← Chapters

အခန်း ၉၉

Vol. 10 Ch. 99

အခန်း ၉၉

Vol. 10 Ch. 99

99 01

Chapter 99 ထပ်ခါတလဲလဲ အောက်တန်းကျတာတွေ လျှောက်ပြောနေတယ်။

ရှန်ရန်ချင်းဟာ အဲဒါကို တကယ်ကြီး တမင်ရည်ရွယ်ပြီး ပြောတာမျိုး မဟုတ်ဘူး။

သူ ဒီမေးခွန်းအတွက် လွန်ခဲ့တဲ့ရက်ထဲက လေးလေးနက်နက် တွေးခဲ့ပြီးသား။

သူ ဧည့်ခံပွဲတွေ ညစာစားပွဲတွေကို တက်ရောက်ဖို့ ငြင်းဆိုလို့ ရတယ်။ သူ့အတွက် မသောက်ဖို့ဆိုတာ ပြဿနာကြီး မဟုတ်ဘူး။

ချန်းအန်အင်တာနေရှင်နယ်ရဲ့ ဥက္ကဌလိုလူမျိုးက ဒီအသိုင်းအ၀ိုင်းမှာ လူနည်းစုပဲ ရှိတယ်။ လူအများစုဟာ သူ အရက်နဲ့မတည့်ဘူးဆိုတာ သိရင် သောက်ဖို့ အတင်း တိုက်တွန်းကြမှာ မဟုတ်ဘူး။

ဒါပေမဲ့ သူ့ဘ၀မှာ ဧည့်ခံပွဲတွေ ညစာစားပွဲတွေချည်းပဲ တက်ဖို့က မဖြစ်နိုင်ဘူးလေ။

ဒါပေါ့။ သူ အကုန်လုံးကို အတတ်နိုင်ဆုံး ရှောင်လို့ရပေမဲ့ သူ အနာဂတ်မှာ နန်ကောရဲ့ လူကြီးတွေကို တွေ့ရဦးမယ်။

လက်ထပ်ပွဲရော အပါအ၀င်ပေါ့။

“အမ်...” သူ အဲဒီလိုပြောလာလိမ့်မယ်လို့ နန်ကော မမျှော်လင့်ထားဘူး။ “ကျ-ကျွန်မတော့ သောက်ဖို့ မလိုဘူးမလား”

ကံကောင်းစွာနဲ့ အလင်းရောင်ဟာ မှိန်နေခဲ့တယ်။ ဒီတော့ ရှန်ရန်ချင်း သူမရဲ့ နီရဲရဲမျက်နှာကို တခဏလောက် မမြင်နိုင်ဘူး။

ဘာလို့ သူတို့ ရုတ်တရက်ကြီး လက်ထပ်ပွဲ အကြောင်းကို ထည့်ပြောလာရတာလဲ။ !

ရှန်ရန်ချင်းဟာ ခေါင်းညိတ်တယ်။ “ယုတ္တိကျကျ ပြောရမယ်ဆိုရင်တော့ မလိုပါဘူး”

“‌ဒါပေမဲ့ ကိုယ် လုပ်ငန်းစဉ်တွေအားလုံးကို တတ်နိုင်သမျှ ထိန်းသိမ်းပြီး ပြီးပြည့်စုံအောင် လုပ်ချင်တယ်”

“ဘာလို့လဲဆိုတော့ ဒါက တစ်သက်မှာ တစ်ခါပဲ လုပ်ရတဲ့ပွဲလေ”

သူက ပြုံးတယ်။ “ကိုယ် မင်းကို လက်ထပ်ဖို့ ကိုယ့်စိတ်ရင်းတွေ အားလုံးကို ပြဖို့ လိုတယ်လေ”

အဲဒီညက အရုဏ်တက်ခါနီးလောက်မှ နန်ကော အိပ်ပျော်သွားတယ်။ ရှန်ရန်ချင်းဆို သူမထက်တောင် နောက်ကျသေး။ သူမ အိပ်ပျော်သွားတော့မှ သူ သူ့မျက်လုံးတွေကို ငြိမ်းချမ်းစွာနဲ့ မှိတ်လိုက်တယ်။

