← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

107 01

Chapter 107 ကိုယ်ကျင့်တရားနဲ့ ကိုင်ပေါက်ပြီး ခြိမ်းခြောက်နေသလိုပဲ။

ရှန်ရန်ချင်းဟာ ဖြည်းဖြည်းချင်း စိတ်ကို လျှော့လိုက်တယ်။ သူဟာ နန်ကောကို ဖက်ထားရင်း စိတ်သက်သာရာရကာ သက်ပြင်း ချလိုက်တယ်။

မိနစ်အနည်းငယ်လောက် အသံတိတ် ဖက်ထားပြီးတဲ့နောက် သူ နန်ကျဲ့ကို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ချင်နေတုန်းပဲ။

နန်ကောဟာ ခဏလောက် စဉ်းစားပြီး ခေါင်းခါလိုက်တယ်။ “ကျွန်မအထင် ကျွန်မတို့ နောက်နေ့မှ လုပ်သင့်တယ်။ ကျွန်မအစ်ကိုက ဒေါသထွက်ပြီဆိုရင် မဆင်ခြင် တတ်တော့ဘူး”

“မနက်ဖြန်ဆိုရင်ရော ဘယ်လိုလဲ”

ရှန်ရန်ချင်းဟာ ပြန်မဖြေခင် အချိန်ကို တစ်ချက်ကြည့်ပြီး အနည်းငယ် တုံ့ဆိုင်းနေခဲ့တယ်။

“မင်း ဒီည ဒီမှာ နေမှာလား”

“အင်း ဟုတ်တယ်” နန်ကောက ခေါင်းညိတ်ပြတယ်။ သူမသာ အခုချိန် ရှန်ရန်ချင်းနဲ့ လိုက်သွားရင် သူမ တကယ်သေခြင်းတရားနဲ့ ရင်ဆိုင်ရလိမ့်မယ်။

စင်္ကြန်က အလင်းရောင်ဟာ အရမ်းလင်းထိန် နေခဲ့တယ်။ ရှန်ရန်ချင်းဟာ အလင်းရောင်အောက်မှာ နန်ကောရဲ့ မျက်နှာကို အကဲခတ်ကြည့်တယ်။ သူဟာ တုံ့တုံ့ဆိုင်းဆိုင်း ဖြစ်နေပြီး တစ်ခုခုပြောချင်ပေမဲ့ သူမရဲ့ ဖုန်းမြည်သံ‌ကြောင့် နှောင့်ယှက်ခံလိုက်ရတယ်။

နန်ကောဟာ ဖုန်းကို ထုတ်ပြီး ကြည့်လိုက်တယ်။ ထင်ထားတဲ့အတိုင်း သူမအစ်ကိုဆီက ဖုန်း။

“ကျွန်မ ပြန်သွားရတော့မယ်”

“ဒီမှာ မနေနဲ့တော့။ အောက်ထပ်မှာ ပွဲရှိသေးတယ်။ စောစောပြန်ပြီး‌ နောက်ကျတဲ့အထိ မနေဖို့လည်း သတိရဦး!”

သူဟာ လူနာဖြစ်နေတုန်းဆိုတာကို နန်ကောမမေ့သေးပါဘူးနော်။

“ကောင်းပါပြီ” ရှန်ရန်ချင်းရဲ့ နှုတ်ခမ်းပါးပါးတို့ လှုပ်သွားပြီး သူ့အကြည့်ဟာ သူမအနောက် လိုက်သွားတယ်။

နန်ကောဟာ တံခါးကို ဖွင့်လိုက်တယ်။ အထဲကို မ၀င်ခင် သူမဟာ လှည့်ပြီး ရှန်ရန်ချင်းကို လက်ပြတယ်။ သူမဟာ နှုတ်ခမ်းကို လှုပ်ရုံတင် လှုပ်ပြီး “မြန်မြန်ပြန်တော့!” လို့ အသံမထွက်ဘဲ ပြောလိုက်တယ်။

ရှန်ရန်ချင်းဟာ ရယ်မိသွားပြီး သူမအတိုင်း လက်ပြန်ပြတယ်။ “မင်းလည်း စောစောနားသင့်တယ် တစ်ခုခုလိုရင် ကိုယ့်ကို ခေါ်လိုက်”

လက်ထောက်ယွမ်နဲ့ အတွင်းရေးမှူးတုန်ဟာ အောက်ထပ်မှာ အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြီး စိတ်အားထက်သန်စွာနဲ့ ဆွေးနွေးနေခဲ့ကြတယ်။ နောက်ဆုံး သူတို့ အနောက် လှည့်လိုက်တဲ့အခါ ရှန်ရန်ချင်း ဓာတ်လှေကားထဲကနေ ထွက်လာတာကို တွေ့လိုက်ရတယ်။

“ဥက္ကဌရှန်!”

