← Chapters

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း ၁၀၆

Vol. 11 Ch. 106

106 01

Chapter 106 မကြောက်ပါနဲ့။

သူနဲ့ နန်ကျဲ့ရဲ့ ပထမဆုံးတွေ့ဆုံမှုဟာ ဒီလိုမျိုးဖြစ်လိမ့်မယ်လို့ ရှန်ရန်ချင်း ဘယ်တုန်းကမှ မထင်ထားမိဘူး။

သဘောတူထားတဲ့အတိုင်း သူတို့နှစ်ယောက် ဆိတ်ငြိမ်တဲ့ လက်ဖက်ရည်ဆိုင် ဒါမှမဟုတ် ကော်ဖီဆိုင်တစ်ခုခုမှာ နန်ကောအကြောင်း ဆွေးနွေးကြမယ်လို့ ထင်ထားခဲ့တာ။

အရင်က နန်ကျဲ့နဲ့ သူ့ရဲ့ ဝီချက်မှာ ပြောထားတာတွေအရ သူဟာ ပြင်ဆင်ထားခဲ့ပြီးသား။ နန်ကျဲ့ကို တွေ့တာဟာ ပြင်းထန်တဲ့တိုက်ပွဲ ဖြစ်မယ်ဆိုတာ သူ သိတဲ့အတွက် သူ သေချာပေါက် မတည်ငြိမ်နိုင်ဘူး။ ဒါပေမဲ့ အရမ်းကြီး ပြင်းထန်လိမ့်မယ်လို့တော့ သူ မထင်ခဲ့ဘူး...။

ရှန်ရန်ချင်း မျက်လုံး မှိတ်လိုက်တာနဲ့ မကြာသေးခင်က သူ နန်ကျဲ့ကို ထိုးလိုက်တဲ့ မြင်ကွင်းကိုသာ ပြန်မြင်ယောင်နေမိတယ်။

သူ ဒီအကြောင်း မပြောချင်ဘူး။ သူ နောင်တတွေနဲ့သာ ပြည့်နေတယ်။

နန်ကောအစ်ကို စိတ်ထဲမှာ သူဟာ အစကတည်းက လူကောင်းတစ်ယောက်အနေနဲ့ ရှိနေတာ မဟုတ်ဘူး။ ပြီးတော့ သူဟာ နန်ကောအတွက် အကောင်းမွန်ဆုံး လက်တွဲဖော်လည်း ဖြစ်မနေဘူး။

ကောင်းရော။ သူ အစကတည်းက တစ်ဖက်လူအပေါ် ထင်မြင်ချက်ကောင်း မချန်ထားနိုင်တော့ဘူး။ အခု သူ အမှတ်နိမ့်နိမ့်လေးတွေ ရနေရာကနေ အနှုတ်ပြသွားပြီ။

ရှန်ရန်ချင်းဟာ ရှုပ်ထွေး ရောယှက်နေတဲ့ ခံစားချက်တွေနဲ့အတူ ခပ်ပြင်းပြင်း အသက် ရှူထုတ်လိုက်တယ်။

လက်ထောက်ယွမ်ဟာ ခြေတစ်လှမ်းရှေ့တိုးပြီး သူ့ကို နှစ်သိမ့်ပေးတယ်။ “အဆင်ပြေပါတယ် ဥက္ကဌရှန်။ မင်း သူ့ကို အရမ်းပြင်းပြင်းကြီး မထိုးခဲ့ဘူးမလား”

“ပြီးရင် တောင်းပန်လိုက်ရင် အကုန်အဆင်ပြေသွားမှာပါ”

“ဟုတ်တယ် အဲဒါမှန်တယ်!” အတွင်းရေးမှူးတုန်ဟာ သံယောင်လိုက်တယ်။ “ဥက္ကဌရှန် အရမ်းစိတ်မပူပါနဲ့။ ဘာပဲ ဖြစ်ဖြစ် သူက မိန်းကလေးနန်ကောရဲ့ အစ်ကိုပဲဟာ။ သူ့ကြည့်ရတာ နည်းနည်း‌ပြောရဆိုရ လွယ်မဲ့ပုံလေးပါ...”

