← Chapters

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း ၁၀၈

Vol. 11 Ch. 108

108 01

Chapter 108 ၂၅၀မှတ်။

နန်ကျဲ့ဟာ နန်ကောကို ဒီလိုမျိုး ဆုံးဖြတ်ဖို့ကို တစ်ခါမှ မတွေးဖူးဘူး။ ဒါ သူ့ညီမလေးလေ။

ဘယ်လောက်ပဲ သူမနဲ့ ရန်ဖြစ်ပြီး နေ့တိုင်း ပြဿနာ တက်ပါစေ။ အကုန်လုံးက စတာ ပြောင်တာ သက်သက်ပဲ။ မောင်နှမနှစ်ယောက်လုံးဟာ နှစ်တွေအကြာကြီး ဒီလိုမျိုးပဲ ရှိလာတာ။ သူမ တစ်ခါတလေ သူ့ကို စတဲ့အခါ သူ စိတ်ဆိုးချင်ဟန် ဆောင်ပေးရုံပဲ ရှိတာ။ တကယ်ကြီး စိတ်ထဲမထားပါဘူး။

တကယ်တော့ သူတို့ အချင်းချင်း စနောက်ကြတာ။ အစ်ကိုကြီးတစ်ယောက်အနေနဲ့ သူ့ညီမလေးကို ဘယ်လိုလုပ် တကယ်ကြီး အထင်အမြင်သေး နိုင်ပါ့မလဲ။

ပုံမှန်ဆို သူ သူမကို အချစ်တွေ အများကြီး ပေးထားပြီး ကာကွယ်တာပါ။

“ရော့ရော့ အခြားလူတွေဆီ ဘယ်လိုနည်းနဲ့မှ သိမ်ငယ်စရာမလိုဘူး။ နင်က ထူးချွန်တယ်။ အဲဒီလိုမျိုး ဟိုက်တက္ကသိုလ်ကို ၀င်ခွင့်ရတဲ့လူ နင် မြင်ဖူးလို့လား”

“ငါ အရင်က ကြမ်းကြမ်းတမ်းတမ်းတွေ ပြောခဲ့မိရင် ငါ နင့်ကို တောင်းပန်ပါမယ်။ ငါ နင့်ကို စရုံစနေခဲ့တာ ငါ အဲလိုတွေ ထပ်မပြောတော့ဘူး”

“ငါက ဒီတိုင်း ပြောရုံပဲဆိုတာ နင်လည်း သိပါတယ်။ နင် ငယ်ငယ်ကတည်းက ငါ့နောက် တကောက်ကောက် လိုက်နေခဲ့တာပဲ။ ငါ နင့်ကို ဘယ်တုန်းက အပြစ်တင်ခဲ့ဖူးလဲ”

“ငါ တကယ် နင့်ကို တစ်ခါမှ အထင်မသေးဖူးဘူး။ ဘာတွေပဲ ဖြစ်နေ ဖြစ်နေ ငါ့မျက်လုံးထဲ နင်အတော်ဆုံးပဲ။ ဒီလောက်နှစ်တွေ ကြာနေပြီ။ ငါ ဘယ်လို လူလဲဆိုတာ နင် မသိဘူးလား။ ငါက ပြောရုံပဲ ရှိတာပါ”

“တကယ်ပြောတာ ရော့ရော့ နင်က တကယ်တော်တယ်။ ငါ ညီမလေး ရတော့မယ်ဆိုတုန်းက ဘယ်လောက်တောင် ပျော်သွားလဲဆိုတာ နင် မသိဘူး”

“ဒီနှစ်တွေထဲ ငါ နင်က လွဲပြီး အခြားဘယ်သူ့ကိုမှ အမွှမ်းမတင်ဖူးဘူး။ နင်က ငါ့မာန။ နင်က ငါ့အတွက် လက်ဆောင်ပဲ”

“ဘာတွေပဲ ဖြစ်နေ ဖြစ်နေ နင်က ငါ့ရင်ထဲ အရေးပါဆုံးပဲ”

