ်အကူတွေဟာ ပြိုင်တူခေါင်းညိတ်လိုက်ပြီး ဒီကိစ္စကို အရေးတယူ ထားထားကြတယ်။

“ကောင်းပြီ ဒါဆို ကျွန်တော် ဟိုတယ်ကို အရင်ပြန်လိုက်ဦးမယ်။ တစ်ခုခုဖြစ်ရင် ကျွန်တော့်ကို ခေါ်လိုက်ပါ”

တစ်ဖက်မှာတော့ ဘာတွေ ဖြစ်လာလဲဆိုတာ နန်ကောမသိသေးဘူး။

ဒရိုင်ဘာဟာ ‌ဒေသခံဖြစ်ပြီး ရှန်ရန်ချင်းက တိတ်တိတ်ဆိတ်ဆိတ် နေရတာကို ကြိုက်တယ်ဆိုတာ သူသိတယ်။ ဒီတော့ သူ ဘာစကားမှ မပြောရဲဘူး။ သူဟာ သတိရှိရှိ အကန့်ကို ခွဲထားပြီး ကားမောင်းတာကိုပဲ အာရုံစိုက်ထားတယ်။

အနောက်ခုံမှာတော့ နန်ကောရဲ့ အကြည့်ဟာ ကားပြတင်းပေါက် အပြင်ဘက်မှာ လမ်းတစ်လမ်းပြီး တစ်လမ်း ကျန်ခဲ့တဲ့မြင်ကွင်းကို ကြည့်နေတယ်။

သူမ စီကျူးမှာ နှင်းကျတာကို အွန်လိုင်းပေါ်မှာပဲ မြင်ဖူးတာ။

ဒီက စည်ကားနေတဲ့ ညရှုခင်းကို ကြည့်ရင်း ဟိုက်မြို့ကနဲ့ သိပ်မကွာသလို ခံစားရတယ်။ နန်းမြို့တော်ကို မရောက်ခင်အထိပေါ့။

အဲဒါဟာ သူမ ရုတ်တရက် အခုခေတ်ကနေ ရှေးခေတ်ကို ကူးပြောင်းသွားသလိုပဲ။

နှင်းစက်လေးတွေဟာ အနောက်မှာရှိတဲ့ အနီရောင်မြို့တံတိုင်းနဲ့အတူ ‌ကျဆင်း‌နေတယ်။ နန်ကောဟာ မတတ်နိုင်ဘဲ အံ့အားသင့်သွားတယ်။

သူမ နန်းမြို့တော်ကို တစ်ခါရောက်ဖူးတယ်။ ဒါပေမဲ့ ဒါဟာ ပထမဆုံးအကြိမ် အဲဒါကို နှင်းကျတဲ့ညမှာ တွေ့ဖူးတာပဲ။ အပြင်ဘက်ကနေပဲဆိုပေမဲ့ အတော်လေးကို လှနေပြီ။

ဒရိုင်ဘာဟာ သင့်တော်တဲ့နေရာကို တွေ့ပြီး ကားကို ရပ်လိုက်တယ်။

နန်ကောနဲ့ ရှန်ရန်ချင်းဟာ အတူတူကားပေါ်က ဆင်းလာတယ်။

“ဂရုစိုက်ဦး” ရှန်ရန်ချင်းဟာ သူမလက်ကို ကိုင်ပြီး ကားပေါ်က ဆင်းဖို့ ကူညီပေးတယ်။

ကားထဲက ထွက်လာတာနဲ့ နန်ကော သူ့လက်ကို လွှတ်လိုက်ပြီး ဓာတ်ပုံရိုက်ဖို့ အရှေ့ကို ပြေးသွားတယ်။

ရှန်ရန်ချင်းဟာ ဖြည်းဖြည်းချင်း လိုက်သွားပေမဲ့ သူ့မျက်နှာအမူအရာဟာတော့ သိပ်ကောင်းမနေဘူး။

96 02

သူဟာ လမ်းလျှောက်ရင်း နက်ကတိုင်ကို လျှော့ချလိုက်ပြီး သူ့ခန္ဓာကိုယ်ဟာ သိပ်သက်တောင့်သက်သာ မရှိသလို ခံစားလာရတယ်။

ကံကောင်းလို့ နန်ကောရဲ့ အာရုံဟာ သူ့အပေါ် ရှိမနေတာ။

နန်းမြို့တော်ရဲ့ အပြင်မှာ နန်ကောတစ်ယောက်တည်းကသာ ဓာတ်ပုံရိုက်ချင်တာ မဟုတ်ဘဲ ပရော်ဖက်ရှင်နယ်ပစ္စည်းတွေကို သယ်ထားတဲ့ လူတွေလည်း အများကြီး ရှိတယ်။ သူတို့အားလုံးဟာ ဒီကို နှင်းကြောင့် ရောက်နေကြတာ။