သူစကားဆုံးတာနဲ့ လက်ထောက်ယွမ် သူ့ကို ဆွံ့အစွာနဲ့ လှည့်ကြည့်လာတယ်။ သူ့အကြည့်ဟာ မေးနေပုံရတယ်။ “မင်းရဲ့ ဘယ်မျက်လုံးက နန်ကျဲ့က ပြောရဆို ရလွယ်မဲ့လူလို့ မင်းကို ပြောလိုက်တာလဲ”

နန်ကျဲ့သာ တကယ်ကို နည်းနည်းလေး ပြောရဆိုရလွယ်မယ်ဆိုရင် သူ ဥက္ကဌရှန် ထထိုးရလောက်တဲ့အထိ အတင်းဖိအားပေးနိုင်မှာ မဟုတ်ဘူး!

စဉ်းစားကြည့်လေ။ ရှန်ရန်ချင်းက ဘယ်လိုလူမျိုးမို့လဲ။ သူ့လိုလူမျိုးကို ‌ဂိတ်ဆုံးရောက်အောင် လုပ်နိုင်တယ်ဆိုတာ တစ်ဖက်လူဟာ ကောင်းမွန်တဲ့ သည်းခံနိုင်စွမ်း ရှိမနေဘူးဆိုတာကို မြင်နိုင်တယ်။

အတွင်းရေးမှူးတုန်ဟာ နင်သွားပြီး တုံ့ဆိုင်းစွာ ဆက်ပြော ကြည့်တယ်။ “အဆင်ပြေပါတယ် ဥက္ကဌရှန် အားလုံးက နားလည်မှုလွဲကြတာပါ။ ပြီးရင် မင်း သူနဲ့ ထိုင်စကားပြောလို့ ရပါတယ်။ ဒါဆို ဒီကိစ္စကြောင့်နဲ့ ဥက္ကဌနန်က မင်းကို နန်ကောနဲ့ လမ်းခွဲဖို့တော့ ပြောမှာ မဟုတ်ပါဘူး။ ဟုတ်တယ်မလား”

အတွင်းရေးမှူးတုန်ဟာ အစက ရှန်ရန်ချင်းကို နှစ်သိမ့်ပေးချင်တာပါ။ သူ ကျိန်ဆို ကျိန်ရဲပါတယ်။ သူ စကားပြောလို့ ပြီးတော့မှ နန်ကျဲ့ရဲ့ မီးတောက်ဒေါသနဲ့ဆို နန်ကျဲ့ဟာ ဒီကိစ္စမတိုင်ခင်ကတည်းက ဥက္ကဌရှန်နဲ့ နန်ကောကို လမ်းခွဲစေချင်နေတာကို သူ သတိရသွားတယ်။ အခု သူ အထိုးခံလိုက်ရပြီဆိုတော့...ဟူး အခြေအနေက မကောင်းတော့ဘူး!

“ပါးစပ် ပိတ်ထားလိုက်တော့!” လက်ထောက်ယွမ်ဟာ သူ့ကို စိုက်ကြည့်လိုက်တယ်။ သူပြောသမျှဟာ အနာကို သွားသွားထိနေတာ။ ဘာမှ မပြောတာက ပိုကောင်းတယ်!

အတွင်းရေးမှူးတုန်ဟာ ခေါင်းကုတ်လိုက်တယ်။ “ဘာပဲဖြစ်ဖြစ် ဒီကိစ္စမှာ ငါတို့ ဥက္ကဌရှန်ကိုပဲ အပြစ်တင်လို့ မရဘူး။ ဥက္ကဌနန်က အရင်တစ်ခေါက်က သူ့သရုပ်မှန်ကို ဖုံးထားပြီး တမင်သက်သက် ဥက္ကဌရှန်ကို အထင်လွဲစေတာ သူလည်း မှားတယ်”

အသက်ပြင်းပြင်း တစ်ချက်ရှူကာ ရှန်ရန်ချင်း မျက်မှန်ကို ချွတ်ပြီး မျက်ခုံးတွေကို ပွတ်လိုက်တယ်။ “တော်လောက်ပြီ”

အရင်က နန်ကျဲ့ဘာလို့သရုပ်မှန်ကို ဖုံးထားလဲဆိုတာ သူ ဂရုမစိုက်သလို အဲ့ကိစ္စကို သိလည်း မသိချင်တော့ဘူး။

သူသိတာ တစ်ခုပဲ ရှိတယ်။ သူက အရင်စခဲ့တဲ့လူ။

ဒါကို သိတာနဲ့တင် လုံလောက်နေပြီ။

နန်ကော ထွက်လာတော့ သူမ လှည့်လိုက်တာနဲ့ စင်္ကြန်မှာ အမျိုးသား၃ယောက် မတ်တပ်ရပ်နေတာကို မြင်လိုက်ရတဲ့အခါ သူမ အံ့ဩသွားတယ်။

