အခန်း ၁၁၂
Vol. 12 Ch. 112
112 01
Chapter 112 မင်းတို့ ကြည့်ရတာ တော်တော်လေး စိတ်ပျက်သွားပုံပဲ။
“ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလိုလူမျိုးနဲ့ အကျိုးအကြောင်းပြောဖို့က အလကားပဲ။ တစ်ချက်လောက် ကျွေးလိုက်တာက ပိုပြီးထိရောက်တယ်”
နန်ကျဲ့ဟာ အနောက်ကို မလှည့်ဘဲ လက်မြှောက်ကာ သူ့ကို ဝှေ့ယမ်းပြတယ်။ “နောက်ဆို မင်းအကျင့်ကို မဖောက်နဲ့။ ဥက္ကဌရှန်က မိန်းမလှလေးတစ်ယောက်အတွက် ဒေါသ မထိန်းနိုင်ဘူးလို့ စကားတွေ ပျံ့သွားရင် နန်ကောကို အာရုံစိုက် လာကြလိမ့်မယ်။ မင်းက သည်းခံနိုင်ရင်တောင်မှ သူ့အစ်ကိုအနေနဲ့ ငါ သူ့ကို အဲဒီလို မဖြစ်စေချင်ဘူး”
နန်ကျဲ့ဟာ အတွင်းရေးမှူးနဲ့အတူ ပြန်သွားတယ်။ရှန်ရန်ချင်း မြူနီစီပယ်ဗျူရို၀င်ပေါက်ကို ပြန်သွားတဲ့အခါ လက်ထောက်ယွမ်နဲ့ အတွင်းရေးမှူးတုန်သာ ကျန်တော့တယ်။
သူ ပြန်လာတာကို မြင်တော့ နှစ်ယောက်သား အမြန်အနားကို ပြေးလာပြီး သူ့ကို စိုးရိမ်တကြီး ကြည့်တယ်။သူ အဆင်ပြေတာကို မြင်တော့ နှစ်ယောက်သား အနည်းငယ်အံ့ဩသွားကာ နားမလည်နိုင် ဖြစ်သွားကြတယ်။
“ဥက္ကဌရှန်...မင်း...မင်း အထိုးမခံလာရဘူးလား”
“မင်းတို့ ကြည့်ရတာ တော်တော်စိတ်ပျက်သွားပုံပဲ” ရှန်ရန်ချင်းတစ်ယောက် ကူကယ်ရာမဲ့စွာပဲ အသက် ရှူထုတ်လိုက်တယ်။
“မဟုတ်ဘူး။ မဟုတ်ပါဘူး!” သူတို့နှစ်ယောက်လုံးဟာ အသည်းအသန် လက်ခါပြတယ်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“အတွင်းရေးမှူးတုန်နဲ့ ကျွန်တော် ခုဏက ဥက္ကဌနန် ပြန်သွားတာကို တွေ့လိုက်တာ မင်းက ပြန်မလာသေးတော့ မင်း တစ်နေရာရာမှာ အထိုးခံထားရပြီ ထင်လို့...သတိမေ့နေတာတို့ ဘာတို့ပေါ့ မင်းကို လိုက်ရှာဖို့တောင် တွေးနေတာ”
“ဟုတ်တယ် ဟုတ်တယ်! မင်းအဆင်ပြေတယ်ဆိုလို့ တော်ပါသေးတယ်!” အတွင်းရေးမှူးတုန်ဟာ သံယောင်လိုက်တယ်။
“အဓိကကတော့ မင်း ဒီနေ့ တကယ်ကြီး ကျွန်တော်တို့ ထင်ထားတာထက် ပိုအရိုင်းဆန်နေလို့လေ”
သူဟာ လူနှစ်ယောက်ကို ဆက်တိုက် ထိုးထားတယ်။ပြီးတော့ ထိုးထားတဲ့ နှစ်ယောက်လုံးဟာလည်း ဒီညရဲ့ အရေးကြီးပုဂ္ဂိုလ်တွေ။ စဉ်းစားကြည့်ရုံနဲ့တင် လက်ထောက်ယွမ်နဲ့ အတွင်းရေးမှူးတုန်ဟာ ကြောက်စိတ်ကို ခံစားနေရသေးတယ်။
