အခန်း ၁၀၃
Vol. 11 Ch. 103
103 01
Chapter 103 နန်ကျဲ့တစ်ယောက် အထိုးခံလိုက်ရတယ်။
“နန်ကော”
သူနဲ့ ဆန့်ကျင်ဘက်ကလူကို ရှင်းရှင်းလင်းလင်းမြင်တဲ့အခါ ရှန်ရန်ချင်းဟာ အမြန်အရှေ့ကနေ ၀င်ရပ်ပြီး နန်ကောကို သူ့အနား ဆွဲလိုက်တယ်။ သူဟာ နန်ကျဲ့လက်ကို တားလိုက်တယ်။ “ကျေးဇူးပြုပြီး သူ့ကို မထိပါနဲ့”
နန်ကျဲ့ဟာ အံ့ဩသွားတယ်။ ရှန်ရန်ချင်း ရောက်လာလိမ့်မယ်လို့ သူမထင်ထားဘူး။
“ဟင်း ငတုံးကောင်”
သူဟာ ရှန်ရန်ချင်းကို လက်ညှိုးထိုးပြီး “ငါ မင်းနဲ့ စာရင်းတောင် မရှင်းရသေးဘူး။ ဒါပေမဲ့ မင်းက သူ့အနံ့နောက် လိုက်လာပြီး ဒီကို ကိုယ်တိုင်ကိုယ်ကျ ရောက်လာတယ်ပေါ့”
အဲ့လိုနဲ့ နန်ကျဲ့ဟာ အင်္ကျီလက်ကို ခေါက်တင်ပြီး ရှန်ရန်ချင်းကို အသေအကြေချတော့မဲ့ပုံ ပေါက်နေတယ်။
နန်ကောရဲ့ ဦးရေပြားတစ်ခုလုံး ထုံကျဉ်သွားတယ်။ သူမ ဒီလို အဖြစ်မခံနိုင်ဘူး။ ဒါကြောင့် သူမ ရှန်ရန်ချင်းကို တစ်ချက်ညှစ်ပြီး ခေါင်းခါပြတယ်။ သူမက အကြံပေးတယ်။ “ရှင် အရင်ပြန်လိုက်ပါလား။ အလုပ်ရှုပ်နေတယ်မလား။ ရှင်ထွက်လာလို့ မရဘူးလေ။ မြန်မြန်အထဲပြန်၀င်!”
သူမအစ်ကိုဟာ ခွေးရူးတစ်ကောင်လို ဖြစ်နေပြီး နားချလို့ရမှာ မဟုတ်ဘူး။ သူမ ရှန်ရန်ချင်းနဲ့ပဲ စလို့ရမယ်။
ယှဥ်ကြည့်လိုက်တဲ့အခါ ရှန်ရန်ချင်းဟာ ပိုပြီးစကား နားထောင်တတ်တယ်လို့ သူမ ခံစားရတယ်။
ဘာပဲဖြစ်ဖြစ် သူဟာ ယဉ်ကျေးမှု ရှိတဲ့လူလေ။ သူ သေချာပေါက် နန်ကျဲ့လို ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ကြမ်းကြမ်းတမ်းတမ်းလုပ်မှာ မဟုတ်ဘူး။ နန်ကျဲ့ကသာ ရိုင်းရိုင်းစိုင်းစိုင်းနဲ့ သူမကို လုပ်မှာ။
“ကျွန်မ ပြီးမှ ရှင့်ကို လာရှာလိုက်မယ်” သူမဟာ ပြောရင်းနဲ့ ရှန်ရန်ချင်းလက်မောင်းကို တွန်းပြီး ထွက်သွားဖို့ လမ်းပြတယ်။
ရှန်ရန်ချင်း သူမစကားတွေကို ကြားတော့ အလိုလို မျက်မှောင် ကြုတ်မိသွားတယ်။
သူ ဆန့်ကျင်ဘက်က လူကို မှတ်မိတယ်။ နန်ကောရဲ့ ငယ်သူငယ်ချင်းဆိုတဲ့လူ။
ယုတ္တိကျကျပြောရရင် သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေ။ သူတို့ စကားပြောချင်တယ်ဆို သူ ရှောင်ပေးသင့်တယ်။ ဒါပေမဲ့ ဒီလူကြည့်ရတာ တည်ငြိမ်တဲ့ အခြေအနေမှာ မရှိသလိုဘဲ။
နန်ကောက ကြောက်နေတာလည်း အရမ်းသိသာနေတယ်။ ဒီလိုသာဆို သူ ဒီတိုင်း ထွက်သွားပေးဖို့က မဖြစ်နိုင်ဘူး။
သူ နန်ကောကို အန္တရာယ်နဲ့ ရင်ဆိုင်ခိုင်းလို့ မရဘူးလေ။ ဟုတ်တယ်မလား။
သူ နန်ကောရဲ့လက်ကို ကိုင်လိုက်ပြီး ငြင်းဆန်ကာ ခေါင်းခါတယ်။ “ဟင့်အင်း ကိုယ်နဲ့ လိုက်ခဲ့”
နန်ကောဟာ ပါးစပ်ကို ဖွင့်လိုက်ပေမဲ့ သူမ ဘာမှ မပြောနိုင်သေးခင်မှာဘဲ နန်ကျဲ့ဟာ ၀င်ပြောလာတယ်။
“အိပ်မက် မက်နေလိုက်!”