“ရှင်တို့...မပြန်ကြသေးဘူးလား”

နန်ကောဟာ ဆေးထည့်ဖို့ သူမအစ်ကိုကို အပေါ်ထပ်ကို ဆွဲခေါ်လာခဲ့တာ။

ရှန်ရန်ချင်းဟာ သူတို့အနောက် ခပ်လှမ်းလှမ်းကနေ လိုက်ပြီး လိုက်ပို့ပေးတာ။

106 02

သူတို့ကို လိုက်ပို့ပေးပြီးတဲ့နောက် သူပြန်သွားပြီလို့ သူမ ထင်ထားတာမို့ သူ့ကို တိတ်တိတ်လေး ဖုန်းခိုးခေါ်မလို့ သူမ အပြင်ထွက်လာတာ...

ရှန်ရန်ချင်း နောက်ဆုံးတော့ ရွေ့လိုက်တယ်။ သူဟာ သူ့ရဲ့ တောင့်တင်းနေတဲ့ ခြေထောက်ကို ရွှေ့ပြီး ‌ခြေလှမ်းအနည်းငယ် လှမ်းကာ သူမဆီ သွားတယ်။

“ဟင့်အင်း ကိုယ် ဥက္ကဌနန်ကို တောင်းပန်ချင်လို့”

“ပြီးတော့...” သူဟာ စကားပြောရင်း သူမလက်ကို ကိုင်ချင်တယ်။ သူ လက်ကို မြှောက်လိုက်တာနဲ့ တစ်ခုခုကို တွေးမိသွားပုံရပြီး လေထဲမှာတင် ရပ်လိုက်ကာ စည်းကို မဖြတ်ရဲဘူး ဖြစ်နေတယ်။

“ကိုယ်တို့...” သူမ ဘယ်လိုခံစားရလဲလို့ ရှန်ရန်ချင်း မေးချင်ပေမဲ့ သူ ဘယ်လို စကားစရမလဲ မသိဘူး။

သူမ ထွက်လာဖို့ကို အချိန်အကြာကြီး ကြာနေခဲ့တယ်။ နန်ကျဲ့ ဒေါသထွက်နေတယ်ဆိုတာ သိသာတယ်။ လမ်းခွဲဖို့အကြောင်း တစ်ဖန် ပြန်ထည့်ပြောခံရမယ်လို့ သူ ယူဆမိတယ်။ နန်ကော ဘာကိုရွေးမလဲ သူ မသိဘူး...

။

သူ တစ်ကိုယ်ကောင်းဆန်စွာနဲ့ပဲ နန်ကော သဘောမတူဘဲ လမ်းမခွဲဖို့ကို မျှော်လင့်နေမိတယ်။ ဒါပေမဲ့ သူ့ဆင်ခြင်တုံတရားဟာ အနိုင်ရသွားတယ်။

သူ မျက်လွှာချလိုက်ပြီး ဘာမှ ပြောမနေတော့ဘူး။ သူ့လက်ဟာ တိတ်တဆိတ် ပြန်ရွေ့သွားတယ်။

ချက်ချင်းပဲ ခပ်အေးအေးအထိအတွေ့ဟာ သူ့လက်ဖဝါးကို လာထိကာ ဆုပ်ကိုင်တယ်။

ရေနစ်လုဆဲဆဲဖြစ်နေတဲ့လူဟာ မျောလာတဲ့သစ်သားပြားကို ကိုင်လိုက်မိသလိုမျိုး ရှန်ရန်ချင်းရဲ့ မျက်တောင်တွေ လှုပ်ခတ်သွားတယ်။ ‌ဒီရှားပါးတဲ့ အခိုက်အတန့်မျိုးမှာ ဆင်ခြင်တုံတရားကို လစ်လျူရှုကာ သူမလက်ကို ပြန်ဆုပ်ကိုင်လိုက်တယ်။

ဒါပေမဲ့ သူဟာ ဒီမှာတင် မရပ်လိုက်နိုင်ပုံ ရတယ်။ ဒါမှမဟုတ်လည်း လုံခြုံစိတ်ချရမှုကို ရှာချင်လို့လည်း ဖြစ်နိုင်တယ်။ သူ့ရဲ့ ရှည်လျားတဲ့ လက်ချောင်းတွေဟာ သူမလက်ချောင်းတွေကြား တိုး၀င်လာပြီး အားနဲ့အင်နဲ့ ယှက်ထားလိုက်တယ်။

ဒါကို မြင်တော့ လက်ထောက်ယွမ်ဟာ ဆင်ခြေကို တွေ့သွားပြီး အလျင်အမြန်ပဲ အတွင်းရေးမှူးတုန်ကို ဆွဲခေါ်သွားတယ်။ သူ သုံးဘီး ဆက်မဖြစ်နိုင်ဘူး!