အထူးသဖြင့် ဥက္ကဌ၀မ်ပေါ့။
သူတို့ထွက်သွားလို့ မရတဲ့ အတိုင်းအတာထိတော့ မဟုတ်ခဲ့ဘူး။လုံခြုံရေးအစောင့်တွေ ဝင်လာတယ်ဆိုပေမဲ့ သူတို့ သက်တော်စောင့်တွေကို ခေါ်မလာခဲ့ဘူး။သူတို့ သေချာပေါက် မချနိုင်ဘူး။ဒါပေမဲ့လည်း ပြီးရင်တော့ ပြဿနာတွေ အများကြီး ကျန်နေခဲ့လိမ့်မယ်။
ဒါပေမဲ့ နန်ကျဲ့ရဲ့ ရုတ်တရက်ပေါ်လာမှုနဲ့အတူ သူ့ရဲ့ ခမ်းနားတဲ့ လုပ်ဆောင်ချက်ကြောင့် သူဟာ ချက်ချင်းပဲ ဥက္ကဌရှန်ရဲ့ မီးမောင်းကို ခိုးယူလိုက်ပြီး လူထုအမြင်မုန်တိုင်းရဲ့ အဓိကလူ ဖြစ်လာတယ်။
ဒီည ဆွေးနွေးခံရခြင်းကနေ ဥက္ကဌရှန် မလွတ်မြောက်နိုင်ဘူးဆိုပေမဲ့လည်း သေချာပေါက် နန်ကျဲ့ဟာ အာရုံစိုက်မှုတွေရဲ့ အလယ်မှာ ဖြစ်ခဲ့တယ်။
“ဒီည အကုန်လုံး ဥက္ကဌနန်ကို ကျေးဇူးတင်ရမယ်။ ဥက္ကဌနန်က နည်းနည်း ကမူးရှူးထိုးဆန်ပြီး ဖြေရှင်းနည်းက ရိုးရှင်းပြီး ပြင်းထန်တယ်ဆိုပေမဲ့ နည်းနည်းလေးတော့ သွေးစွန်းသွားပေမဲ့...အလုပ် ဖြစ်သွားတယ်”
“သေချာပေါက်ပဲ!”
ရှန်ရန်ချင်းဟာ သူတို့စကား၀ိုင်းကို နားထောင်နေပြီး ၀င်မနှောင့်ယှက်ဘူး။
တိတ်တဆိတ် နားထောင်နေပြီးတဲ့နောက် သူဟာ သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်တယ်။ “ကောင်းပြီ နောက်ကျနေပြီ။ ဒီည တော်တော်လေး ပြဿနာ များသွားတယ်။ ပြန်ပြီး ကောင်းကောင်းနားတော့ လေယာဉ်ချိန်ပြင်ပြီး ဟိုက်မြို့ကို မနက်ဖြန်ညမှ ပြန်ကြမယ်”
ရှန်ရန်ချင်းဟာ သူတို့ကို နောက်ထပ်နေ့တစ်၀က် နားခွင့် ပေးလိုက်တယ်။လက်ထောက်ယွမ်နဲ့ အတွင်းရေးမှူးတုန်ဟာ အလိုအလျောက် ပျော်ရွှင်သွားတယ်။
ပြန်တဲ့လမ်းမှာ ရှန်ရန်ချင်းဟာ မျက်ခုံးနှစ်ခုံးကြားကို ပွတ်နေမိတယ်။သူ အချိန်ကြည့်ဖို့ ဖုန်းကို ထုတ်လိုက်တယ်။ဒါပေမဲ့ အလိုလို စက်ပိတ်သွားပြီ ဖြစ်တယ်။
“အခု ဘယ်အချိန် ရှိပြီလဲ” သူဟာ အရှေ့က လူနှစ်ယောက်ကို လှမ်းမေးလိုက်တယ်။
ခရီးသည်ခုံမှာ ထိုင်နေတဲ့ အတွင်းရေးမှူးတုန်ဟာ တစ်ချက်ကြည့်ပေးတယ်။ “၁နာရီ၂၀ပါ ဥက္ကဌရှန်”
“ဟုတ်ပြီ” ရှန်ရန်ချင်းဟာ အားသွင်းလိုက်ပြီး ဖုန်းကို ဖွင့်တယ်။၀ီချက်ထဲ ၀င်ပြီးတဲ့နောက် သူ နန်ကောဆီက စာကို တွေ့တယ်။