“နန်ကော ငါနဲ့ လိုက်ခဲ့!” နန်ကျဲ့ဟာ နန်ကောရဲ့ အခြားလက်တစ်ဖက်ကို ကိုင်လိုက်တယ်။
ဒီအခိုက်အတန့်မှာ ဒီနေရာကို ဖြတ်သွားတဲ့ဘယ်သူမဆို ဒီထူးထူးဆန်းဆန်း မြင်ကွင်းဆီကနေ ဆွဲဆောင်ခံရမှာပဲ။
ယောက်ျားလေးနှစ်ယောက် မိန်းကလေးတစ်ယောက်ကို လက်တစ်ဖက်ဆီကနေ ဆွဲထားတာ။ အပြင်ပိုင်းမှာတော့ သူတို့ တည်ငြိမ်နေပုံပေါ်ပေမဲ့ တကယ်တမ်းကျ အဲ့မှာ နက်နဲတဲ့လေထုတစ်ခု ရှိနေတယ်။
နန်ကျဲ့ဟာ မျက်လုံးကို ကျဉ်းပြီး လက်သည်းတွေ ထုတ်ပြတယ်။ သူ့ကြည့်ရတာ အလျှော့ပေးမဲ့ပုံ မပေါ်ဘဲ သူ့ပိုင်နက်ကို ကာကွယ်ဖို့အတွက် အချိန်မရွေး ရှန်ရန်ချင်းဆီ ခုန်အုပ်ပြီး ကိုက်သတ်တော့မဲ့ အတိုင်းပဲ။
ရှန်ရန်ချင်းဟာ သူ့ကို ခခယယ ကြည့်နေတာမျိုးလည်း မဟုတ်သလို မောက်မောက်မာမာ ကြည့်နေမျိုးတာလည်း မဟုတ်ဘူး။ မျက်မှန်အောက်က မျက်လုံးနက်နက်တွေထဲ စစ်ဆေးနေတဲ့ အရိပ်အယောင်တစ်ခု ရှိနေတယ်။ သူ့မှာ သည်းခံပြီး တည်ငြိမ်တဲ့မျက်နှာပေါက် ရှိပြီးသား။ သူ ပြုံးမနေတဲ့အချိန်ဆိုရင် ပိုပြီးတောင် တည်တည်တံ့တံ့ ဖြစ်သွားသေးတယ်။ သူဆီကနေ မြင့်မြတ်တဲ့အရှိန်အဝါမျိုး ထွက်နေတော့တာ။
“နာတယ် နာတယ်ဟ!”
နန်ကျဲ့ကိုင်လို့ သူမလက်တွေ နီရဲလာတော့မှ ယောက်ျားလေးနှစ်ယောက်ရဲ့ အာရုံဟာ သူမဆီ ပြန်ရောက်လာတယ်။
103 02
နန်ကျဲ့က “ကြားလား။ နာတယ်တဲ့ လွှတ်လိုက် မြန်မြန်။ ငါ သူ့မျက်နှာကြောင့် မင်းကို မထိုးသေးတာနော်။ ငါ မင်းကို တကယ်ထိုးရအောင် မလုပ်နဲ့!” သူ့လေသံဟာ အမြင်ကတ်စရာ ကောင်းနေတုန်း။
“သူ မဟုတ်ဘူးဟ!” နန်ကော ဆွံ့အစွာပဲ သူ့လက်ကို ခါလိုက်တယ်။ “ငါပြောတာက နင့်ကိုင်ထားတာ နည်းနည်း နာတယ်လို့!”
