← Chapters

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း ၁၁၀

Vol. 11 Ch. 110

110 1

Chapter 110 သူမ ဖြစ်မှရမှာလား။

“ရှန်ရန်ချင်းက ယဉ်ကျေးပြီး သိမ်မွေ့တယ်။ ဒီတော့ သူက ခင်ဗျားနဲ့ အဆင့်မတူဘူး”

“ငါကတော့ ခင်ဗျားလိုပဲ ရိုင်းစိုင်းပြီး အရှက်မရှိဘူး။ ခင်ဗျား ဒါကို ကြားဖူးလား။ မကောင်းမှုကို မကောင်းမှုကပဲ အပြစ်ပေးလိမ့်မယ်တဲ့။ ဒီနေ့ ငါ ခင်ဗျားကို သင်ခန်းစာ ပြပေးမယ်”

မြူနီစီပယ်ဗျူရိုမှာတော့။

နန်ကျဲ့ဟာ ထွက်လာပြီး ချက်ချင်းပဲ အတွင်းရေးမှူးရယ် ရှန်ရန်ချင်းနဲ့ သူ့လက်ထောက်တို့ အပြင်မှာ စောင့်နေတာကို တွေ့ရတယ်။

ရှန်ရန်ချင်းဟာ သူ့ရှိ‌နေတဲ့ဘက်ကို လှည့်ကြည့်လာတယ်။

သူတို့ မျက်လုံး အကြည့်ချင်း မဆုံခင် နန်ကျဲ့ ပြီးစလွယ်ပဲ ခေါင်းကို လှည့်လိုက်ပြီး အတွင်းရေးမှူးဆီက ကုတ်အင်္ကျီကို ယူတယ်။ ပြီးတော့ လမ်းလျှောက်ရင်း ၀တ်လိုက်တယ်။

သူ ထွက်လာတာကို မြင်တော့ ရှန်ရန်ချင်း ခေါင်းကို အနည်းငယ်စောင်းပြီး သူ့ဘေးက ရဲမှူးကို ခေါင်းညိတ်ပြတယ်။ သူဟာ ပြုံးပြီး ကျေးဇူးတင်တယ်။ “နောက်ကျနေပြီဆိုတာ ကျွန်တော် သိပါတယ်။ ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်”

“ကိစ္စသေးသေးလေးပါ။ မင်း ရန်ပွဲထဲ ပါလာလိမ့်မယ်လို့သာ ငါ မထင်ထားတာ။ မင်း ကမူးရှုးထိုးလုပ်တယ်ဆိုတာ ရှားတယ်လေ။ နောက်တစ်ခါ ထပ်မလုပ်ရဘူးနော်။ ဒါ မင်းပုံစံ မဟုတ်ဘူး”

အရင်ကတုန်းကသာဆိုရင် သူသိတဲ့ လူကြီးတစ်ယောက်က အခုလိုပြောရင် ရှန်ရန်ချင်းဟာ ကျိန်းသေပေါက် ငြိမ်နေမှာ ဖြစ်တယ်။

ဒါ‌ပေမဲ့ ဒီနေ့တော့ ပထမဆုံးအကြိမ်အနေနဲ့ သူ ခေါင်းမာမာနဲ့ ပြန်ပြောလိုက်တယ်။ “အရင်ကဆိုရင်တော့ အကြမ်းဖက်တာက ပြဿနာကို မဖြေရှင်းနိုင်ဘူးလို့ ကျွန်တော် ထင်ခဲ့တယ်။ အဲဒီအစား ခံစားချက်ကို ထုတ်ပြဖို့ မရင့်ကျက်တဲ့ နည်းလမ်းတစ်မျိုး သက်သက်ပဲ။ နောက်ဆုံးကျရင် ပြဿနာက ရှင်းသွားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီနေ့ ပါးစပ်နဲ့ ပြောတာက အကျိုး မသက်ရောက်ဘဲ အကြမ်းဖက်လိုက်တာက အမြန်ပန်းတိုင်ကို ရောက်နိုင်တယ်ဆိုတာ ကျွန်တော် ရုတ်တရက် နားလည်လိုက်ရတယ်”

