အခန်း ၁၀၂
Vol. 11 Ch. 102
102 01
Chapter 102 ရှန်ရန်ချင်းအတွက် လူနာတင်ယာဉ် ခေါ်လိုက်။
ရှန်ရန်ချင်း သူ့ကောင်မလေးခေါ်လာတယ်လို့ နန်ကျဲ့ကြားတာနဲ့ နန်ကောဆိုတာ သူ ခန့်မှန်းမိတယ်။
သူ ရှန်ရန်ချင်းကို အမြဲကြည့်မရဘူး ဆိုပေမဲ့လည်း သူ့အကန်အသတ်ကို သိတာကိုတော့ သူ ၀န်ခံရမယ်။
သူ မိန်းမတွေနဲ့ ပလေးချင်တယ်ဆိုရင်တောင် ဒီလိုနေရာမှာတော့ လုပ်မှာ မဟုတ်ဘူး။
ဒါကြောင့် အမှန်တရားက တစ်ခုပဲ ရှိတယ်။
ဒီလိုအခြေအနေမှာ ရှန်ရန်ချင်း ခေါ်လာရဲပြီး ကိုယ်တိုင် အသိအမှတ်ပြုတဲ့ တစ်ယောက်တည်းသော ကောင်မလေးဆိုတာ နန်ကောပဲ ရှိတယ်။
ပြီးတော့ တစ်ဖက်လူရဲ့ နာမည်မှာ “ကော” ပါတယ်လို့ ဥက္ကဌ၀မ်လည်း ပြောတယ်။
နန်ကောဟာ တကယ်ကြီး စီကျူးမြို့ကို ရှန်ရန်ချင်းနဲ့ လာတာပဲ...
သူ မနေ့ညက အရမ်းအမူးလွန်သွားပြီး နန်ကောကို ဖုန်းဆက်မေးဖို့ မေ့သွားတာ။
အခုတော့ မေးစရာတောင် မလိုတော့ဘူး။
သူမ ရှန်ရန်ချင်းနဲ့ ခိုးရာလိုက်ပြေး သွားတာ။
တွေးရုံနဲ့တင် သူနှလုံးကို ရပ်သွားစေတယ်။
သူ့ဘေးမှာ ဥက္ကဌ၀မ်ဟာ ကျေနပ်၀မ်းမြောက်နေပြီး နှစ်သိမ့်ပေးတဲ့ပုံ ဟန်ဆောင်တယ်။ “အဆင်ပြေပါတယ် ဥက္ကဌနန် ခုဏက ငါလည်း ငါ့တူမကို ဥက္ကဌရှန်နဲ့ မိတ်ဆက်ပေးမလို့ကို အခွင့်အရေးတောင် မရလိုက်ဘူး”
“ဒါပေမဲ့ ငါစဥ်းစားကြည့်တော့ ဥက္ကဌရှန်ရဲ့ ကောင်မလေးက တက္ကသိုလ် တက်နေတုန်းရှိသေးတယ်။ သူက ငယ်သေးပြီး အထိန်းအကွပ်လည်း မရှိဘူး။ သူ့ကြည့်ရတာ ကောင်းကောင်း မကြီးပြင်းလာသလိုဘဲ။ ဥက္ကဌရှန် သူ့ကို ကစားနေတာပဲ ဖြစ်မယ်”
“ဘယ်လိုများ ရှန်မိသားစုကို သူ့လို မိန်းကလေးကို လက်ခံနိုင်မှာလဲ...”
