← Chapters

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း ၁၀၄

Vol. 11 Ch. 104

104 01

Chapter 104 ငါတစ်ခါမှ မတွေ့ဖူးတဲ့ အနာဂတ်ယောက်ဖလောင်း။

လက်ထောက်ယွမ်နဲ့ အတွင်းရေးမှူးတုန် ရှန်ရန်ချင်းကို ရှာဖို့ ထွက်လာတော့ သူတို့ ထွက်လာတာနဲ့ သူ တစ်ယောက်ယောက်ကို ထိုးလိုက်တာကို မြင်လိုက်ရတယ်။

သူတို့နှစ်ယောက်လုံး ထိတ်လန့်သွားပြီး မြေကြီးပေါ် အမြစ်တွယ်သွားသလို ရပ်မိသွားကာ အရှေ့ကို ဆက်မသွားရဲကြဘူး။

“ငါ အိပ်ချင်နေတုန်းများလား” လက်ထောက်ယွမ်ဟာ တိုးတိုးလေး မေးလိုက်တယ်။

အတွင်းရေးမှူးတုန်ဟာ နားလည်ပြီး သူ့လက်မောင်းကို ဆွဲဆိတ်လိုက်တယ်။ လက်ထောက်ယွမ်ဟာ နာကျင်မှုနဲ့အတူ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်တယ်။ “ငါ အိပ်မက် မက်မနေဘူးဘဲ”

ဒါကို မြင်တော့ အတွင်းရေးမှူးတုန်ဟာ သူ့ကိုယ်သူ ပြန်ဆွဲဆိတ်လိုက်တယ်။ သူလည်းပဲ နာကျင်မှုကြောင့် ရှုံ့မဲ့သွားတယ်။

ဒါကြောင့် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အသံတိတ် ကြည့်လိုက်တယ်။

သူတို့မျက်လုံးတွေထဲ ခြောက်ခြားမှုအပြည့်။

“ဒီတော့...ဥက္ကဌရှန် တစ်ယောက်ယောက်ကို ထိုးလိုက်တာ” အတွင်းရေးမှူတုန်ရဲ့ လေသံဟာ မသေချာမှုနဲ့ ပြည့်နေလျက်။

လက်ထောက်ယွမ်ဟာ တတွန့်တွန့် တဆုတ်ဆုတ်နဲ့ ဘာမှ မပြောဘူး။

ဘာလို့လဲဆို‌တော့ သူတို့နှစ်ယောက်လုံး ရှန်ရန်ချင်းနဲ့အတူရှိလာတာ ကြာပြီ။ သူတို့ သူ့ကို ကောင်းကောင်းသိတယ်။

ရှန်ရန်ချင်းဟာ လူကြီးလူကောင်းတစ်ယောက်။ သူဟာ ယဉ်ကျေးပြီး သူ့ရဲ့အပြုအမူတွေကို တင်းကြပ်တဲ့ လိုအပ်ချက်တွေနဲ့အတူ ထိန်းထိန်းသိမ်းသိမ်း ရှိတယ်။

လူတွေကို ထိုးတာဆို ထည့်ပြောဖို့တောင် မလိုဘူး။ ရှန်ရန်ချင်း လူတွေကို ဆူတာထက် သူ့၀န်ထမ်းတွေအားလုံး ဘုန်းကြီး၀တ်သွားတာကမှ ပိုအခွင့်အရေး များသေးတယ်။

ဒီတော့ ရှန်ရန်ချင်း ဘယ်လိုလုပ် တစ်ယောက်ယောက်ကို ထိုးလိုက်တာလဲ။ ပိုဆိုးတာက သူ့ဘက်က အရင်စတာ!

အရင်တုန်းက အဓိပ္ပာယ်မရှိတဲ့ အရူးတွေနဲ့ ကြုံခဲ့ရရင်တောင်မှ ရှန်ရန်ချင်း တစ်ယောက်ယောက်ကို ထထိုးရလောက်အောင်အထိ ဒေါသထွက်ခဲ့ဖူးတာမျိုး တစ်ခါမှ မရှိခဲ့ဘူး။

ဒါပေမဲ့ အခု...

လက်ထောက်ယွမ်နဲ့ အတွင်းရေးမှူးတုန်ဟာ ထောင့်နားလေးမှာ ၀င်ပုန်းလိုက်ပြီး ချောင်းကြည့်ဖို့ ခေါင်းကို နည်းနည်းပြူထားတယ်။ သူတို့ ကမူးရှူးထိုး ထမလုပ်ရဲဘူး။

မကြာဘဲ အတွင်းရေးမှူးတုန်ဟာ အထိုးခံလိုက်ရတဲ့လူကို မှတ်မိသွားတယ်။

“အစ်ကိုယွမ်! အဲ့လူကြည့်ရတာ ဟိုအရင်ကတစ်ယောက်ထင်တယ်!”