“ပြီးတော့ နင်ငယ်ငယ်က ငါ့ကြောင့် အဖိုးနဲ့ အဖွားဆီက အနိုင်ကျင့် ခံခဲ့ရတယ်။ ဒါကိုလည်း ငါ ကောင်းကောင်းသိတယ်။ ငါ အမြဲ ငါ့ကိုယ်ငါ အပြစ်တင်နေခဲ့တာ”

သူ ငယ်ငယ်တုန်းက သူ့မိသားစု ဘယ်လောက် ချမ်းသာလဲဆိုတာ သူ မသိဘူး။ သူ့မိဘတွေဟာ သူတို့မိသားစု ဘယ်လောက် ချမ်းသာလဲဆိုတာ သူ့ကို တစ်ခါမှ မပြောပြခဲ့ဘူး။ ဒါပေမဲ့ သူ့အဖိုးဟာတော့ အမြဲ သူက မြေးအကြီးဆုံး ဖြစ်ပြီး မိသားစုထဲမှာ ရှိတဲ့အရာအားလုံးဟာ အနာဂတ်မှာ သူ့အပိုင်တွေ ဖြစ်လာမှာလို့ ပြောလေ့ရှိတယ်။ မိသားစုစီးပွားရေးက ဘာလဲဆိုတာ သူ ပုံတွေတောင် ရှာလာပြီး ပြောပြတတ်တယ်။

သူတို့ပါးက ဒီလုပ်ငန်းကို လက်လွှဲယူထားတာ ကြာပြီဆိုပေမဲ့ မိသားစုစီးပွားရေးတော့ ဖြစ်နေတုန်းပဲလေ။ သူတို့ဦးလေး၂ယောက် ရှိသေးသလို သူတို့အဖိုးမှာလည်း ရှယ်ယာတွေ ရှိသေးတယ်။

သူ ဆယ်ကျော်သက် မရောက်ခင်အထိ သူဟာ အမြဲ လွတ်လပ်ပြီး ချုပ်ချယ်ခံရတာမျိုး မရှိခဲ့ဘူး။ သူဟာ လုံး၀ မိသားစုစီးပွားရေးကို စိတ်မ၀င်စားခဲ့ဘူး။

အဲ့အချိန်တုန်းက သူဟာ လမ်းလွှဲပြီး သိပ်မထင်ရှားတဲ့ အဖွဲ့အစည်းတွေမှာ စာရင်းသွင်းချင်ခဲ့တယ်။ အဲ့လိုမှ လူအိုကြီး သူ့ကို မထိန်းချုပ်နိုင်မှာလေ။

အခုထိတောင်မှ သူအမြဲ ရင်းနှီးမြှုပ်နှံမှု အသေးစားလေးတွေ လုပ်တတ်တယ်။ လူအိုကြီးရဲ့ မျက်လုံးထဲ အဲဒါတွေအားလုံးဟာ သာမန်ပဲ ဖြစ်ပြီး အရေးမပါဘူး။ ဒါပေမဲ့ သူတို့မိသားစု စီးပွားရေးနဲ့ ယှဥ်တဲ့အခါ သူ အဲဒါတွေကို ပိုနှစ်သက်တယ်။ ဒါ သူ လိုချင်ခဲ့တာ ဖြစ်တယ်။

အဆုံးမှာ ဘာလို့ လူအိုကြီး စီစဉ်ထားတဲ့အတိုင်း လိုက်နာရလဲဆိုတာကတော့ အဲဒါဟာ နန်ကောနဲ့ နည်းနည်း ပတ်သက်နေတယ်။

အဲဒီတုန်းက နန်ကောက တကယ်လွယ်လွယ်နဲ့ လစ်လျူရှုခံရတယ်။

သူ့မိဘတွေရဲ့ အခြေအနေနဲ့ဆို လူအိုကြီးရှေ့မှာ တစ်ခုခု ပြန်ပြောဖို့ ခက်ခဲတယ်ဆိုတာကို သူသိတယ်။

