အခန်း ၁၁၁
Vol. 12 Ch. 111
111 01
Chapter 111 ကျင့်၀တ်ရှိတဲ့နေရာမှာ မင်းနဲ့ မယှဉ်နိုင်ပေမဲ့ ချတဲ့နေရာမှာတော့ ယှဉ်နိုင်တယ်။
ရှန်ရန်ချင်း စကားဆုံးတဲ့အခါ နန်ကျဲ့ဟာ ခဏတာ တိတ်ဆိတ်သွားတယ်။သူဟာ ခေါင်းကို အနည်းငယ်စောင်းကာ နောက်ဆေးလိပ် တစ်လိပ်ကို ထပ်ညှိတယ်။
သူဟာ ခုံတန်းရှည်ပေါ်မှာ ထိုင်နေတာဖြစ်ပြီး သူလှုပ်တာနဲ့ မြေကြီးပေါ်က အရိပ်ဟာလည်း လမ်းမီးတိုင်အောက်မှာ လှုပ်ယမ်းသွားတယ်။
ဆေးလိပ် အငွေ့တွေကို မှုတ်ထုတ်ပြီးတဲ့အခါ သူ သူ့ဘေးက လွတ်နေတဲ့နေရာကို မေးငေါ့ ပြလိုက်တယ်။
“ထိုင်”
ရှန်ရန်ချင်းဟာ တကယ်တော့ ဆေးလိပ်အနံ့ကို မုန်းတယ်။
သူ့မိသားစု၀င်တွေထဲ တစ်ယောက်မှ ဆေးလိပ် မသောက်ဘူး။
သူ့အဖိုး၊အဖေနဲ့ ဦးလေးတို့ဟာ ဆေးလိပ် မသောက်ဘူး။သူ တစ်ခါမှ ဒီအရာနဲ့ အထိအတွေ့ မရှိဖူးတာမို့ ဆေးလိပ်အနံ့ဆို သူ အရမ်းရှောင်တယ်။ဒါပေမဲ့ ဒီအခြေအနေမှာတော့ သူ ဘာမှမပြောဘဲ အင်္ကျီကြယ်သီးတစ်လုံးကို ဖြုတ်ကာ နန်ကျဲ့ဘေး ၀င်ထိုင်လိုက်တယ်။
သူတို့နှစ်ယောက်ဟာ ဘယ်နဲ့ညာ တစ်ဖက်စီမှာ ဘာစကားမှ မပြောဘဲ ထိုင်နေကြတယ်။အသံတိတ် ရေဆေးပန်းချီတစ်ချပ်လိုမျိုး။
ရှန်ရန်ချင်းဟာ မျက်လွှာချပြီး မျက်မှန်ကို သုတ်တယ်။သူဟာ မျက်မှန်ကို ပြန်တပ်လိုက်ပြီး ပြောတယ်။ “တကယ်တော့ ဒါမတိုင်ခင်က ကျွန်တော် မင်းနဲ့ နန်ကောရဲ့ ပတ်သတ်မှုကို မသိသလို နန်ကောက မစ္စတာနန်ကျန်းနင်းရဲ့ သမီးဆိုတာကိုလည်း မသိဘူး”
“ပြောခါမှ နည်းနည်း ငတုံးလိုပဲ။ ကျွန်တော်ထင်တာက နန်ကောက အချိန်ပိုင်း လုပ်နေတာမို့ အစားအသောက်တွေ လာလာပို့တယ်လို့ ထင်တာ ပတ်သတ်မှုကို သိပ်မတွေးမိလိုက်ဘူး။ တကယ်တော့ မတွေးကြည့်ရဲတာ”
နန်ကျဲ့ဟာ ဆေးလိပ်ကို တစ်ချက် ခါလိုက်တယ်။လေကြောင့် ပြာတွေဟာ ရှန်ရန်ချင်း ဘောင်းဘီပေါ်ကို လွင့်စင်သွားပြီး ညစ်ပတ်စေတယ်။
သူဟာ မှိုင်းထိုင်းထိုင်း မျက်နှာထားနဲ့ “မင်း သူ့ကို အဲကတည်းက ကြိုက်တာ။ မင်း သူ ဘယ်သူလဲတောင် မသိခဲ့ဘဲနဲ့ အပျော် မဟုတ်ဘူးလို့ ပြောနေသေးတယ်ပေါ့”