နန်ကျဲ့တစ်ယောက် နင်သွားတယ်။ သူ လွှတ်ပေးချင်ပေမဲ့ သူ့ဂုဏ်သိက္ခာက ခွင့်မပြုဘူး။ သူသာ လွှတ်ပေးလိုက်ရင် ရှန်ရန်ချင်း အောင်မြင်သွားမှာ မဟုတ်ဘူးလား။!
သူ့ညီမကို တိတ်တိတ်လေးခိုးပြီး ပြန်ပေးဆွဲသွားတာက အဆင်ပြေသေးတယ်။ ဒါပေမဲ့ သူက သူ့မျက်စိရှေ့တည့်တည့်မှာ သူမကို ခေါ်သွားချင်တာ!
ဒေါသစမ်းတာ။ ဒါ ပြောင်ပြောင်တင်းတင်း ဒေါသကို လာစမ်းတာပဲ။
သူ ရှန်ရန်ချင်းကို လက်တောင် မခံရသေးဘူး။ ဒါပေမဲ့ ဒီကောင် သူ့အနာဂတ် ယောက်ဖလောင်းကို အခုလိုမျိုး လစ်လျူရှုရဲတယ်!သေစမ်း!သူ သူ့ကို သင်ခန်းစာ ပေးရမယ်!
နန်ကျဲ့ ဒီအကြောင်းတွေးလေ ပိုဒေါသထွက်လာလေပဲ။ သူ ဒီနေ့ ဒီအတွဲကို ခွဲမယ်လို့ သူ့စိတ်ထဲ ကျိန်လိုက်တယ်။ သူ ဒီနေ့ တစ်ကြိမ်လောက်တော့ ရက်စက်တဲ့ဗီလိန် လုပ်ပြမယ်။ သူ ရှန်ရန်ချင်းကို လူ့အဖွဲ့အစည်းရဲ့ ရိုက်ချက်နဲ့ အချစ်ရဲ့ ခါးခါးသီးသီး အရသာလေးကို မြည်းခိုင်းမယ်။
ပြီးရင် မြင်ရမဲ့ ရှန်ရန်ချင်းရဲ့ နာကျင်နေတဲ့ မျက်နှာထားကို တွေးမိတဲ့အခါ နန်ကျဲ့ တိတ်တိတ်လေးခိုးပြီး ကျေနပ်အားရမိတယ်။
သူ နန်ကောကို သူ့အနောက်ကို ဆွဲလိုက်ပြီး မောက်မာစွာနဲ့ ပြောတယ်။ “ငါ ပြောလိုက်မယ် ရှန်ရန်ချင်း နန်ကော ဒီနေ့ ငါနဲ့ လိုက်ကို လိုက်ရမယ်။ မင်းကိုယ်မင်း ဘယ်သူထင်နေလဲ။ မင်းမှာ ငါ့ကို တားဖို့ ဘာအခွင့်ရှိလို့လဲ။ နောက်ဆို နန်ကောနဲ့ ဝေးဝေးမှာနေ!”
“မဟုတ်သေးဘူး။ မင်းတို့ ချက်ချင်း လမ်းခွဲလိုက်တာ အကောင်းဆုံးပဲ!”
ဒီစာကြောင်းတွေကို ကြည့်ပါဦး။ အရမ်းရက်ရက်စက်စက်ပဲ။ ဗီလိန်ဇာတ်ကောင်နဲ့ လိုက်ဖက်နေမှုကြီး။ မဆိုးဘူး။ မဆိုးပါဘူး။
“ငါ...ငါမသွားဘူး!” သူမအစ်ကိုရဲ့ စကားတွေကို ကြားပြီးတဲ့နောက် နန်ကောမှာ မသွားနိုင်ဘူး။ “ငါတို့ လမ်းခွဲမယ်လို့ ဘယ်သူပြောလဲ။! အပိုတွေ မပြောနဲ့!”
