အခန်း ၉၈
Vol. 10 Ch. 98
98 01
Chapter 98 ဥပမာအနေနဲ့ ကိုယ် မင်းကို လက်ထပ်တဲ့အခါကျရင်ပေါ့။
သိပ်မကြာဘဲ နန်ကောရဲ့ ရှိုက်သံလေးတွေဟာ အမျိုးသားရဲ့ တောင်းပန်မှုကြောင့် နစ်မြုပ်သွားတယ်။
ခဏလောက်ကြာတော့ သူမ တည်ငြိမ်သွားပြီ။ ဒါပေမဲ့လည်း စကားပြောတဲ့ အခါမှာတော့ သူမရဲ့ အသံဟာ နည်းနည်း တုန်နေတုန်း။ “ရှင် ဒီလို ထပ်လုပ်လို့ မရဘူးနော်”
“ကောင်းပါပြီ” ရှန်ရန်ချင်းဟာ သူမကျောကို ပွတ်ပေးတယ်။ “မငိုနဲ့တော့ ဆက်ငိုနေရင် မျက်လုံးတွေ ဖောင်းလာလိမ့်မယ်”
“ကောင်းကောင်း အိပ်လိုက်။ မနက်ကျရင် ကိုယ် မင်းကို ဟိုဟိုဒီဒီ ခေါ်သွားပေးမယ်”
“တကယ်လို့ နှင်းရပ်သွားရင် နောက်နှစ် နှင်းကျတဲ့အခါကျ ကိုယ် မင်းကို ဒီကို ထပ်ခေါ်လာပေးမယ် ဟုတ်ပြီလား”
နန်ကောဟာ နှင်းကြည့်ဖို့ စိတ်ပါ မနေတော့တာ ကြာပါပြီလေ။ “ရှင် မနက်ကျရင် ဆေးရုံဆင်းလို့ မရသေးဘူး”
“ကိုယ် အခု အတော်လေး သက်သာနေပြီ။ မနက်လောက်ဆို ကိုယ် အဆင်ပြေနေပြီ”
“အဲဒီလိုလည်း မရဘူး” နန်ကောဟာ ခုနက ဆရာ၀န်ဆီမှာ လေးလေးနက်နက် မေးခဲ့တာမို့ သူ့အလိမ်အညာတွေကို သူမ နားထောင်မှာ မဟုတ်ဘူး။
ရှန်ရန်ချင်းဟာ ပြုံးပြီး အကူအညီမဲ့စွာနဲ့ပဲ အသက် ရှူထုတ်လိုက်တယ်။ “ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ မနက်ဖြန်မနက် မင်း သူတို့နဲ့ လျှောက်လည်ရင်ရော”
“ဒီလိုမှ ကိုယ် စိတ်သက်သာ ရလိမ့်မယ်”
လက်ထောက်ယွမ်ကလွဲရင် အခြားလူတွေ အကုန်လုံးဟာ မနက်ပိုင်း နားခွင့်ရတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ မိန်းကလေးတွေ အနည်းငယ် ပါလာတယ်။ နန်ကောဟာ သူမတို့တွေထက် သိပ်မကြီးတာမို့ အတူတူ လျှောက်လည်လို့ ရနိုင်တယ်။
“ဟင့်အင်း” သူ ဒီအနေအထားကြောင့် မောနေပြီ ဖြစ်ကြောင်း နန်ကော ခံစားမိတယ်။ ဒီတော့ သူမ ပြတ်ပြတ်သားသား လွှတ်ပေးလိုက်ပြီး သူ့လက်မောင်းပေါ်ကနေ ထလိုက်တယ်။ “တက်လာပြီး နားပါ။ ကျွန်မကို စိတ်မပူနဲ့။ မနက်ဖြန် ရှင်နိုးတော့မှ ပြောလို့ ရတယ်”
အခု သူဟာ လူနာတစ်ယောက်။ အခုချိန်မှာ တစ်ခုခုပြောလည်း အလကားပဲ။ သူ အနားယူသင့်တယ်။