ပရိုတွေရဲ့ လမ်းညွှန်မှုအောက်မှာ နန်ကောဟာ သူမရဲ့ ဖုန်းနဲ့ ပြီးပြည့်စုံတဲ့ ဓာတ်ပုံတစ်ပုံကို ရိုက်လိုက်နိုင်တယ်။

“ရှန်...” သူမဟာ လှည့်ပြီး ရှန်ရန်ချင်းကို ပြချင်ခဲ့တယ်။

“ရှ-ရှင် ဘာဖြစ်တာလဲ” ဘေးကို ခေါင်းငုံ့ပြီး ချောင်းဆိုးနေတဲ့ အမျိုးသားကို ကြည့်ရင်း နန်ကောမှာ ကစားချင်စိတ် မရှိတော့ဘူး။ သူမ ဖုန်းကို သိမ်းပြီး သူ့ကို ကူညီပေးဖို့ သွားလိုက်တယ်။

သူ့မျက်နှာမှာ အရောင်မရှိဘဲ အသက်ရှူ ကြပ်နေတာကို မြင်တဲ့အခါ နန်ကော ပျာယာခတ် သွားတယ်။

ရုတ်တရက် သူမ တစ်ခုခုကို တွေးမိသွားပုံ ရတယ်။ “ရှင်...ရှင် သောက်လာတာပဲ!” ရှန်ရန်ချင်းဟာ ခေါင်းနည်းနည်း မူးနေပြီး စကား မပြောနိုင်ရှာဘူး။

နန်ကောဟာ သူ့ပုခုံးတစ်ဝိုက်ကို လက်နဲ့ထိ န်းပေးထားပြီး သူ့ကို သူမအပေါ် မှီခွင့်ပြုတယ်။

နန်ကောခမျာ ရှေ့‌ကို ခြေတစ်လှမ်း လှမ်းဖို့ကို ရုန်းကန်နေရတယ်။ “ကားထဲ ပြန်၀င် ကျွန်မတို့ အခုချက်ချင်း ဆေးရုံသွားရမယ်”

ရှန်ရန်ချင်းဟာ သူ့ဦးတည်ချက် ပျောက်သွားပုံ ပေါ်ပြီး သူမအနောက်ကိုပဲ မျက်စိစုံမှိတ် လိုက်နိုင်တော့တယ်။

ဒရိုင်ဘာဟာ ကားအပြင်မှာ ဆောင့်ကြောင့်ထိုင်ပြီး ဆေးလိပ် သောက်နေတယ်။ သူဟာ လက်ထောက်ယွမ်နဲ့ ဖုန်းပြောနေတာ။ “လက်ထောက်ယွမ် စိတ်မပူနဲ့ လာတဲ့လမ်းမှာ ဥက္ကဌရှန် အဆင်ပြေတယ်။ ကားထဲက ထွက်တုန်းကလည်း အဆင်ပြေနေတုန်းပဲ”

“ဟုတ်တယ် ဟုတ်တယ်။ အခုတင် မိန်းကလေးနန်ကောနဲ့အတူ ကားထဲကနေ ထွက်သွားတာ။ သူ ဟိုမှာ ဓာတ်ပုံရိုက်နေတုန်း”

“စိတ်မပူနဲ့...”

ဒါပေမဲ့ သူဖုန်းတောင် မချနိုင်ခင်မှာဘဲ လမ်းတစ်ဖက်ကနေပြီး အမျိုးသမီးတစ်ယောက်ရဲ့ စိုးရိမ်နေတဲ့ အသံတစ်သံ ထွက်လာတယ်။ “ဆရာ ဆရာ!”

ဒရိုင်ဘာဟာ မော့ကြည့်ပြီး နန်ကောတစ်‌ယောက် ရှန်ရန်ချင်းနဲ့ ရုန်းကန်နေရတာကို တွေ့တယ်။

ဒရိုင်ဘာဟာ စိတ်ထဲကနေ ကျိန်ဆဲမိလိုက်တယ်။ သူ ဆေးလိပ်ကို နင်းချေပြီး ဖုန်းကို ချလိုက်တယ်။ သူ အလျင်အမြန်ပဲ သွားကူညီတယ်။

