← Chapters

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅

Vol. 11 Ch. 105

105 01

Chapter 105 အယုတ်တမာလေး။

ဟိုတယ်ရဲ့ အဆင့်မြင့်အခန်းထဲမှာ နန်ကောဟာ နန်ကျဲ့မျက်နှာကို ဆေး ကူထည့်ပေးနေတယ်။

နန်ကျဲ့ဟာ နာကျည်းတဲ့ မျက်နှာထားနဲ့ ဆိုဖာပေါ် လက်ပိုက် ထိုင်နေတယ်။ သူ့မျက်စိရှေ့ကလူကို သူ အေးစက်စက်နဲ့ ကြည့်လိုက်တယ်။

“ဟေး အယုတ်တမာလေး”

နန်ကောရဲ့ နှုတ်‌ခမ်းထောင့်ဟာ ရှုံ့တွသွားပြီး သူမလက်ဟာ ရပ်သွားတယ်။ “နင် ငါ့ကို ခေါ်နေတာလား”

အဲဒါက ဘယ်လို နာမည်ပြောင်မျိုးတုန်း။

နန်ကျဲ့ရဲ့ မျက်လုံးထဲ အထင်အမြင်သေးမှုနဲ့ ပြည့်သွားတယ်။ “ဒီမှာ နင်ကလွဲပြီး အခြားလူရှိသေးလို့လား”

နန်ကော “.....”

သူမ အသက်ကို ပြင်းပြင်းရှူပြီး ဒီလိုအခေါ်အဝေါ်မျိူးကို လက်မခံနိုင်ကြောင်း ဖော်ပြတယ်။ သူမအစ်ကိုရဲ့ အချစ်ဟာ တကယ်ကို အရမ်းတင်းမာလွန်းတယ်။

“နင် အခုလေးတင် အပြင်လူဘက်က ပါခဲ့တာလေ နင့်ကို အယုတ်တမာလေးလို့ ခေါ်တာ ငါမှားလား” ဒီအကြောင်းပြောတာနဲ့ နန်ကျဲ့ဟာ ဆဲချင်လာတယ်။

သူ့အရှေ့မှာ ရပ်နေတာ နန်ကောသာ မဟုတ်ရင် သူမရဲ့တစ်မိသားစုလုံးကို သူ တက်ဆဲပစ်မှာ။

အခုလောက် သူ တည်ငြိမ်နေမှာ မဟုတ်ဘူး။

“ငါက သစ္စာဖောက် မဟုတ်ပါဘူး။ တစ်ခုခုအထင်လွဲနေတာရှိမယ်လို့ ထင်ရုံပါ။ နင် ဘာလို့ ပြဿနာကို အကြမ်းဖက်ပြီး ရှင်းတာလဲ”

“ပြီးတော့ တစ်ယောက်ယောက် အပြင်ထွက်လာပြီး နင့်ကို မြင်သွားရင် အရမ်းရှက်ဖို့ ကောင်းမှာ။ နင်နဲ့ ရှန်ရန်ချင်းကို လူတိုင်း သိကြတယ်မလား။ စကားတွေ ပျံ့သွားရင် မကောင်းဘူး”

“ပြဿနာကို ရှင်းဖို့ အကြမ်းဖက်တယ်” နန်ကျဲ့ဟာ သူမရဲ့ လက်ကို ဖြတ်ရိုက်လိုက်ပြီး သူ့ရဲ့ ခန့်ညားချောမောတဲ့ မျက်နှာလေးကို ညွှန်ပြတယ်။ “လုပ်စမ်းပါ သူ့ဘက်က အရင်စတာနော်!*

“ဒါက သက်သေပဲ!”

“ငါ သူ့ကို မထိုးခဲ့ဘူး။ နန်ကော နင့်မှာ အသိတရားရော ရှိရဲ့လား။ အခုလိုအချိန်မှာတောင် နင်က သူ့ဘက်မှာ ရှိနေတုန်းပဲ!”

Husky ဟာ ထပေါက်ကွဲတော့မှာ ဖြစ်တယ်။

“ငါက အထိုးခံလိုက်ရတဲ့လူ! ငါက နင်နဲ့ ဖအေတူမအေတူ နင့်ရဲ့ အစ်ကို!”