“သူ့လို မိန်းကလေးဆိုတာ ခင်ဗျား ဘာကို ဆိုလိုတာလဲ” နန်ကျဲ့ဟာ ရုတ်တရက် မတ်မတ်ရပ်ပြီး သူ့ကို စိုက်ကြည့်လိုက်တယ်။ “ဘယ်သူ့ကို ကောင်းကောင်း မကြီးပြင်းလာဘူး ပြောနေတာလဲ”
ဥက္ကဌ၀မ်ဟာ သူ့မျက်နှာထား အပြောင်းအလဲကို သတိမထားမိဘဲ ဆက်ပြောတယ်။ “ဥက္ကဌရှန်ရဲ့ ကောင်မ သေးသေးလေးပေါ့။ သူကြည့်ရတာ မိသားစု သေးသေးလေးက လာတာနေမယ်။ သူ့မိသားစုက သူ့ကို ကောင်းကောင်း မသင်ပြထားပုံဘဲ။ ဒီလိုပွဲမျိုးမှာ အော်ကြီးဟစ်ကျယ် လုပ်တယ်လေ။ သူ့မှာ လေးစားမှုလည်း မရှိသလို စည်းကမ်းလည်း မရှိဘူး”
“ဟ”
နန်ကျဲ့ဟာ ဒါကို ကြားတော့ ရယ်လိုက်မိတယ်။ “စိတ်၀င်စားစရာပဲ”
ဥက္ကဌ၀မ်ဟာ သူ ဆိုလိုချင်တာကို နားမလည်ဘဲ ဘာဖြစ်လဲ မေးတယ်။
နန်ကျဲ့ဟာ စားပွဲထိုးဆီက ဝိုင်တစ်ခွက်ယူပြီး မွှေရင်း ပြောတယ်။ “ဥက္ကဌ၀မ်လည်း အသက်ကြီးလာပြီပဲ။ ဒီတော့ မှတ်ဉာဏ်လည်း မကောင်းတော့ဘူး ထင်တယ်။ ဥက္ကဌရှန်ရဲ့ ကောင်မ သေးသေးလေးနာမည်က နန်ကောလား”
“အာ ဟုတ်တယ် ဟုတ်တယ်။ အဲ့နာမည်ပဲ”
“ဟေး ဥက္ကဌနန် မင်း သူ့ကို သိတာလား။ မဟုတ်သေး ခဏလေး...” ရုတ်တရက် ဥက္ကဌ၀မ် တန့်သွားတယ်။
ခဏလေး။ နေပါဦး!
နန်ကော...နန်ကျဲ့။
102 02
ဥက္ကဌ၀မ်ဟာ မျက်လုံးပြူးသွားပြီး နန်ကျဲ့ကို ကြည့်လိုက်တယ်။ သူ့မျက်လုံးဟာ အံ့ဩမှုအပြည့်။
နန်ကျဲ့ဟာ သူ့ပုခုံးပေါ် လက်တင်လိုက်တယ်။ သူဟာ ကြောက်မက်ဖွယ်ကောင်းစွာ ပြုံးတယ်။
“သူ့ဘ၀ တစ်လျှောက်လုံး ကျွန်တော်က လွဲရင် ဘယ်သူမှ ကျွန်တော့် ညီမကို ဆူလို့ မရဘူး”
“ဥက္ကဌ၀မ်က တကယ်ကို အိုနေပြီး သေဖို့ နီးနေပြီပဲ”
“ဟေး ဥက္ကဌ၀မ် မင်း ရှန်ပိန်တွေနဲ့ ရေချိုးချင်လား။ ဒါမှမဟုတ် မင်းမျက်နှာကို မွေးနေ့ကိတ်ထဲ ကပ်ပြီး ခေါင်းပေါ် ဖယောင်းတိုင် ထွန်းပေးရမလား”
နန်ကော ထောင့်ကနေ ၀င်လာတဲ့အချိန် သူမ ချက်ချင်း နန်ကျဲ့ကို တွေ့သွားတယ်။ တစ်ဖက်လူဟာ သူ့ရဲ့လက်တွေကို စက်ဆုပ်ဖွယ် ကောင်းတဲ့လူအိုကြီးပေါ် တင်ထားတယ်။ သူတို့ဟာ ပြုံးနေပြီး တစ်ခုခု ပြောနေကြတယ်။
သူမဟာ နေရာမှာတင် အံ့ဩနေတာ ဖြစ်တယ်။ နန်ကျဲ့ လာလိမ့်မယ်လို့ သူမ လုံး၀မထင်ထားဘူး။ တစ်ယောက်ယောက် သူ့ကို တောက်လျှောက် ကြည့်နေတယ်လို့ နန်ကျဲ့ ခံစားနေရတယ်။ သူဟာ ခေါင်းကို ထောင်ပြီး ပြီးစလွယ်ပဲ လှမ်းကြည့်လိုက်တယ်။ သူ့မျက်လုံးတွေ ကျဉ်းမြောင်းသွားတယ်။
