← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

109 01

Chapter 109 ငါ့အနာဂတ်ယောက်ဖလောင်း။

ဒီလိုနဲ့ပဲ နန်ကျဲ့ နန်ကောကို ဧည့်ခန်းထဲမှာ ထားခဲ့ကာ အနားယူဖို့အတွက် အိပ်ခန်းအကြီးထဲ ပြန်သွားတယ်။

နန်ကောကို ဧည့်ခန်းထဲ နေပြီး ကြမ်းပြင်ပေါ်မှာ အိပ်ဖို့ သူပြောခဲ့ပေမဲ့ တကယ်တော့ နန်ကောအတွက် ဧည့်သည်ခန်း ကျန်ပါသေးတယ်။

အခန်းထဲကို ပြန်ရောက်တော့ နန်ကျဲ့ တံခါးကို လော့ချကာ အိပ်ရာဆီ အမြန်သွားတယ်။ သူ လက်တစ်ဖက်နဲ့ အားသွင်းကြိုးကို ယူလိုက်ပြီး ကျန်တစ်ဖက်နဲ့ အိတ်ကပ်ထဲက ဖုန်းကို ထုတ်လိုက်တယ်။

အိပ်ရာပေါ် ထိုင်ချရင်း သူ ဖုန်းကို လော့ဖြည်ကာ ဝီချက်ထဲ ၀င်လိုက်တယ်။

ဘလော့ထားတဲ့စာရင်းထဲ မွှေပြီးတဲ့နောက် ရှန်ရန်ချင်းရဲ့ ဖုန်းနံပါတ်၂ခုလုံး သူ ဖျက်ထားတာကို သတိရသွားတယ်။

အော် ဟုတ်သားပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ် ဒါဟာ ဥက္ကဌနန်အတွက် ပြဿနာတစ်ခု မဟုတ်ဘူး။ သူ အတွင်းရေးမှူးကို ဆက်သွယ်လိုက်တယ်။

“မင်း အောက်မှာ ရှိတုန်းပဲလား”

“ဟုတ်ပါတယ် ဥက္ကဌနန် ကျွန်တော် ဘာလုပ်ပေးရမလဲ”

ဧည့်ခံပွဲဟာ မပြီးသေးတာကြောင့် နန်ကျဲ့ သူ့အတွင်းရေးမှူးကို ကြည့်ဖို့ ထားခဲ့တာ။

“ရှန်ရန်ချင်းကို အခု ချက်ချင်းရှာ။ သူ ခန်းမထဲ ပြန်ရောက်လောက်ပြီ တစ်ချက် ကြည့်ကြည့်”

“ဟုတ်ပါပြီ ဥက္ကဌနန်”

၁မိနစ်၊၂မိနစ်လောက်ကြာတော့ အတွင်းရေးမှူးဆီက အသံထပ်ထွက်လာတယ်။ “ကျွန်တော် ဥက္ကဌရှန်ကို တွေ့ပြီ။ သူ ပြန်တော့မယ် ထင်တယ်”

“ကောင်းတယ် သူ့ကို ငါ့လုပ်ငန်းကတ် ပေးလိုက်။ ပြီးတော့ ၂မိနစ်အတွင်း ငါ့ကို ဖုန်းခေါ်လို့။ သူ ၂မိနစ်အတွင်း မခေါ်ရင် တစ်ယောက်တည်း အထီးကျန်ပြီး သေဖို့သာ ပြင်ဆင် ထားလိုက်တော့လို့ သူ့ကို ပြောလိုက်!”

