အခန်း ၁၁၄
Vol. 12 Ch. 114
114 01
Chapter 114 ငါဆိုလည်း ရှုပ်ထွေးသွားမှာပဲ။
သူ ဒါကို ဖုန်းထဲကနေ သေချာရှင်းပြလို့ မရဘူးဆိုတာ ရှန်ရန်ချင်း သိနေတယ်။
နန်ကော သူ့ကို မယုံဘူး။
ယုတ္တိဗေဒဟာ ရှန်ရန်ချင်း သူမကို မလိမ်ဘူးလို့ ပြောနေပေမဲ့ သူမရဲ့ ဆင်ခြင်တုံ တရားဟာလည်း အလွန်ကို ဆန့်ကျင်နေတယ်။ပြီးတော့ သူမအစ်ကိုဟာ ခွင့်လွှတ်ပေးတတ်တဲ့လူစားမျိုး မဟုတ်ဘူးလို့ပါ ပြောနေသေးတယ်။
အဲဒီလိုနဲ့ပဲ ဆင်ခြင်တုံတရားဟာ ဘယ်ညာတို က်ခိုက်နေကြတယ်။သူ့ရဲ့လက်သီးနဲ့ ခြေထောက်တွေကပါ အချင်းချင်းတိုက်ခိုက်နေကြတယ်။
အဆုံးသတ်မှာတော့ အနိုင်ရသူ မရှိခဲ့ဘူး။
နန်ကော လက်လျှော့လိုက်ရတော့တယ်။
“ဒါဆိုလည်း ပြီးရင် ကျွန်မကို လာခေါ်ပေးပါ။ တွေ့တော့မှ ဆက်ပြောကြမယ်”
ခြေသံကို နားထောင်ရင်း နန်ကျဲ့ဟာ တည်ငြိမ်စွာနဲ့ မဂ္ဂဇင်းစာရွက်ကို လှန်လိုက်တယ်။ “ပြီးပြီလား”
အသံကို ကြားတော့ နန်ကောဟာ တစ်ချက် လှမ်းကြည့်လိုက်တယ်။သူ မကြမ်းပြင်ပေါ် မြဲနေအောင် ရပ်ပြီး သူမအစ်ကိုကို ခေါင်းစခြေဆုံး သေချာကြည့်လိုက်တယ်။
ရုတ်တရက် သူမအရှေ့က လူဟာ သူမအစ်ကို မဖြစ်နိုင်ဘူးဆိုတာကို သူမ သတိထားမိသွားတယ်...။
သူမ သူမအစ်ကိုကို သိလာတာ နှစ်၂၀ရှိပြီ။ဘာလို့ သူက ပိုပိုပြီး မရင်းနှီးတော့တဲ့ပုံ ပေါက်လာရတာလဲ။
မနေ့ညက နည်းနည်းပုံမှန် ဖြစ်နေသေးတယ်ဆိုတာ အရှင်းကြီးပဲဆိုပေမဲ့ သူက ခွေးရူးလိုပဲလေ။သူ့ကိုယ်သူ သက်သေပြဖို့အတွက် ရှန်ရန်ချင်းကို ရှာချင်တာ။
နောက်ဆုံးကျ သူ အပြင်ထွက်သွားပြီး ပြန်ရောက်လာတော့ သူ့ပုံစံက မသိရင် အခြားလူတစ်ယောက်လိုပဲ။
ဂြိုလ်သားနဲ့များ လူလဲ ခံထားရတာလား။
တတွန့်တွန့်တဆုတ်ဆုတ်နဲ့ နန်ကောဟာ သူ့နား မချဉ်းကပ်ရဲဘူး။သူမခုံအနောက်မှာပဲ မတ်တပ်ရပ်လျက်သား တုံ့ဆိုင်းနေတယ်။ “အစ်ကို နင်...ဘာကို ကြည့်နေတာလဲ”
အကြာကြီးကြာပြီးတဲ့နောက် သူမ ဒါကို ပြောလိုက်တယ်။
“မဂ္ဂဇင်း။ နင် ကန်းနေတာလား ဒါမှမဟုတ် မဖတ်တတ်တာလား”
ဒီစကားတွေကို ကြားတော့ ရင်းရင်းနှီးနှီးရှိတာမို့ နန်ကောဟာ ချက်ချင်း ခုဏကထက်စာရင် စိတ်ထဲခံစားလို့ ပိုကောင်းသွားတယ်။
သေချာပေါက်ကိုပဲ သူမအစ်ကိုဟာ ခွေးရူးတစ်ကောင် ဖြစ်နေတုန်း။လူတိုင်းကို ကိုက်မဲ့ အမျိုးအစားမျိုးပေါ့။
နန်ကောဟာ စိတ်သက်သာရာ ရသွားပြီး သူ့ဆီက မဂ္ဂဇင်းကို ယူဖို့ အရှေ့ကို တိုးလိုက်တယ်။