သူ လှည့်ကြည့်လာလိမ့်မယ်လို့ နန်ကော မထင်ထားဘူး။ သူမ အလိုလို အနောက်လှည့်ပြီး ထွက်ပြေးလိုက်တယ်။ နန်ကျဲ့ဟာ ဥက္ကဌ၀မ်ရဲ့ ပုခုံးကို ပုတ်လိုက်တယ်။ “ဥက္ကဌ၀မ် ခင်ဗျားမွေးနေ့ကို အရင်ကျင်းပလိုက်ပါဦး။ နောက်မှ ရှင်းကြတာပေါ့။ ဘာပဲ ဖြစ်ဖြစ် ခင်ဗျား နောက်နှစ်မွေးနေ့ကျ သိပ်ပြီးလည်း အသက်၀င်နေတော့မှာ မဟုတ်ဘူးဆိုတော့”
သူဟာ စကားပြောလို့ ပြီးတာနဲ့ နန်ကောအနောက်ကို ခြေလှမ်းအကျယ်ကြီးတွေနဲ့ လိုက်သွားတယ်။
ပွဲခန်းမကနေ အပြင်ထွက်လာပြီးတဲ့အခါမှာတော့ သူဟာ ပြေးလိုက်တော့တယ်။ သူ ခြေလှမ်းအနည်းငယ်နဲ့တင် နန်ကောကို မှီသွားပြီး သူမရဲ့ ကျစ်ဆံမြီးကို ဖမ်းဆွဲလိုက်တယ်။
“ပြေးတယ်။ ဘယ်ကို ပြေးမလို့လဲ”
“လာဖို့ သတ္တိတောင် ရှိသေးရင် ဘာလို့ ပုန်းမှာလဲ”
နန်ကောဟာ အတင်း အတားခံလိုက်ရတယ်။ သူမ အနောက်လှည့်လိုက်တဲ့အခါ သူမအစ်ကိုရဲ့ ဒေါသထွက်နေတဲ့ မျက်လုံးတို့နဲ့ ဆုံလိုက်ရတယ်။
“နင်လည်း လာမယ်လို့ ငါက ဘယ်လိုလုပ်သိ...” လူတစ်ယောက်ဟာ ကံမကောင်းတော့ဘူးဆိုရင် အေးစက်တဲ့ ရေကတောင် သွားကြားထဲ ညှပ်နေတတ်တယ်လို့ ပြောကြတယ်။ နန်ကော နောက်ဆုံးတော့ ယုံကြည်သွားပြီ။
“နင် ဘာလို့ ငါ့ကို လိုက်ခြောက်နေတာလဲ”
သူတို့ ဟိုက်မြို့မှာ မတော်တဆ အချင်းချင်း ၀င်တိုးမိတယ်ဆိုတာက လက်ခံလို့ရတယ်။
ဒါပေမဲ့ အခုက စီကျူးမြို့လေ။ သူမအစ်ကို ဘယ်လိုတောင် သူမအနောက် လိုက်လာတာလဲ။
သူ သူမဆီမှာ ဂျီပီအက်စ်များ တပ်ထားတာလား။ ဒါမှမဟုတ် ရှန်ရန်ချင်းဆီမှာ တပ်ထားတာလား။
နန်ကျဲ့ဟာ ဒေါသတကြီးနဲ့ “ဘာလဲ။ နင်နဲ့ ရှန်ရန်ချင်းပဲ ဒီကို လာလို့ရပြီး ငါကျ မရဘူးလို့ ထင်တာလား”
နန်ကောဟာ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး စကားမပြောရဲဘူး။
“ဟိုက်မြို့ ဒါမှမဟုတ် ကျောင်းမှာ ရှိနေရမဲ့အစား အရွယ်ရောက်နေတဲ့ ယောက်ျားတစ်ယောက်နဲ့ နင် ဒီလို ဝေးတဲ့နေရာအထိ လိုက်လာတယ်ပေါ့ မိသားစုကိုတောင် မပြောသွားဘူး။ နန်ကော နင် ငါ့ကို ဒေါသထွက်ပြီး သေအောင် လုပ်နေတာလား”
“ငါ ရှန်ရန်ချင်းကို လက်ခံမယ်လို့ စဉ်းစားထားတာ။ ဒါပေမဲ့ အခုလက်ရှိ သူ့ရဲ့အပြုအမူကြောင့် ငါရွံသွားပြီ။ ဒါလုပ်တာနဲ့တင် သူ့အမှတ်တွေ အများကြီး လျော့သွားပြီ!”
