← Chapters

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း ၁၁၇

Vol. 12 Ch. 117

117 01

Chapter 117 သူမကို အိမ်ပြန်လိုက်ပို့ပေးတာ။

ချီယန်ရဲ့စကားတွေကို ကြားပြီးတဲ့နောက် နန်ကျဲ့ဟာ အချိန်တစ်ခုလောက် ငြိမ်ကျသွားတယ်။သူမရဲ့ဂရုတစိုက် စူးစူးစမ်းစမ်းနဲ့ အကြည့်အောက်မှာ သူ နောက်ဆုံးတော့ ရွေ့လိုက်တယ်။

“သိပြီ”

ဘယ်က ထွက်လာမှန်းမသိတဲ့ ဒီစကားလုံးနှစ်လုံး။

ချီယန် မျက်မှောင် ကြုတ်လိုက်တယ်။ “ဟမ်”

“အနည်းဆုံးတော့ နင့်မှာ အသိတရား ရှိသေးတာပဲ...” သူဟာ တူကို ပြန်ကိုင်ကာ ပုံမှန်ပဲ အစားအစာကို ယူလိုက်တယ်။ “ငါက ဒီတိုင်း ဒီလောက်နှစ်တွေ ကြာပြီးတာတောင် နင် ငါ့ကို ပြန်လာရှာဖို့ မတွေးဖူးဘူးထင်လို့”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ချီယန်ဟာ ပြုံးလိုက်တယ်။ “ငါ မြောက်ပိုင်းမှာ ကျောင်းတက်နေခဲ့တဲ့ နှစ်တွေထဲ ငါ အစ်ကိုကြီးနန်လို သူငယ်ချင်းမျိုး မရခဲ့ဘူး”

“ငါ နင်နဲ့စနောက်ခဲ့တဲ့ရက်တွေကို မကြာခ ဏပြန်တွေးနေမိခဲ့တာ အခုထိလည်း တွေးမိနေတုန်း။ ငါအမြဲ နင်နဲ့တွေ့ခဲ့တဲ့၂နှစ်ကို အိပ်မက် မက်တယ်”

“ငါ့လို သူငယ်ချင်း” နန်ကျဲ့ဟာ ရုတ်တရက် ပြုံးပြီး ဘာမှမပြောဘဲ ခေါင်းညိတ်လိုက်တယ်။

ချီယန်ဟာ မေးထောက်လိုက်ပြီး သူ့ကို ကြည့်ရင်း ဆက်ပြောတယ်။

“ဟုတ်တယ်။ ပြောခါမှ ဒီနှစ်တွေထဲ နင်က ငါ့အတွက် တစ်ယောက်တည်းသော သူငယ်ချင်းကောင်းလေးပဲ”

“၁၀နှစ်လောက် ငါတို့ အဆက်အသွယ် မရခဲ့ဘူးဆိုပေမဲ့ ငါတို့ ပြန်တွေ့တော့ ငါနင်နဲ့ အရမ်းရင်းနှီးသလို ခံစားရတုန်းပဲ။ မရင်းနှီးတာတို့ တစ်မျိုးဖြစ်နေတို့ မရှိဘူးလေ။ နင်ရောမ ထင်ဘူးလား”

သူတို့နှစ်ယောက် ပြန်စတွေ့ကတည်းက အရာရာတိုင်းဟာ အလွန်ကို ပုံမှန်ဆန်ခဲ့တယ်။သူတို့တစ်ယောက်မှ မျက်နှာပူတာမျိုးလည်း မရှိခဲ့ကြဘူး။နှ စ်တွေ အများကြီး ကွဲကွာ‌ခဲ့တယ်လို့တောင် မထင်ရဘူး။

“တကယ် အစ်ကိုကြီးနန် ငါ နင့်ကို လိမ်နေတာ မဟုတ်ဘူး။ ငါတို့ ဘလိုင်းဒိတ်မှာ မတွေ့ခဲ့ရင်တောင်မှ ငါ နင့်ကို လာရှာဖို့ လုပ်ဦးမှာပဲ”

“နင့်မှာ ဖျော်ဖြေရေးကုမ္ပဏီ ရှိတယ်မလား။ ငါ့လက်ရှိအလုပ်ကလည်း ဘာပဲဖြစ်ဖြစ် ဖျော်ဖြေရေးလောကနဲ့ ဆိုင်နေတာပဲ။ ငါတို့က တူညီတဲ့ အသိုင်းအဝိုင်းထဲမှာပဲဟာ ငါတို့ တစ်ချိန်မဟုတ် တစ်ချိန်တော့ တွေ့ကြမှာပဲ”

“ဟုတ်ပါပြီ စားရအောင်” နန်ကျဲ့ဟာ ဖြည်းဖြည်း အသက်ရှူထုတ်လိုက်တယ်။ထင်တဲ့အတိုင်းပဲ သူ တည်ကြည်လေးနက်တဲ့ လေထုနဲ့ အသားမကျသေးဘူး။