“ဘယ်တစ်ယောက်” လက်ထောက်ယွမ်ဟာ နည်းနည်း အဝေးမှုန်တယ်။ သူ့မျက်လုံးဟာ အတွင်းရေးမှူးတုန်လောက် မကောင်းဘူး။

အခြားဟာတွေထက် ရှန်ရန်ချင်းနဲ့ နန်ကောကို အ၀တ်အစားတွေကြောင့် မှတ်မိတာ။ ခံရတဲ့လူရဲ့ မျက်နှာကိုတော့ သူသေချာမမြင်ရဘူး။

“အိုး လန်ဒန်ပွဲက တစ်ယောက်လေ!” အတွင်းရေးမှူးတုန်ဟာ နည်းနည်းစိတ်လှုပ်ရှားနေတယ်။ “သူ့အချစ် ပြိုင်ဘက်!”

“ဥက္ကဌရှန်ရဲ့ အချစ်ပြိုင်ဘက်”

ဒါကို ကြားတော့ လက်ထောက်ယွမ်ဟာ ကြောင်သွားတယ်။ သူ့အတွေးတွေကို အလုပ်ပေးလိုက်တယ်။ “ဥက္ကဌရှန်ရဲ့ အချစ်ပြိုင်ဘက်” ဆိုတဲ့အတိုင်းအတာဟာ သိပ်တော့ မကြီးဘူး။ သူ့မှတ်ဉာဏ်အရဆို သတ်မှတ်ချက်နဲ့ကိုက်တာ တစ်ယောက်ပဲ ရှိမယ်ထင်တယ်။

အတွင်းရေးမှူးတုန်ဟာ တက်ကြွစွာနဲ့ သူ့လက်မောင်းကို ကိုင်လိုက်တယ်။ “မင်း အခု မှတ်မိပြီလား။!”

လက်ထောက်ယွမ်ဟာ ခေါင်းညိတ်လိုက်ပြီး မနေနိုင်ဘဲ ဆဲလိုက်မိတယ်။

သူတို့နှစ်ယောက် အချင်းချင်းကြည့်လိုက်တယ်။ နှစ်ယောက်လုံးအပြိုင် စိတ်လှုပ်ရှားတက်ကြွနေတယ်။

သူတို့ စိတ်သက်သာရာတောင် ရသွားသေးတယ်။

ဥက္ကဌရှန်ဟာ တကယ် ကတိတည်တာပဲ!

အရင်တစ်ခေါက် လန်ဒန်မှာ အချစ်ပြိုင်ဘက်တွေ အချင်းချင်းဆွကြတုန်းက ကျော်ကြားတဲ့ မြင်ကွင်းတစ်ခု ဖြစ်နေခဲ့ပြီးသား။ အဲဒီတုန်းက အတော်လေးအထွတ်အထိပ်ရောက်နေပြီလို့ သူတို့ထင်ခဲ့တာ။ ဒါပေမဲ့ မထင်ထားတာက...

ဥက္ကဌရှန်ဟာ သူ့အချစ်ပြိုင်ဘက်ကိုပါ ထိုးလိုက်လိမ့်မယ် ဆိုတာကိုပဲ!!!

104 02

သေချာပေါက်ကို ချစ်မိသွားပြီဆိုရင် လူတစ်ယောက်ကို အထိန်းအကွပ် လွတ်သွားစေနိုင်တယ်။

လှချက်!

တစ်ဖက်မှာတော့ နန်ကောတစ်ယောက် နန်ကျဲ့ကို ကြည့်နေတယ်။

သူမ မလုပ်ဘူးဆိုတော့ နန်ကျဲ့ သူ့ကိုယ်သူ ပြန်ထိုးလိုက်တာများလား။

ဟင်း။ ဒါက သိပ်အဓိပ္ပာယ်မရှိသလိုဘဲ။

သူမအစ်ကို နည်းနည်းရူးနေတာ ဟုတ်ပေမဲ့ အဲ့လောက်တော့ မရူးဘူးဟုတ်။ဒါကြောင့် သူမအကြည့်ဟာ ရှန်ရန်ချင်းဆီ‌ ရောက်သွားတယ်။

ရှန်ရန်ချင်းကို ၃စက္ကန့်လောက်ကြည့်ပြီးတဲ့နောက် သူမ ခေါင်းညိတ်လိုက်ပြီး ရင်ထဲ အဖြေကို ရသွားတယ်။