“သူ တကယ်ကြီး ခွင့်ပြုချက် မရဘဲ နင့်ကို ဒီကို ပြန်ပေးဆွဲရဲတယ်။ ကြည့်စမ်း အိမ်တံခါးကို ဖြတ်၀င်ဖို့အကြောင်း သူ တစ်သက်လုံး မေ့လိုက်လို့ ရပြီ!”
တွန့်တွ့န်ဆုတ်ဆုတ်နဲ့ နန်ကောဟာ တိုးတိုးလေး ပြန်ပြောလိုက်တယ်။ “တကယ်တော့ ငါတို့ မိသားစု သိတယ်...မားနဲ့ ပါး သိတယ်”
နန်ကျဲ့ “.....”
“ငါတစ်ယောက်တည်း အမှောင်လောကထဲ ရောက်နေတာပေါ့”
နန်ကောဟာ တိတ်ဆိတ်ခြင်းနဲ့ ပြန်ဖြေတယ်။
102 03
ဒါကို မြင်တော့ နန်ကျဲ့ဟာ အံကို ကြိတ်မိတယ်။
“ပြီးတော့ သူက ငါ့ကို ခေါ်တာ မဟုတ်ဘူး။ ငါ့ဟာငါ လာချင်တာ။ နှင်းကျမယ်ဆိုလို့ ငါ ကြည့်ချင်တာနဲ့ လိုက်လာတာ။ နင် ထင်သလို မဟုတ်ဘူး”
“ဒါဆို နင် ဒီမှာက ဘာလုပ်နေတာလဲ။ အိပ်ပျော်ရင်း လမ်းလျှောက်တာ။ ဒီနေရာမှာ ငါလူး…နှင်းတွေ ကျနေလို့လားဟ!”
နန်ကျဲ့ဟာ ဒေါသထွက်လွန်းလို့ ဟိုဘက်ဒီဘက်ကို ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိတယ်။ သူ စိတ်လျှော့ဖို့ ကြိုးစားကြည့်တယ်။ ဒါပေမဲ့ သူတွေးလေ ဒေါသထွက်လေပဲ။ သူ ရပ်ပြီး နန်ကော ခေါင်းကို တွန်းလိုက်တယ်။ “ဒီမှာ ကြည့်နေတဲ့ လူတွေ အများကြီးပဲ။ နင် သူနဲ့ ဒီကို အတူလာတာက နင့်အတွက် ဘာကို ဆိုလိုလဲဆိုတာ နင်သိလား”
“နင့်ကွယ်ရာမှာ ဟိုသောက်ရူးဥက္ကဌ ဘာပြောလဲ နင် သိလား။ ရှန်ရန်ချင်း နင့်ကို အပြင်ခေါ်လာပြီး အကာအကွယ်တောင် မပေးနိုင်ဘူး!”
သူ တွန်းတွန်းနေတာကြောင့် နန်ကော ရေတိုဦးနှောက်ပြတ်တောက်မှု ဖြစ်တော့မယ်။ သူမရဲ့ နဖူးမှာလည်း အနီရောင်အမှတ်ကြီးက အထင်းသား။ သူမ နဖူးကို သူ့ဆီကနေ ကာလိုက်ပေမဲ့ ဘာမှတော့ မပြောရဲဘူး။
သူမလည်း ရှင်းပြချင်ပါတယ်။ ဒါပေမဲ့ သူ့ဒေါသကို ကြည့်လိုက်တဲ့အခါ...ဟူး မေ့လိုက်တော့။
သူမပြောလေ အမှားလုပ်မိလေ ဖြစ်မှာ။ သူမ အခု ကိုယ့်ကိုယ်ကိုသာ ကာပြောလိုက်ရင် အဆူခံရဖို့ကို တောင်းဆိုနေသလိုပဲ ဖြစ်မှာ။
ဘာလို့ဆို သူမအစ်ကို စနစ်တကျ စဉ်းစားနေတာ မဟုတ်ဘူး။ သူဟာ ဒီတိုင်း သူ့ရဲ့ခံစားချက်တွေကို ပုံချဖို့ ထွက်ပေါက် ရှာချင်နေတာ။
“နင် မနေ့က ရောက်တာလား”
“အင်း”
နန်ကျဲ့မျက်လုံးတွေကို မှိတ်လိုက်ပြီး အတော်လေး ကြာတော့မှ စာကြောင်းတစ်ကြောင်းကို ဖျစ်ညှစ်ပြီး ထုတ်မေးလိုက်တယ်။ “ဒါဆို နင်မနေ့ညက သူနဲ့ နေတာလား”
“အင်း”
Husky ဟာ မျက်လုံးကို ပြူးလိုက်တယ်။ “တစ်ခန်းတည်း။!!”