သူတို့နှစ်ယောက်လုံး အမြန်ထပြီး အရှေ့ကို ပြေးသွားတယ်။

ရှန်ရန်ချင်းဟာ လမ်းလျှောက်လာရင်း ကုတ်အင်္ကျီကို ၀တ်လိုက်တယ်။ သူ့မျက်နှာထားဟာ အရင်ကနဲ့ ဘာမှမကွာဘဲ စိတ်ပူနေပုံ ပေါ်တယ်။

“မင်း မိန်းကလေး နန်ကောနဲ့ စကားအမြန် ပြောပြီးပြီလား။ တကယ်ကြီးလား။ မင်း ပွဲကို ပြန်သွားတော့မလို့လား အခု” လက်ထောက်ယွမ် မေးလိုက်တယ်။

ရှန်ရန်ချင်းဟာ ကြာကြာ ထပ်နေဖို့ မရည်ရွယ်ထားဘူး။ “ငါတို့ ပြန်တော့မယ်လို့ ဥက္ကဌ၀မ်ကို သွားပြောလိုက်။ ပြီးတော့ တစ်ယောက်ယောက်ကို အပေါ်ထပ်ကို အစားအသောက် သွားပို့ ခိုင်းလိုက်ဦး”

သူ ဖျားနေတုန်း မလို့လားတော့ မသိဘူး။ ဒါပေမဲ့ သူ ကိုယ်ရောစိတ်ရော ပင်ပန်းနေပြီ ဖြစ်ပြီး နည်းနည်းလည်း မူးဝေနေတယ်။

“အိုး ဟုတ်ပါပြီ!”

အစားအသောက်က ဘယ်သူ့အတွက်ဆိုတာ ရှန်ရန်ချင်း မပြောခဲ့ဘူးဆိုပေမဲ့ သူတို့နှစ်ယောက် သဘောပေါက်ပြီးသား။

မပြန်ခင် နန်ကျဲ့ သူ့ဝီချက်ကို ဘလော့ ထားလောက်ပြီလို့ ရှန်ရန်ချင်း ထင်ထားပြီးသား ဖြစ်တယ်။ သူ ရိုးရိုးရှင်းရှင်းပဲ ဟိုတယ်ကနေ ဘောပင်တစ်ချောင်းနဲ့ စာရွက်တစ်ရွက်ကို တောင်းပြီး လက်ရေးနဲ့တော င်းပန်စာကို ပြင်ဆင်လိုက်တယ်။ သူ စားပွဲထိုးကို ညစာနဲ့အတူ စာကိုပါ သွားပို့ပေးဖို့ ပြောလိုက်တယ်။

သူ နောက်ရက် လူကိုယ်တိုင် တွေ့ပြီး တောင်းပန်မှာပါ။ ဒါပေမဲ့ သူ ဒီလို မရေးဘဲ မထွက်သွားနိုင်ဘူး။

107 02

မိနစ်၂၀လောက်ကြာတော့ နန်ကျဲ့ဟာ ဆိုဖာပေါ် မှီပြီး လက်တစ်ဖက်ထဲ ပန်းသီးတစ်လုံးနဲ့ ကျန်လက်တစ်ဖက်မှာတော့ ကတ်တစ်ကတ်ကို ကိုင်ထားတယ်။ သူ အကြောင်းအရာတွေကို ခပ်မြန်မြန်လေး စစ်ဆေးကြည့်လိုက်တယ်။

လျှပ်တစ်ပြတ်အတွင်းပဲ သူဟာ ပန်းသီးကို အကြီးကြီး တစ်ကိုက်ကိုက်ကာ ဗလုံး‌ဗထွေးနဲ့ မှတ်ချက်ပေးတယ်။

“ဟန်ဆောင်နေတာ။ သူ သိတာ ဒါပဲ ရှိတယ်”

သူ မမြင်ကွယ်ရာမှာ နန်ကောတစ်ယောက် ဆွံ့အစွာပဲ မျက်လုံးတွေကို လှည့်မိတယ်။

“သူက နင့်ကို လူကိုယ်တိုင် တောင်းပန်မယ်ဆိုပြီး အပြင်မှာ စောင့်နေခဲ့တာ။ အခုချိန် သူ့ကို တွေ့ရတာ နင်ပိုပြီး စိတ်အဆင်မပြေ ဖြစ်မှာစိုးလို့ ငါ သူ့ကို အရင်ပြန်ခိုင်းလိုက်တာ”