ဗဟိုဆေးရုံကြီးမှာ။

နန်ကောဟာ လျှောက်လမ်းမှာ ယောက်ယက် ခတ်နေပြီး စိုးရိမ်တကြီး စောင့်နေတယ်။

လက်ထောက်ယွမ်နဲ့ အစ်မမြောင်မြောင်တို့ဟာ ဟိုတယ်ကနေ အပြေးရောက်လာတယ်။ စီကျူးမြို့မှာ ဆောင်းရာသီ ဆိုပေမဲ့ သူတို့နှစ်ယောက်လုံးဟာတော့ ချွေးတဒီးဒီးနဲ့။

“သူ ဘယ်လိုလဲ။ သူ ဘယ်လိုနေလဲ”

နန်ကောဟာ သူတို့နှစ်ယောက်လုံးကို ငိုင်ကြည့်ပြီး ပြန်မပြောခင် ခဏလောက် ရပ်သွားသေးတယ်။ “ကျွန်မလည်း မသိရသေးဘူး”

ဒရိုင်ဘာဟာ ပိုက်ဆံရှင်းဖို့ သွားတယ်။ ဒီမှာ သူမတစ်ယောက်တည်း။

လက်ထောက်ယွမ်နဲ့ အစ်မမြောင်မြောင်ကို တွေ့တဲ့အခါ သူ နည်းနည်းလုံခြုံသွားသလို ခံစားလိုက်ရတယ်။

“သူ...အဆင်ပြေမှာလား” ရှန်ရန်ချင်း အလတ်ဂျစ် ထတာကို ဒါ သူပထမဆုံး မြင်ဖူးတဲ့အကြိမ် ဖြစ်တယ်။ သူ ပုံမှန်ဆိုရင် ဒီလိုလားဆိုတာ သူမ မသိဘူး။ တော်တော်လေး လေးနက်ပုံ ရတယ်။

96 03

မြောင်မြောင်ဟာ သူမကျောကို ပုတ်ပြီး နှစ်သိမ့်ပေးတယ်။ “အဆင်ပြေပါတယ် မကြောက်ပါနဲ့။ ဥက္ကဌရှန်က အလတ်ဂျစ်ထရင် အမြဲ ဒီလိုပဲ”

လက်ထောက်ယွမ်ဟာ အထဲကို ကြည့်ပြီး ပြောတယ်။ “ဥက္ကဌရှန်က ဆေးလည်း သောက်ထားတယ်ဆိုတော့ အခုလောက်‌ဆို အဆင်ပြေမှာပါ စိတ်မပူပါနဲ့”

“သူ ဘယ်လိုလု ပ်သောက်လာတာလဲ” နန်ကောက မေးတယ်။

ဒါကို မေးလာတော့ လက်ထောက်ယွမ်ဟာ သက်ပြင်းချပြီး ပြောစရာ စကား နည်းနည်း ပျောက်နေတယ်။ “ချန်းအန်အင်တာနေရှင်နယ်ရဲ့ ဥက္ကဌက မာနကြီးတာနဲ့ပတ်သက်ပြီး နည်းနည်းနာမည်ကြီးတယ်”

“ပြီးခဲ့တဲ့တစ်ခေါက် ပူးပေါင်းမှုအကြောင်း ဆွေးနွေး‌တုန်းက ဥက္ကဌရှန်က အလုပ်ရှုပ်နေခဲ့လို့ မပါခဲ့ဘူး။ အဲဒါကို သူက အခုထိ မှတ်ထားပြီး ဥက္ကဌရှန်ကို အဲဒီကိစ္စအတွက် အတင်းသောက်ခိုင်းတာ”

“သူက အကြီးဆိုတော့ ဥက္ကဌရှန် သူ့ကို ငြင်းလို့ မရဘူးလေ”

“ဒါပေမဲ့ အစက ဥက္ကဌရှန် သူ့မှာ အရက်နဲ့ အလတ်ဂျစ်ရှိတယ်ဆိုပြီး ငြင်းပါသေးတယ်။ ဥက္ကဌကြီးက မယုံဘဲ ဝိုင်ခွက်ကို ချလိုက်တာနဲ့ မျက်နှာထားက အေးစက်သွားတာ”

“အဲဒီတုန်းက အခြေအနေကလေ...” စဉ်းစားရုံနဲ့တင် လက်ထောက်ယွမ် ခေါင်းကိုက်သလို ခံစားရတယ်။ သောက်နိုင်တဲ့လူတွေ ကူသောက်ပေးမယ်ဆိုပြီး ရှေ့ထွက် ပြောကြပေမဲ့ တစ်ဖက်လူက ဥက္ကဌရှန်ကိုပဲ အတင်းသောက်ခိုင်းနေတာ။

“နောက်ဆုံးတော့လည်း ရှေ့မတိုးသာ နောက်မဆုတ်သာမို့ ဥက္ကဌရှန် ခွက်တစ်၀က်လောက် သောက်လိုက်ရတယ်”