“ဟုတ်တယ်”
“ရှန်ရန်ချင်းက နောက်တစ်ခန်း မတတ်နိုင်ဘူးလား” နန်ကျဲ့ဟာ ဒေါသ ထွက်လွန်းအားကြီးလို့ သွေးတောင် အန်ချင်သွားတယ်။ အပြင်က ယောက်ျားတွေဟာ ကောင်းတဲ့လူ မဟုတ်ဘူးဆိုတာ သူ သိနေတယ်!
ဘုရားရေ။ သူတို့ကို ကြည့်ပါဦး။ ဘယ်လောက်တောင် ကြာနေခဲ့ပြီလဲ။ သူဟာ သူ့ရဲ့ဂေါ်ဖီထုပ်လေးကို သူနဲ့ တစ်ခုတင်တည်း အိပ်ဖို့တောင် လှည့်စားနေခဲ့ပြီးပြီ။ သူ သေသာ သေလိုက်ချင်တယ်! “မဟုတ်...ငါတို့” နန်ကောတစ်ယောက် သူ အထင်လွဲသွားတာကို သိသွားတော့ အမြန်ရှင်းပြဖို့ လုပ်တယ်။
“ပါးစပ်ပိတ်ထား!” နန်ကျဲ့ဟာ နားမထောင်ဘဲ သူမကို သူမဖုန်းကို ထုတ်ဖို့ လက်ဟန်ပြတယ်။ “လူနာတင်ယာဉ်ခေါ်လိုက်! အခုချက်ချင်း!”
“အစ်ကို နင် အဆင်ပြေရဲ့လား”
နန်ကောဟာ သူ ဒေါသအထွက်လွန်ပြီး မေ့လဲတော့မယ် ထင်တာ။ သူမ သူ့ကို ကိုင်ထားပြီး အလွန်အမင်း စိတ်ပူနေမိတယ်။ “နင် နင် နင် ခဏတောင့်ထား!”
“ငါ့အတွက် မဟုတ်ဘူး” နန်ကျဲ့ဟာ မျက်လုံးတွေကို လှည့်လိုက်တယ်။ “ရှန်ရန်ချင်းအတွက်!”
“ဒီနေ့ ငါ သူ့ခြေထောက်တစ်ဖက်ကို မချိုးရရင် ငါ သူ့မျိုးရိုးနာမည်ကို ယူမှာ!”
နန်ကောဟာ ခဏလောက်တွေးလိုက်ပြီး သူ့စကားအတိုင်း “ရှန်...ရှန်ကျဲ့။ အာ နားထောင် ကောင်းသားပဲ”
နန်ကျဲ့ “.....”
နန်ကော အိမ်သာသွားပြီး ပြန်မလာသေးဘဲ ကြာနေတာကို မြင်တဲ့အခါ ရှန်ရန်ချင်းဟာ နည်းနည်း စိုးရိမ်လာတယ်။ စားပွဲထိုးကို မေးပြီးတဲ့နောက် သူ သူမနောက်ကို လိုက်လာတယ်။
သူ တံခါးကနေ ထွက်လိုက်တာနဲ့ လူနှစ်ယောက် လျှောက်လမ်းမှာ အချင်းချင်း ဆွဲလားရမ်းလား ဖြစ်နေတာကို မြင်လိုက်ရတယ်...
******