ကြည့်ရတာ သူမအစ်ကို တကယ်ကြီး နေမကောင်းဖြစ်နေခဲ့တာ နေမယ်။

ရှန်ရန်ချင်းက ဘာလို့ တစ်ယောက်ယောက်ကို ထိုးရမှာလဲ။

ယှဉ်ကြည့်လိုက်တော့ သူမအစ်ကို သူ့ကိုယ်သူ ပြန်ထိုးလိုက်တာက ပိုပြီးကျိုးကြောင်း ဆီလျော်တယ်။

နန်ကျဲ့အထိုးခံလိုက်ရပြီးတဲ့နောက် သူဟာ အထူးတလည် ဒေါသမထွက်တော့ဘူး။ သူ ရှန်ရန်ချင်းကို သတ်ပဲ သတ်ချင်တော့တာ။

သူ မသိစိတ်က‌နေ နန်ကောနဲ့ ရန်ဖြစ်ပြီး သူမ ရှာတွေ့ထားတဲ့လူက ဘယ်လိုလူလဲဆိုတာ ပြလိုက်ချင်တယ်။ ရှန်ရန်ချင်းဟာ တရား၀င်တောင် အသိမှတ်ပြုမခံရသေးဘူး။ ဒါပေမဲ့ သူ သူ့အနာဂတ် ယောက်ဖလောင်းကို စထိုးနေပြီ။

သူတို့သာ အနာဂတ်မှာ လက်ထပ်သွားရင် သူ အသက်ရှင်နေပါ့ဦးမလား။

မမျှော်လင့်ဘဲ နန်ကောဟာ မိုက်မဲတဲ့ဘဲငန်းလိုပဲ။ သူမ ဟိုကြည့်ဒီကြည့် လုပ်ပြီး နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးတယ်။ အဲ့နောက် သူမ တိတ်တိတ်လေး ရှန်ရန်ချင်းဘေးမှာ သွားရပ်တယ်။

ဒါကို မြင်တော့ နန်ကျဲ့ဟာ ဒေါသထွက်လွန်းအားကြီးလို့ သွေးအန်လုမတတ်ဘဲ။

နန်ကျဲ့ နန်ကောကို အားကိုး မနေတော့ဘူး။ သူ အင်္ကျီလက်ကို ခေါက်တင်ပြီး ပြန်ချဖို့အတွက် ရှန်ရန်ချင်းဆီ ခုန်အုပ်ဖို့ လုပ်တယ်။ “လွန်ခဲ့တဲ့၁၀နှစ်အတွင်း ငါ ဒီလိုတစ်ခါမှ အထိုးမခံရဖူးဘူး။ ပြီးတော့ ‌ သောက်ကျိုးနည်းကို ငါလူးမျက်နှာပေါ်မှာ! ခွေးရှန် ငါ မင်းကို သတ်မယ်!”

သူ့စကားကို ကြားတော့ နန်ကောဟာ ကြောင်တောင်တောင် ဖြစ်သွားတယ်။ “သ-သူ နင့်ကို ထိုးလိုက်တာလား”

ရှန်ရန်ချင်းဟာ နန်ကျဲ့ မတော်တဆ သူမကို ထိမိမှာ စိုးရိမ်တဲ့အတွက် နန်ကောကို သူ့အနောက် ပို့လိုက်တယ်။

သူဟာ တကယ်ကို အရင်စချတဲ့သူပါ။ ချပြီးမှ သူနောင်တ ရမိတယ်ဆိုပေမဲ့ သူထပ်လုပ်ဖို့ လိုလာခဲ့ရင် သူ မတတ်နိုင်ဘဲ ထပ်ချရမှာဘဲ။

အကြမ်းဖက်တာက တစ်ခုခုကို ဖြေရှင်းနိုင်တယ်လို့ သူ မထင်သလို အဲဒီလို အပြုအမူတွေကိုလည်း ခွင့်မပြုပါဘူး။

ဒါပေမဲ့ ဒီမှာ ကျိုးကြောင်းဆီလျော်နေတာက အသုံးမ၀င်ဘူး။ တစ်ဖက်လူဟာ သူ့ကို နားမထောင်ဘဲ နန်ကောကို အတင်းခေါ်သွားဖို့ချည်း လုပ်နေခဲ့တာ။ သူ သူတို့နှစ်ယောက်ကို ခွဲချင်ပေမဲ့ တစ်ဖက်လူဟာ လွှတ်ပေးဖို့ကို ငြင်းဆန်နေခဲ့တယ်လေ။