နန်ကောဟာ ပြောစရာစကား ပျောက်သွားတယ်။ အကြာကြီးနေပြီးမှ သူမက ပြောတယ်။ “သူ တမင်ရည်ရွယ်ပြီး လုပ်တာ မဟုတ်ပါဘူး။ ဘယ်သူက နင့်ကို ငါ့ကို ဆွဲထားပြီး မလွှတ်ဘဲနေဖို့ ပြောလို့လဲ။ နင့်ပုံက တွေ့ကရာမိန်းမကို အတင်းဆွဲထားသလိုမျိုးပဲ။ သူက ငါ့အတွက် စိတ်ပူရုံပဲ”

နန်ကျဲ့က ပြောတယ်။ “ငါက ဘာလို့ ဓားပြနဲ့ တူရပြန်တာလဲ”

တွေ့ကရာမိန်းမကို အတင်းဆွဲထားတာ။သူမ ဘယ်လိုတောင် ပြောရဲတာလဲ။

နန်ကောဟာ သူမ မှားမှန်းကို သိတယ်။ “မဟုတ်ဘူး မဟုတ်ဘူး ဘယ်လိုလုပ် ဟုတ်မှာလဲ။ အစ်ကို နင်က ငါမြင်ဖူးတဲ့ထဲ အချောဆုံးလူပဲ။ နင် ဓားပြနဲ့ မတူပါဘူးရယ်”

နန်ကျဲ့ဟာ နှာခေါင်းရှံ့ပြီး မောက်မာစွာနဲ့ မျက်နှာလွှဲပစ်လိုက်တယ်။

“ဟူး အကုန်လုံးက နားလည်မှု လွဲကြတာတွေ” နန်ကောဟာ သူ့ဘေးမှာ ထိုင်ပြီး သူ့ပုခုံးကို နှိပ်ပေးတယ်။ နန်ကောဟာ ချော့ပြောတယ်။ “နင့်ကို ထိုးတာကတော့ သူ့အမှားပါ။ ငါ ပြီးမှ သူနဲ့ ပြောလိုက်မယ်။ ငါ သူ့ကို နင့်ကို တောင်းပန်ခိုင်းပါမယ်!”

“ဟင့်အင်း။ ငါ သူ့ဆီက တောင်းပန်ခံရဖို့ မထိုက်တန်ပါဘူးလေ” နန်ကျဲ့ဟာ အလွန်အကျွံတွေ ဟန်ဆောင်နေတော့တယ်။ “ငါကိုယ်တိုင်ကိုက အထိုးခံရအောင် လုပ်မိတာကိုး!”

နန်ကောဟာ ရှက်ရှက်နဲ့ နှာခေါင်းကို ကိုင်ပြီး တိတ်တိတ်လေး သဘောတူတယ်။ ဒါပေမဲ့ သူမ အကျယ်ကြီးတော့ ထုတ်မပြောရဲဘဲ သူ့ကို ခပ်မြန်မြန် ဆက်ချော့လိုက်တယ်။

နန်ကျဲ့ရဲ့ဒေါသ နည်းနည်းပြေလာတာကို မြင်တဲ့အခါ နန်ကောဟာ အမြန်လေး အကြောင်းပြချက် ပေးတယ်။ “အစ်ကို ကြည့် အစက ရှန်ရန်ချင်းက ငါတို့က မောင်နှမတွေဆိုတာကို မသိဘူးရယ်။ သူ ငါ့ကို ကာကွယ်ဖို့ လုပ်လိုက်တာပါ”

105 02

“သူ့အနေနဲ့ကြည့်ရင် ထူးဆန်းတဲ့လူက ငါ့ကို အော်ပြီး ခေါ်သွားဖို့ လုပ်နေတာလေ။ သူ သေချာပေါက် ငါ့ကို နင်နဲ့ သွားခွင့်ပေးလိုက်လို့ မရဘူးလေ။ မဟုတ်ဘူးလား။ တကယ်လို့ ငါ အန္တရာယ်ရှိနေရင် ဘယ်လိုလုပ်မလဲ။ သူ့ဘက်ကကြည့်ရင် သူ မမှားပါဘူး”

နန်ကျဲ့ သူမနဲ့ ထပ်စကားများတော့မှာကို မြင်တဲ့အခါ သူမ အမြန်လေး စကားကို ပြောင်းလိုက်တယ်။ “သူ တကယ် သေချာ မမေးမပြုဘဲ အရင်မချသင့်ပါဘူး။ ငါက နင့်ဘက်မှာနော်!”