ရှန်ရန်ချင်းဟာ ဒီလူရဲ့ တွေးခေါ်ပုံကို သိပ်နားမလည်ဘူး။ တစ်ခုခု မှားနေတယ်လို့ သူခံစားနေရတယ်။ ဒါပေမဲ့ သူ အခု သေချာတွေးနေဖို့ အချိန်မရှိဘူး။ သူ နန်ကောကိုပဲ တွေးနိုင်တယ်။
“ငါတို့ကြား မင်း ၀င်ပါဖို့ မလိုဘူးထင်တယ်။ လမ်းခွဲတာ မခွဲတာက မင်း ဆုံးဖြတ်ရမဲ့ကိစ္စ မဟုတ်ဘူး”
“မင်းက နန်ကောရဲ့ သူငယ်ချင်းဆိုတာကို ငါသိတယ်။ ဒါပေမဲ့ သူ့အတွက် မင်းအကုန်လုံးကို ဆုံးဖြတ်ပေးလို့ ရတယ်လို့ ငါ မထင်ဘူး”
“အခုလေးတင် မင်းတို့ကြား ဘာတွေ ဖြစ်သွားလဲ။ ဘာတွေ နားလည်မှုလွဲသွားလဲဆိုတာ ငါမသိဘူး။ ဒါပေါ့ အခု ငါ ၀င်စွက်ဖက်နေတာ မဟုတ်ဘူး အခု သူ မင်းနဲ့ မလိုက်ချင်ဘူး ဆိုတာကိုဘဲ ငါသိတယ်”
“ဒီတော့ သူ ဒီနေ့ မင်းနဲ့ လိုက်သွားလို့ မရဘူး။ လွှတ်လိုက်တော့”
သူ ဒါကို ပြောလိုက်တာနဲ့ နန်ကျဲ့ လက်ကနေ ရုန်းနေတဲ့ နန်ကောဟာ အံ့ဩပြီး မော့ကြည့်လိုက်တယ်။
ရှန်ရန်ချင်းလေသံ မာပြီး အေးစက်တာကို ဒါ နန်ကော ပထမဆုံး ကြားဖူးတာပဲ။ သူ့စကားလုံးတွေထဲ အရင်ကလို လေးစားမှု မရှိတော့ဘူး။ တည့်တိုးဆန်ပြီး အလျှော့ပေးခြင်းအလျဉ်း မရှိဘူး။
ဘယ်လိုမျိုးလဲဆိုရင် ၀တ်စုံပြည့် ၀တ်ထားတဲ့ ဗြိတိန်လူကြီး လူကောင်းတစ်ယောက်ဟာ ရုတ်တရက် သံချပ်ကာကို တပ်ဆင်ပြီး နဂါးဆိုးကြီးကို မကြောက်တော့ဘဲ ပိတ်မိနေတဲ့ မင်းသမီးလေးကို ကယ်မယ်လို့ ကျိန်ဆို လိုက်သလိုမျိုးပဲ။
နန်ကော ဒါကို တွေးမိတော့ သူမ စာနာလို့ ရသလို ခံစားသွားရတယ်။
သူမ နန်ကျဲ့ကို လှည့်ကြည့်လိုက်တယ်။
ဟင်း။ သူမအစ်ကိုရဲ့ ပြင်းထန်နေတဲ့ မျက်လုံးတွေဟာ Husky တစ်ကောင်ရဲ့ ဒေါသနဲ့အတူ ပိုတည်ငြိမ်သွားတယ်။
သူမ အခွင့်အရေးကို ယူပြီး စိတ်ကူးယဉ် ကြည့်လိုက်တယ်။ မင်းသားလေးဟာ ဓားရှည်ကြီးကို ယူပြီး တစ်ယောက်တည်း မင်းသမီးလေးကို ကယ်တင်ဖို့ စွန့်စားတယ်။
ပဟေဠိဆန်တဲ့ တောအုပ်ကြီးကို ဖြတ်လာပြီးတဲ့နောက် ရေစီးမြန်တဲ့ မြစ်ကို ဖြတ်လျှောက်လာပြီး မတ်စောက်တဲ့ ချောက်ကမ်းပါးအပြီး မင်းသားလေးဟာ မင်းသမီးလေးကို ဖွက်ထားတဲ့ ဂူဆီကို ရောက်လာတယ်။