တစ်ဖက်လူ သူတို့ကို တောက်လျှောက် ခြိမ်းခြောက်နေတာတွေနဲ့ပါ တွဲလိုက်တော့ သူ...သူ တကယ်ကြီး မထိန်းလိုက်နိုင်ဘူး။

ဒါပေါ့။ ဒါ ဆင်ခြေ မဟုတ်ဘူးဆိုတာ သူသိပါတယ်။

အမှားက အမှားပဲ။

သူ တောင်းပန်သင့်ပေမဲ့ အခုတော့ မဟုတ်သေးဘူး။

အခြေအနေမကောင်းတာကို မြင်တော့ လက်ထောက်ယွမ်နဲ့ အတွင်းရေးမှူးတုန်ဟာ ကူညီဖို့ အလျင်အမြန် ပြေးသွားတယ်။

တစ်ဖက်လူရဲ့ ခဏတာသတိလွတ်မှုကို ဥက္ကဌရှန် အခွင့်ကောင်းယူလိုက်နိုင်ပေမဲ့ သူတို့ တကယ်သာ ချကြမယ်ဆိုရင် ဥက္ကဌရှန်ဟာ အရမ်းအားနည်းတာမို့ လက်သီးတစ်ချက်လေးတောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။

“ကောင်းလိုက်တာ အကူ‌ခေါ်လိုက်တယ်ပေါ့ ဟုတ်လား” ဒါကို မြင်တဲ့အခါ နန်ကျဲ့ဟာ ‌ဒေါသထွက်လွန်းလို့ ရယ်လိုက်မိတယ်။

“လူကြီးမင်း ကျေးဇူးပြုပြီး ဆင်ခြင်ပါ။ ကျွန်တော်တို့ တကယ်ချရင် ခင်ဗျားပဲ ကျိန်းသေပေါက် ဒဏ်ရာရမှာပါ” အတွင်းရေးမှူးတုန်ဟာ ငယ်သေးပြီး စိတ်လိုက်မာန်ပါ ရှိတယ်။ သူဟာ အရင်ဆုံး သူတို့ရဲ့ပြိုင်ဘက်ကို မသိမသာ လှောင်လိုက်တယ်။

104 03

“ငါ မင်းတို့ကို ကြောက်မယ်ထင်လို့လား” နန်ကျဲ့ဟာ မထီတထီနဲ့ လှောင်တယ်။

ဟာသပဲ။

အတွင်းရေးမှူးတုန်ဟာလည်း ရပ်တည်ချက်ယူလိုက်တယ်။ “ကျွန်တော့်ကို အထင်မမှားနဲ့နော်။ အပေါ်ယံမှာ ကျွန်တော်က လက်ထောက်လေးပဲဆိုပေမဲ့ တကယ်တော့ ကျွန်တော်က ဥက္ကဌရှန်ရဲ့ သက်တော်စောင့်ပါ။ ကျွန်တော် ကရာတေးတတ်တယ်!”

စစ်ပွဲဖြစ်တော့မယ်။ သူတို့ ချကြတော့မယ်။

သူတို့နှစ်ယောက် ချတော့မှာကို မြင်တဲ့အခါ နန်ကောဟာ ခပ်မြန်မြန်လေး နှစ်ယောက်လုံးကို ခွဲလိုက်ပြီး သူမအစ်ကိုကို ကာကွယ်လိုက်တယ်။

“ရန်မဖြစ်ကြနဲ့!”

နန်ကျဲ့ဟာ လက်ကို ချလိုက်တယ်။ နန်ကောဟာလည်း သူ့မျက်နှာပေါ်က ဒဏ်ရာကို သေချာတွေ့လိုက်ရတယ်။ နည်းနည်းလေး ရဲနေတယ်။ သူမ ရင်ထဲ နာကျင်သွားရတယ်။ “နင့်မျက်နှာကို ကြည့်ရအောင်”

“ဘာကို ကြည့်မှာလဲ” နန်ကျဲ့ဟာ သူမလက်ကို ဖြတ်ရိုက်လိုက်တယ်။ “ထွက်သွား ငါ့ကို လာမနှောင့်ယှက်နဲ့”

သူမအစ်ကို အဲ့လိုပြောလိုက်ပေမဲ့လည်း သူတို့ ပြီးရင် သူမကို ထိမှာကို သူ တကယ်စိုးရိမ်နေတယ်။

ဆန့်ကျင်ဘက်က “ငယ်သူငယ်ချင်း” လေးတွေကြားက ဆက်ဆံပုံကို ကြည့်ရင်း လက်ထောက်ယွမ်နဲ့ အတွင်းရေးမှူးတုန်ဟာ ပြိုင်တူ ရှန်ရန်ချင်းကို လှည့်ကြည့်လိုက်တယ်။