နန်ကောဟာ ရှန်ရန်ချင်းအတွက် အသနားခံ ပြောပေးတယ်။ “သူ နင့်ကိုလည်း လန့်သွားပြီး သူ့ကိုယ်သူ အပြစ်တင်နေတာ အစ်ကို စိတ်မဆိုးနဲ့တော့”

“ပြီးတော့ ကြည့်ဦး။ သူ့စိတ်သဘောထားလေးက ရိုးသားတယ်။ ငါ သူ့ကို တန်းပြန်ဖို့ ပြောထားတာကို ပြန်လှည့်လာပြီး အစားအသောက်နဲ့ တောင်းပန်စာ ပို့လိုက်သေးတယ်”

အခြားဟာ အသာထားဦး။ အသေးစိတ်ကျတာနဲ့ ကျင့်၀တ်ရှိတာမှာ ရှန်ရန်ချင်းဟာ တစ်ခါမှ လစ်ဟင်းတာမျိုး မရှိဘူး။ သူမဘ၀မှာ ရှန်ရန်ချင်းအပြင် အရမ်းထည့်သွင်း စဉ်းစားပေးတတ်တဲ့ လူမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး။

“နင် ဘယ်အချိန် အားလဲ။ ငါတို့ ဒီမှာလည်း ရတယ်။ ကျန်းမြို့မှာလည်း ရတယ်။ သူ နင့်ကို ညစာ လိုက်ကျွေးချင်နေတယ်။ ဟုတ်ပြီလား”

“ငါ့ပုံစံက အလကားတစ်နပ် စားရဖို့ အရေးကို အသည်းအသန် ဖြစ်‌နေလို့လား” နန်ကျဲ့ဟာ သူ့လက်ထဲက စာရွက်ကို စားပွဲပေါ် ပစ်လိုက်တယ်။ “ငါ့ပုံစံက ငါ့ဟာငါ ၀ယ်မစားနိုင်တဲ့ပုံ ပေါ်နေလို့လား။ ငါက ဘာလို့ လုပ်ပေးရမှာလဲ”

“သူ နင့်ကို တောင်းပန်ချင်ပါတယ်ဆို...”

“ခေါင်းမာနေတာ။ ရပ်လိုက်ပါတော့”

ဒီလိုမျိုး ဆက်ဖြစ်သွားလို့ မရဘူးဆိုတာ နန်ကော ခံစားမိတယ်။ အခု သူမအစ်ကိုဟာ ခေါင်းမာပြီး ကျိုးကြောင်းဆီလျော် မနေဘူး။ သူမ သူ့ကို အချိန်ခဏလောက်တော့ ကိုင်တွယ်လို့ မရနိုင်လောက်သေးဘူး။

ခဏလောက် စဥ်းစားကြည့်ပြီးတဲ့နောက် သူမ အမြန်လေး ဗျူဟာကို ပြောင်းလိုက်တယ်။ “အစ်ကို နင် ငါတို့နှစ်ယောက် ကွဲတာကို တကယ်ကြီး ကြည့်နေနိုင်တာတော့ မဟုတ်ပါဘူးနော်။ ဒါ ငါ့ဘ၀မှာ ပထမဆုံးအကြိမ် ငါ ကြိုက်တဲ့လူကို တွေ့ဖူးတာပါ”

“နင် တကယ်ကြီး နင့်ချစ်စရာ ညီမလေး တစ်ယောက်တည်း‌ သေသွားမှာကို မြင်ချင်နေတာတော့ မဟုတ်ဘူးမလား”

ဒါကို ကြားတော့ နန်ကျဲ့ဟာ ပန်းသီး ကိုက်နေတာကို ရပ်ပြီး မျက်မှောင် ကြုတ်ကာ သူမကို ကြည့်လာတယ်။

ဘာတုန်း ဒါက။သူမ ၀မ်းနည်းစရာ ကောင်းတဲ့ ဇာတ်လမ်းတွဲထဲ ရောက်နေသလိုမျိုး စပြီး သရုပ်ဆောင်နေတာလား။

ဘာလို့ သူမ သူ့ကို ကိုယ်ကျင့်တရားနဲ့ ကိုင်ပေါက်ပြီး ခြိမ်းခြောက်နေသလိုမျိုး ခံစားရတာပါလိမ့်။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ သူ တစ်ခါမှ သူမရဲ့ ခံစားချက်တွေကို မမေးခဲ့ဖူးဘူးဆိုတာ နန်ကျဲ့ ရုတ်တရက်ကြီး မှတ်မိသွားတယ်။

