← Chapters

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း ၁၁၆

Vol. 12 Ch. 116

116 01

Chapter 116 နင် ငါ့ကို လာရှာလို့ ၀မ်းသာတယ်။

တကယ်တော့ နန်ကျဲ့ဟာ ယွမ်ချီနဲ့ ရင်းနှီးတယ်။

သူတို့နှစ်ယောက်ဟာ ငယ်သူငယ်ချင်းတွေဖြစ်ပြီး တော်တော်ရင်းရင်းနှီးနှီးနဲ့ ကြီးပြင်းလာတယ်လို့တောင် ပြောလို့ရတယ်။ယွီလိုပဲ ယွမ်ချီဟာ သူ့ရဲ့ နောက်လိုက်တွေထဲက တစ်ယောက်။ဘာလို့လဲဆိုတော့ သူဟာ သူ့ထက် ၂နှစ်ငယ်တာ မလို့။

ကိုယ်ရေးကိုယ်တာအရ သူတို့နှစ်ယောက်ဟာ အမြဲအဆင်ပြေပြေ ရှိကြတယ်။သူတို့ဟာ ဖုန်းတစ်ချက် ခေါ်ရုံနဲ့ အပြေးရောက်လာမဲ့ ညီအစ်ကိုတွေ ဖြစ်တယ်။

ပုံမှန်အားဖြင့် ဘယ်နေရာ ဖြစ်ဖြစ်၊ ဘယ်အချိန် ဖြစ်ဖြစ် နန်ကျဲ့ဟာ ယွမ်ချီကို အရမ်းလိုလိုလားလားနဲ့ တွေ့ချင်ပါတယ်။

ဒါပေမဲ့ ချီယန် ရှိနေရင်တော့ ယွမ်ချီအပေါ် သူ့ရဲ့ဆက်ဆံပုံဟာ ကွဲပြားသွားတတ်တယ်။

တခြားလူတွေသာ မသိရင် နေမယ်။ဒါပေမဲ့ ဂျူနီယာအထက်တန်းတုန်းက ချီယန် ယွမ်ချီကို ကြိုက်ခဲ့တယ်ဆိုတာ သူ ကောင်းကောင်း သိတယ်။ယွမ်ချီက ချီယန်အပေါ် ဘာခံစားချက်မှ မရှိဘူးဆိုပေမဲ့လည်း ဆိုရိုးစကားတွေအတိုင်း စိတ်ဆုံးဖြတ်ထားတဲ့ မိန်းမတွေဟာ ယောက်ျားတစ်ယောက်ကို ရအောင်ယူလိမ့်မယ်။

ပိုဆိုးတာက အခုလက်ရှိ ချီယန်ဟာ မသဲမကွဲ အ၀တ်အစားတွေ ၀တ်တတ်တဲ့ ယောက်ျားလေးဆန်တဲ့ ချီယန် မဟုတ်တော့ဘူး

သူမဟာ အရပ်ရှည်တယ်။ပိန်ပိန်ပါးပါးနဲ့ လှတယ်။ယွမ်ချီ သူမကို ကြွေသွားရင် ဘယ်လိုလုပ်မလဲ။

သူ အားထုတ် ထားတာမှန်သမျှ အလကား ဖြစ်မသွားဘူးလား။အချိန် ကျလာလို့ရှိရင် သူ ဘယ်သူနဲ့ အကျိုးအကြောင်း ပြောရမှာလဲ။!

ပုံမှန်အားဖြင့် ယွမ်ချီ့ဆန္ဒကို လက်လျှော့လိုက်ရတဲ့ နာကျင်မှုကို လက်လေး တစ်ချက် ဝှေ့လိုက်ရုံနဲ့ သူ သည်းခံနိုင်တယ်။ဒါပေမဲ့ ချီယန်ကတော့ မတူဘူး။

ချီယန်နဲ့ ပတ်သတ်လာရင် သူ မသေချာတော့ဘူး။

သူ့မှာ လူကြီးလူကောင်း တစ်ယောက်လိုမျိုး လူတစ်ယောက်ရဲ့ဆန္ဒကို ဖြည့်ဆည်း ပေးတာမျိုးဆိုတာ မရှိဘူး။