“ကျွန်မ ခုံပေါ်မှာ အိပ်မယ်”
နန်ကောဟာ ပြောပြီးတာနဲ့ ထဖို့ လုပ်လိုက်တယ်။ ကံကောင်းစွာနဲ့ ရှန်ရန်ချင်းဟာ ပိုမြန်သွားတယ်။ သူ သူမရဲ့ ပုခုံးကို ဖိကိုင်ပြီး ပြောတယ်။ “ဒီမှာပဲ အိပ် အိပ်ရာက အဲဒီလောက်လည်း မသေးဘူး။ ကိုယ် ဘာမှ မဖြစ်ဘူး”
“ကိုယ်သာ မင်းကို ခုံပေါ်မှာ အိပ်ခွင့်ပေးလိုက်ရင် တစ်ညလုံး အိပ်လို့ ရတော့မှာ မဟုတ်ဘူး” ဒါကို ကြားတော့ နန်ကောဟာ ခဏလောက် တုံ့ဆိုင်းနေခဲ့ပြီး အိပ်ရာပေါ် ပြန်လဲလိုက်တယ်။
ရှန်ရန်ချင်း လှဲတဲ့အခါ နန်ကောဟာ မသိစိတ်ကနေ ဘေးဘက်ကို ကျုံ့သွားတယ်။
သူတို့နှစ်ယောက်ကြား နံရံတစ်ခုကာထားသလိုပဲ။
နန်ကောဟာ အစကတည်းက သေးသေးလေးမို့ သူမ လဲနေရင်း နေရာ သိပ်မယူဘူး။
ရှန်ရန်ချင်းဟာ ဘေးတစောင်း လဲအိပ်ပြီး ယဉ်ကျေးစွာနဲ့ သူမဘက်ကို ကျောပေးထားတယ်။ သူဟာ အိပ်ရာဘေးဘက်ကိုလည်း တိုးထားပြီး သူမကို ထိတောင် မထိဘူး။ ဒါဟာ ပထမဆုံးအကြိမ် သူတို့နှစ်ယောက် အတူအိပ်ဖူးတာပဲ။
မထင်မှတ်ထားဘဲ ဆေးရုံမှာ ဖြစ်နေတယ်။
နန်ကောဟာ သူမရဲ့ နီရဲနေတဲ့မျက်လုံးတွေကို ပွတ်ပြီး သူ့ကျောပြင်ကို ကြည့်နေတယ်။ သူမ မအိပ်ချင်တော့ဘူး။
ရှန်ရန်ချင်းခေါင်းအုံးရဲ့ အပိုင်းအများစုဟာ သူမဘက်မှာ။ သူ့ကြည့်ရတာ ခေါင်းအုံးထောင့်လေးမှာ အုံးနေသလိုပဲ။ ဒါပေမဲ့ သေချာထပ်ကြည့်တော့ သူဟာ သူ့လက်မောင်းပေါ် အုံးနေခဲ့တာ။
နန်ကောဟာ ခေါင်းအုံးကို သူ့ဘက် တွန်းပေးတယ်။
အနောက်ကနေ လှုပ်ရှားမှုကို အာရုံခံစားမိတော့ ရှန်ရန်ချင်းရဲ့ ပွင့်နေတဲ့ မျက်လုံးတွေဟာ အနည်းငယ် တုန်ယင်သွားတယ်။
သိသိသာသာကို သူ အိပ်ပျော် မနေခဲ့ဘူး။
98 02
“ပက်လက်အိပ်။ ဒီလို အိပ်တာ သက်တောင့်သက်သာ မရှိဘူး” နန်ကောဟာ သူ့အရိုးကို တို့လိုက်တယ်။
သူမဟာ အားသိပ်မထည့်ဘဲ သူ့ရှပ်အင်္ကျီပေါ်ကနေ အသာလေးပဲ ထိတာဆိုပေမဲ့ သူမလက်ချောင်းထိပ်ရဲ့ အနွေးဓာတ်ကို ရှန်ရန်ချင်း ခံစားနေရတယ်။
“ကိုယ် အဆင်ပြေတယ်။ ကိုယ် သိပ်အိပ်မပျော်သေးဘူး”
ခဏလောက် တိတ်ဆိတ် နေပြီးတဲ့နောက် နန်ကော သူ့ကို မေးကြည့်တယ်။ “ရှင် မနက်ဖြန် ညကျ သွားဦးမှာလား”