“ဒါဆိုလည်း ပွဲပြီးတာနဲ့ ရှင် ဘာလို့ သူ့ကို ဆေးရုံ တန်းမပို့တာလဲ” နန်ကောဟာ စိတ်ဆိုးပြီး အသည်းကွဲနေတယ်။ “သူ အရက်နဲ့ လုံးလုံးမတည့်တာမလို့ ဆေးသောက်လို့လည်း အသုံးမ၀င်ဘူး‌‌လေ။ အစကတည်းက ဆေးရုံကိုအရင် တိုက်ရိုက် လာရမှာ”

“ကျွန်တော်လည်း သူ့ကို အဲဒီလိုပဲ ပြောခဲ့ပါတယ်” လက်ထောက်ယွမ်ဟာ မတတ်နိုင်ဘူး။ ခဏလောက် တုံ့ဆိုင်းနေပြီးတဲ့နောက် သူ ရိုးရိုးသားသား ပြောလိုက်တယ်။ “ဥက္ကဌရှန်က မင်းစောင့်နေရမှာကို စိုးရိမ်လို့တဲ့။ ပြီးတော့ နှင်းကျတာ ရပ်သွားမှာကိုလည်း စိုးရိမ်တယ်တဲ့။ သူက ဆေးပဲ အရင်သောက်ထားပြီး မင်းကို လမ်းလျှောက်ထွက်ဖို့ လိုက်ပို့ပေးမယ်။ ပြီးမှ ဆေးရုံသွားမယ်ဆိုပြီး ပြောခဲ့တာ”

“ကျွန်တော်လည်း ဒီဆေးက အချိန်တစ်ခုလောက်အထိတော့ ခံမယ်ထင်ခဲ့တာ သိပ်မခံဘူးလို့ ဘယ်ထင်ထားပါ့မလဲ...”

သူသာ သိမယ်ဆိုရင် သူဟိုတယ်ကို ပြန်ခဲ့မှာ မဟုတ်ဘူး။

‌အခြေခံအားဖြင့် သူ ကားထဲက ထွက်ပြီး ဟိုတယ်ထဲတောင် မ၀င်ရသေးခင် ဥက္ကဌရှန် ဖျားနေပြီလို့ ဒရိုင်ဘာပြောတာ ကြားလိုက်ရတယ်။

သူ အမြန်ပဲ မြောင်မြောင်ကို အောက်ဆင်းလာဖို့ ခေါ်ပြီး သူတို့နှစ်ယောက်လုံး ဆေးရုံဆီ ‌အပြေးလာခဲ့တာ။

“အဲဒါ အကုန် ဥက္ကဌကြီးရဲ့ အမှားပဲ။ ငါတို့အတွက် ခက်ခဲအောင် လုပ်လိုက်တာ ဥက္ကဌရှန် မသောက်ဘူး ပြောတော့ သူ့ကို မျက်နှာသာပေးမှာ မဟုတ်ဘူးလို့တောင် ပြောသေးတယ်။ ကြည့်ရတာ ငါတို့နဲ့ ဖိုက်ချင်တာ ဒါမှမဟုတ် တစ်ခုခုပဲ”

“သူ့မွေးနေ့ပွဲကလည်း မနက်ဖြန် ဟူး”

မြောင်မြောင်ဟာ မတတ်နိုင်ဘဲ ပြောမိတယ်။ “ကြည့်ရသလောက်တော့ ဥက္ကဌရှန် မသွားနိုင်လောက်တော့ဘူး”

လက်ထောက်ယွမ်ဟာ ပုခုံးတွန့်တယ်။ “ဥက္ကဌရှန်က သဘောတူထားပြီးပြီ။ သူ သေချာပေါက် သွားလိမ့်မယ်”

သူ့ဘေးမှာတော့ နန်ကောဟာ ခေါင်းငုံ့ပြီး တိတ်ဆိတ်နေတယ်။

ညရောက်တော့ နန်ကောဟာ အိပ်ရာဘေးကနေပြီး ရှန်ရန်ချင်း ဆေးသွင်းတာကို အဖော်ပြုပေးတယ်။ ပြတင်းပေါက်အပြင်မှာ နှင်းတွေ ဆက်တိုက်ကျနေပြီး ထူထူထဲထဲ သွားစုနေကြပေမဲ့ သူမမှာတော့ ဂရုစိုက်နိုင်ဖို့ အချိန်မရှိဘူး။ သူမရဲ့ စိတ်ခံစားချက်ဟာ ဟိုးအောက်ခြေအထိ ထိုးကျသွားတာ ကြာပြီ။

******

All Chapters