သူ ငယ်ငယ်တုန်းက သူအမြဲ လွတ်လွတ်လပ်လပ်ပဲ ပြောဆိုခဲ့တာ။ သူ ကြီးလာပြီးတဲ့နောက်‌ လူအိုကြီးသာ သူ့ကို လက်လျှော့ပြီး သူ့၀မ်းကွဲကို ဥက္ကဌနေရာ ပေးလိုက်ရင်လည်း သူ စိတ်ထဲ မထားဘူး။ သူ ဥက္ကဌ ဖြစ်မလာဘူး ဆိုရင်တောင်မှပဲ သူ့ဦးလေးတွေနဲ့ အဒေါ်တွေက သူ့ကို မျက်နှာသာ ပေးနေဦးမှာပဲ။ သူဟာ မျက်နှာသာပေးခံရတဲ့ မြေးအကြီးဆုံး ဖြစ်နေဦးမှာပဲ။ ဒါပေမဲ့ နန်ကော ကျတော့ရော။

108 02

သူ့ပါးမှာ နူးညံ့သိမ်မွေ့တဲ့ အကျင့်စရိုက်ရှိပြီး ၀တ်ကြီး၀တ်ငယ် အလုပ်ပေးတတ်ဆုံး သားအကြီးဆုံး ဖြစ်တယ်။ သူ့မားက ချွေးမလေ။ သူမပါးစပ်က ထွက်ရင် တစ်ချို့စကားလုံးတွေက အမြဲအမှတ်အသား ကျန်နေခဲ့မှာပဲ။ ဒါပေမဲ့ သူကတော့ ကွဲပြားတယ်။

ဒါကြောင့် သူ စဉ်းစားမိခဲ့တယ်။ သူသာ နန်ကောကို အိမ်မှာ တန်းတူညီမျှ ဆက်ဆံ ခံ‌ရစေချင်ရင် ရှုထောင့်အားလုံးကနေ မိသားစုထဲ သူပြောခွင့်ဆိုခွင့် ရှိဖို့လိုတယ်။

သူ အရာအားလုံးကို ထိန်းချုပ်ပြီး သူ့ဦးလေးတွေ၊ အဒေါ်တွေနဲ့ ၀မ်းကွဲတွေကို ယဉ်ပါးအောင် လုပ်နိုင်နေသရွေ့ သူ မရှိလည်း နန်ကောကို ဘယ်သူမှ အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး။

ဒီမိသားစုထဲ နန်ကောကို ပြောခွင့်ဆိုခွင့် ရှိအောင် သူ လုပ်ပေးရမယ်။

အနာဂတ်မှာ နန်ကော လက်ထပ်တဲ့အချိန်ပါ ပါတာပေါ့။ သူ သူမကို ယုံကြည်ချက် ပေးရမယ်။

နန်မိသားစုထဲ အချစ်မခံရတဲ့ ဘာမြေးမလေးမှ မရှိဘူးဆိုတာ သူ လူတိုင်းကို သိစေချင်တယ်။

“နင့်ကို ငါ ဘယ်လိုနည်းနဲ့မှ ဆိုးတယ်လို့ မထင်ခဲ့ဖူးဘူး ငါ နင့်ကို လုံလောက်အောင် ကောင်းကောင်း မဆက်ဆံမိမှာကိုပဲ စိုးရိမ်ခဲ့တာ”

“ငါ နင်ကလေး မဟုတ်တော့ဘူး ဆိုတာကို သိတယ်။ ဒါပေမဲ့ ငါ နင့်ကို အရမ်းစိတ်ပူနေရတုန်းပဲ။ အထူးသဖြင့် ဆက်ဆံရေးတွေနဲ့ ပတ်သက်လာရင်”

“နင် လှည့်စားခံရမှာ၊ အနိုင်ကျင့်ခံရမှာ၊ အစားထိုးခံရမှာကို ငါ တကယ်စိုးရိမ်တယ်”

“အထူးသဖြင့် တစ်ဖက်လူက နင့်ထက် ပိုအသက်ကြီးနေရင် သူ နင့်ခံစားချက်တွေကို ကစားသွားမှာကို ငါစိုးရိမ်တယ်”