ရဲမှူးဟာ သီးသွားပြီး သူ့ကို အံ့ဩတကြီးနဲ့ ကြည့်လာတယ်။

သူဟာ ရှန်ရန်ချင်းအဖေနဲ့ သူငယ်ချင်းဟောင်းဖြစ်ပြီး သူ့ကို ကောင်းကောင်းသိတယ်။

ဒီစကားတွေဟာ ရှန်ရန်ချင်း ပြောလာမဲ့ စကားတွေနဲ့ကို မတူဘူး။ ဒါပေမဲ့ သူတို့ ဘာလို့ ဒီနေ့ ရန်ဖြစ်လာကြလဲဆိုတာကို စဉ်းစားမိတော့ ရဲမှူးဟာ ခဏ တုံ့ဆိုင်းသွားပြီး ဘာကိုမှ အမှန်ပြန်ပြင်ပေးဖို့ မလုပ်တော့ဘူး။

ရဲမှူးထွက်သွားတာကို ကြည့်ပြီးတဲ့နောက် ရှန်ရန်ချင်းဟာ တံခါးဆီ လျှောက်သွားနေပြီဖြစ်တဲ့ နန်ကျဲ့ကို ကြည့်လိုက်ပြီး သူ့အနောက်ကို လိုက်သွားတယ်။

ခြေသံကြားတော့ နန်ကျဲ့ သူ့ကို လှည့်ကြည့်လိုက်တယ်။ “ငါတို့ စကားပြောကြမလား”

ရှန်ရန်ချင်း သူနဲ့ စကားပြောချင်ပေမဲ့ အချိန်က ခွင့်မပြုဘူး ဖြစ်နေတယ်။ “အရမ်းနောက်ကျနေပြီ ဟိုတယ်မှာ သူတစ်ယောက်တည်းဆို မကောင်းဘူး”

နန်ကျဲ့ဟာ ဆွံ့အ သွားတယ်။ “သူ အခုချိန်လောက်ဆို အိပ်နေပြီလေ ဘာဖြစ်မှာမလို့လဲ”‌

ပြောပြီးတော့လည်း သူဟာ မကျေနပ်သေးဘဲ ထပ်ထည့် ပြောလိုက်တယ်။ “မင်း တစ်ခုခုကို သက်သေပြဖို့ ကြိုးစားနေတာလား။ မင်းက သူ့အစ်ကိုအရင်းထက် ပိုပြီးစဉ်းစားပေးတတ်ကြောင်း ပြချင်နေတာလား”

ရှန်ရန်ချင်းခမျာ ကူကယ်ရာမဲ့စွာနဲ့ နှုတ်ခမ်းတွေကို စေ့လိုက်တယ်။

“စကား မပြောချင်ဘူးဆိုလည်း ဒိုးတော့” သူဟာ အနောက် ပြန်လှည့်မကြည့်ဘဲ ဘေးဘက်က နေရာလွတ်ကြီးဆီ လျှောက်သွားတယ်။

ရှန်ရန်ချင်းဟာ လက်ကို မြှောက်ကာ မျက်ခုံးတွေကို ဖိပွတ်လိုက်တယ်။ သူ နန်ကျဲ့အနောက် လိုက်မသွားခင် လက်ထောက်ယွမ်နဲ့ အတွင်းရေးမှူးတုန်ကို ဒီမှာ ခဏစောင့်နေဖို့ အချက်ပြလိုက်တယ်။ သူ တကယ်ကို သူ့အနာဂတ် ယောက်ဖလောင်းရဲ့ တက်ကြွဖြတ်လတ်တဲ့ အကျင့်စရိုက်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဖို့ လိုတာပဲ။

နန်ကျဲ့ဟာ ခုံတန်းရှည်တစ်ခုပေါ် ထိုင်လိုက်ပြီး ခေါင်းကို အသာစောင်းကာ ဆေးလိပ် မီးညှိတယ်။ သူ ညှိနေတုန်းမှာပဲ အရိပ်တစ်ခု သူ့ရှေ့ ကျလာတယ်။ ဘယ်သူလဲဆိုတာ သိရဖို့ သူကြည့်နေဖို့ မလိုခဲ့ဘူး။

တစ်ဖက်လူ သူ့အနောက်ကို လိုက်လာလိမ့်မယ်ဆိုတာ သူ သိပြီးသား။

“ရော့”