သူတို့နှစ်ယောက် ထွက်သွားတာနဲ့ နန်ကောဟာ အသာအသက်ရှူထုတ် လိုက်တယ်။

“ကိုယ်တော င်းပန်ပါတယ်” ရှန်ရန်ချင်းဟာ ကျန်တဲ့လက်တစ်ဖက်ကို သူမကျောပြင်မှာ ထားပြီး သူမကို ရင်ခွင်ထဲ ထည့်လိုက်တယ်။

နန်ကောဟာ အံ့ဩသွားတယ်။ သူမ အသိပြန်၀င်တော့ သူမ ခပ်မြန်မြန် သူ့ကျောကို ပုတ်ပြီး နှစ်သိမ့်ပေးတယ်။ “အဆင်ပြေပါတယ် အစကတည်းက ကျွန်မတို့ ကိစ္စတွေကို ရှင်းအောင် မလုပ်ထားခဲ့မိဘူး”

“ကျွန်မအစ်ကိုက အမြဲ စိတ်မရှည်ဘဲ စိတ်မြန်တဲ့လူ။ အဲဒီတုန်းက အခြေအနေက နည်းနည်းရှုပ်နေတော့ ရှင့်ကို မိတ်ဆက်ပေးဖို့ မေ့သွားတယ်...”

အဲဒီတုန်းက အခြေအနေဟာ ချုံ့ပြီး “နည်းနည်းရှုပ်နေတယ်” လို့တော့ ပြောမရဘူး။ သူမအစ်ကိုရဲ့ ပါးစပ်က သေနတ်ပစ်စက်လိုပဲ။ သူစပစ်ပြီဆိုတာနဲ့ ဘယ်သူ့ကိုမှ ကြားဖြတ်၀င်ခွင့်ကို မပေးတော့တာ။

ထပ်ပေါင်းလိုက်ရင် သူမရဲ့ တုံ့ပြန်မှုဟာလည်း တစ်၀က်လောက်ကို နှေးနေခဲ့တယ်။ အစက သူမ သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးချင်ခဲ့တာ။ ဒါပေမဲ့ သူမ အလျင်အမြန်ပဲ သူမအစ်ကိုဆီကနေ နှောင့်ယှက်ခံလိုက်ရတယ်။

ဒါဟာလည်း သူမ အတွေးတွေကို ပိုပိုပြီးမြောသွားစေတဲ့ တစ်စိတ်တစ်ပိုင်းပဲ။ အရမ်းကိုပဲ။ ဒါကြောင့် သူမ အစကပြောချင်တဲ့ဟာကို သူမ အမြန်ပဲ မေ့သွားတယ်။

“ကျွန်မ အစ်ကိုက ဒေါသကြီးပြီး နည်းနည်းမတည်ငြိမ်ဘူးရယ်။ သူ့ကို မကြောက်ပါနဲ့”

“သူ့စကားတွေက ကြမ်းပေမဲ့ သူ့နှလုံးသားက နူးညံ့ပါတယ်။ သူက ဒီတိုင်း ရှင့်ကို ခြောက်ချင်နေတာ။ သူ ကျွန်မတို့ကို တကယ်လမ်းမခွဲခိုင်းပါဘူး”

“သူက ဒီတိုင်း ပြဿနာရှာရတာကို ကြိုက်တာ။ သူက အလေးအနက် မထားပေမဲ့ အမြဲတမ်း ကိစ္စတွေကို အကြီးကြီးတွေ လုပ်တာလေ။ မြင်တယ်မလား။ သူ ရှင့်ကို ထိုးမယ်ဆိုပြီး သူ တောက်လျှောက်ပြောနေပေမဲ့ နောက်ဆုံးကျတော့လည်း သူ ရှင့်ကို မထိပါဘူး”