112 02
၁၀နာရီ နောက်ပိုင်းက ပို့ထားတာ။အခုချိန်ဆို သူမ အိပ်နေလောက်ပြီ။
ခဏလောက် တွေးလိုက်ပြီးတဲ့နောက် သူမဆီ မနက်ကျမှပဲ စာပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။
တစ်ဖက်မှာတော့ နန်ကောဟာ လက်ထဲ ဖုန်းတစ်လုံးနဲ့ ဆိုဖာပေါ် လှဲနေခဲ့တယ်။ဇာတ်လမ်းတွဲ ကြည့်နေတုန်းဖြစ်တယ်။
ညင်သာတဲ့အသံနဲ့အတူ ဟိုတယ်တံခါးဟာ ဖြည်းဖြည်းလေး ပွင့်လာတယ်။၀င်လာတဲ့လူဟာ တစ်ယောက်ယောက်ကို နှိုးမိသွားမှာ စိုးတဲ့အတိုင်း ဂရုတစိုက်နဲ့ ၀င်လာတယ်။
နန်ကောဟာ စုတ်လုံးတစ်ချောင်းနဲ့အတူ ထထိုင်လိုက်ပြီး တံခါးနား ခိုးကြောင်ခိုးဝှက်လုပ်နေတဲ့ တစ်ယောက်သောသူကို ကြည့်လိုက်တယ်။
နန်ကျဲ့ဟာ တံခါးကို ပိတ်ပြီး အနောက်လှည့်လိုက်တော့ တစ်ယောက်ယောက် ဆိုဖာပေါ် ထိုင်နေတာကို တွေ့တယ်။သူဟာ အရမ်းလန့်ဖြတ်သွားပြီး လက်တွေပါ တုန်ကာ ထဆဲလိုက်မိတယ်။
“ငါလူးးး ညလယ်ခေါင်ကြီး အိပ်ရမဲ့အစား ဒီမှာ ဘာထိုင် လုပ်နေတာလဲ။ နင် တာ၀န်ကျနေတာလား ဘာလား”
နန်ကောဟာ နားမလည်နိုင်စွာ အဆူခံလိုက်ရပြီး သူနဲ့ ပတ်သတ်ပြီး တစ်ခုခု မှားနေတယ်လို့ ခံစားလိုက်ရတယ်။ “ငါ ဒီမှာ ထိုင်နေတာက နင်နဲ့ ဘာဆိုင်လို့လဲ။ နင့်ဟာနင် ကြောက်ပြီး ငါ့ လာအပြစ်တင်နေတယ်”
နန်ကျဲ့ဟာ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ဖို့ ရင်ဘတ်ကို ပွတ်လိုက်တယ်။
သူဟာ ပုံမှန်အားဖြင့် ရဲပါတယ်။အခုလေးတင် သူလန့်သွားရတဲ့ အကြောင်းအရင်းဟာ အဓိကက သူ့မှာ မလုံမလဲ စိတ်၀င်နေလို့။
“နင် ဘာလို့ မအိပ်သေးတာလဲ။ ဘယ်အချိန်ရှိပြီလဲ” သူ တည်ငြိမ်ချင်ယောင် ဆောင်လိုက်တယ်။
“ငါ အိပ်မပျော်လို့”
နန်ကျဲ့ထွက်သွားတော့ သူမ ရှန်ရန်ချင်းကို စာပို့ပေမဲ့ စာပြန်မလာဘူး။
သူမ ထပ်ပြီး အပြင်ထွက်လို့ မရပေမဲ့ သူမ စိတ်ပူပြီး အိပ်မပျော် ဖြစ်နေတော့တာ။စားပြီးတဲ့နောက် သူမ ဒီမှာ ဇာတ်လမ်းတွဲထိုင်ကြည့်နေပြီး နန်ကျဲ့ ပြန်လာတာကို စောင့်နေတာ။
နန်ကျဲ့ သူမကို ပုံမှန်လိုပဲ သင်ကြားရေး၀င်တော့မယ်လို့ ထင်လိုက်ပေမဲ့ သူဟာ သူမကို ကြည့်တောင် မကြည့်ဘဲ ပေါ့ပေါ့ပဲ ပြောတယ်။ “အော် အဲဒါဆို ငါ သွားအိပ်တော့မယ်”
နန်ကော “.....”