110 02

သူ ရှန်ရန်ချင်းကို ဆေးလိပ် ကမ်းပေးလိုက်တယ်။ ဒါ ပထမဆုံးအကြိမ်ပဲ။

ပုံမှန်ဆို အခြားလူတွေကသာ သူ့ကို ဆေးလိပ် ကမ်းပေးတာ။

ဒါပေမဲ့ ရှန်ရန်ချင်းဟာ အာရုံခံစားမှု မရှိဘူး။ “ကျွန်တော် ဘယ်လို သောက်ရမလဲမသိဘူး”

နန်ကျဲ့ဟာ စိတ်ထဲကနေ အကြိမ်ပေါင်း မရေတွက်နိုင်အောင် မျက်လုံးကို လှည့်လိုက်မိပြီး သူ့ကို စိုက်ကြည့်တယ်။ “ဆေးလိပ်သောက်လို့ သေသွားမှာ မဟုတ်ဘူး”

သူ အဲဒီလို ပြောလိုက်တယ်ဆိုပေမဲ့လည်း သူ့လက်ကို သူ ပြန်ရုတ်လိုက်ပြီး အတင်း‌သောက်ဖို့ မပြောဘူး။

“ဒီညအတွက် ကျေးဇူးတင်ပါတယ်” ခဏ ရပ်ပြီးတဲ့နောက် ရှန်ရန်ချင်းဟာ ဆက်ပြောတယ်။ “ပြီးတော့ ကျွန်တော် တောင်းပန်ပါတယ်။ ခုဏက ကျွန်တော် မင်းဘယ်သူလဲဆိုတာကို မသိလိုက်ဘူး။ ကျွန်တော် မလုပ်လိုက်သင့်ဘူး။ ကျွန်တော် အလျင်လိုသွားတာ”

နန်ကျဲ့ဟာ ခပ်ထေ့ထေ့ ရယ်လိုက်တယ်။ “အဲဒီအကြောင်း အခုမပြောနဲ့ဦး။ နောက်မှ ရှင်းမယ်။ ပြီးတော့ ကျေးဇူးတင်စကားအတွက်က...ဟူး ငါ မင်းကို ကူညီဖို့ ရည်ရွယ်ချက် မရှိပါဘူး”

ရှန်ရန်ချင်းဟာ သူ့ဒေါသကို ကျင့်သားရနေပြီ ဖြစ်တယ်။ နန်ကော ပြောခဲ့သလိုပဲ သူက အပြောကြမ်းပေမဲ့ နူးညံ့တဲ့နှလုံးသားတော့ ရှိပါတယ်။

သူဟာ ပြုံးလိုက်မိပြီး ရုတ်တရက် မောင်နှမနှစ်ယောက်မှာ ကောင်းမွန်တဲ့ အကျင့်စရိုက်တွေ ရှိတယ်လို့ ခံစားရတယ်။ နှစ်ယောက်လုံး အရမ်းချစ်ဖို့ ကောင်းတယ်။

“မင်း ကြည့်ရတာ သွယ်ဝိုက်ပြီး ငါ့နဲ့ နန်ကောရဲ့ ဆက်ဆံရေးကို‌ ဖော်လိုက်မိပုံပဲ”

“ကျေနပ်ပြီလား အခု” နန်ကျဲ့ဟာ သူ့ကို ခပ်တင်းတင်း ကြည့်လိုက်တယ်။

“အတည်ပြောရအောင်။ နန်ကောအတွက်နဲ့ မင်း ဒီည လူနှစ်ယောက်ကို ထိုးလိုက်တယ်ဟုတ်။ ငါ့ကို ထိုးတာတော့ မပြောတော့ပါဘူး။ ထား ဘယ်သူမှ မြင်တာလည်း မဟုတ်ဘူးဆိုတော့”

လူတွေ ဘယ်နှစ်ယောက်လောက် မြင်ခဲ့လဲဆိုတာ အသာထားဦး။ ဒီညရဲ့ အဓိကလူဟာ ဥက္ကဌ၀မ်။ ရှန်ရန်ချင်းအနေနဲ့ သူ မထိုးခင် ဒီအတွေးကို မတွေးမိဘူးဆိုတာ မဖြစ်နိုင်ဘူး။

သူ့ရဲ့အကျင့်စရိုက်အရဆို သူ ဘယ်လောက်ပဲ ဒေါသထွက်ထွက် မွေးနေ့ပွဲရဲ့ အဓိကလူကို ထိုးပြီး ရုန်းရင်းဆန်ခတ် ဖြစ်စေမှာ မဟုတ်ဘူး။