“စာဖတ်နေတာ ရပ်လိုက်တော့ ဆွေးနွေးရအောင်”
“ကျစ် ငါ့ကိုပေး” နန်ကျဲ့ဟာ မဂ္ဂဇင်းကို အတည်ပေါက်ကြီး ဖတ်နေခဲ့တာ။
“ဘာကြည့်စရာရှိလို့လဲ” နန်ကောဟာ အဲဒါကို ပြီးစလွယ်ပဲ တစ်ချက်ကြည့်လိုက်တယ်။ “ပြီးခဲ့တဲ့လက မဂ္ဂဇင်းကြီးပဲဟာ။ ပြီးတော့ ဖက်ရှင်မဂ္ဂဇင်းကြီးကို...နင် ဘယ်တုန်းက ဒါကို စိတ်၀င်စားသွားတာလဲ”
သူမ စကားဆုံးတာနဲ့ အဖုံးပေါ်က ရင်းနှီးနေတဲ့နာမည်ကို တွေ့လိုက်ရတယ်။
အဲဒါဟာ အောက်နားမှာ ရေးထားတာဖြစ်ပြီး သိပ်မထင်ပေါ်ဘူး။ဒါပေမဲ့ နည်းနည်းရင်းနှီးနေတာမို့ သူမတစ်ချက်ကြည့်ရုံနဲ့ သတိထားမိသွားတာ။
ချီယန်။
နန်ကောဟာ နားလည် သဘောပေါက်သွားတဲ့သဘောနဲ့ မျက်တော င်ခတ်လိုက်တယ်။
သူမ အကြောင်းအရာကို လှန်လှောကြည့်လိုက်တယ်။ထင်ထားတဲ့အတိုင်းပဲ တကယ်ကို ချီယန်ရဲ့ဓာတ်ပုံ ရှိနေတယ်။
ဒါက အင်တာဗျူးပဲ။ချီယန်ဟာ အထဲမှာ အတိုချုံး မိတ်ဆက်ခံထားရတယ်။ပြီးတော့ အဲဒီအောက်မှာ မေးခွန်းတစ်ချို့နဲ့ အဖြေတစ်ချို့လည်း ရှိတယ်။
နန်ကောဟာ သေချာထပ်ကြည့်မလို့ လုပ်လိုက်ပေမဲ့ လက်တစ်ဖက်ဟာ ရောက်လာပြီး အညှာအတာမရှိ မဂ္ဂဇင်းကို ပြန်လုယူသွားတယ်။
114 02
“နင် ဘာကို ကြည့်နေတာလဲ” နန်ကျဲ့ဟာ မဂ္ဂဇင်းကို ပြီးစလွယ်ပဲ ပေါင်ပေါ် တင်လိုက်ပြီး နန်ကော စကားထပ်မပြောနိုင်ခင် သိသိသာသာပဲ စကားလမ်းကြောင်း လွှဲလိုက်တယ်။ “ငါ့ကို ဘာလို့ ရှာနေတာလဲ။ မြန်မြန်ပြော ပြီးရင်လည်း သွားလိုက်တော့”
“အာ” သူ့ဆီက ကြားဖြတ် ပြောခံလိုက်ရပြီးတဲ့နောက် နန်ကောဟာ စကားနားထောင်ကာ ပြန်ဖြေတယ်။ “နင် မနေ့ညက သွားသောက်တာ မဟုတ်ဘူးလား။ နင် ရှန်ရန်ချင်းကို သွားတွေ့ခဲ့တာလား”
“သူ နင့်ကို ကွန်ပလိန်း တက်ပြန်ပြီလား။သူ ဘာပြောလိုက်ပြန်ပြီလဲ”
“မဟုတ်ပါဘူး။ သူက နင်မှ မဟုတ်တာ”
နန်ကျဲ့မှာ ဆဲမိလုနီးနီး ဖြစ်သွားတယ်။
“နင် သူ့ကို သွားတွေ့တဲ့အကြောင်း ဘာလို့ ငါ့ကို မပြောတာလဲ”
“ငါ သူ့ကို စကားပြောချင်တာ ဘာလို့ နင့်ကို ပြောရမှာလဲ။ ငါတို့က လွတ်လပ်တယ် မဟုတ်ဘူးလား” နန်ကောမှာ ဆွံ့အသွားရတယ်။ “ဒါပေမဲ့ နင် ငါ့ကြောင့်နဲ့ သူ့ကို စကား သွားပြောတာလေ”
“သောက်ပိုတွေ ငါ့မှာ ပရောဂျက်တစ်ခုရှိလို့ သူ့အကူအညီလိုရုံပဲ။ နင့်ကိစ္စမဟုတ်ဘူး”
နန်ကောဟာ အသက် ရှူထုတ်လိုက်တယ်။သူမ တကယ် သူမအစ်ကိုကို ဘာမှလုပ်မရတော့ဘူး။
သူက အရမ်းခေါင်းမာတာပဲ!