တစ်ချိန်တည်းမှာပဲ ဟိုက်မြို့မှာတော့။

ချီယန် ကားထဲ၀င်ဖို့ နန်ကျဲ့ ကူညီပြီးတဲ့အခါ သူကားတံခါးကို ဖြည်းဖြည်း ပိတ်လိုက်တယ်။

ဒါကို လုပ်ပြီးတော့ သူ သူ့ရဲ့ နာကျင်နေတဲ့ ခါးကို လက်တစ်ဖက်နဲ့ ကိုင်ပြီး ကျန်တစ်ဖက်နဲ့က ကားအမိုးကို အားပြုထားတယ်။ သူ မောနေတယ်။

ခဏကြာတော့ သူ လက်ပတ်နာရီကို ငုံ့ကြည့်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်တယ်။

အော် အရုဏ်တောင် တက်တော့မယ်။

မနေ့ညကို ပြန်စဉ်းစားမိတော့ နန်ကျဲ့မှာ အဲဒါကို စကားလုံးနှစ်လုံးနဲ့ပဲ ဖော်ပြနိုင်တယ်။ လုံး၀ အရှုပ်ထုပ်။

မနေ့ညက သူတို့နှစ်ယောက် ထမင်းစားပြီးတဲ့အချိန် ၁၂ထိုးနေပြီ။

သူ သူမကို အိမ်လိုက်ပို့ပေးချင်ပေမဲ့ ချီယန်ဟာ ရုတ်တရက် ဖုန်းတစ်လုံးကို ကောက်ကိုင် လိုက်တယ်။ အလုပ်အကြောင်း ထင်တာပဲ။

ဖုန်းချ ပြီးတဲ့နောက် ချီယန် ကြည့်ရတာ အရမ်းဒေါပွနေပုံ။

သူမကို ကြည့်ရသလောက်တော့ လက်ဗလာနဲ့ မျက်စိရှေ့က စားပွဲကို နှစ်ပိုင်း ပိုင်းနိုင်ဖို့ ဆုတောင်းနေပုံ ရတယ်။

နောက်တော့ ချီယန်ဟာ သူ့ကို သွားသောက်မလား မေးတယ်။

ထိုင်ပြီး တစ်ခွက်နှစ်ခွက်လောက် သောက်တာက အဆင်ပြေတယ်လို့ သူ ထင်တယ်။ ဘာပဲ ဖြစ်ဖြစ် သူမကို တစ်ညလုံး ဒေါပွခိုင်းထားလို့ မရဘူးလေ။ သူမ…သူမ ခံစားချက်တွေကို ‌‌ဖြေလျော့ဖို့ လိုတယ်။

မမျှော်လင့်ဘဲ သူ ရေချိုးခန်းက ပြန်လာတော့ ချီယန်ဟာ ဝိုင်တစ်ပွဲစာ မှာထားတယ်။ အဲဒါဟာ သူ များသောအားဖြင့် သူငယ်ချင်းတွေနဲ့ သောက်ရင် လူ ၅ယောက်၊ ၆ယောက်စာလောက် မှာတဲ့ပမာဏကြီး။

ချက်ချင်း ပြီးတာနဲ့ ရယ်စရာ ကောင်းတဲ့ အဖြစ်က စဖြစ်တော့တယ်။

သူမ ဆိုဖာပေါ် မတ်တပ် တက်ရပ်ပြီး သူမ ဖုန်းပြောခဲ့တဲ့လူကို ဆဲဆိုရင်း ပုလင်းထဲကနေ မော့သောက်နေတယ်။ သူမ ၂နာရီလုံးလုံး သူမရဲ့ အောက်တန်းကျမှုတွေကို ထပ်တလဲလဲ လုပ်နေတော့တယ်။

၃နာရီမပြည့်ခင်အထိ သူမ မမူးသေးဘူး။ သူမရဲ့ ဆဲဆိုခြင်းများ တဖြည်းဖြည်း လျော့နည်းသွားပြီး သူ့ကို သောက်ဖို့ သူမ စဆွယ်တော့တယ်။

သူ့ရဲ့ အရက်ကို ခံနိုင်ရည်က အမြဲကောင်းခဲ့တယ်လို့ သူ ထင်ခဲ့တာ။ ဒါပေမဲ့ သူမ သူ ပျို့အန်လုနီးနီးအထိ ဖြစ်အောင် လုပ်မယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ။

၄နာရီလည်း ‌ပြည့်ရော သူမ ကြမ်းပြင်ပေါ်မှာ သေတော့မဲ့၀က်လို သောက်ပြီး လဲလျက်သားလေး ဖြစ်နေပြီ။

ဒရိုင်ဘာဟာ အမြန်ရောက်လာတယ်။

“ဥက္ကဌနန်!”