“အဟမ်း”

သူ အချိန်ကွက်တိမှာ စကားပြောလိုက်မိပြီး အောင်မြင်စွာနဲ့ ဆန့်ကျင်ဘက်က လူနှစ်ယောက်ရဲ့အာရုံကို ဆွဲခေါ်လိုက်နိုင်တယ်။

ယွမ်ချီဟာ တစ်ခုခုကို တွေးမိသွားပုံရကာ အမြန်ထလိုက်တယ်။ “အစ်ကိုကြီးနန်ကို ရုတ်တရက် တွေ့ရတော့ ငါ တော်တော် စိတ်လှုပ်ရှားသွားတာ ဟားဟား”

“အမ် ငါ မင်းတို့ကို မနှောင့်ယှက်တော့ပါဘူး။ နောက်ရက်မှ စကားပြောကြတာပေါ့ ဟုတ်သား ငါတို့ ကျောင်းသားဟောင်း တွေ့ဆုံပွဲမှာ ပြောလို့ရတာပဲ။ ငါ အရင်သွားတော့မယ်။ သီးသန့်အခန်းထဲ စောင့်နေတဲ့ အခြားသူငယ်ချင်းတွေ ရှိသေးလို့”

ယွမ်ချီဟာ ရောက်လာပြီး အလျင်စလိုပဲပြန်သွားတယ်။ချီယန်ဘာမှမပြောနိုင်ခင် သူဟာ အလျင်အမြန်ပဲ သူမမြင်ကွင်းကနေ ပျောက်ကွယ်သွားတယ်။

“သူ သွားတာကြာပြီ။ နင် ဘာကို ကြည့်နေသေးတာလဲ” နန်ကျဲ့ဟာ အေးစက်စက် မျက်နှာထားနဲ့ အိုင်ပတ်ကို ကမ်းပေးလိုက်တယ်။ “မြန်မြန်လုပ်ပြီးမှာ။ ငါ နေ့လည်ကတည်းက ဘာမှ မစားရသေးဘူး. ဗိုက်ဆာနေပြီ”

ဒါကို ကြားတဲ့အခါ ချီယန်ဟာ အကြည့်ကို ချက်ချင်းရုတ်ကာ သူ့ကို အာရုံစိုက်လိုက်တယ်။ “ဟမ်။ အစ်ကိုကြီးနန် နင် ဘာလို့ အချိန်မှန် မစားတာလဲ။ ဒါနင့်အစာအိမ်အတွက် မကောင်းဘူးနော်”

သူမအိုင်ပတ်ကို ယူကာ အမြန်လေး သူ့အကြိုက်ဆုံး ဟင်းပွဲတွေကို မှာလိုက်တယ်။သူ ဘာမှမစားရသေးတာကို စိတ်ထဲ မှတ်ထားရင်း စွတ်ပြုတ်အိုးနှစ်အိုးကိုပါ မှာလိုက်တယ်။

ဒီနေ့ ဆိုင်မှာ လူသိပ်မများတာမို့ ဟင်းပွဲတွေဟာ အမြန်ရောက်လာတယ်။

ချီယန်ဟာ အစားအစာတွေကို ပြုတ်ပြီး သူ့ပန်းကန်လုံးထဲ ထည့်ပေးတယ်။ “အစ်ကိုကြီးနန် အရင်စား”

နန်ကျဲ့ဟာ တူကို ဖြည်းဖြည်းချင်း ကောက်ကိုင်ကာ သူ့ပန်းကန်ထဲ သူမအစားအစာ ထည့်ပေးနေတာကို တားလိုက်တယ်။ “အင်းပါ။ နင်လည်း စားလို့ရပြီ”

“ငါက အဆင်ပြေတယ် အဲဒီလောက် မဆာဘူး” ချီယန်ဟာ နေ့လည်စာကို နည်းနည်း နောက်ကျ စားထားပြီး အခုတကယ် ဗိုက်မဆာသေးဘူး။ “ငါနင့်အတွက် အရင်ပြုတ်ပေးမယ်။ ငါစားဖို့ အလျင်မလိုဘူး”