ဘယ်လောက်မှ မကြာလိုက်ဘဲ ရှန်ရန်ချင်း ရောက်လာတယ်။
“ဒါဆို ငါ သွားတော့မယ်နော်” နန်ကောဟာ သူမအိတ်ကို ကိုင်ကာ မသေချာမရေရာစွာနဲ့ မေးလိုက်တယ်။
နန်ကျဲ့ဟာ မော့တောင် မကြည့်ဘူး။သူဟာ သူမဆီ လက်ခါပြကာ အမြန်ဆုံး ပျောက်ကွယ်သွားဖို့ကို ညွှန်ပြနေတယ်။
သူမ တံခါးနားကို ရောက်တော့ သူမအနောက်ကလူ သူမကို ကြည့်ဖို့အထိ နန်ကော စောင့်မနေတော့ဘူး။သူမတံခါးဘုကို ကိုင်လိုက်ကာ တွန့်ဆုတ်စွာနဲ့ အနောက်ပြန်လှည့် လိုက်တယ်။ “အစ်ကို နင့်မှာ ငါ့ကို တခြားပြောစရာ ရှိသေးလားဟင်” သူ တကယ်ကြီး သူမကို ဒီလိုပဲ သွားခွင့်ပေး လိုက်တာလား။
ဘာလို့ အစစ်မှန် မဟုတ်သလို ခံစားနေရတာလဲ။
တစ်ခုခု မှားနေတယ်လို့ သူမ ခံစားနေရတယ်။
နန်ကျဲ့တစ်ယောက် အံကြိတ်လိုက်မိတယ်။ကြည့်ရတာ သူတို့နှစ်ယောက် နေရာလဲသွားသလိုပဲ။ဒါဟာ ပထမဆုံးအကြိမ် နန်ကောကြောင့် သူ အရမ်းစိတ်ရှုပ်ရပြီး သူမကို ထရိုက်ပစ်ချင်တဲ့အထိ ဖြစ်လာဖူးတာပဲ။ “ချက်ချင်း ပျောက်ကွယ် သွားလိုက်တော့ နားလည်လား”
“နင် သူနဲ့ မသွားချင်ဘူးဆိုလည်း ငါနဲ့ လေဆိပ်ကို လိုက်ခဲ့လိုက်တော့!”
“မဟုတ်ဘူး။ မဟုတ်ဘူး” နန်ကောဟာ ပလုတ်တုတ်လိုမျိုး ခေါင်းကို အသည်းအသန် ခါလိုက်တယ်။ “ဒါဆို ငါသွားတော့မယ် အစ်ကို အစားစားဖို့လည်း သတိရဦး!”