သူတို့ဆက်ပြီး စကားပြောနေရင် အကြောင်းအရာဟာ ပိုပြီးလေးနက်လာမယ်လို့ သူ ခံစားနေရတယ်။

ဒါ သူ့ရည်ရွယ်ချက် မဟုတ်ဘူးလေ။

သူ အချိန်ကိုက်ပဲ စကားလမ်းကြောင်း လွှဲလိုက်တယ်။ချီယန်ဟာတော့ သိပ်များများစားစား တွေးမနေဘဲ ဆက်စကား ပြောနေတော့တယ်။

တစ်ဖက်မှာတော့ ဟိုက်တက္ကသိုလ်။

ဟိုက်တက္ကသိုလ်အဆောင်နဲ့ မီတာ၂၀၀အကွာမှာ ကားဟာ မှန်မှန်ပဲ ရပ်တန့်သွားတယ်။ ကောင်းတစ်ယောက် အနောက်ခုံကို လှည့်ကြည့်လိုက်တယ်။သူ စကားပြောတော့ မဲ့အချိန်မှာပဲ အမျိုးသားဟာ လက်ပြကာ သူ့ကို တားတယ်။

ကောင်းဟာ လျှောက်မကြည့်ရဲဘဲ ခေါင်းညိတ်ကာ ကားထဲကနေ ထွက်လာတယ်။

ကားထဲက လူတွေကို နှောင့်ယှက်မိမှာစိုးတဲ့အတွက် သူ ကားတံခါးကို တတ်နိုင်သမျှ ညင်ညင်သာသာလေး ပိတ်လိုက်တယ်။

အနောက်ခုံမှာတော့ နန်ကောဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတယ်။

နေ့လည်ဘက်တုန်းက သူ သူမကို ဟိုဟိုဒီဒီ လျှောက်ကြည့်ဖို့ ခေါ်သွားခဲ့သေးတယ်။နေ့လည်တုန်းက အရမ်းစိတ်လှုပ်ရှားတာရယ်၊ပင်ပန်းသွားတာရယ်ကြောင့် ဖြစ်နိုင်တယ်။လေဆိပ်က ထွက်လာတာနဲ့ သူမအိပ်ပျော်သွားတယ်။

အဲဒီတုန်းက သာမန်ပဲ သူတို့နှစ်ယောက် စကားပြောနေခဲ့ကြတာ။မထင်မှတ်ဘဲ စကားပြောနေကြရင်း သူမဘက်က စကားပြောတာ ရပ်သွားခဲ့တယ်။

အဲဒီတုန်းက သူ ဝီချက်မှာ လက်ထောက်ယွမ်ကို မနက်ဖြန် အလုပ်အကြောင်း စာရိုက်‌နေခဲ့တာ။ဘေးကနေ ဘာအသံမှ မကြားရတော့တာကို သူ သတိထားမိတော့ သူ ထူးထူးဆန်းဆန်း ခံစားသွားရပြီး သူ စာရိုက်နေတာက သူမကို စိတ်မပျော် ဖြစ်သွားစေတယ်လို့ ထင်လိုက်မိတာ။

နောက်တော့ သူခေါင်းစောင်းပြီး တစ်ချက်ကြည့်လိုက်တယ်။နန်ကောဟာ လက်ထဲ နေ့လည်က ရထားတဲ့အရုပ်လေးကို ပိုက်ပြီး မှီထားတာကို တွေ့ရတယ်။သူမ အိပ်ပျော်သွားပြီ။

တစ်နာရီကျော်သွားပြီ။အဆောင်ပိတ်တော့မှာကို မြင်တဲ့အခါ ရှန်ရန်ချင်း သူမကို နှိုးမလို့ လုပ်လိုက်တယ်။

“နန်ကော နန်ကော” သူအရှေ့ကို တိုးပြီး သူမပုခုံးကို ဖွဖွလေးထိလိုက်တယ်။သူ့အသံဟာ ရေလိုပဲ ကြည်လင်နေတယ်။ “ကိုယ်တို့ ကျောင်းကို ရောက်နေပြီ မင်း အိပ်ဖို့ အဆောင်ကို ပြန်သွားနိုင်လား”

“အာ...”