“အိုကေ သွားစို့” နန်ကျဲ့ဟာလည်း အနောက်ခုံမှာပဲ ၀င်ထိုင်လိုက်တယ်။

ဒရိုင်ဘာ အမြန်ပဲ အလုပ်စပြီး ဘယ်ကို သွားမှာလဲလို့ မေးတယ်။ “မင်း ဒီမိန်းကလေးကို အရင် လိုက်ပို့ချင်လား”

နန်ကျဲ့ဟာ ချီယန်ကို အရင်ပြန်ပို့ချင်ပေမဲ့ ပြဿနာ အသစ်တစ်ခု ပေါ်လာပြန်တယ်။

ချီယန် ဘယ်မှာ နေတာလဲ။

သူ ချီယန့်စတူဒီယိုရဲ့ တည်နေရာကိုပဲ သိတာ။ သူမ ဘယ်မှာနေလဲ ဆိုတာ သူ တစ်ခါမှ မမေးခဲ့မိဘူး။

“ငါ့အိမ်သာ ပြန်”

“ဖြည်းဖြည်းမောင်း” ချီယန် ပြီးရင် အန်မှာကို နန်ကျဲ့ဟာ စိုးရိမ်တယ်။

“ဟုတ်ကဲ့ပါ”

ဒရိုင်ဘာဟာ တစ်ခုချင်းစီ သဘောတူတယ်။

ချီယန်ဟာ ဧည့်သည့်အိပ်ရာပေါ် ပစ်တင်ခံရတယ်။ သူမဟာ စောင်ကို ဖက်ပြီး မအိပ်ခင် သက်တောင့်သက်သာရှိတဲ့ အနေအထားကို ချိန်ညှိပြီး အိပ်ပျော်သွားတော့တယ်။

သူမ နိုးထလာဖို့ လက္ခဏာ တစ်စက်မှ မရှိဘူး။

နန်ကျဲ့ဟာ အသက်ရှူထုတ်လိုက်ပြီး သူမကို ခြုံပေးဖို့ နောက်စောင်တစ်ထည် သွားယူတယ်။

ဆေးကြောပြီး လှဲဖို့ အိပ်ခန်းကို ပြန်တော့ အပြင်မှာ ကောင်းကင်ဟာ လင်းထိန်နေပြီ။ ၇နာရီ ထိုးတော့မယ်။

နန်ကျဲ့ သိပ်မအိပ်ချင် နေတော့ဘူး။ သူ တစ်ယောက်ယောက်ကို မနက်စာ ယူလာဖို့သာ ပြောလိုက်တယ်။

သူ မနက်စာစားနေတုန်း ဖုန်းသုံးနေတယ်။ မနေ့ညက မက်ဆေ့ခ်ျအသစ်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ သူ မဖတ်ခဲ့ဘူး‌။

အများစုက အလုပ်ကိစ္စ။

အတွင်းရေးမှူးဟာ လေယာဉ်က ဒီနေ့ တစ်နာရီ ဖြစ်ပြီး သူ့မှာ ပြဿနာရှိမရှိ မေးတာ။

နန်ကျဲ့ဟာ အချိန်ကို တွက်လိုက်ပြီး မဆီလျော်ဘူးလို့ ခံစားရတယ်။ ဒီတော့ သူ အသံဖိုင် ပို့လိုက်တယ်။ “လေယာဉ်ချိန် ပြောင်းလိုက် ငါတို့ ပွဲမစခင် ရောက်ဖို့ပဲ လိုတာ”

သူ ဘယ်တော့မှ သူ့ကိုယ်သူ ညှင်းပန်း မနှိပ်စက်ဘူး။ သူသာ မူရင်းလေယာဉ်ကို စီးမယ်ဆိုရင် ပွဲအတွက်နဲ့ သူ အိပ်ရေးပျက်မှာ။ ဘယ်လိုလုပ် သူ အပျက်ခံနိုင်ပါ့မလဲ။