“နင့်လက်လွှတ်ဖို့ဆို တစ်ဖက်လူကို ငါ စည်းမစောင့်ဘဲ လူဆိုး အဖြစ်ခံပြီး စစ်လို့ ရတယ်။ ဒါပေမဲ့ အဲဒါပြီးတော့ရော...နင် တကယ်သာ နာကျင်သွားရင် ငါ ဘာပဲ လုပ်လုပ် ငါ ကိစ္စတွေကို ပြန်ပြောင်းလဲနိုင်တော့မှာ မဟုတ်ဘူး”

“ဒါပေမဲ့ ငါ နင်နဲ့ အတည်စကား ပြောချင်သေးတယ်။ နည်းနည်းပါးပါး စစ်ဆေးပြီးတဲ့နောက်မှာပေါ့။ ငါ့လောက် မချောတာနဲ့ အသက်ကြီး နေတာကို ဖယ်ထားလိုက်ရင် လက်ရှိမှာတော့ ရှန်ရန်ချင်းက ချို့ယွင်းချက် မရှိဘူး”

အနာဂတ်မှာရော ရှန်ရန်ချင်း အခုလိုပဲ ဖြစ်နေမလားဆိုတာ သူ မသေချာဘူး။ ဒါပေမဲ့ အခုထိ ကြာလာပြီးတဲ့နောက် သူ့အမြင်မှာတော့ ရှန်ရန်ချင်းဟာ သေချာပေါက် သင့်တော်တယ်။

ဧည့်ခံပွဲရယ် ဘာရယ်လို့ မဟုတ်ဘဲ သူဟာ တကယ်ကြီး ဟန်ဆောင် ယဥ်‌ကျေးနေတာ မဟုတ်ဘူး။ သူ ပြထားတာက သူ့ရဲ့ တကယ့်ပုံစံအမှန်ပဲ။

သူ ၀န်မခံချင်ဘူးဆိုပေမဲ့လည်း အဲဒါက အမှန်တရားပဲ။

သူက တည်ငြိမ်ပြီး စဉ်းစားဆင်ခြင် တတ်တယ်။ နှိမ့်ချတတ်ပြီး ယဉ်ကျေးတယ်။ သူ့စကားတွေပဲ ဖြစ်ဖြစ် အပြုအမူတွေပဲ ဖြစ်ဖြစ် သူပြထားတဲ့ အပြုအမူတွေဟာ သာမန်လူတွေ လုပ်လို့ရတာမျိုး မဟုတ်ဘူး။

သူ့လိုမျိုး အင်အားကြီးတဲ့မိသားစုက လာတယ်ဆိုပေမဲ့ ရှန်ရန်ချင်းက လုံး၀ပိုပြီး ယဉ်ကျေးမှုရှိတယ်။

သူဟာ နှစ်၁၀၀လောက် ကြာနေတဲ့ အဆောက်အအုံထဲက ခန်းမကြီးထဲ ဖြတ်သွားတဲ့ လေညင်းလေးလိုပဲ။ သူဟာ အရမ်းထူးပြီး သာလွန်နေတာမျိုးလည်း မဟုတ်ဘူး။ ဒါပေမဲ့ သူ့မှာ ယုံကြည်ချက်အပြည့် ရှိတယ်။ သူဟာ မမောက်မာသလို စိတ်လည်း ရှည်တယ်။ သူဟာ တည်ငြိမ်ပြီး အထင်ကြီးစရာ ကောင်းတယ်။ လူတိုင်းဟာ မနေနိုင်ဘဲ သူ့ကို မြှောက်ပင့်ချီးကျူး ကြရတယ်။

ရှန်ရန်ချင်းဟာ တကယ်ကိုပဲ သူ့ထက် နည်းနည်းလေး ပိုကောင်းပါတယ်။ ဒါပေမဲ့ အဲလောက်ပဲနော်။

“တကယ်တော့...ငါ နင်တို့ တွဲနေတာကို မတားပါဘူး” ဒါပေါ့။ သူတားလို့လည်း ရမှာ မဟုတ်ဘူး။