“သူ ဘယ်သူလဲဆိုတာ ကျွန်တော် ဘယ်လိုလုပ် မသိဘဲနေမလဲ။ သူက နန်ကောလေ” ရှန်ရန်ချင်းဟာ ခေါင်းကို စောင်းကာ သူ့ကို ကြည့်လာတယ်။ “သူ ဘယ်လို မိသားစုကနေ လာလဲဆိုတာ သေချာမသိခဲ့ပေမဲ့ သူ့ရဲ့ အပြစ်ကင်းတာနဲ့ စိတ်အား ထက်ထက်သန်သန်ရှိတာကို ကြည့်ပြီး ဆိုး၀ါးတဲ့မိသားစုကနေတော့ မဟုတ်ဘူးလို့ ထင်ခဲ့တယ်။ အခြားဟာတွေကို ဖယ်ထားဦး။ သူ့မိဘတွေက အရမ်းပျော်ပျော် နေတတ်ကြမယ်ဆိုတာ သေချာတယ်”
“မိသားစု...မင်းပြောတဲ့ မိသားစုနောက်ခံကတော့ ကျွန်တော့်အတွက် အရေးမကြီးပါဘူး”
“ကျွန်တော်တို့ မိသားစုတောင် ဒီကိစ္စကို သိပ်အရေးမပေးဘူး”
သူတို့အားလုံးဟာ ဉာဏ်ကောင်းတဲ့လူတွေပဲ။သေချာပေါက် နန်ကျဲ့ ဆိုလိုချင်တာကို သူသဘောပေါက်ပါတယ်။
နန်ကျဲ့ ခံစားရတာကတော့ ရိုးရှင်းပါတယ်။သူ့မိသားစုလို အခြေအနေမျိုးနဲ့ဆိုရင် တန်းတူတဲ့ လှုမှုအဆင့်အတန်းရှိတဲ့ မိန်းမကို ရှာမယ်ထင်တာ။နန်ကောက အချိန်ပိုင်းလုပ်တဲ့ တက္ကသိုလ်ကျောင်းသူမှန်း သိတာတောင် သူ နန်ကောကို ကြိုက်ပြီး မြှူဆွယ်တာကို တွေးကြည့်ရင် ထည့်ပြောစရာ ရိုးသားမှုတောင် လိုမနေတော့ဘူး။
သူ နားမလည်နိုင်ပေမဲ့ သူ လက်မခံနိုင်သေးဘူး။
“အရင်ဆုံး အဲဒီတုန်းက ကျွန်တော့်အမြင်မှာ နန်ကောက ကျန်းမြို့ဇာတိဖြစ်ပြီး အသက်၂၀ရှိပြီ။ သူ့မှာ ကောင်းမွန်တဲ့ အကျင့်စရိုက်ရှိပြီး ချစ်စရာကောင်းတယ်။ အသိဉာဏ်ရှိတယ်။ ကြင်နာတယ်။ တည်ငြိမ်တယ်။ စိတ်အားထက်သန်တယ်။ သူ့မှာ ပွင့်လင်းတဲ့ မိဘတွေရှိပြီး သူ့ကို အရမ်းချစ်တဲ့ အစ်ကိုတစ်ယောက်လည်း ရှိတယ်။ ပြီးတော့ သူက ဟိုက်တက္ကသိုလ်မှာ စီးပွားစီမံခန့်ခွဲရေးကို တက်နေတာ”
“ဒီတော့ ကျွန်တော် ဘာမှ မသိတာတော့ မဟုတ်ပါဘူး။ အချက်အလက်တွေက ရေးတေးတေးရယ်လို့လည်း မဟုတ်ဘူး။ သူ့ကို ကြိုက်ဖို့ ကျွန်တော့်အတွက် လုံလောက်တယ်”
“မင်းတို့ ဘယ်အဆင့်ထိ ရောက်နေပြီလဲ” နန်ကျဲ့ဟာ သူညာမှာကို စိုးပြီး ထပ်သတိ ပေးလိုက်တယ်။ “ငါ့ကို မလိမ်နဲ့ ငါတို့က ယောက်ျားတွေပဲ။ မင်းရဲ့ ညစ်ညစ်ပတ်ပတ် အတွေးတွေကို ဘယ်သူက မသိဘဲ နေမှာလဲ။ ငါဆို တစ်ချက်ကြည့်ရုံနဲ့ မင်း ဘာကိုဆိုလိုလဲဆိုတာ သိတယ်”