“အင်း ကိုယ်ကတိပေးထားတာကို ကိုယ်လုပ်ဖို့ လိုတယ်လေ”
“အိုကေ” ဒါဟာ လက်ထောက်ယွမ်ပြောခဲ့တဲ့အတိုင်းပဲ။
ဒါဟာ ပထမဆုံးအနေနဲ့ ကောင်းမွန်တဲ့ ဇာတ်ကောင် တစ်ယောက်ဖြစ်နေတာဟာ လုံး၀ကြီး ကောင်းနေတာမျိုးလည်း မဟုတ်ဘူးလို့ သူမ ခံစားရတာပဲ။
ဘာလို့လဲဆိုတော့...သူတို့လို လူမျိုးဟာ အလွယ်တကူ အနိုင်ကျင့်ခံရတယ်။
ရှန်ရန်ချင်းလို လူမျိုးအတွက်က အဲဒီဒီစည်းမျဉ်းစည်းကမ်းတွေကနေ အလွယ်တကူပဲ အချုပ်နှောင် ခံထားရတယ်။ လူတွေရဲ့ အမြင်ထဲမှာ စည်းဖောက်တာ တစ်ခုခုလုပ်တာက “ပြစ်မှု” ကျူးလွန်တာနဲ့ ဘာမှ မကွာဘူး။
အခြားလူတွေက ဂရုမစိုက်လောက်ဘူး။ ဒါပေမဲ့ သူတို့ရင်ထဲက အခက်အခဲတွေကို သူတို့ တွန်းလှန်နိုင်ကြမှာ မဟုတ်ဘူး။
ဥပမာအနေနဲ့ ဒီနေ့မတော်တဆပေါ့။
နန်ကောဟာ မနေနိုင်ဘဲ သူ့ကို ထပ်တို့လိုက်တယ်။ “ရှင် အရက်နဲ့ အတော်ဆိုးတဲ့ တုံ့ပြန်မှု ရှိတာပဲ...”
သူမ သူ့ကို ဆုံးမချင်ပေမဲ့ စာကြောင်းတစ်၀က်မှာပဲ ရပ်လိုက်ပါတယ်။
သူမက ဘာလို့ ရှန်ရန်ချင်းကို ဆုံးမရမှာလဲ။
သူက ကောင်းမွန်တဲ့လူ၊ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတယ်။ တင်းကြပ်ပြီး ကြီးကျယ်တယ်။ သူ အမှား တစ်ခုခု လုပ်မိလို့လား။
မှားတဲ့လူက တစ်ဖက်က လူပါ!
ဒါကို တွေးမိတော့ နန်ကောဟာ နှုတ်ခမ်း ဆူလိုက်တယ်။ သူမ ဒီအကြောင်း တွေးလေ စိတ်တိုလေပဲ။
“ရှင် ကျန်းမာရေး မကောင်းဘူးလို့ ရှင် သူ့ကို ပြောခဲ့ပြီးသား။ အဲဒါကိုတောင် သူက အတင်းလုပ်ခိုင်းတယ်။ အဲဒီလို လူနဲ့ နောင် အဆက်အဆံ မလုပ်တာ ပိုကောင်းတယ်”
သူမ တကယ်တော့ တစ်ဖက်လူနဲ့ အဆက်သွယ်ပါ ဖြတ်စေချင်တာ။ ဒါပေမဲ့ သူတို့က လုပ်ငန်းဆက်ဆံရေး ဆိုတာကို သူမ သတိရသွားလို့။
ဒါဟာ အလွယ်တကူ ပြီးသွားနိုင်တဲ့ဟာမျိုး မဟုတ်ဘူးလေ။
စကားနည်းနည်းပါးပါး လောက်နဲ့ ပြီးသွားဖို့က ကလေးကစားစရာမှ မဟုတ်တာဘဲ။
သူမရဲ့ စိတ်ပျက်မှုကို ခံစားမိတော့ ရှန်ရန်ချင်းဟာ လှည့်ပြီး သူမနဲ့ မျက်နှာချင်း ဆိုင်လိုက်တယ်။