“နင် မူးနေတာလား”
သူ နေလို့ထိုင်လို့ မကောင်းမှာကို စိုးရိမ်ပြီး နန်ကောဟာ သူ့အနောက်ကို လိုက်မေးတယ်။ “ဟိုတယ်ကနေ ဆေးတောင်းပေးရမလား။ ဒါမှမဟုတ် ငါ့ဟာငါ သွား၀ယ်ပေးရ...”
ရုတ်တရက် သူမဟာ ရပ်သွားတယ်။
နန်ကောဟာ နန်ကျဲ့အင်္ကျီလက်ကို ဆွဲကိုင်ကာ တားလိုက်တယ်။
“ဘာလုပ်နေတာလဲ။ ငါ မမူးဘူး”
နန်ကောဟာ လစ်လျူရှုပြီး အနားတိုးကာ အနံ့ခံကြည့်တယ်။ “ဘာလို့ ဆေးလိပ်နံ့ ရနေတာလဲ။ နင်သွား သောက်တယ်ဆိုတာ ဟုတ်ရောဟုတ်ရဲ့လား။ ငါ အနံ့လည်း မရပါဘူး”
နန်ကျဲ့မှာ ဆွံ့အ သွားရတယ်။ “နင်က ခွေးလား”
“နင် ဘယ်သွားတာလဲ” နန်ကောဟာ နည်းနည်း သံသယ၀င်လာတယ်။
“ငါ ဘယ်သွားလဲဆိုတာ နင့်ကို တင်ပြရဦးမှာလား” နန်ကျဲ့ဟာ လက်ချောင်းတွေကို ကွေးကာ သူမခေါင်းကို နာနာလေး ခေါက်လိုက်တယ်။ “နင် အိပ်မပျော်ဘူးဆိုလည်း လိုင်းပေါ်မှာ သင်္ချာပုစ္ဆာတွေ ရှာတွက်နေ။ ငါ့လာမနှောင့်ယှက်နဲ့”
သူဟာ နန်ကောကို ဘာကိုမှ ပြောဖို့ အခွင့်အရေး မပေးဘူး။သူဟာ အင်္ကျီလက်ကို ပြန်ဆွဲလိုက်ပြီး အိပ်ခန်းအကြီးထဲ တရှိန်ထိုး ၀င်သွားကာ နန်ကော မ၀င်နိုင်ခင် တံခါးကို လော့ချပစ်လိုက်တယ်။
နောက်နေ့မနက်ကျတော့ နန်ကောဟာ နောက်ကျမှ အိပ်တာမလို့ မနက်ပိုင်း နောက်ကျမှ နိုးလာတယ်။
သူမ နိုးလာတဲ့အချိန် နန်ကျဲ့ဟာ စာကြည့်ခန်းထဲ ဗီဒီယိုညီလာခံ တက်နေတယ်။
သူမ အခန်း၀န်ဆောင်မှု တစ်ချို့ကို မှာလိုက်တယ်။သူမ စားပြီးတဲ့နောက်မှာတော့ နန်ကျဲ့ဟာ အခန်းထဲက ထွက်လာတယ်။ “နင် နည်းနည်းလောက် စားမလား။ နည်းနည်းကျန်သေးတယ်”
112 03
“ဟင့်အင်း” နန်ကျဲ့ဟာ ဧည့်ခန်းဆီ လျှောက်သွားပြီး ထိုင်လိုက်တယ်။ “အထုပ်သိမ်း ငါတို့ ပြန်တော့မယ်”
“ဟမ်။ ဘယ်ကို ပြန်မှာ”
နန်ကောဟာ ကြောင်သွားတယ်။
နန်ကျဲ့ မျက်လုံးတွေဟာ အေးစက်နေတယ်။ “ကျောင်းကို ပြန်မယ် ကျောင်းဖွင့်တော့မယ်လေ။ နင့်ခေါင်းထဲ ရှန်ရန်ချင်းတစ်ယောက်ပဲ ရှိနေတာလား။ နင် ဒိတ်တာတစ်ခုပဲ တွေးနိုင်တော့တာလား”
နန်ကောမှာ အော်မိလုနီးနီး။ “ငါက ဖြူစင်ပါတယ်နော်”
သူမဟာ ဘာမှတော့ ထပ်မပြောဘူး။