သူ အများကြီး ပြောလိုက်တာကြောင့် ဒါမှမဟုတ် အနာကို မတော်တဆ ဆွလိုက်မိတာကြောင့်လည်း ဖြစ်နိုင်တယ်။ နန်ကျဲ့ရဲ့ မျက်နှာဟာ ရုတ်တရက် နည်းနည်း နာလာတယ်။ ဘာလို့ အရမ်းနာနေရလဲ စဉ်းစားရင်း သူ့မျက်နှာပေါ်က အနွေးဓာတ်ဟာ ပျောက်သွားတယ်။

ဒါကြောင့် သူ စကားလမ်းကြောင်း လွှဲလိုက်တယ်။ “ဒါပေမဲ့ သူ ဒီနေ့နည်းနည်း ကမူးရှူးထိုး ဆန်တယ်။ ငါအမှတ်တွေအများကြီး နုတ်ရမယ်!”

စကားဆုံးတာနဲ့ သူ နန်ကောကို ဝေးဝေး တွန်းလိုက်ပြီး ဒေါသ ထွက်ထွက်နဲ့ နောက်ကျောကို လက်နဲ့ ထိလိုက်တယ်။

နန်ကော “.....”

သူမ ငိုတော့မလို့လေ။ သူမခံစားချက်တွေ အဆင်သင့် ဖြစ်နေခဲ့ပြီလေ။ ဘာလို့ သူ့စရိုက်က ရုတ်တရက် ၁၈၀ဒီဂရီတိတိ ပြောင်းလဲသွားရတာလဲ။

108 03

ပိုဆိုးတာက သူ့ကြည့်ရတာ လူမိုက်လိုပဲ။ လွန်ခဲ့တဲ့ တစ်စက္ကန့်လေးကပဲ သူ ရှန်ရန်ချင်းအကြောင်းပြောတော့ ရှန်ရန်ချင်းကို လူကောင်းဆိုပြီး ပြောခဲ့ပြီးတော့!

နောက်တစ်စက္ကန့်ကျ ဘာလို့ ချက်ချင်း ရှန်ရန်ချင်းကို ဆန့်ကျင် လိုက်ရပြန်တာလဲ။

ဘာလို့ ဒီလူ မျက်နှာအမျိုးမျိုး ပြောင်းနိုင်တာလဲ။

“ငါ နင်နဲ့ ထပ်ပြီး ပျော့အိပျော့အိ လုပ်မနေနိုင်တော့ဘူး။ ငါ ပင်ပန်းနေပြီ၊ ဧည့်ခန်းထဲက ကြမ်းပြင်မှာ နင့်ဟာနင် အိပ်လို့ရတယ်” နန်ကျဲ့ဟာ အနောက်လှည့်ပြီး ထွက်သွားဖို့ လုပ်တယ်။ သူဟာ စိတ်တိုနေတာမို့ စားချင်စိတ် မရှိဘူး။

“နိုး အစ်ကိုကြီး မသွားနဲ့ဦး!”

နန်ကောဟာ သူ့လက်မောင်းကို ကိုင်ပြီး ဖက်ထားလိုက်တယ်။ “အနည်းဆုံးတော့ နင်ဘယ်နှစ်မှတ်နုတ်လိုက်လဲဆိုတာ ပြောပြသွားဦးလေ သူအောင်လားဟင်”

ရှန်ရန်ချင်းကို ကူညီဖို့ သူမ နည်းလမ်း စဉ်းစားကြည့်နိုင်ပါတယ်။

“ငါ့ဖင်ကို အောင်လေ” နန်ကျဲ့ဟာ မျက်လုံးတွေကို လှည့်လိုက်တယ်။ “သူ ငါ့ဆီမှာ ၅၉-၅ မှတ်ပဲ ရထားတာ။ နောက်ကျတော့ နင့်ကြောင့် ငါ သူ့ကို အအောင်ပေးဖို့ ၀.၅ ထပ်တိုး ပေးလိုက်တယ်။ ငါ ဒီနေ့ သူနဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ဒီကို လာတာ။ အဆုံးကျတော့ လက်သီးလေး တစ်ချက်နဲ့ သူ ချက်ချင်း အမှတ်၂၅၀လောက် လျော့သွားပြီ”

နန်ကော “.....”

******

All Chapters