“ငါ ပြောချင်တာက နင်လည်း လုံး၀မမှားပါဘူး။ သူက အထင်လွဲသွားတာလေးပဲ ။ဒါကြောင့် အခုလို ဖြစ်သွားတာ”

“ဒါပေမဲ့ သူ သိပ်မကြမ်းပါဘူး။ နင့်မျက်နှာက နည်းနည်းလေး နီနေတယ်‌ဆိုပေမဲ့ သိပ်မသိသာဘူး တကယ်ပြောတာ။ အစ်ကို နင်ချောနေတုန်းပဲ!” နန်ကောဟာ သူ့ကို လက်မ ထောင်ပြပြီး မြှောက်ပြောတယ်။

“အစ်ကို နင့်မျက်နှာနဲ့သာဆိုရင် နင် ဖျော်ဖြေရေးလောကထဲ နေရာအကြီးကြီးရမှာ။ နင်က သီးသန့်အဆင့်တစ်ခုမှာလိုပဲ။ ငါသာ အစ်မချီယန်ဆိုရင် ငါနင့်ကို လိုက်မှာ!”

လူတွေ အန္တရာယ်ထဲ ကျရောက်နေပြီဆိုလို့ရှိရင် သူတို့ဟာ အမြဲတမ်း ပိုမိုသန်မာ သွက်လက်လာတတ်တယ်။ ဥပမာအနေနဲ့ ဒီနေ့ နန်ကောသာ နန်ကျဲ့ကို ကိုင်တွယ်လို့ မရဘူးဆိုရင် ရှန်ရန်ချင်းဆီ ဘာတွေဖြစ်သွားမလဲဆိုတာ သူမ မသိဘူး။ ဘယ်နည်းနဲ့မဆို သူမ သေခြင်းတရားကနေ မလွတ်မြောက်ဘဲ ဖြစ်သွားနိုင်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် နန်ကျဲ့ဟာ သူမကို သစ္စာဖောက်အနေနဲ့ အခိုင်အမာ သတ်မှတ်ထားတာ။ သူ တစ်ခါစွပ်စွဲလိုက်ပြီးဆို ပယ်ဖျက်ဖို့ မလွယ်တော့ဘူး။

ဒါကြောင့် သူမ ချီယန်ကို တွေးမိသွားတာ။

ခွေးရူးဟာ ရူးနေတယ်ဆိုပေမဲ့ ကုမရတာ‌တော့ မဟုတ်ဘူး‌လေ။

ချီယန် နာမည်ကို ကြားတာနဲ့ နန်ကျဲ့ရဲ့ တင်းမာနေတဲ့မျက်လုံးတွေဟာ ချက်ချင်းပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။ သူရဲ့အငွေ့အသက် တစ်ခုလုံး ပြောင်းလဲသွားတာ။

အဲဒါဟာ မျက်စိကို ဖမ်းစားတဲ့ နှင်းဆီပန်းတစ်ပွင့် သူ့ရဲ့ဆူးကို ရုတ်တရက် နှုတ်ယူခံလိုက်ရသလိုမျိုးပဲ။

“နင် ဘာအပိုတွေ ပြောနေတာလဲ” နန်ကျဲ့ အဲဒီလို ပြောလိုက်တယ်ဆိုပေမဲ့လည်း သူ့မျက်နှာထားဟာ အတော်လေး နူးညံ့နေတယ်။

ဒါကို မြင်တော့ နန်ကောဟာ ရယ်ပြီး အရှေ့တိုးကာ တိုးတိုးလေး မေးတယ်။ “အစ်ကို နင် တကယ် အစ်မချီယန်အပေါ် ခံစားချက် ရှိနေတာလား”

သူမမျက်နှာဟာ တကယ်စပ်စပ်စုစုနဲ့။

နန်ကျဲ့ဟာ ခဏလောက် အံ့ဩသွားတယ်။ သူမ ဒါကို မေးမယ်လို့ မမျှော်လင့်ထားတာ ဖြစ်လောက်မယ်။ သူ သူမခေါင်းကို ပုတ်ပြီး ဝေးဝေး တွန်းလိုက်တယ်။

“နင်လို ကလေးက ဘာသိမှာလဲ။!”