ရှန်ရန်ချင်းပုံစံကြည့်ရတာ နှိမ့်ချစွာနဲ့ အကြံဉာဏ်လေး တောင်းနေသလိုပဲ။တစ်ဖက်လူကို သူ့အတွက် အဓိကအချက်လေးကို ဆွဲထုတ် ပေးစေချင်တာမျိုး။
111 02
“လက်ကိုင်တာ၊ဖက်တာနဲ့ နမ်းတာ ပြီးတော့ အတူအိပ်တာ မင်းတို့ ဘယ်အဆင့်ထိ ရောက်နေပြီလဲလို့”
နန်ကျဲ့ဟာ ဆေးလိပ်ကို ကိုက်ကာ တည်တည်ငြိမ်ငြိမ်ပဲ မေးလာတယ်။
သူ ရှန်ရန်ချင်းကို တည်တည်ငြိမ်ငြိမ်လေး ကြည့်လိုက်ပေမဲ့ အမှန်က သူ အံကြိတ်ထားပြီးနေပြီ ဖြစ်တယ်။
ရှန်ရန်ချင်း နောက်ဆုံးအဆင့်ကို ပြောရဲတယ်ဆိုတာနဲ့ သူ ဒီနေ့ သူ့အိတ်ကပ်ထဲ ကျန်နေတဲ့ ဆေးလိပ်၃လိပ်ကို မီးညှိပြီး ရှန်ရန်ချင်းရဲ့ အုတ်ဂူမှာ စိုက်ထားပေးလိုက်မှာ။ရှန်ရန်ချင်းဟာ နည်းနည်း အံ့ဩသွားတယ်။သူဟာ အရှေ့ကို အသာကုန်းလိုက်ပြီး နန်ကျဲ့ကို မော့မကြည့်ဘူး။
“ဖက်တာနဲ့ လက်ကိုင်တာ ဒါ အကုန်ပါပဲ”
ဒီအကြောင်းအရာဟာ နည်းနည်းကြောင်တောင်တောင်နိုင်နေဆဲ။
ဒါကို ကြားတဲ့အခါ နန်ကျဲ့ မျက်ခုံးပင့်သွားပြီး သူ့ရင်ထဲ တစ်နေတဲ့လေဟာ ချက်ချင်း ပျောက်ကွယ်သွားတယ်။သူ ရုတ်တရက် စပ်စပ်စုစု ဖြစ်သွားတယ်။သူဟာ အရှေ့တိုးပြီး ပါးနပ်စွာနဲ့ မေးကြည့်တယ်။ “မင်းတို့ မနမ်းရသေးဘူး”
“...မင်း ကြည့်ရတာ အရမ်းစိတ်လှုပ်ရှား နေသလိုပဲ”
“ဟားဟားဟားဟား”
နန်ကျဲ့ဟာ ရယ်တာကို ထိန်းထားချင်ပေမဲ့ သူ့ပါးစပ် ဖွင့်လိုက်မိတဲ့အခါ တကယ်မထိန်းနိုင်ဘဲ ရယ်မိသွားတယ်။
ရှန်ရန်ချင်းဟာ နှုတ်ခမ်းကို ဖိပြီး ဆွံ့အတဲ့ အမူအရာနဲ့ ဆေးလိပ်မြေကြီးပေါ်ကို ကျတဲ့အထိ သူ့ပေါင်ကို ပုတ်ပြီး ရယ်နေတဲ့ နန်ကျဲ့ကို ကြည့်နေတယ်။
၂မိနစ်လောက် ကြာတော့ နန်ကျဲ့ဟာ ရပ်လိုက်ပြီး မေးတယ်။ “မင်းတို့ တွဲတာ နည်းနည်းကြာပြီ မဟုတ်ဘူးလား။ နမ်းတောင် မနမ်းရသေးဘူးပေါ့။ အဲဒါ အရင်တစ်ခေါက်က ငါ မင်းတို့ကို မိပြီး နှောင့်ယှက်လိုက်မိလို့လား”
သူ ချစ်သူများနေ့တုန်းက ဟာကို ပြောနေတာ။