အဲဒါကို ပြောပြီးတော့ နန်ကျဲ့ဟာ ဖုန်းချမလို့ လုပ်လိုက်တယ်။

ဒါပေမဲ့ အတွင်းရေးမှူးဟာ သူ့ကို အချီန်မှီ တားလိုက်တယ်။ “ခဏလေး ဥက္ကဌနန်! ဥက္ကဌရှန် ကြည့်ရတာ တစ်ခုခု ဖြစ်နေသလားလို့”

“တစ်ခုခု ဖြစ်နေတာ” နန်ကျဲ့ဟာ အရမ်းကြီး တွေးမနေဘူး။ သူ ဆေးလိပ်တစ်လိပ် ထုတ်ပြီး မီးညှိလိုက်တယ်။ သူ့အသံဟာ မရှင်းမလင်းနဲ့ “ဘာလဲ။ သူ လမ်းလျှောက်ရင်းနဲ့ တံခါးကို ၀င်တိုက်မိလို့လား”

အတွင်းရေးမှူးရဲ့ နှုတ်ခမ်းဟာ ခပ်ကြမ်းကြမ်း တွ့န်သွားတယ်။ “မဟုတ်ဘူး ဥက္ကဌ၀မ် ဘာပြောလိုက်လဲတော့ မသိဘူး။ ဥက္ကဌရှန် ကြည့်ရတာ နည်းနည်း ဒေါသထွက်နေသလိုပဲ...ငါလူး!”

“ဘာဖြစ်တာလဲ။!” နန်ကျဲ့ ရင်ထဲ တင်းခနဲဖြစ်သွားတယ်။

အတွင်းရေးမှူးတစ်ယောက်အနေနဲ့ သူဟာ စည်းကျော်တတ်တဲ့လူမျိုး မဟုတ်ဘူး။ သူဟာ သူ့ဘေးမှာ ရှိလာတာ ကြာပြီဖြစ်ပြီး ပုံမှန်ဆို ဒီလိုလေသံမျိုးကို မသုံးပါဘူး။

အခု သူ သတိလက်လွတ် ဆဲမိသွားပြီး အထိတ်တလန့် ဖြစ်သွားတယ်။

“ဥက္ကဌရှန် ရုတ်တရက် ပြန်လှည့်ပြီး ဥက္ကဌ၀မ်ရဲ့ ကော်လံကို ဆွဲလိုက်တယ်!”

“ဟမ်”

နန်ကျဲ့ဟာ ကြောင်သွားတဲ့ မျက်နှာထားနဲ့ ပြောမိတယ်။ သူ့ပါးစပ်ထဲ ဆေးလိပ် ရှိနေတယ်ဆိုတာကိုတောင် သူ မေ့သွားတယ်။ ဆေးလိပ်ဟာ သူ့ဘောင်းဘီ‌ပေါ် ပြုတ်ကျပြီး အပေါက်ဖြစ်တော့မလို့။

သူ မြန်မြန်ထပြီး ဆေးလိပ်ကို ကောက်လိုက်တယ်။ အားသွင်းကြိုးကို ဖြုတ်ပြီး ထွက်သွားဖို့ ပြင်တယ်။

သူ့လှုပ်ရှားမှုဟာ ပေါ့ပါးနေခဲ့တယ်။

“သူတို့ ရန်ဖြစ်နေကြတာလား”

“ထင်တာပဲ။ ဥက္ကဌ၀မ်က လုံခြုံရေးခေါ်လိုက်တယ်။ ဥက္ကဌရှန်မှာက လူ၂ယောက်ပဲ ရှိတာ။ သူတို့ အခွင့်အရေး သိပ်မများဘူး”

“အဲဒါဆို အမြန်သွားကူလေ!” နန်ကျဲ့ အလွန်စိတ်လော သွားတယ်။ သူ တံခါးကို တွန်းဖွင့်ပြီး ထွက်လာခဲ့တယ်။

109 02

နန်ကောဟာ ဧည့်ခန်းထဲမှာ စားနေတုန်းဖြစ်ပြီး သူ့လှုပ်ရှားမှုကြောင့် လန့်သွားတယ်။ “အစ်ကို။ နင်ဘယ်သွားမလို့လဲ”