“ကလေး ဖြစ်တော့ရော ဘာဖြစ်လို့လဲ။ ငါ နင့်ထက် ငယ်တယ်ဆိုရင်တောင်မှ ငါ့မှာ ကောင်လေးရှိနေပြီ။ ငါ့မှာ ဆက်ဆံရေးတစ်ခု ရှိနေပြီး နင်နဲ့ နည်းနည်းကွာတယ်။ ပြောခါမှ ဒီရှုထောင့်ကနေဆို ငါက စီနီယာနော်” နန်ကောဟာ သူ့ပုခုံးပေါ် လက်တင်ပြီး ကိုယ့်ကိုယ်ကို ဂုဏ်ယူနေတယ်။

“နင်က တကယ် အနာကို လာဆွနေတာပဲ”

“အဲဒီလောက်တောင် အဆူခံရဖို့ကို အလျင်လိုနေတာလား”

နန်ကောဟာ နာနာခံခံနဲ့ သူမလက်ကို တိတ်တိတ်လေး ပြန်ရုတ်လိုက်တယ်။

“ဒါဆို နင့်မှာ သူ့အတွက် ခံစားချက်တစ်ခုခုရှိ လား”

“ဟင့်အင်း”

နန်ကောဟာ ရှင်းရှင်းလင်းလင်းကိုပဲ သူ့ကို မယုံဘူး။ “နင့်မှာ ခံစားချက် မရှိဘူးဆို သူနဲ့ အခုမှ ပြန်တွေ့ရုံပဲ ရှိသေးတာကို ဘာလို့ သူ့ကို ဈေးကြီးတဲ့ အိတ်ပေးတာလဲ။ နင် နယ်ကျော်ပြီးတောင် သူနဲ့ အတူစားပြီး သူ့အလုပ်ကိုလည်း သွားကြိုသေးတယ်”

လွန်ခဲ့တဲ့၂ရက်ထဲက နန်ကျဲ့ဟာ အတော်လေး မူမမှန် ဖြစ်နေခဲ့တာ။ သူဟာ ဟိုက်မြို့ကို နေ့တိုင်းကို သွားနေတာ။ တစ်ခါတလေ ညဘက် ပြန်လာပြီး တစ်ခါတလေ ဟိုက်မြို့မှာပဲ အိပ်တာ။

ဒီရက်ပိုင်း သူမအစ်ကိုနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေသလို ခံစားရတယ်လို့ သူမမိဘတွေတောင် ပြောခဲ့သေးတယ်။

သူ မကြာခဏ ဖုန်းထဲ စာရိုက်ပြီး စောစော ထွက်သွားတယ်။ ‌နောက်ကျပြန်လာတယ်။ သူမ ယွီကိုလည်း မေးကြည့်ခဲ့ပေမဲ့ သူမအစ်ကို အခုတလော သူတို့နဲ့ လျှောက်မလည်ဘူးလို့ ပြောတယ်။ သူတို့ ဘယ်လောက်ပဲ ကြိုးစားခေါ်ခေါ် နန်ကျဲ့ဟာ သွားဖို့ ငြင်းတယ်တဲ့။

သူတို့လည်း နားမလည်နိုင် ဖြစ်နေရဆဲ။

105 03

ဒါကြောင့် ကောက်နုတ်ချက်အရ အစ်မချီယန်ကို သူမအစ်ကို တကယ်ကြီး စိတ်၀င်စားနေပြီလို့ သူမ ခံစားနေရတယ်။