“မဟုတ်ဘူး” ရှန်ရန်ချင်းကတော့ ကြောင်တောင်တောင်ရယ်လို့ မခံစားရဘူး။အဲဒီအစား သူ သူ့ကို လေးလေးနက်နက်နဲ့ ရှင်းပြလိုက်တယ်။ “ကျွန်တော်တို့ တွဲရုံပဲ ရှိသေးတယ်။ မင်းထင်သလောက် မကြာသေးဘူး။ ပြီးတော့ နမ်းတော့မယ်ဆို ကျွန်တော်တို့ အရင်ဆုံး အတူတူအချိန် ကုန်ဆုံးသင့်တယ်လို့ ထင်တယ်။ နောက်ဆုံးအဆင့်ကိုတော့ မင်း လုံး၀စိတ်ချထားလို့ ရပါတယ်”
“ငါ စိတ်မပူပါဘူး။ တကယ်မပူတာ” နန်ကျဲ့ဟာ မတရားစိတ်သက်သာရာရကာ အားကြိုးမာန်တက်နဲ့ ခေါင်းညိတ်ပြတယ်။
သူ အတွေးလွန်နေခဲ့တာ။နန်ကောက တကယ် ဘုန်းကြီးတစ်ပါးကို ရှာတွေ့လာတာပဲ။
အနည်းဆုံးတော့ သူတို့နှစ်ယောက် အရင်က နမ်းကြပြီးပြီလို့ ထင်ထားတာ။ အဆုံးသတ်ကျတော့ တရင်းတနှီးအဖြစ်ဆုံး အပြုအမူတောင်မှ ဖက်တာနဲ့ လက်ကိုင်တာတဲ့။ ဒီလိုခေတ်မျိုးနဲ့ အသက်အရွယ်မျိုးမှာ အထက်တန်းကျောင်းသားတွေတောင် သူတို့ဆက်ဆံရေးတွေမှာ အရမ်းမဖြူစင် တတ်ကြဘူး။
ဘာပဲဖြစ်ဖြစ် ဒါက ကောင်းပါတယ်။ရှန်ရန်ချင်းက ရှေးရိုးဆန်ပြီး နန်ကောက တုံးအတယ်။သူတို့ဟာ တကယ့်ကိုမှ လိုက်ဖက်ညီတဲ့ အတွဲပဲ။
အနည်းဆုံးတော့ ရှန်ရန်ချင်း နန်ကောကို လမ်းလွဲစေပြီး လက်မထပ်ခင် ပြဿနာတွေ ရှာမှာကို သူ မပူရတော့ဘူး။
ဘာပဲဖြစ်ဖြစ် နန်ကောက ငယ်သေးတယ်လေ။သူမ သေချာအတိုင်းအတာနဲ့ မနေရင် တက္ကသိုလ်တောင် မပြီးသေးဘဲ ဗိုက်ကြီးတဲ့ အခြေအနေမျိုး ရှိလာနိုင်တယ် မဟုတ်လား။တကယ်လို့များ ရှိလာလို့ရှိရင် သူမ ဘွဲ့ကို ကလေးတစ်ဖက်နဲ့ ယူရလိမ့်မယ်။
အဲဒါဟာ မသင့်တော်ဘူး။
သူ့အတွေးဟာ အရင်းရှင်ဆန်တာမျိုးတော့ မဟုတ်ပါဘူး။ဒါပေမဲ့ သူတို့ အခုမှ စတွဲကြပြီး အရမ်းမြန်မြန်ကြီး တိုးတက်သွားမှာကို သူ စိုးရိမ်တယ်။ထပ်ပေါင်းပြောရရင် တကယ်လို့ တစ်ခုခု တကယ်ဖြစ်သွားရင် နန်ကောဟာ ကလေးသာသာပဲ ရှိသေးတယ်။
နန်ကျဲ့ဟာ ရှန်ရန်ချင်းကို ပိုပိုပြီး မျက်စိပသာဒ ဖြစ်လာတယ်။
“ငါ့လုပ်ငန်းကတ်” သူဟာ အိတ်ကပ်ထဲက လုပ်ငန်းကတ်ကို ထုတ်ပြီး ပေးတယ်။ “ငါ့နံပါတ်ကို မှတ်ထား ဝီချက်မှာ လာအပ်ဖို့ သတိရ”
ရှန်ရန်ချင်းဟာ လုပ်ငန်းကတ်ကို လက်နှစ်ဖက်နဲ့ ယူပြီး သူ့ကတ်ကိုလည်း ပြန်ပေးလိုက်တယ်။