“ဒါ လူတိုင်းရှေ့မှာနော်။ မင်းထိုးလိုက်ရင် ဒီလောကထဲက မင်းရဲ့ပုံရိပ် ထိခိုက်သွားမှာကို မစိုးရိမ်ဘူးလား”

“ကျွန်တော့် ပုံရိပ်က ဘယ်လိုမျိုးမလို့လဲ” ရှန်ရန်ချင်းဟာ စိတ်ဆိုးနေတာ မဟုတ်ဘူး။ သူ သူ့မျက်မှန်ကို ချွတ်ထားပြီးပြီ။ သူ့မျက်ခုံးတွေဟာ ပြေလျော့နေပြီး သူ့မျက်လုံးထဲမှာလည်း ကလေးဆိုးလေး တစ်ယောက်ကို ကြည့်နေသလိုမျိုး နူးညံ့တဲ့အပြုံးလေး ရှိနေတယ်။ သူ တစ်ဖက်လူကို စိတ်ရှည်ရှည်နဲ့ ဆက်သွယ် ကြည့်နေတယ်။

နန်ကျဲ့ သူ့အကြည့်ကို မုန်းတယ်။ အထူးသဖြင့် တစ်ယောက်က ထိုင်နေပြီး တစ်ယောက်က မတ်တပ် ရပ်နေတဲ့အခါ‌ပေါ့။ ရှန်ရန်ချင်း သူ့ကို အပေါ်စီးကနေ ငုံ့ကြည့်နေတာ။ သူ တကယ် မခံစားနိုင်ဘူး။ ကြက်သီးတွေပါ ထတယ်။ ငါလူး!

ဒီငမိုက်သားနဲ့ အတူရှိနေတဲ့အချိန် နန်ကော မရွံဘူးလားဟ။

သူ ဒေါသထွက်လွန်းလို့ မတ်တပ်ထရပ်ပြီး ရှန်ရန်ချင်းနဲ့ အကြည့်ချင်း ပြိုင်လိုက်တယ်။

မတ်တပ်ထရပ်လိုက်ပြီးတဲ့နောက် သူ ရှန်ရန်ချင်းထက် အနည်းငယ် ပုနေတာကို သိလိုက်ရတယ်။

ထားလိုက်တော့။ သူ ထိုင်ပဲ ထိုင်လိုက်တော့မယ်။

ဒါ‌ပေမဲ့ နန်ကျဲ့ဟာ လက်မခံဘူး။ ယောက်ျားတွေဟာ အရပ်နဲ့ ပတ်သက်ရင် နည်းနည်းအစွဲအလန်း ကြီးတယ်။

သူ့အကြည့်ဟာ ရှန်ရန်ချင်းပေါ် လှိမ့်သွားပြီး နောက်ဆုံး သူ့ဦးခေါင်းထိပ်မှာ ရပ်သွားတယ်။

ဟုတ်တယ်။ ရှန်ရန်ချင်းက ဆံပင်ပုံ သွင်းထားတာ။ သူ့ဆံပင်က ၂စင်တီလောက် ထောင်နေတယ်။ သူ ပြဿနာရဲ့ အဓိကသော့ချက်ကို ရှာတွေ့ပြီ!

သူလည်းပဲ ဆံပင်ပုံ သွင်းလိုက်မယ်ဆိုရင် သူတို့နှစ်ယောက် အရပ်က အတူတူပဲ ဖြစ်မှာ!မဟုတ်ဘူး။ သူ သေချာပေါက် ရှန်ရန်ချင်းထက် ပိုရှည်လိမ့်မယ်။

ဒီငမိုက်သားက တကယ် အကြံအစည် များတယ်။

110 03

လူတိုင်းက မြင့်တဲ့ ကူရှင်တွေကို အသုံးပြုကြပေမဲ့ သူကျ သူ့ဂုဏ်ကို တိုးမြှင့်ဖို့ ဆံပင်ကို ပုံသွင်းတယ်။