ဒီတစ်ခါတော့ နန်ကော တကယ်ထွက်သွားပြီဖြစ်တယ်။နန်ကျဲ့ ပိတ်သွားတဲ့တံခါးကို တစ်ချက်ကြည့်ပြီး ရှန်ရန်ချင်းဆီ စာပို့ဖို့ တိတ်တဆိတ်ပဲ ဖုန်းကို ထုတ်လိုက်တယ်။
[သူ့ကို ကောင်းကောင်းဂရုစိုက်လိုက်။သူ့ကို ဒီည ကျောင်းကို ပြန်လိုက်ပို့ပေး။]
ခဏလောက် တုံ့ဆိုင်းနေပြီးတဲ့နောက် သူ ဆက်ရိုက်လိုက်တယ်: [မနေ့ညက ပွဲကကိစ္စကို သူ့ကို မပြောနဲ့။]
သူပို့ပြီးမကြာဘူး။တစ်ဖက်လူဟာ စာရိုက်လာတယ်။
ရှန်: [ကောင်းပါပြီ။လေယာဉ်က ဟိုက်မြို့ကို ည၈နာရီ၄၀မှာ ဆိုက်လိမ့်မယ်။အရမ်း မနောက်ကျပါဘူး။ကျွန်တော်တို့ ရောက်တာနဲ့ ကျွန်တော် မင်းကို ပြောပါမယ်။]
[ကျွန်တော် နန်ကောကို မနေ့ညက ဖြစ်တဲ့ကိစ္စကို တကယ် မပြောချင်ပါဘူး။ဘာပဲဖြစ်ဖြစ် အဲဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူးဆိုတော့။ဒါပေမဲ့ ကျွန်တော် နန်ကောကို မလိမ်တော့ဘူးလို့ ကတိပေးထားတယ်။အဖြူရော င်မုသားတောင်မှပေါ့။]
[ကျွန်တော် သူနဲ့ ၁၀၀ရာခိုင်နှုန်း ရိုးသားဖို့ လိုတယ်။]
အဲဒါကို ဖတ်ပြီးတဲ့နောက် နန်ကျဲ့ဟာ စိတ်ခံစားချက်မဲ့စွာနဲ့ တုံ့ပြန်လိုက်တယ်: [.....]
ကောင်းရော။သူ တကယ် ဆွံ့အရတယ်။
[ဒါပေမဲ့ စိတ်မပူပါနဲ့။ကျွန်တော် ဘာပြောရမလဲသိပါတယ်။ကျွန်တော်သူ့ကို အရမ်းစိတ်ပူရအောင် လုပ်မှာ မဟုတ်ဘူး။]
နန်ကျဲ့ဟာ ခေါင်းတခါခါနဲ့ စုတ်သပ်လိုက်တယ်။
114 03
စက္ကန့်အနည်းငယ်လောက်ကြာတော့ ရှန်ရန်ချင်းဟာ နန်ကျဲ့ဆီက ပြန်စာကို လက်ခံရရှိတယ်: [နန်ကော မင်းကို ဘာလို့ကြိုက်လဲဆိုတာ ငါနောက်ဆုံးတော့ နားလည်သွားပြီ။]
ဒါကို မြင်တဲ့အခါ နန်ကျဲ့ သူ့ကို ချီးကျူးမှာ မဟုတ်ဘူးဆိုတဲ့ ခံစားချက်မျိုးကို ရှန်ရန်ချင်း ရလိုက်တယ်။
နန်ကျဲ့ဆက်ပြောလာတဲ့အရာဟာ သူ့ရဲ့ခန့်မှန်းချက်ကို အတည်ပြုလိုက်တယ်။
နန်ကျဲ့: [လူအိုကြီး။မင်းက တကယ်စကားကောင်းကောင်း ပြောတတ်တာပဲ။ကျစ် ကျစ်။ဒီတော့ ဒါက စကားပြောခြင်းအနုပညာ ပေါ့လေ။ငါသာဆိုရင်လည်း ရှုပ်ထွေးသွားမှာပဲ။]
ရှန်ရန်ချင်းဟာ စာကို ကြည့်ပြီး ၃စက္ကန့်လောက် တိတ်သွားတယ်။အဲဒီနောက် သူဖုန်းကို ပိတ်ကာ အိတ်ကပ်ထဲ ပြန်ထည့်လိုက်တယ်။
ဒါဟာ သူ စာတစ်စောင်ကို လစ်လျူရှုကာ မပြန်ဘဲထားလိုက်တဲ့ ပထမဆုံးအကြိမ်ပဲ။
ဘယ်လိုပြောရမလဲ။ ရှောင်ထွက်ဖို့အတွက် ရှက်စရာကောင်းပေမဲ့ အသုံး၀င်တယ်လေ။
သူတို့သာ ဆက်ပြီးရိုက်နေရင် ဒီလိုခပ်ဆင်ဆင် “ချီးကျူးမှု”မျိုးတွေ မရေမတွက်နိုင်အောင် လာလိမ့်မယ်။
နန်ကောဟာ အောက်ထပ်ကို အမြန် ဆင်းသွားတယ်။သူ မဓာတ်လှေကားထဲက ထွက်လိုက်တာနဲ့ ရှန်ရန်ချင်း ခန်းမထဲမှာ စောင့်နေတာကို တွေ့လိုက်ရတယ်။ သူမမျက်လုံးတွေ တောက်ပသွားပြီး အိတ်နဲ့အတူ ပြေးသွားလိုက်တယ်။ “ရှန်ရန်ချင်း!”