သူ့ပန်းကန်လုံးထဲ ပြည့်သွားမှသာ ချီယန်ဟာ လက်ကို ပြန်ရုတ်ပြီး သူမအတွက် အရွက်နှစ်ရွက်ကို ယူတယ်။

နန်ကျဲ့စိတ်ဟာ အစားအစာတွေဆီမှာ မရှိတော့ဘူး။ဖယောင်းကို ၀ါးနေသလိုမျိုး သူ ပြီးစလွယ်ပဲ နှစ်ကိုက်လောက်ကိုက်ကာ ဝါးလိုက်တယ်။

တစ်ဖက်လူဟာ စကားမပြောဘူး။

နောက်ဆုံးတော့လည်း သူပဲ ရှုံးသွားရတယ်။သူ မနေနိုင်ဘဲ မေးလိုက်မိတယ်။ “ယွမ်ချီကို တွေ့ရလို့ ပျော်နေတာလား”

116 02

“အင်း” ချီယန်ဟာ သိပ်မတွေးဘဲ ဒီတိုင်း ခေါင်းညိတ်လိုက်တယ်။ “ငါ အလျင်စလိုနဲ့ ထွက်သွားပြီး လူတိုင်းနဲ့ အဆက်အသွယ် ပြတ်သွားတာလေ ကျောင်းသားဟောင်းတွေ့ ဆုံပွဲမတိုင်ခင်အထိ စောင့်ရဦးမယ်ထင်တာ။ ဒီမှာ တွေ့ရမယ်လို့ မထင်ထားဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ”

နန်ကျဲ့ဟာ နှုတ်ခမ်းတွေကို ဖိကာ သူမကို အေးတိအေးစက်နဲ့ ‌မော့ကြည့်လိုက်တယ်။ “နင် ထွက်သွားတုန်းက နင့်ဆီမှာ သူ့ဖုန်းနံပါတ် ရှိတယ်မဟုတ်ဘူးလား။ ဒီလောက် နှစ်တွေ အကြာကြီး နင် သူ့ကို ဖုန်းမခေါ်ဘူးလား”

“ရှိတာလား”

ချီယန်ဟာ ကြောင်သွားတယ်။ “ငါ သေချာ မမှတ်မိဘူး။ တကယ်လို့ ရှိခဲ့ရင်လည်း ငါ ပျောက်သွားတာနေမယ်။ ဒီလောက် နှစ်တွေ အကြာကြီး ငါတို့ အချင်းချင်း တကယ် အဆက်အသွယ် မရှိခဲ့ဘူး”

သူတို့ဂျူ နီယာအထက်တန်းတုန်းက သူတို့ကျောင်းမှာ နန်ကျဲ့ကို ဗဟိုပြုထားတဲ့ ဂိုဏ်းငယ်လေးတစ်ဂိုဏ်း ရှိခဲ့တယ်။လူတွေ အတော်‌လေး များတယ်။

ဒါပေမဲ့ သူမ အဓိကအားဖြင့် နန်ကျဲ့နဲ့ပဲ ပိုရင်းရင်းနှီးနှီး ရှိခဲ့တယ်။အဲဒီမှာ ၄၊၅ယောက်လောက်ပဲ ရှိပြီး အကုန်လုံးက သူ့ငယ်သူငယ်ချင်းတွေ။သူတို့ မိသားစုအချင်းချင်း ရင်းနှီးကြတာမို့ မူကြိုကတည်းက သူတို့ အချင်းချင်းကို တစ်ကျောင်းတည်း အတူတူထားကြတာ။

သူမကတော့ ခြွင်းချက် ဖြစ်ခဲ့တယ်။

အဲဒီအချိန်တုန်းက သူမ နန်ကျဲ့နဲ့ အခန်းမတူသေးဘူး။သူမ ယွမ်ချီနဲ့ အရင်သိတာ။

နောက်တော့ ယွမ်ချီကနေ တစ်ဆင့် သူမ ဖြည်းဖြည်းချင်း အတွင်းလူ ဖြစ်လာပြီး နည်းနည်းလောက်ကြာမှ နန်ကျဲ့နဲ့ သိရတာ။အဲဒီနောက် သူမ နန်ကျဲ့ရဲ့အခန်းထဲ ပြောင်းသွားပြီး သူတို့ နှစ်ယောက်ကြားက ဆက်ဆံရေးဟာလည်း ပိုပိုပြီးအဆင်ပြေလာကာ တရား၀င်သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြတယ်။