ပြီးတော့ ချီယန်လည်း ရှိနေတယ်။

ဒီလူ ဘယ်လောက်ကြာကြာ အိပ်မလဲဆိုတာ သူ မသိဘူး။

တစ်ချိန်တည်းမှာပဲ စီကျူးမြို့က ဗဟိုဆေးရုံမှာတော့။

၈နာရီကွက်တိ လက်ထောက်ယွမ် တစ်ယောက် မနက်စာနဲ့ ရောက်လာတော့ ရှန်ရန်ချင်းဟာ နိုးနေပြီ ဖြစ်တယ်။

နန်ကောကတော့ အနားယူနေတုန်း။ ရှန်ရန်ချင်းဟာ တံခါးကို ပြန်ကြည့်ပြီး လက်ထောက်ယွမ်ကို လက်ဟန်ပြတယ်။

လက်ထောက်ယွမ်ဟာ ခေါင်းညိတ်ပြီး မနက်စာကို ချပေးခဲ့ကာ တိတ်တိတ်လေး ပြန်ထွက်သွားတယ်။

ရှန်ရန်ချင်းဟာ အကြာကြီး မအိပ်ရသေးဘဲ သိသိသာသာ ပင်ပန်းနေပြီ။

သူ့လက်ထဲ တိုး၀င်နေတဲ့ ကောင်မလေးကို သူငုံ့ကြည့်မိတယ်။ သူမရဲ့ ပါးလေးတွေ ရဲနေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်။

၉နာရီကျ နန်ကော မနိုးခင် သူနာပြုဟာ သူ့ကို ဆေးလာသွင်းပေးတယ်။

သူမဟာ အခုမှ နိုးရုံပဲ ရှိသေးပြီး လက်ထဲ စောင်ကို ကိုင်ထားကာ ထထိုင်တယ်။ သူမ ရှန်ရန်ချင်းကို ငေးကြည့်ပြီး တစ်ခုခုကို ပြန်စဉ်းစားနေသလိုမျိုး ငေးငိုင်နေဆဲ။

အပ် မရှိတဲ့လက်ကို ရှန်ရန်ချင်းမြှောက်ပြီး သူမခေါင်းကို ပွတ်ပေးတယ်။ သူက ပြုံးပြီး ပြောတယ်။ “စောသေးတယ်။ မင်းလှဲပြီး နည်းနည်းလောက် ထပ်အိပ်ချင်သေးလား”

နန်ကောဟာ မျက်တောင်သာ ခတ်ပြီး မလှုပ်ဘူး။

သူမ ကြည့်ရတာ ‌တောင့်တောင့်ကြီး။ ရှန်ရန်ချင်း မျက်နှာကနေ လွှဲပြီး ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ဖို့ သူမအတွက် အချိန်အတော်လေး ယူလိုက်ရတယ်။

လိုက်ကာဟာ တစ်၀က်ချထားပြီး သူမဘက်က အလင်းရောင်ကို ကာထားတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အရုဏ်တက်နေပြီဆိုတာကိုတော့ သူမ မြင်နိုင်သေးတယ်။

“ဘယ်အချိန် ရှိပြီလဲ...” သူမ ညလယ်ခေါင်ကြီး ငိုခဲ့လို့လားတော့ မသိ။ စကားပြောရင် သူမအသံဟာ နည်းနည်း အက်ကွဲနေတယ်။

ရှန်ရန်ချင်းဟာ ရေတစ်ခွက်ယူပြီး သူမပါးစပ်နား တေ့ပေးတယ်။

“၉နာရီပဲ ရှိသေးတယ်။ ကိုယ် ဆေးသွင်းတာပြီးဖို့က တစ်နာရီ‌လောက် ကြာမယ်”

“ရေ နည်းနည်းသောက်လိုက် မပူဘူး”

နန်ကောဟာ နာနာခံခံနဲ့ပဲ ပါးစပ်ကို ဟပြီး ခွက်တစ်၀က် သောက်လိုက်တယ်။

သူမ လည်ချောင်းကို စိုစွတ်စေပြီးတဲ့နောက် လည်ချောင်းဟာ ပိုခံစားလို့ ကောင်းသွားပြီး ဦးနှောက်ဟာ တဖြည်းဖြည်း အလုပ် လုပ်လာတယ်။