အားနည်းတဲ့ အလင်းရောင်ရဲ့ အကူအညီနဲ့ သူဟာ လက်ကို မြှောက်ကာ သူမရဲ့ ခါးမှာ ထားပြီး ပထမဆုံးအကြိမ် သူမကိုယ်လေးကို သူ့ကိုယ်နဲ့ ထိစေတယ်။
အမျိုးသားရဲ့ ခန္ဓာကိုယ်ဟာ ပူခြစ်တောက်နေတယ်။ သူ့လည်ပင်းမှာလည်း အနီရောင်အမှတ်တွေ ကျန်သေးတယ်။
နန်ကောဟာ မျက်တောင်ခတ်ကာ သူ့လက်မောင်းထဲ နေပြီး ရုတ်တရက် တိတ်ဆိတ် သွားတယ်။
“စိတ် မတိုပါနဲ့တော့” ရှန်ရန်ချင်းဟာ သူမကျောပြင်ကို ညင်ညင်သာသာ ပွတ်ပေးတယ်။ “ဒီပရောဂျက် ပြီးရင် ကိုယ်တို့ ထပ်ပြီး ဆက်သွယ်တော့မှာ မဟုတ်ဘူး”
“အစက ကိုယ် ငြင်းချင်ခဲ့တာ။ ဒါပေမဲ့ မနှစ်က သူနဲ့အတူ အစည်းအဝေးပွဲ တက်မယ်ဆိုပြီး မတက် ဖြစ်လိုက်လို့။ ဒီတော့ ကိုယ်က မှားတဲ့ဘက်က ဖြစ်နေတယ်လေ”
98 03
“ဒီတစ်ခေါက် ကျတော့ သူက အဲဒီကိစ္စကို မှတ်မိနေပြီး သူ တောင်းဆိုတာကို ငြင်းဖို့က မလွယ်တော့ဘူးပေါ့”
ရှန်ရန်ချင်းက မှားသွားတာ။ ဥက္ကဌကြီးက သူ့ကို သောက်ဖို့ မဆွယ်နိုင်ဘဲ ရှက်သွားတဲ့အချိန် ဒီပြဿနာကို ပေါ်တင်ကြီး ဆွဲထည့်လာတာ။
ဒါကြောင့် ခဏလောက် တွေးပြီးတော့ သူ့ကိုယ်သူ ပြင်ဆင်ပြီး နည်းနည်း သောက်လိုက်တာ။
“တကယ်တော့ ကိုယ် သူ့ကို မျက်နှာသာ ပေးတာလည်း မဟုတ်သလို အဲဒီလို ပြဿနာက ပရောဂျက်ကို ထိခိုက်မှာစိုးတာလည်း မဟုတ်ဘူး။ မနှစ်က အပြုအမူအတွက် ကိုယ် တောင်းပန်ရုံပဲ”
“ဒါမျိုး ဘယ်တော့မှ ထပ်ဖြစ်မှာ မဟုတ်ဘူး”
သူ့ရဲ့ ရှင်းပြချက်ကြောင့် နန်ကောဟာ နားလည်တယ်။
“စိတ်မပူနဲ့ ကိုယ် မတုံးပါဘူး။ သူ ပစ်သမျှ ကိုယ်က လက်ခံနေမှာ မဟုတ်ဘူး” ရှန်ရန်ချင်းဟာ သူမ ဘာတွေးနေလဲဆိုတာ သိတယ်။ သူဟာ သူ့လက်ချောင်းတွေကို သူမရဲ့ ဆံပင်ရှည်ရှည်တွေထဲ ရှပ်ပြေးလိုက်ပြီး သူမခေါင်းကို ညင်ညင်သာသာလေး ပွတ်ပေးတယ်။
သူဟာ တစ်၀က်ဟာသ လုပ်ပြီး ပြောတယ်။ “မင်းအစ်ကို ပြောသလိုပဲ ကိုယ်က မင်းထက် အသက်၈နှစ် ကြီးပြီး လူ့အဖွဲ့အစည်းထဲ စော၀င်ထားတာ ဒီလောက် နှစ်တွေ အများကြီး ကြာပြီးတဲ့နောက် ကိုယ်က လုံး၀ လူကောင်းကြီးတော့ မဟုတ်ပါဘူး”
“ဒီလူအဖွဲ့အစည်းကြီးက ဘယ်လောက် ရှုပ်ထွေးပြီး ပရမ်းပတာ နိုင်လဲဆိုတာ ကိုယ် ကောင်းကောင်း သိတယ်။ ကိုယ် ဒါကို မင်းအရွယ် မရောက်ခင်ကတည်းကတောင် နားလည်ခဲ့တာ”