သူမ နန်ကျဲ့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတဲ့အတွက်ကြောင့် သူမ အောင်အောင်မြင်မြင်ပဲ သူတို့ရဲ့ဂိုဏ်းငယ်လေးထဲ ၀င်ဆံ့နိုင်ခဲ့တယ်။

ထပ်‌ပေါင်းအနေနဲ့ သူမဟာ မူလတန်းကတည်းက တိုက်ကွမ်ဒို သင်ခဲ့ပြီး အခြေခံရှိတယ်။ဒါကြောင့် ယွမ်ချီနဲ့ အခြားလူတွေဟာ သူမနဲ့ အချိန်ဖြုန်းရတာကို ကြိုက်ပြီး သူမကို အရမ်းလည်း အထင်ကြီးကြတယ်။သူတို့ဟာ သူမကို သီးသန့် “အစ်ကိုယန်”လို့တောင် ခေါ်ခဲ့ကြသေးတယ်။

“ဒါဆို နင် သူ့ကို ပြန်လာရှာပြီး ဆက်သွယ်ဖို့ မစဉ်းစားမိဘူးလား။ ၁၀နှစ်တောင် ရှိနေပြီ။ သူ့ကို မဆက်သွယ်ရတာ နင်၀မ်းမနည်းဘူးလား” နန်ကျဲ့စကားလုံးတွေဟာ ခပ်စူးစူး ဖြစ်နေခဲ့ပြီး သူ့မျက်လုံးထဲမှာလည်း ဒေါသရေးရေးလေးကို မြင်နေရတယ်။

ချီယန်ဟာ စားနေတာကို ရပ်လိုက်ပြီး သူ့ကို ကြောင်သွားတဲ့ အမူအရာနဲ့ မော့ကြည့်လိုက်တယ်။ “ငါတော့ မထင်ပါဘူး”

သူမနဲ့ ယွမ်ချီမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့တယ်။ဒါပေမဲ့ အဲဒီလိုဆိုတာနဲ့ပဲ သူမဘက်ကနေ ခေါ်ဖို့အထိ အကျယ်ချဲ့ လုပ်စရာမလိုဘူးလေ။ဟုတ်တယ်မလား။

တကယ်လို့ တစ်ယောက်ယောက်ကို ဆက်သွယ်ရမယ်ဆိုရင် သူမ နန်ကျဲ့ကိုပဲ ဆက်သွယ်မှာပေါ့။

“နင် သူ့ကို နည်းနည်း မစိုးရိမ်ဘူးလား”

“ဟင့်အင်း...ဟုတ်” ချီယန်ကိုယ်တိုင်တောင်မှ သတိမထားမိဘူး။

နန်ကျဲ့ဟာ ဒါကို သေချာသိချင်တယ်။ “အဲဒါဆို ငါ့ရော”

ချီယန်ဟာ အံ့ဩသွားတယ်။ “ဟမ်”

“နင်နဲ့ ပြန်တွေ့တဲ့နေ့ကတည်းက ငါ မေးချင်နေတာ။ နင် ကျန်းမြို့ကို ပြန်ရောက်တော့ ငါ့ကို လိုက်ရှာဖို့ တွေးကြည့်ဖူးလား”

“စစက ငါ စတူဒီယိုနဲ့ အလုပ်ရှုပ်နေခဲ့တာ...”