သူတို့ဟာ အ‌တန်းဖော်ဟောင်း သာသာပဲဆိုရင် သူတို့ မကြာခဏတွေ့နေဖို့ မလိုဘူးမဟုတ်လား။

သူမအစ်ကိုဟာ အားတဲ့လူမျိုး ဖြစ်ပုံလည်း မပေါ်ဘူး။ များသောအားဖြင့် သူ အခြားလူတွေနဲ့ အပြင်ထွက်စားတာတို့ လျှောက်လည်တာတို့ဆို လူတွေက အရင် သူ့ကို လှမ်းခေါ်ရတာ။ ပြီးတော့ အမြဲ သူ့ရဲ့အချိန်ဇယားနဲ့လည်း ညှိရသေးတယ်။

သူမအစ်ကို တက်ကြွတယ်ဆိုတာ ရှားတယ်။

တကယ်လို့ ပထမဆုံးဘလိုင်းဒိတ်ဟာ အတန်းဖော်ဟောင်း ဖြစ်ပြီး သူမနဲ့ ဆက်သွယ်ဖို့ လိုတယ်ဆိုတာက အဓိပ္ပာယ်ရှိတယ်။ ဒါပေမဲ့ အဲဒါပြီးတဲ့နောက် ဘာတွေဖြစ်သွားလဲ။

ပြီးတော့ ယွီက ပြောဖူးတယ်။ သူမအစ်ကို ကျောင်းမှာတုန်းက သူ့ဘေးမှာ ချီယန်တစ်ယောက်တည်းသာ ရှိပုံရတယ်တဲ့။ အခြားမိန်းကလေးတွေ လာပတ်သက်ရင် အစ်ကိုဟာ နောက်ဆုတ်ရင်ဆုတ် မဆုတ်ရင် ပုန်းတာမျိုး လုပ်တတ်ပေမဲ့ ချီယန်ကျတော့ ခြွင်းချက်တဲ့။

ဒါကြောင့် သူမအစ်ကိုရဲ့အကျင့်အရ သူ မိန်းကလေးကို ကြိုက်နေလောက်ပြီ။

ဒါပေမဲ့ သူ ဒါကို ပြောဖို့ကို အရမ်းဂုဏ်ယူနေတာ။ သူဟာ ရိုးရိုးရှင်းရှင်းပဲ ခေါင်းမာနေတာ‌။

“ကောင်းပြီ နင့်ကိစ္စသာ နင်ပူ!”

နန်ကျဲ့ဟာ လက်ထဲက ရေခဲထုပ်ကို စားပွဲပေါ် ပစ်တင်ပြီး သူမနဲ့ ထပ်ပြီး စကားမပြောချင်တော့ဘူး။

စင်္ကြန်မှာတော့ ရှန်ရန်ချင်းတစ်ယောက် ရပ်စောင့်နေရှာတယ်။ သူ့ကိုယ်နေဟန်ထားဟာ တည့်မတ်နေပြီး လက်မောင်းပေါ် ဂျက်ကတ်တစ်ထည် တင်ထားတယ်။ သူ့ပုံစံဟာ ရုပ်ထုကြီးတစ်ရုပ်လို ဖြစ်နေပြီး မလှုပ်မယှက်နဲ့။

လက်ထောက်ယွမ်နဲ့ အတွင်းရေးမှူးတုန်ဟာ ကြောက်ကြောက်ရွံ့ရွံ့ မျက်နှာထားနဲ့ သူ့အနောက်မှာ တလေးတစား ရပ်နေတယ်။

အရာအားလုံးဟာ ဖြစ်ပျက်သွားတာ မြန်လွန်းလို့ သူတို့မှာ တုံ့ပြန်ချိန်တောင် မရှိလိုက်ဘူး။

ဘယ်လိုလုပ် သူ့ရဲ့ အချစ်ပြိုင်ဘက်ဟာ ရုတ်တရက်ကြီး သူ့ရဲ့ အနာဂတ် ယောက်ဖလောင်း ဖြစ်လာတာလဲ။

သူတို့နှစ်ယောက်လုံးဟာ ဒီဒရာမာဆန်တဲ့ အဖြစ်အပျက်တွေကို လက်မခံနိုင်သေးဘဲ ရှန်ရန်ချင်းကို သူ့ဟာသူ ခဏလွှတ်ထားရတယ်...

******

All Chapters