“ငါ ဘာမှ ယူမလာဘူး” သူမ ရောက်လာတော့ အိတ်တစ်လုံး သယ်လာခဲ့တယ်။ပြီးတော့ အဲဒီအိတ်ကို မနေ့က သူမနဲ့အတူ ယူသွားတယ်။
“ကောင်းတယ်။ တစ်နာရီအတွင်း ငါနဲ့ လေဆိပ်ကို လိုက်ခဲ့”
“အဲဒီလောက် မြန်မြန်ကြီး” နန်ကောဟာ ခဏလောက်တုံ့ဆိုင်းနေပြီး မေးကြည့်တယ်။ “ဒါဆို ငါတို့ချည်းပဲ ပြန်မှာလား”
“သေချာပေါက် မဟုတ်ဘူးပေါ့”
နန်ကောဟာ ရှန်ရန်ချင်းလည်း သူမတို့နဲ့အတူ ပြန်မှာလို့ ထင်လိုက်မိတယ်။သူမ မေးမလို့လုပ်တုန်း သူမအစ်ကို ပြောတာကို ကြားလိုက်ရတယ်။ “ငါ့အတွင်းရေးမှူးလည်း ပါတယ်”
“ဟုတ်ပါပြီ ဒါဆိုလည်း”
ခဏလောက် ရပ်လိုက်ပြီး နန်ကောဟာ မော့ကြည့်ကာ သူနဲ့ ဆွေးနွေးတယ်။
“ငါ ကျောင်းကို ပြန်မယ်ဆိုလို့ရှိရင် ဟိုက်မြို့ကို ပြန်ရမှာ။ နင့်အတွက် ကုမ္ပဏီကို ပြန်ဖို့က ကျန်းမြို့ကို တိုက်ရိုက် ပြန်စီးတာ ပိုမကောင်းဘူးလား။ လမ်းကြောင်း မသင့်ဘူးလေ ဟုတ်။ ငါတို့ ဘာလို့ ခွဲမပြန်တာလဲ”
နန်ကျဲ့ဟာ သာမန်ပဲ မဂ္ဂဇင်းထဲ လှန်လှောပြီး လှောင်တယ်။ “ရှန်ရန်ချင်းနဲ့ ပြန်ချင်တယ်ဆိုလည်း ဒီတိုင်း ပြောလိုက်စမ်းပါ။ နင့်အစ်ကိုနဲ့ ဒီလိုဂိမ်းကို ကစားဖို့အတွက် နင့်က အရမ်းအတွေ့အကြုံ နုလွန်းသေးတယ် အိုကေ”
အဖော် ခံလိုက်ရပြီးတဲ့နောက် နန်ကောဟာ ကို့ရို့ကားယားနဲ့ ခေါင်းကုတ် လိုက်တယ်။ဒါပေမဲ့ သူမဟာ ခေါင်းမာနေဆဲ။ “မဟုတ်ပါဘူး။ ငါက ဒီတိုင်း နင့်အလုပ်ကို နှောင့်နှေးစေမှာ စိုးတာပါနော်။ နင် ငါနဲ့အတူ ဟိုက်မြို့ကို ပြန်လိုက်ရင် ကုမ္ပဏီကို သွားဖို့က ၂နာရီလောက် မောင်းရဦးမှာ အဆင်မပြေဘူးလေ”
“အဲဒါဆို ငါတို့ ဘာလုပ်သင့်လဲ”
“ငါ ငါ့အတွင်းရေးမှူးနဲ့ အရင်ပြန်လိုက်ရမလား။ ပြီးတော့မှ ရှန်ရန်ချင်းကို နင့်ကို လာခေါ်ခိုင်းလိုက်မယ် ဘယ်လိုလဲ”
“အာ ငါ့အထင်...အဲဒါ အဆင်ပြေတယ်”
ဒါကို ပြောပြီးတဲ့နောက် နန်ကော နောင်တရသွားတယ်။
သူမအစ်ကိုဟာ ရှင်းရှင်းလင်းလင်းကိုပဲ စိတ်ဆိုးနေတုန်းလေ။သူမ ဒီလိုအချိန်မျိုးမှာ သေလမ်းရှာမိတာမဟုတ်ဘူးလား။!
သူမ ကြောက်လန့်တကြားနဲ့ နန်ကျဲ့ကို မော့ကြည့်လိုက်တယ်။၂စက္ကန့်လောက် စောင့်ပြီးတဲ့နောက် နန်ကျဲ့ဟာ ရုတ်တရက် ပြောလာတယ်။ “ကောင်းပြီ”
******