အမျိုးသားဟာ လက်မောင်းကို ဖြန့်ပြီး သူမကို ဖက်တယ်။
“ဘာလို့ အရမ်းပျော်နေတာလဲ” ရှန်ရန်ချင်းဟာ ပြုံးပြီး သူမခေါင်းလေးကို ပွတ်ပေးတယ်။
“ကျွန်မအစ်ကို တကယ်ကြီး အပြင်ထွက်ခွင့်ပေးလိုက်တယ်!”
“သွားကြမယ် သွားကြမယ်။ အပြင်မှာ ပြောရအောင်!”
နန်ကျဲ့ သူမအနောက် လိုက်လာမှာကို စိုးရိမ်တဲ့အလား နန်ကောဟာ ရှန်ရန်ချင်းလက်မောင်းကို ဖက်ပြီး အမြန်ဆွဲခေါ်သွားတယ်။ရှန်ရန်ချင်းတစ်ယောက် ကူကယ်ရာမဲ့စွာနဲ့ ပြုံးမိပြီး အတင်းလိုက်သွားရတယ်။
ကားက မောင်းထွက်သွားတဲ့အခါမှသာ နန်ကောဟာ မနေ့ညကအကြောင်းကို မေးတယ်။
“မနေ့ညက အခြေအနေက နည်းနည်းရှုပ်တယ်။ အမှန်က အစက မင်းအစ်ကို ကိုယ့်ကို လာရှာတာ မဟုတ်ဘူး”
နန်ကောဟာ ပြောတယ်။ “တကယ် တိုက်ဆိုင်သွားတာပေါ့”
“ထင်တာပဲ” ရှန်ရန်ချင်း မနေ့ညက နန်ကျဲ့ကို မမေးလိုက်မိဘူး။ “ကိုယ်မနေ့ညက ပြန်တော့မလို့ပဲ။ ဒါပေမဲ့ ရုတ်တရက် ဥက္ကဌ၀မ်နဲ့ ပြဿနာတက်သွားတာ”
နန်ကောကို ကိုင်ထားတဲ့ သူ့ရဲ့လက်ဟာ အနည်းငယ် တင်းသွားတယ်။သူဟာ တစ်ခုခု အမှားလုပ်မိပြီး လေးလေးနက်နက်နဲ့ ပြန်လည်သုံးသပ်နေတဲ့ ကလေးတစ်ယောက်လိုမျိုး နန်ကောရဲ့လက်ချောင်းလေးတွေကို ငုံ့ကြည့်လိုက်တယ်။
“ကိုယ် အရမ်းစိတ်မြန်သွားပြီး မထိန်းနိုင်ဘဲ တစ်ဖက်လူကို ထိုးလိုက်မိတာ။ နောက်တော့ မင်းအစ်ကိုက ဖြတ်သွားရင်း ကိုယ့်ကို ၀င်ကူညီပေးတာ။ ဒီတော့ ကိုယ့်ပြဿနာကို ဖြေရှင်းပြီးတဲ့နောက် ကိုယ်တို့ထိုင်ပြီး စကားပြောဖြစ်ခဲ့ကြတယ်”
“ရှ-ရှ-ရှ-ရှင်တို့ အုပ်စုဖွဲ့ ရန်ဖြစ်တဲ့ထဲ ပါသွားတယ်” နန်ကောမှာ အံ့ဩတကြီး ထစ်အမှုများစွာနဲ့။သူ “အုပ်စုဖွဲ့ရန်ဖြစ်တာ” ဆိုတဲ့ အသုံးအနှုန်းကို ကြားရတဲ့အခါ ရှန်ရန်ချင်းဟာ တန့်သွားပြီး ဘာမှတုံ့ပြန်မလာဘူး။
သေချာစဉ်းစားကြည့်ရင် မနေ့ညက အခြေအနေဟာ အမှန်တကယ် အုပ်စုဖွဲ့ရန်ဖြစ်တာတော့ မဟုတ်ပေမဲ့ သေချာပေါက်ခပ်ဆင်ဆင်တော့ ရှိတယ်...
******