ဥက္ကဌရှန် သူ့အချစ်ပြိုင်ဘက်ကို ထိုးလိုက်တယ်ဆိုပေမဲ့လည်း အကျိုးအမြတ် ရသွားတဲ့လူက နောက်ဆုံးကျတော့ သူ့အချစ်ပြိုင်ဘက်ပဲ ဖြစ်နေပုံရတယ်။

သူမလက် ဖြတ်ရိုက်ခံလိုက်ပေမဲ့ နန်ကောဟာ အမျိုးသားကို သနားစွာနဲ့ ကြည့်နေတယ်။

အဲဒီနောက် သူတို့ ဥက္ကဌရှန်ရဲ့ တည်ငြိမ်နေတဲ့ အကြည့်ကို လှည့်ကြည့်လိုက်ပြန်တယ်...

နန်ကျဲ့ဟာ မျက်နှာမှာ အထိုးခံထားရတာလေ။ ဘယ်လိုလုပ် လွယ်လွယ်လေး ကျော်သွားနိုင်မှာလဲ။ သူ တဟုန်ထိုးအပြေးသွားပြီး ၃ယောက်လုံးကို တစ်ယောက်ချင်းစီ ချဖို့ လုပ်တယ်။

“အစ်ကိုကြီး!” နန်ကောဟာ အမြန်တုံ့ပြန်ပြီး သူ့လက်မောင်းကို ဖက်ထားလိုက်တယ်။ သူမ ဒါကို ပြောလိုက်တဲ့အချိန် ဆန့်ကျင်ဘက်က လူ၃ယောက်ဟာ ကြောင်အသွားကြတယ်။

အစ်ကိုကြီး။

ငယ်သူငယ်ချင်းတွေအနေနဲ့ သူမ သူ့ကို အစ်ကိုကြီးလို့ ခေါ်တာကလည်း ကျိုးကြောင်းဆီလျော်ပုံပါပဲ။

သူက ဘေးအိမ်က အစ်ကို ဖြစ်နေတာကိုး။

လက်ထောက်ယွမ်နဲ့ အတွင်းရေးမှူးတုန်ဟာ သူတို့ဟာသူတို့ တွေးလိုက်တယ်။

ဒါပေမဲ့ နောက်တစ်စက္ကန့်မှာပဲ နန်ကောဟာ ခပ်တင်းတင်းပြောလိုက်တယ်။ “နန်ကျဲ့ နင် ချရဲချကြည့် ငါ ပါးနဲ့ မားကို ခေါ်လိုက်မှာနော်။ မဟုတ်ဘူး။ ငါ အစ်မချီယန်ကို ခေါ်လိုက်မယ်!”

နန်ကောရဲ့ စကားကို ကြားတော့ နန်ကျဲ့ဟာ ပြုံးလိုက်တယ်။ “ဘာလို့လဲ။ သူ ငါ့ကို တားမယ်လို့ နင်ထင်တာလား။ သူသာ သိရင် သူပါ ၀င်ချဖို့ စောင့်နိုင်မှာ မဟုတ်ဘူး”

“နန်ကျဲ့” လက်ထောက်ယွမ်ဟာ သူတို့ စကားဝိုင်းကနေ အဓိက စကားလုံးကို ထုတ်ယူလိုက်တယ်။ သူ သူ့ရဲ့ ခပ်တောင့်တောင့်ဖြစ်နေတဲ့ လည်ပင်းကို လှည့်ပြီး ရှန်ရန်ချင်း အမူအရာကို ကြည့်လိုက်တယ်။

ထင်ထားတဲ့အတိုင်း သူတို့လိုပဲ မျက်မှန်အောက်ကလူရဲ့ မျက်လုံးတွေထဲ အံ့အားသင့်မှုအပြည့်နဲ့။

အစ်ကိုနန်ကျဲ့။

ဘာက မှားနေလဲဆိုတာ ရှန်ရန်ချင်း နောက်ဆုံးတော့ သိသွားပြီ။

အစကတည်းက ဒီလူရဲ့ အသံနေအသံထားဟာ သူတို့ ဝီချက်မှာ ပြောနေတုန်းက ကျိုးကြောင်းမဆီလျော်တဲ့ တစ်ခါမှ မတွေ့ဖူးတဲ့ သူ့ရဲ့ အနာဂတ်ယောက်ဖလောင်းနဲ့ အရမ်းဆင်နေခဲ့တာ။

******

All Chapters