“ကိုယ့်အပြုအမူတွေကို ထိန်းပြီး အလွန်အကျွံ ဘာမှ မလုပ်ဘူး ဆိုပေမဲ့ ကိုယ်က သေချာပေါက် မင်း ထင်ထားသလို အရမ်းဖြူစင် နေတာတော့လည်း မဟုတ်ဘူး”
နန်ကောအစ်ကို ပြောတာတွေဟာ ဘာတစ်ခုမှ မမှားဘူး။
သူ စီးပွားရေးလောကထဲမှာ အလုပ်လုပ်နေခဲ့တာ ကြာပြီး စေ့စပ် သေချာတယ်။ သူဟာ သေချာပေါက် နန်ကောလို ဖြူလည်း မဖြူစင်သလို အန္တရာယ်လည်း မကင်းဘူး။
ဘာလို့လဲဆိုတော့ ဒီလောကဟာ သူ့ဟာနဲ့သူ တွင်းနက်ကြီး ဖြစ်နေလို့ပဲ။ တစ်ယောက်သာ ဂရုမစိုက်ဘူးဆိုရင် သူတို့အောက်က လမ်းဟာ ပြိုကျလိမ့်မယ်။ လူတွေ အများကြီးဟာ ချောက်ကမ်းပါးအစွန်းမှာ တွယ်ကပ်နေကြတာ။ ဒီမှာ လူကောင်းကို ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
သူ ဒါတွေကို နန်ကောကို ပြောပြတယ်ဆိုတာ သူက အားနည်းပြီး အနိုင်ကျင့်ဖို့ လွယ်တဲ့လူ မဟုတ်ဘူးဆိုတာ သိစေချင်လို့ ဖြစ်တယ်။
ဒါပေမဲ့ သူက လူကောင်းလည်း မဟုတ်သလို လူဆိုးလည်း မဟုတ်ဘူး။ သူ ဘယ်တော့မှ ပြိုလဲမှာ မဟုတ်ကြောင်းကိုတော့ သူ အာမ ခံနိုင်တယ်။
တစ်ကြိမ်လေးတောင်မှ။
“ရှင်းရှင်းပြောရရင် မနှစ်က ဖြစ်ခဲ့တဲ့ကိစ္စကြောင့်သာ မဟုတ်ရင် မနေ့က ဝိုင်ကို ကိုယ် သောက်ခဲ့မှာ မဟုတ်ဘူး”
“ကိုယ့်အတွက်ကတော့ ဒီနေ့ ဒီအချိန်အထိ ကိုယ်ရှိနေတဲ့နေရာကို ရောက်နိုင်ဖို့က ကိုယ့်မှာ ငြင်းပိုင်ခွင့် ရှိပြီးသား။ ဘယ်သူမှ ကိုယ့်ကို အတင်း မခိုင်းနိုင်ဘူး။ ကိုယ်ကိုယ်တိုင်က လွဲလို့ပေါ့”
“ဒီတော့ စိတ်မပူနဲ့။ အနာဂတ်မှာ ဒီလိုကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူး” နန်ကောဟာ သူ့စကားတွေကို ချေဖျက်လိုက်ပြီး တကယ့်အဓိက ဆိုလိုရင်းကို သဘောပေါက် သွားတယ်။ “ဒါဆို ရှင် နောက်ဆို အရက်ကို ထပ်မထိတော့ဘူး ဟုတ်”
“မလိုပါဘူး။ အရေးကြီးတဲ့ အချိန်မျိုးတွေဆိုရင်တော့ ကိုယ်တို့ နည်းနည်းသောက်ဖို့ လိုတယ်”
သူကြည့်ရတာ တည်တံ့သွားတယ်။ “ဥပမာအနေနဲ့ ကိုယ် မင်းကို လက်ထပ်တဲ့ အချိန်ပေါ့”
နန်ကော “.....”
******