သူ နောက်ထပ် နည်းလမ်းတစ်ခုကို သင်ယူထားတာပဲ။

သူ့အနာဂတ် ယောက်ဖလောင်း တစ်မိနစ်တည်းနဲ့ ဘာတွေ တွေးနေလဲဆိုတာ ရှန်ရန်ချင်း မသိဘူး။ သူ့မျက်လုံးတွေဟာ သံသယနဲ့ အထင်အမြင် သေးတာကနေ တစ်ခုခု နားလည်သွားတဲ့ဘက်ကို ပြောင်းသွားပြီး နောက်ဆုံး ကျေနပ်အားရ သွားတဲ့ဘက်ကို ရောက်သွားပြန်တယ်။

အတိုချုံးပြောရရင်တော့ နည်းနည်းပါးပါး စဉ်းစားကြည့်ပြီးတဲ့အခါ သူ့ကြည့်ရတာ စိတ်ခံစားချက် ကောင်းနေပုံပါပဲ။

“လောလောဆယ် မင်းပုံရိပ်က အရေးမကြီးဘူး” နန်ကျဲ့ဟာ လက်ခါပြီး ပြန်ထိုင်လိုက်တယ်။ သူ ခြေထောက်ကို ချိတ်လိုက်ပြီး အနာဂတ် ယောက်ဖလောင်း အရှိန်အဝါကို ထုတ်လိုက်တယ်။ သူက သင်ကြားတယ်။ “မင်း မလုပ်ခင် ဦးနှောက်ကို မသုံးဘူးလား”

“မင်း လူဘယ်နှစ်ယောက် ခေါ်လာလဲ။ မင်း မင်းရဲ့ လက်ရွရွ ခြေရွရွလေးတွေနဲ့ ချနိုင်လို့လား။ ဟစ်... မင်းက ဒီတိုင်း ဖိအားပေးလွန်းနေတာ။ ဒီတစ်ခါ ငါ ရှိနေလို့ မင်း ကံကောင်းသွားတယ်မှတ်”

“ငါ အဲဒီတုန်းက ရှင်းရှင်းလင်းလင်း မမြင်မိတာကို မင်း ကျေးဇူးတင်သင့်တယ်။ မင်းမှန်းသာ သိရင် ငါ မင်းကို ကူညီမှာ မဟုတ်ဘူး”

“ဟုတ်တယ် မင်းမှန်ပါတယ်” ရှန်ရန်ချင်းဟာ သူ့ကို ဖော်မနေတော့ဘူး။

နန်ကျဲ့ အဲဒီတုန်းက သူ့ကို ရှင်းရှင်းလင်းလင်း မြင်တယ်ဆိုတာ သူ သိတယ်။

ဘယ်သူမှ သူ့နာမည်ကို ထည့်မပြောတာတောင် နန်ကျဲ့ ရောက်လာပြီး ချက်ချင်း ချတာ။ သူ ဥက္ကဌ၀မ်နဲ့ ပြဿနာ တက်နေတယ်ဆိုတာ နန်ကျဲ့ သိနေခဲ့တာ ဖြစ်ရမယ်။

သိသိသာသာကိုပဲ နန်ကျဲ့ သူ့ကို ကူညီဖို့ ရောက်လာတာပါ။ ဒါပေမဲ့ သူ ခေါင်းမာနေရုံလေး။

သူ့လက်ချောင်းကြားက ဆေးလိပ်ဟာ ကုန်တော့မယ်။ နန်ကျဲ့ဟာ တစ်ချက် သောက်ပြီး မီးမငြိမ်းခင် ဖြည်းဖြည်းချင်း မီးခိုးကွင်းတွေကို ရှူထုတ်လိုက်တယ်။ သူ့အသံဟာ မီးခိုးငွေ့ကြောင့် အနည်းငယ် ပြာနေပြီး သူဟာ လေး‌လေးနက်နက် မေးလာတယ်။ “မင်း သူ့ကို အတည်ကြိုက်တာလား”

“အတည်ပါ။ ကျွန်တော် မနောက်ဘူး”

“ငါတို့က ယောက်ျားတွေပဲ။ ပြီးတော့ ဒီမှာလည်း ဘယ်သူမှ မရှိဘူး။ အပေါ်ယံတွေ မပြောကြဘဲ ငါ့ကို တစ်ခုပဲ ပြောပြ။ မင်း နန်ကောကို တကယ် ကြိုက်တာလား။ သူဖြစ်မှ ရမှာလား”

ရှန်ရန်ချင်းဟာ ပြန်ဖြေတယ်။ “ဟုတ်ပါတယ်...”

******

All Chapters