နောက်ကွယ်မှာတော့ သူဟာ တကယ်ကို ဗီလိန်ကြီးလို ဖြစ်နေခဲ့တာကို နန်ကျဲ့ ခံစားလိုက်ရတယ်။ သူ ရက်စက်တဲ့ မိထွေးရဲ့ ဇာတ်ညွှန်းကိုပါ ယူလိုက်သေးတာ။

ဒါကို စဉ်းစားမိလိုက်တဲ့အခါ သူ မျက်နှာထားကို တည်လိုက်ပြီး ပန်းသီး စားနေတာကို ရပ်လိုက်တယ်။ မျက်နှာမှာ တည်ကြည်လေးနက်တဲ့ အမူအရာနဲ့အတူ ချိတ်ထားတဲ့ သူ့ခြေထောက်တွေကို ချလိုက်တယ်။

“ပြောစမ်းပါဦး ရှန်ရန်ချင်းက ဘာတွေ အဲလောက် ကောင်းနေလို့လဲ။ နင် ဘာလို့ သူ့ကို အရမ်းစွဲလန်း နေရတာလဲ။ နင် သူ့အကြောင်းကို နှစ်တွေ အကြာကြီး တွေးနေဖို့အထိ လိုလို့လား”

နန်ကောဟာ သူ့မေးခွန်းကြောင့် ရုတ်တရက် ကြောင်သွားတယ်။

အတော်လေး ကြာတော့မှ သူမ ပြန်ဖြေလိုက်တယ်။ “တကယ်တော့ အစက ငါလည်း သူ့ကို အခြားလူတွေလိုမျိုးပဲ ပုံသေ မှတ်ခဲ့တာ။ နင်ထင်သလိုပဲ သူက လူကောင်း မဟုတ်ဘူးလို့ ထင်ခဲ့တာ”

“ဒါပေမဲ့ သူနဲ့ ပြောဆိုဆက်ဆံ ပြီးတဲ့နောက် အဲဒီလို မဟုတ်ဘူးဆိုတာကို ငါ သိလိုက်ရတယ်။ လူတစ်ယောက်က ၁ခါ၊၂ခါလောက်တော့ သူတို့ကိုယ်သူတို့ ကောင်းကောင်း ရုပ်ဖျက်ထားနိုင်ပြီး လက်သည်းတွေ မထုတ်ပြမိအောင် နေနိုင်ပါတယ်။ ဒါပေမဲ့ သူက ကျတော့ အချိန်အကြာကြီး ပုံမှန်လိုပဲ ထိန်းထိန်းသိမ်းသိမ်း ရှိပြီး ယဉ်ကျေးတာ ငါ့အရှေ့မှာတင် မဟုတ်ဘူး”

107 03

“တကယ်တော့ ငါ သူနဲ့ ပတ်သက်ပြီး ဘာကို ကြိုက်လဲဆိုတာ ငါလည်း မသိဘူး။ သူ့ရုပ်ရည်လား။ အကျင့်စရိုက်လား။ ငါ‌ သေချာ မပြောနိုင်ဘူးရယ်”

“အော် ငါခံစားမိတာက ငါသာ သူ့ကို လက်လွှတ် လိုက်ရမယ်ဆိုရင် ဒီကမ္ဘာမှာ သူ့ကို ယှဉ်နိုင်တဲ့ အစားထိုးမျိုး ကျိန်းသေပေါက် ထပ်မရှိ‌တော့ဘူးဆိုတာဘဲ”

“အနာဂတ်မှာ ရှန်ရန်ချင်းက ဆိုးပြီး ငါ့ကို နာကျင်စေတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါက အထင်သက်သက်ပဲ ရှိတာ။ ဒါ တကယ် ဖြစ်လာမလားဆိုတာ နင်ရော ငါရော မသိဘူးလေ”

“အဲဒါကို ငါတို့ သူ့ကို ပုံသေမှတ်ပြီး ဆုံးဖြတ်တာက တရားပါ့မလား”

“ပြီးတော့ တကယ်လို့ ရလဒ်က ကျေနပ်စရာ မကောင်းဘူးဆိုရင်တောင် ငါ တည်တည်ငြိမ်ငြိမ်ပဲ လက်ခံနိုင်တယ်”

“နင်တို့အားလုံး ငါ့ကို ရူးမိုက်ပြီး တုံးအတယ်လို့ ထင်ကြတာကို ငါသိတယ်။ ငါ ဘာကိုမှ ကောင်းကောင်း မလုပ်နိုင်ဘဲ ဘာကိုမှလည်း မသိဘူး။ ဒါပေမဲ့ အစ်ကို ငါ တကယ်ကို ကလေး မဟုတ်တော့ဘူး...”