သူ ထွက်သွားတော့မှာကို မြင်တော့ နန်ကောဟာ အလိုလို သူ့အနောက် လိုက်ဖို့ ပြင်တယ်။

နန်ကျဲ့ဟာ မျက်မှောင် ကြုတ်လိုက်တယ်။ သူ နန်ကောကို မေ့တော့မလို့။

သူ ဖုန်းကို မချရသေးဘူး။ သူ လှည့်ပြီး သူမကို ပုံမှန်မျက်နှာထားနဲ့ ကြည့်လိုက်တယ်။ “အောက်မှာ သူငယ်ချင်းရောက်နေလို့ သူနဲ့ သွားသောက်လိုက်ဦးမယ်။ စားလို့ပြီးရင် သွားအိပ်တော့..။.စကားမစပ် နင် အပြင်ထွက်ခွင့် မရှိဘူးနော်။ ငါ တံခါးမှာ လူတစ်ယောက် ခေါ်ပြီး နင့်ကို စောင့်ကြည့်ခိုင်းထားမှာ။ လိမ်လိမ်မာမာနေ”

သူမကို သတိပေးပြီးတဲ့အခါ ဆိုဖာပေါ်က ကုတ်အင်္ကျီတစ်ချက် ယူပေးဖို့ သူမကို နန်ကျဲ့ လက်ဟန် ပြလိုက်တယ်။

ခိုင်းတဲ့အတိုင်း နန်ကော စကားနားထောင်ပြီး လုပ်‌ပေမဲ့ သူမဟာ စိုးရိမ်နေတုန်း။ “အမ် ရှန်ရန်ချင်းက ပြန်သွားပြီနော်...”

သူမအစ်ကို အောက်ဆင်းပြီး ပြဿနာ ရှာမှာကို စိုးတာ။

“ကိုယ့်ကိစ္စ ကိုယ်လုပ်!” နန်ကျဲ့ဟာ ကုန်းပြီး သူမခေါင်းကို တစ်ချက် ခေါက်လိုက်တယ်။

တံခါးပိတ်သွားတာနဲ့ နန်ကျဲ့မျက်နှာပေါ်က ပေါ့ပေါ့ပါးပါး ဖြစ်‌နေခဲ့တဲ့ မျက်နှာထားဟာ ချက်ချင်း ပျောက်ကွယ်သွားတယ်။ သူဟာ မျက်မှောင် ကြုတ်လိုက်ပြီး ဓာတ်လှေကားထဲ ၀င်သွားတယ်။ ဖုန်းထဲက ရုန်းရင်းဆန်ခတ် အခြေအနေကို သေချာ နားထောင်ကြည့်တော့ ပရမ်းပတာကို ဖြစ်နေတာ။

အပြင်ကနေ ခန်းမတံခါး ပွင့်သွားတယ်။ နန်ကျဲ့ဟာ ပါးစပ်ထဲ ဆေးလိပ်တစ်လိပ်ကို ကိုက်ထားပြီး လမ်းလျှောက် ထွက်လာရင်း ကုတ်အင်္ကျီကို ညှိနေတယ်။ သူ့ပုံစံဟာ အန္တရာယ် များနေတယ်။

သူ ဖုန်းထဲမှာ ကြားခဲ့ရသလိုပဲ အထဲမှာ တကယ်ကို “အသက်၀င်” နေတာ။

သေချာနားထောင်ကြည့်ရင် ဥက္ကဌ၀မ်ရဲ့ စော်ကားသံတွေက အသိသာဆုံးပဲ။

ရှန်ရန်ချင်း အဝိုင်းခံထားရတာကို မြင်တဲ့အခါ နန်ကျဲ့ သူ့မျက်လုံးကို ကျဉ်းပြီး အဲ့နားကို လျှောက်သွားတယ်။ စားပွဲရှည်ကြီး ဘေးကနေ ဖြတ်လျှောက်သွားတဲ့အချိန် တစ်ချက် မကြည့်ဘဲ သူ ဝိုင်ပုလင်းတစ်ပုလင်းကို ကောက်ယူလိုက်တယ်။