103 03
ဒါပေမဲ့ သူရောက်လာတာနဲ့ တစ်ပြိုင်နက် မင်းသမီးလေးကို စောင့်ကြည့်နေတဲ့ကောင်ဟာ တကယ်တော့ ခပ်ပြင်းပြင်း လှုပ်ခတ်နေတဲ့ အမြီးတစ်စုံနဲ့အတူ မျက်လုံးပြာပြာတွေနဲ့ Husky တစ်ကောင်ဖြစ်နေတာကို သူ သိလိုက်ရတယ်။
ဒါက ဘယ်လိုလုပ် နတ်သမီးပုံပြင်လဲ။ ဟာသကားနဲ့တောင် ပိုတူသေး။
နန်ကောရဲ့ စိတ်ဟာ မြေပြိုသလိုမျိုး တရစပ် ပြေးလွှားနေတာမို့ ယောက်ျားလေးနှစ်ယောက် ဘာတွေပြောနေလဲဆိုတာ သူမ သတိမထားမိလိုက်ဘူး။
၂မိနစ်၊၃မိနစ်လောက်ကြာတဲ့အခါ သူမကို အသိစိတ်ပြန်ဝင်လာစေတာက အသားကို ထိသွားတဲ့ လက်သီးတစ်ချက်ရဲ့ အသံနဲ့ တစ်ယောက်ယောက်ရဲ့ လေကို ခပ်ပြင်းပြင်း ရှူသွင်းနေတဲ့အသံ...
နန်ကောရဲ့ မျက်ဆံတွေ ကျဉ်းမြောင်းသွားတယ်။ သူမအစ်ကို ရှန်ရန်ချင်းကို တကယ်ကြီး ထိုးလိုက်ပြီလို့ မသိစိတ်ကနေ သူမ ထင်လိုက်မိတယ်။
သူမ အမြန် ရှန်ရန်ချင်းကို လှည့်ကြည့်လိုက်တယ်။ “ရှင်...ဟမ်” သူ ဘာလို့ မတ်တပ်ရပ်နေတုန်းလဲ။
“ရှင် အဆင်ပြေရဲ့လား။ ရှင့်ကြောင့် ကျွန်မလန့်သေတော့မလို့!” သူ မထိခိုက်တာကို မြင်တော့ နန်ကောဟာ စိတ်သက်သာရရာစွာနဲ့ သက်ပြင်းချလိုက်တယ်။
ဒါပေမဲ့ နေပါဦး။ တကယ်လို့ ရှန်ရန်ချင်း အထိုးမခံရဘူးဆိုရင် ခုဏက အသံက...အာ။သူမ မနေ့ညက ကောင်းကောင်းမနားထားလို့ ကြားချင်ရာတွေ ကြားနေတာများလား။
ဘေးကနေ ဒေါသူပုန်ထနေတဲ့ ငေါက်သံကြီး ထွက်မလာခင်အထိဘဲ။ “ငါလူး…နန်ကော! ငါက အထိုးခံလိုက်ရတဲ့လူဟ!!! နင် ဘယ်သူ့ကို ကြည့်နေတာလဲ”
ဒါကို ကြားတော့ နန်ကော မယုံကြည်နိုင်စွာနဲ့ လှည့်ကြည့်လိုက်တယ်။ ခုဏလေးတင် သူမဘေးမှာ ရပ်နေတဲ့ နန်ကျဲ့ဟာ တစ်ခုခုကြောင့် နံရံနား ရောက်နေပြီး သူ့မျက်နှာကိုလည်း လက်တစ်ဖက်နဲ့ ကာထားတယ်...
န-နန်ကျဲ့ အထိုးခံလိုက်ရတယ်။
ဘယ်သူ့ဆီကလဲ။
နန်ကော ကပြာကယာ ပတ်ပတ်လည်ကိုကြည့်လိုက်တယ်။ ဒီမှာ သူတို့၃ယောက်ပဲ ရှိတာပါဟ!
ပထမဆုံးအနေနဲ့ သူမ ပြစ်မှုတစ်ခုခုလုပ်ဖို့ ဖြစ်နိုင်ချေကို ဖယ်ရမယ်။
ဒါပေမဲ့ သူမ မဟုတ်ဘူးဆိုရင် ဖြစ်နိုင်တာက...
******