“ငါ တုံ့ဆိုင်းမှု မရှိဘဲ ဟိုက်တက္ကသိုလ်ကို လျှောက်တုန်းက နင် ငါ့ကို ခြွင်းချက်မရှိ ပံ့ပိုးပေးခဲ့တယ်။ ငါ့ကို ထပ်ပြီး ယုံကြည်ပေးပါ”

သူမစကား ဆုံးတာနဲ့ အသက်ရှူ အောင့်ကာ နန်ကျဲ့ကို မဝံ့မရဲနဲ့ ကြည့်လိုက်တယ်။

ဧည့်ခန်းဟာ တိတ်ကျသွားတယ်။ တိတ်ဆိတ်လွန်းလို့ နန်ကျဲ့ရဲ့ အသက်ရှူသံကိုသာ ကြားနေရတယ်။

အချိန်အကြာကြီး ကြာသွားပြီး နောက်ဆုံးမှာတော့ ဆိုဖာပေါ်က လူဟာ လှုပ်လာကာ သူမကို လှမ်းကြည့်တယ်။

သူ ကြည့်နေတာကို ခံစားမိတော့ နန်ကော အလိုလို လက်သီး ဆုပ်လိုက်မိတယ်။ သူမ လှုပ်ဖို့ကို အရမ်းစိတ်လှုပ်ရှား နေခဲ့တယ်။

သူမအစ်ကိုကို သူမ အတည်ပေါက်ကြီး လေးလေးနက်နက်နဲ့ စကားပြောတယ်ဆိုတာ ရှားတယ်။ အရင်က သူမတို့နှစ်ယောက်ဟာ အမြဲ စစနောက်နောက်နဲ့ပဲ ပြောဆိုခဲ့ကြတာ။

ရုတ်တရက် လေးနက်လာတာကို နန်ကော ကျင့်သားမရဘူး။

သူမ လွန်ခဲ့တဲ့၂နှစ် တက္ကသိုလ်၀င်ခွင့် စာမေးပွဲဖြေပြီးတုန်းက နွေရာသီကို ပြန်ရောက်သွားသလိုပဲ။

အဲဒီတုန်းကလည်း ဖုန်းတစ်ဖက်မှာ သူမရဲ့စကားတွေကို ကြားပြီးတဲ့နောက် သူမအစ်ကိုဟာ အကြာကြီး ဘာအသံမှ ထွက်မလာဘူး...။

သူမ ဖုန်းကို စိုးရိမ်တကြီးနဲ့ ကိုင်ထားပြီး သူမမိဘတွေလိုမျိုး သူမအစ်ကိုဟာလည်း သူမရဲ့ဆန္ဒတွေကို မကောင်းမြင်မှာကို ကြောက်နေခဲ့မိတယ်။

နောက်ဆုံးတော့ ဒီလွန်ကဲတဲ့ ညှင်းပန်းနှိပ်စက်မှုကြီးနဲ့ ရှည်လျားလွန်းလှတဲ့ မိနစ်တွေဟာ ရုတ်ချည်း အဆုံးသတ်သွားပြီ။

နန်ကျဲ့ဟာ ရုတ်တရက် သူမကို ခေါ်တယ်။ “ဒီကို လာ”

နန်ကောဟာ မျက်တောင် ခတ်ကာ စကားနားထောင်ပြီး အနားကို လျှောက်သွားတယ်။

တစ်ယောက်က ထိုင်နေပြီး တစ်ယောက်က မတ်တပ်ရပ်နေတယ်။ စက္ကန့် အနည်းငယ်လောက် တစ်ယောက်နဲ့ တစ်ယောက် အသံတိတ် ကြည့်နေခဲ့ပြီးတဲ့နောက် နန်ကျဲ့ဟာ ထပြီး သူမကို ဖက်လိုက်တယ်။ သူဟာ သူမခေါင်းလေးကို ပွတ်ပေးတယ်။ “ငါ့နန်ကောလေးကို တုံးတယ်လို့ ဘယ်သူ ပြောလဲ။ ငါ တစ်ခါမှ အဲလိုမထင်ခဲ့ပါဘူး...”

******

All Chapters