“ဖယ်!” သူ့ရှေ့ လမ်းပိတ်နေတဲ့လူကို သူ တွန်းဖယ်လိုက်တယ်။

အနားကို ရောက်သွားတော့ ဥက္ကဌ၀မ်ဟာ ရှန်ရန်ချင်းကို လက်ညှိုးထိုးကာ ဆဲဆိုနေတာကို သူ တွေ့ရတယ်။ ဘာစကားတစ်ခွန်းမှ မပြောဘဲ နန်ကျဲ့ဟာ လက်ကို မြှောက်ကာ ဝိုင်ပုလင်းကို ရိုက်ခွဲလိုက်တယ်။

ရိုက်ချက်နဲ့အတူ ဥက္ကဌ၀မ်ရဲ့ ၀၀တုတ်တုတ် ခန္ဓာကိုယ်ကြီးဟာ ယိမ်းယိုင်သွားပြီး အနောက်ကနေ လုံခြုံရေးတွေက ထိန်းကိုင်ထားပေးရတယ်။

ပွဲခန်းမတစ်ခုလုံး ရပ်တဲ့ ခလုတ်ကို နှိပ်လိုက်သလိုမျိုး ဖြစ်သွားတယ်။

ခန်းမတစ်ခုလုံး တိတ်ဆိတ် နေခဲ့တယ်။

ခဏလောက် ကြောင်တောင်တောင် ဖြစ်သွားပြီးတဲ့နောက် ဥက္ကဌ၀မ်ရဲ့ နာလို့ ညည်းတဲ့အသံဟာ လူအုပ်အလယ်ကနေ ထွက်လာတယ်။

“ခင်ဗျား ဘယ်သူ့ကို ကျိန်ဆဲနေတာလဲ ဟမ်” နန်ကျဲ့ဟာ သူ့ကော်လံကို ကိုင်ကာ ဆွဲမလိုက်တယ်။ “ငါ ဟိုးအဝေးကြီးကနေတောင် ခင်ဗျား ဆဲနေတဲ့အသံကို ကြားရတယ်။ လုပ်စမ်းပါ။ ပိုကျယ်ကျယ်လေး ပြောလေ။ ငါ ထပ်နားထောင်ကြည့်ရအောင် ခင်‌ဗျား ဘာကို ဆဲနေတာလဲ”

“တစ်ခုခုပြောလေ ဝိုင်ပုလင်းလေး တစ်ပုလင်းတည်းနဲ့ ခင်ဗျား ငြိမ်သွားပြီလား။ အဲဒီလောက်လည်း မဆိုးပါဘူးဟုတ်။ ငါ ခင်ဗျားကို ခပ်ပြင်းပြင်း ရိုက်လိုက်တာတောင် မဟုတ်ဘူး။ ခင်ဗျား အခုလေးတင်ပဲ အရမ်းစိတ်အား ထက်သန်နေတာ မဟုတ်ဘူးလား။ လုပ် ခင်ဗျား ကျိန်ဆဲနေခဲ့တာတွေကို ဆက်ပြော မြန်မြန်လုပ်”

နန်ကျဲ့ဟာ ပုံမှန်အားဖြင့် ၀တ်စုံပြည့်၀တ်ထားတတ်တယ်။ သူ စကားပြောမနေတဲ့အချိန်‌ဆိုရင် သူ့ကို “လူငယ်‌လေး” တစ်ယောက်အနေနဲ့ ထည့်သွင်းစဉ်းစားလို့ ရပြီး ယဉ်ကျေးတဲ့ပုံလည်း ပေါ်တယ်။