အစကတည်းက နန်ကျဲ့ဟာ အော်ကျယ်အော်ကျယ်နဲ့ ခြိမ်းခြောက်တာတွေ တရစပ် လွှတ်နေခဲ့တာလေ။ သူ ရှန်ရန်ချင်းကို ထိုးမယ်ဆိုပြီး အင်္ကျီလက်ကို ခေါက်တင်ကာ ဆက်တိုက် ပြောနေခဲ့တာ။ အဆုံးသတ်ကျတော့လည်း သူ အထိုးခံလိုက်ရတာတောင်မှ သူ ပြန်မချလိုက်ဘူး။

ချတဲ့အခါ သူမအစ်ကို ဘယ်လောက် ရက်စက်ပြီး ကြမ်းတမ်းလဲဆိုတာ သူမသိတယ်။ အတိတ်မှာတုန်းက သူမအစ်ကို အထိုးခံလာရတဲ့ ဖြစ်နိုင်ချေဆိုတာ သိပ်မမြင့်ဘူး။ သူအထိုးခံရရင်တောင်မှ သူက ချက်ချင်းပြန်ချပြီး တစ်ဖက်လူကို သေအောင်လုပ်တာ။

ဒီနေ့ သူ မလှုပ်ရှားဘဲ ရိုးရှင်းစွာပဲ ပြဿနာသာ ရှာတယ်။

106 03

‌ကြိုးချည်ခံထားရတဲ့ ခွေးနဲ့တောင် ခပ်ဆင်ဆင်။ ကြိုးရဲ့ အဆုံးတစ်ဖက်ဟာ သူ့ပိုင်ရှင်လက်ထဲ ရှိနေတဲ့အခါ သူဟာ အခြားခွေးတွေကို ထိန်းချုပ်ခြင်း မရှိဘဲ သွားသွားပြီး ရန်စလိမ့်မယ်။ တစ်ကမ္ဘာလုံးမှာ သူဟာ နံပါတ်တစ်ခွေးလို့ တွေးနေတာမျိုးပေါ့။ သူ မပျော်ဘူးဆိုရင် တစ်ယောက်ယောက်ကို သေအောင် ကိုက်လိမ့်မယ်။ ဒါပေမဲ့ ပိုင်ရှင်က ကြိုးကို လွှတ်လိုက်ပြီး ဆန့်ကျင်ဘက်က ခွေးကို တကယ်ကိုက်ခိုင်းတဲ့အချိန်မှာတော့ သူ ချက်ချင်းရပ်တန့်သွားလိမ့်မယ်။

ဒါဟာ ရိုးရှင်းစွာနဲ့ ခုဏတုန်းက နန်ကျဲ့အတိုင်းပဲ။

“ကျွန်မအစ်ကိုက လူကောင်းပါ။ ပြီးတော့ ရှင် သူ့ကို ထိုးတာ သိပ်မပြင်းပါဘူး။ သူက စိတ်တိုနေရုံပဲ။ သူစိတ်ပြေသွားရင် အဆင်ပြေသွားလိမ့်မယ်။ ရှင် စိတ်ပူစရာ မလိုဘူး”

“ကျွန်မရှင့်အတွက် ရှင်းပြထားပြီးပြီ။ ရှင် အဲဒီလိုမရည်ရွယ်တာကိုလည်း ကျွန်မသိတယ်။ ‌ဒါပေါ့ ရှင်က ဘယ်လိုလူလဲဆိုတာ ကျွန်မ သိပါတယ်”

“ကျွန်မအစ်ကို ဒီရောက်နေလိမ့်မယ်လို့ ကျွန်မလည်း မထင်ထားဘူး။ ကျွန်မ အချိန်မှီ မတုံ့ပြန်နိုင်လိုက်ဘူး” ခဏလောက် ရပ်ပြီးတော့ နန်ကောဟာ ဆက်ပြောတယ်။

“ပြီးတော့ ကျွန်မတို့ လမ်းခွဲလို့ မရဘူး။ သူ့ရဲ့ အရေးမပါတာတွေကို သွားနားမထောင်နဲ့။ သူ တကယ်ကြီး ကျွန်မကို ရှင်နဲ့ လမ်းခွဲခိုင်းမှာ မဟုတ်ဘူး။ ကျွန်မလည်း သဘောမတူဘူး”

သူမလက်ဟာ ညင်သာစွာနဲ့ သူ့ကျောပြင်အောင် လျှောကျသွားတယ်။ “မကြောက်ပါနဲ့...”

******

All Chapters