“နင် တွေးကြည့်ဖူးလားလို့ပဲ မေးတာပါ။ ပြန်ရောက်တာနဲ့ ဘာလို့ ငါ့ကို လာမရှာတာလဲလို့ မေးနေတာ မဟုတ်ဘူး”

နန်ကျဲ့ဟာ သူ လုပ်ချင်တာကိုပဲ လုပ်နေကျ။ဒီတော့ ချီယန်နဲ့ဆို သူပိုပြီးတောင် ပေါ့ပေါ့ပါးပါး ရှိသေးတယ်။ဒါဟာ ပထမဆုံးအကြိမ် အဖြေတစ်ခုအတွက် သူ သူမကို ဖိအားပေးဖူးတာပဲ။ “နင် တွေးဖူးလားပဲ ပြောပါ”

အခု သူ သူမဆီက တောင်းပန်တာ အပါအဝင် အခြားဘာရှင်းပြချက်မှ မလိုအပ်ဘူး။

သူ ထင်ယောင်ထင်မှား လှတပတ စကားလုံးတွေကို နားမထောင်ချင်ဘူး။

“အဲဒါပဲ ငါ သိချင်တာ”

သူဟာ ရုတ်တရက်ကြီး တည်တံ့သွားပြီး သူ့မျက်နှာပေါ်က အပြုံးဟာလည်း ပျောက်ကွယ် သွားတယ်။

116 03

ချီယန်ဟာ သတိလက်လွတ် ဖြစ်သွားပြီး သူ့မျက်လုံးတွေနဲ့ ဆုံသွားတယ်။သူမ သူ့ကို အကြာကြီး ငေးကြည့်နေမိခဲ့ပေမဲ့ သူဟာ သူမကို လောမလာဘူး။သူ အဖြေကို လိုချင်ရုံပဲ။

စားပွဲထိုးက ဟင်းပွဲအသစ်တစ်ပွဲ ယူလာတော့မှပဲ တိတ်ဆိတ်မှုဟာ ပြိုကွဲသွားတယ်။

သူ့အကြည့်အောက်မှာ ချီယန်ဟာ ခေါင်းညိတ်လိုက်တယ်။ “အင်း ငါ ဟိုက်မြို့မှာ စတူဒီယိုကို အထိုင်ကျအောင် ပြင်ဆင်ပြီးတော့ ကျန်းမြို့ကို လာခဲ့တယ်”

“အဲဒီနောက်...” ချီယန်ဟာ ကို့ရို့ကားယားနဲ့ ခေါင်းကို ကုတ်ကာ ပြောတယ်။ “ငါ နင့်ကုမ္ပဏီကို ထပ်သွားခဲ့တ။ယ် အဲဒီတုန်းက နင်ထွက်လာတာကို ငါတွေ့တယ်။ ငါနင့်ကို စကားတောင် မပြောရသေးဘူး။ နင်က ထွက်သွားတယ်လေ”

အတိအကျဆို နန်ကျဲ့ သူမကို မမှတ်မိခဲ့တာ။

သူမတို့ နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် ၀င်တိုက်မိတော့မလိုအထိ ဖြစ်ခဲ့တာ။

သူ ကားထဲ၀င်ပြီး ထွက်သွားတာကို သူမ ကြည့်နေခဲ့တယ်။သူ့အကြည့်ဟာ သူမဆီ ရောက်မလာခဲ့ဘူး။

“နောက်နေ့ ငါနင့်ကို ရှာမလို့လုပ်ပေမဲ့ စတူဒီယိုမှာက အလုပ်ရှုပ်နေတော့ ငါဟိုက်မြို့ကို ပြန်လာခဲ့တာ”

“ဒါပေမဲ့ ငါ နင်နဲ့တွေ့ရဖို့ အခွင့်အရေးကို ရှာနေခဲ့တာ”

“ဒီတိုင်း နှစ်သစ်မတိုင်ခင် လုပ်စရာတွေများသွားပြီး စုပြုံသွားတာ။ တကယ်တော့ ဘလိုင်းဒိတ်ကလည်း ငါအစက မသွားချင်ဘူး။ ဒါပေမဲ့ ငါ့မိသားစုက သူတို့ ကတိပေး ထားတယ်ပြောလို့ ငါ စားသောက်ပြီးတာနဲ့ ထွက်သွားမလို့ လုပ်ထားတာ။ ဒါပေမဲ့ အလုပ်ပေါ်လာတော့ မသွားလိုက်ရဘူး”

“အခု တွေးကြည့်တော့မှ နင် ငါ့ကို လာရှာပေးလို့ ၀မ်းသာတ။ယ် မဟုတ်ရင်...ငါ နင်နဲ့ ထပ်လွဲနေဦးမှာ...”

******

All Chapters