ဒါပေမဲ့ သူ့ပါးစပ် ဟလိုက်ပြီဆိုတာနဲ့ မောက်မာတဲ့အပြုအမူတွေနဲ့ပါ တွဲပြီး သူဟာ ရိုးရိုးရှင်းရှင်းပဲ ၀တ်စုံပြည့်၀တ်ထားတဲ့ လူမိုက်‌လေးတစ်ယောက် ဖြစ်သွားတယ်။

ဥက္ကဌ၀မ်ဟာ ခေါင်းမူးသွားတာ။ ဒါပေမဲ့ သူ့မျက်စိရှေ့က လူဟာ နန်ကျဲ့ဆိုတာကို မြင်တဲ့အခါ သူ ဆင်ခြင်တုံတရားလေးကို ထိန်းထားလိုက်တယ်။

ဥက္ကဌ၀မ်ဟာလည်း ကြောင်နေတယ်။ သူ ဒီနေ့ ဒီဆရာကြီးကို ရန်မစမိပါဘူး။ ဟုတ်တယ်မလား။

“ဥ-ဥက္ကဌနန် နားလည်မှု လွဲနေတာများ ရှိလား။ ဒါ မင်းနဲ့ ဘာမှမဆိုင်ဘူးမလား”

“ဒါက ဘယ်လိုလုပ် ငါနဲ့ မဆိုင်ရမှာလဲ” နန်ကျဲ့ဟာ ပါးစပ်ထဲက ဆေးလိပ်ကို ထုတ်လိုက်ပြီး သူ့ကို အပြုံးလေးနဲ့ ကြည့်တယ်။ သူ ‌အနက်ရောင်တီရှပ် ၀တ်ထားတဲ့ ရှန်ရန်ချင်းကို ပေါ့ပေါ့ပါးပါးပဲ လက်ညှိုးထိုးပြပြီး ပြောလိုက်တယ်။ “သူက ငါ့ယောက်ဖလေ”

109 03

“ခင်ဗျား ဘာလုပ်နေလဲဆိုတာ ခင်ဗျား သိလား။ သူက ငါ့ယောက်ဖ။ ဒါပေမဲ့ ငါလည်း မရှိရော ခင်‌ဗျား သူ့ကို လှည့်ပြီး အနိုင်ကျင့်နေတယ်။ ခင်ဗျား ငါ့မျက်နှာကို ရိုက်ချဖို့ ရည်ရွယ်နေတာမျိုး မဟုတ်ဘူးလား”

“ဒါမှမဟုတ် ငါ ဒီမှာ ဘာမှမလုပ်ရဲဘူးလို့ ခင်ဗျား တကယ် ထင်နေတာလား”

နန်ကျဲ့ဟာ အသက်ပြင်းပြင်း တစ်ချက်ရှူပြီး သူ့ကို တိုးတိုးလေးကပ်ပြောတယ်။ “ခင်ဗျားက ဒီမှာ အကောင်ကြီး ဖြစ်ရင် ဖြစ်မယ်။ ဒါပေမဲ့ ငါ ခင်ဗျား လည်ပင်းကို ချိုးပစ်မှာ ယုံချင်ယုံ မယုံချင်‌နေ”

“...ဒါ အထင်လွဲနေတာပါ! ဥက္ကဌရှန်က ငါ့ကို အရင်စထိုးတာ!” ဥက္ကဌ၀မ်တစ်ယောက် အရှုံး ပေါ်နေပြီ။

နန်ကျဲ့ ပြုံးလိုက်တယ်။ “ငါ့ကို အရူးများ ထင်နေလား။ သူက ဘာလို့ ခင်ဗျားကို ထိုးရမှာလဲ။ ငါ့ယောက်ဖက ရိုးသားတဲ့လူ။ ခင်ဗျားကို ထိုးတယ်ဆိုရင်လည်း သူ တကယ်‌ ဒေါသထွက်သွားလို့ နေမယ်။ ခင်ဗျားက နည်းနည်းစွမ်းတယ်လို့တောင် ပြောရမယ်”