နန်ကျဲ့ဟာ ရှန်ရန်ချင်းရဲ့ လုပ်ငန်းကတ်ကို ကြည့်တယ်။အစက သူ မယူချင်ပေမဲ့ နောက်ဆုံးတော့လည်း ယဉ်ကျေးတဲ့အနေနဲ့ သူယူလိုက်ပါတယ်။
111 03
တကယ်တော့ သူတို့အ သက်အရဆိုရင် ရှန်ရန်ချင်းက သူ့ထက် နှစ်အနည်းငယ် ပိုကြီးတယ်။ဒါပေမဲ့ သူ့ရဲ့သရုပ်မှန်ကြောင့် နန်ကျဲ့ဟာ ရှန်ရန်ချင်းအတွက်တော့ တစ်ဆင့်မြင့်တယ်လေ။သူ့ကိုယ်သူ ဂုဏ်ယူလို့ ရပြီး ကျောမတ်ပြီးလည်း နေနိုင်တယ်။ဒီတော့ ရှန်ရန်ချင်းက သူ့ထက် ကြီးတယ်ဆိုတော့ရော ဘာဖြစ်လဲ။ အနာဂတ်ကျရင် သူ နန်ကော ခေါ်သလိုမျိုး သူ့ကို “အစ်ကိုကြီး” ဆိုပြီး ခေါ်ရမှာပဲ မဟုတ်ဘူးလား?
ဒါကို စဉ်းစားလိုက်တာနဲ့ နန်ကျဲ့ဟာ အလွန် သက်တောင့်သက်သာ ရှိသွားတယ်။
“ငါ့အနေနဲ့ကတော့ ငါ မင်းကို ငါ့ယောက်ဖအနေနဲ့ သတ်မှတ်ထားမယ်။ ခုနက ထိုးတဲ့ဟာအတွက်လည်း ငါက ထိန်းနေမှာ မဟုတ်ဘူးနော်”
“နန်ကောသာ မဆွဲထားရင် ငါ မင်းကို ထိုးပြီးတာ ကြာပါ့”
နန်ကျဲ့ဟာ မောက်မာစွာပဲ နှာခေါင်းရှုံ့လိုက်ပြီး အရင်မတ်တပ် ထရပ်တယ်။
“နောက်ဆို ရန်မဖြစ်နဲ့တော့”
“ပထမအချက် အဲဒါ မင်းပုံစံနဲ့ မလိုက်ဘူး။ ဒုတိယအချက် မင်း လူချင်း ယှဉ်မချနိုင်ဘူး။ တတိယကတော့...မင်း တစ်ခုခုဖြစ်လို့ နန်ကောငိုရင် ငါ သူ့ကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး”
“ဒီနေ့လိုကိစ္စမျိုး ထပ်ဖြစ်လာရင် ငါ့ကိုသာ ခေါ်လိုက် အပန်းမကြီးဘူး”
သူဟာ သူ့ကိုယ်သူ လက်ညှိုးထိုးပြပြီး လူမိုက်စတိုင်နဲ့ ပြောတယ်။ “ဒါပေါ့ မင်းရဲ့ယောက်ဖက ကောင်းတဲ့အချက်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ ငါ့ရဲ့ အကောင်းဆုံးစကေးက ရန်ဖြစ်တာပဲ။ ငါ တကယ် တစ်ခါမှ မရှုံးဖူးဘူး။ မင်းအတွက် ငါ ခံတပ် လုပ်ပေးရတာလောက်က လွယ်လွယ်လေး။ မင်းသက်တော်စောင့်တွေထက် ငါက သေချာပေါက် ပိုအသုံး၀င်တယ်”
“ကျင့်၀တ်တွေဘာတွေဆိုရင် ငါ မင်းကို မယှဉ်နိုင်ပေမဲ့ ဒီပမွှားလေးကို ကိုင်တွယ်ဖို့ ငါက လုံလောက်တာထက်ကို ပိုတယ်”
ရှန်ရန်ချင်းတစ်ယောက် ဆွံ့အသွားတယ်။ဒါဟာ သူ ပထမဆုံးအကြိမ် လူတစ်ယောက် သူ့ကိုယ်သူ အခုလိုမျိုး မြှောက်ပင့်ပြောတာကို ကြားဖူးတာပဲ...
******