စက္ကန့်အနည်းငယ်လောက် ကြာတော့ နန်ကောဟာ ဆံပင်ကို ကိုင်ပြီး စောင်ကို မကာ ထသွားတယ်။

“ကျွန်မ ထပ်မအိပ်တော့ဘူး”

ဟူး။ သူမ လူနာရဲ့ အိပ်ရာကို မောင်ပိုင်စီးပြီး လူနာတိုက်တဲ့ ရေတောင် သောက်လိုက်သေးတယ်။

အဓိပ္ပာယ်မရှိချက်။

နန်ကောဟာ ခပ်မြန်မြန် ဖိနပ်စီးပြီး ကုတ်အင်္ကျီကို ၀တ်ဆင်လိုက်တယ်။ သူမက မေးတယ်။ “ရှင် ရေ ဖြစ်ဖြစ် စားချင်တာ တစ်ခုခု ဖြစ်ဖြစ် ရှိလား။ ကျွန်မ ၀ယ်လာပေးမယ်”

ဟုတ်တယ်။ ဟုတ်တယ်။ သူမ ဒီမှာ လူနာကို ဂရုစိုက်ဖို့ ရောက်နေတာ။ တခြားဟာကြောင့် မဟုတ်ဘူး။

သူမ ပိုပြီး ကိုယ့်ကိုယ်ကို သတိထားရမယ်။

“မလိုပါဘူး။ လက်ထောက်ယွမ် ခုဏတင် လာပို့ပေးသွားတယ်” ရှန်ရန်ချင်းဟာ ရေခွက်ကို ချလိုက်တယ်။

“ခုံပေါ်မှာ ရေချိုးခန်းသုံး ပစ္စည်းအသစ်တွေ ရှိတယ်။ အရင် သွားဆေးကြောပြီး စားသောက်ဖို့ ပြန်လာခဲ့”

“မင်း စားလို့ ပြီးရင် ကိုယ်လည်း ဆေးသွင်းတာ ပြီးလောက်ပြီ။ အဲဒါပြီးရင် ကိုယ် မင်း အ၀တ်အစားလဲဖို့ ပြန်လိုက်ပို့ပေးမယ်။ ပြီးရင် ဟိုဟိုဒီဒီ လျှောက်ကြည့်ဖို့ လိုက်ပို့ပေးမယ်”

“အပြင် မထွက်နဲ့လေ” နန်ကောဟာ သူ့နဲ့ပတ်သက်ပြီး အနည်းငယ် စိတ်ပူနေတယ်။ “ရှင် ဒီညမွေးနေ့ပွဲလည်း တက်ရဦးမှာ...နေ့ခင်းနေ့လည်ကို ကောင်းကောင်းသာ နားပါ”

“ကျွန်မတို့ မနေ့က သဘော မတူခဲ့ဘူးလား။ ကျွန်မ အပြင်သွားချင်ရင် အစ်မမြောင်မြောင်ရယ် အခြားလူတွေနဲ့ သွားလို့ ရတယ်။ ကျွန်မ မသွားချင်ရင်လည်း ရှင်နဲ့ အတူနေလို့ရတယ်ဆိုတာ”

ရှန်ရန်ချင်း နှုတ်ခမ်းကို ဖိလိုက်တယ်။

“ကိုယ် မနေ့ညက နန်းမြို့တော်လက်မှတ် ၀ယ်ထားတယ်။ နှင်း မကျတော့ဘူးဆိုပေမဲ့ နှင်း နည်းနည်းတော့ ကျန်သေးတယ်လေ။ တကယ်တော့ ကိုယ် တစ်ချက် သွားကြည့်ချင်လို့”

“ကိုယ် ဆရာ၀န်ကိုလည်း ‌မေးပြီးပြီ ဒီဆေးသွင်းပြီးရင် ကိုယ် အဆင်ပြေပြီတဲ့။ အဲဒီလောက်ကြီး မဟုတ်တော့ဘူး”

“ပြီးတော့...မနေ့ညက အနားမှာ မင်း ရှိနေတော့ ကိုယ် ကောင်းကောင်း နားခဲ့ရတယ်လေ...”

******

All Chapters