သူဟာ ရှန်ရန်ချင်းရဲ့ လက်ထောက်ဖြစ်ပုံရတဲ့ နည်းနည်း ရင်းနှီးနေတဲ့ လူကို လက်ညှိုး ထိုးလိုက်တယ်။

“လာ ဘာဖြစ်တာလဲဆိုတာ ငါ့ကို ပြောပြ”

သူ လက်ညှိုးအထိုးခံရတော့ လက်ထောက်ယွမ်ဟာ နည်းနည်းလန့်သွားတယ်။ သူဟာ အလျင်အမြန်ပဲ ရှန်ရန်ချင်းအတွက် ရပ်တည်ပေးတယ်။ “ဥက္ကဌနန် မင်း အချိန်ကောင်းမှာ ရောက်လာတာပဲ။ အခုလေးတင် ဥက္ကဌရှန်က ပြန်တော့မလို့ လုပ်နေတာ။ အဲဒါကို သူလည်း အနောက် လှည့်သွားရော ဥက္ကဌ၀မ်နဲ့ အခြားလူတွေက မိန်းကလေးနန်ကောကို အောက်တန်းကျပြီး မသင့်လျော်‌တဲ့ စကားလုံးတွေနဲ့ ဝေဖန်ကြတယ်။ အဲဒါကြောင့် ဥက္ကဌရှန် ထထိုးတာ!”

“မင်း သိတဲ့အတိုင်းပဲ ဥက္ကဌရှန်က ပုံမှန်ဆို ဘာဆိုးဆိုး၀ါး၀ါးမှ ပြောတာတောင် မဟုတ်ဘူး။ ထထိုးဖို့ဆို ဝေးရော”

ဒီနေ့ကို သမိုင်းတွင်တဲ့နေ့လို့ သတ်မှတ်လို့ရတယ်။ တစ်နာရီအတွင်းပဲ ဥက္ကဌရှန်ဟာ လူနှစ်ယောက်ကို ထိုးလိုက်တယ်။

နန်ကောရဲ့ နာမည်ကို ကြားတာနဲ့ နန်ကျဲ့ဟာ နိုးနိုးကြားကြားဖြစ်သွားတယ်။

သူ့အကြည့်ဟာ ဥက္ကဌ၀မ်ဆီ ပြန်ရောက်သွားတယ်။ သူဟာ ပါးစောင်ကို လျှာနဲ့ထိုးလိုက်ပြီး ပြုံးတယ်။ “ဥက္ကဌ၀မ် ခင်ဗျား တကယ် ခင်ဗျားစကားတွေကို သတိထားသင့်တယ်။ ငါ ဒီနေ့ ခင်ဗျား ပါးစပ် စည်းမရှိတာက ဘယ်လို အကျိုးဆက်တွေ ဖြစ်စေလဲဆိုတာ ခင်ဗျားကို ပြပေးမယ်”

“မဟုတ်ဘူး မဟုတ်ဘူး။ ဥက္ကဌနန် သူ ပြောတဲ့ အပိုတွေကို မယုံနဲ့။ ငါ ဒီနေ့ ဥက္ကဌရှန် ခေါ်လာတဲ့ တက္ကသိုလ်ကျောင်းသူကို ပြောတာ။ ငါ မင်းညီမ အကြောင်း မပြောဘူး!”

နန်ကျဲ့ဟာ မျက်ခုံးပင့်ပြီး သူ့ပုံစံဟာ ခဏတာ အန္တရာယ် ကင်းသွားတယ်။ “ဟမ်။ ငါ ခုဏက မပြောလိုက်မိဘူးလား။ အာ ဆောရီး ပြောဖို့ မေ့သွားတာပဲ။ သူ ဒီနေ့ခေါ်လာတဲ့ ကောင်မလေးက နန်ကောလို့ ခေါ်တယ်လေ”

“နန်-နန်ကျန်းနင်းရဲ့ နန်...”

“နန်ကျဲ့ရဲ့ နန်”

******

All Chapters