နန်ကော မျက်မှောင် ကြုတ်လိုက်တယ်။သူမဆူညံသံကြောင့် အနည်းငယ် စိတ်ရှုပ်သွားရတယ်။သူမ သူ့လက်ကို ဖြတ်ရိုက်လိုက်တယ်။သူမဟာ အရုပ်ကို ပိုက်ထားရင်း ဆက်အိပ်ဖို့ တစ်ဖက်ကို လှည့်သွားတယ်။

117 02

“နန်...” ရှန်ရန်ချင်း သူမကို ထပ်ခေါ်မလို့လုပ်လိုက်ပေမဲ့ တွေးကြည့်လိုက်တဲ့အခါ နန်ကောရဲ့အဆောင်ဟာ သန့်ရှင်းရေး မလုပ်ရသေးဘူး။သူမရဲ့အခန်းဖော်တွေ ပြန်ရောက်ပြီလားဆို တာကိုလည်း သူ‌မသေချာဘူး။

တကယ်လို့ သူမတစ်ယောက်တည်းသာဆို မအိပ်ခင် သန့်ရှင်းရေးကို အကြာကြီးလု ပ်နေရလိမ့်မယ်။

သူမက အခုအရမ်းအိပ်ချင်နေတာ ဖြစ်ပြီး အားလည်း ရှိမနေဘူး။

စိတ်ထဲဒါကို တွေးလိုက်မိတော့ ရှန်ရန်ချင်းဟာ တိတ်တိတ်လေးလက်ကို ပြန်ရုတ်လိုက်တယ်။

သူ မျက်လွှာချပြီး ခဏလောက်တွေးကြည့်တယ်။သူဖုန်းထုတ်ပြီး နန်ကျဲ့ကို စာပို့လိုက်တယ်။သူလက်ရှိအခြေ‌အနေကို ရှင်းပြပြီး နောက်ဆုံးတော့ အကြံပြုကြည့်လိုက်တယ်: [သူဒီည ကျွန်တော့်တိုက်ခန်းမှာ နေလို့ရလား။ ကျွန်တော့်မှာ အခန်းပိုရှိတယ်။]

သိပ်မကြာဘဲ သူနန်ကျဲ့ဆီက ပြန်စာကို လက်ခံရရှိတယ်။ဘာစကားမှမဟုတ်ဘဲ မည်းမည်းအစက်ကြီး အတန်းလိုက်သာ။

[သူ အခု နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာ။အဆောင်ကလည်း သန့်ရှင်းရေး မလုပ်ရ‌လောက်သေးဘူး။]

[သိပြီ။] မကြာဘူး။နန်ကျဲ့ဟာ စာပြန်တယ်: [သူ့ကို မထိနဲ့။ငါ မိလို့ကတော့ မင်း အသေပဲ။] ကြည့်ရတာတော့ သူသဘောတူတဲ့ပုံပဲ။

ကောင်းဟာ အရှေ့က အမျိုးသားကို အမှီလိုက်ကာ ဓာတ်လှေကား ခလုတ်ကို ကူနှိပ်ပေးတယ်။

အမျိုးသားဟာ အိပ်ပျော်နေတဲ့ ကောင်မလေးကို သယ်ထားရင်း ဓာတ်လှေကားထဲ ၀င်လိုက်ကာ သူ့ကို လှည့်ကြည့်လာတယ်။ “နောက်ကျနေပြီ မင်းလည်း အလုပ်ဆင်းတော့ လမ်းမှာဂရုစိုက်ဦး”

ဒါကို ကြားတော့ ကောင်းဟာ ဆက်မလိုက်တော့ဘဲ ရပ်လိုက်တယ်။

တံခါးဖွင့်တာနဲ့ အ၀က အလင်းရောင်ဟာ အော်တို ပွင့်လာပြီး ဧည့်ခန်းအထိ ဖြာကျသွားတယ်။

ရှန်ရန်ချင်းဟာ အနောက်လှည့်ပြီး တံခါးကို ခြေထောက်နဲ့ အသာလေးပိတ်လိုက်တယ်။

သူ ဖိနပ်မလဲရသေးခင် နန်ကောကို အရင်အိပ်ခန်းထဲ သယ်သွားတယ်။

နန်ကောဟာ အိပ်ရာပေါ် ရောက်တာနဲ့ မျက်မှောင် ကြုတ်သွားတယ်။

ရှန်ရန်ချင်းဟာ အိပ်ရာ‌ဘေး ဒူးတစ်ဖက် ထောက်ပြီး ကုန်းလိုက်တယ်။သူဟာ ဘေးကစောင်ကို ယူကာ သူမကို ခြုံပေးတယ်။သူ ထမလို့ လုပ်လိုက်တဲ့အချိန်မှာပဲ နန်ကောရဲ့မျက်လုံးတွေ ဖြည်းဖြည်းချင်း ပွင့်လာတာကို တွေ့လိုက်ရတယ်။

အမျိုးသားရဲ့ခန္ဓာကိုယ်ဟာ တောင့်သွားပြီး မလှုပ်ရဲဘဲ ဖြစ်သွားတယ်။

စက္ကန့်အနည်းငယ်လောက်ကြာတော့ သူမ နိုးလာပုံ မရသေးတာကို အာရုံခံစားမိတဲ့အခါ ရှန်ရန်ချင်းဟာ မရဲတရဲနဲ့ သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။သူဟာ သူမကျောကို ဖွဖွလေးပွတ်ပေးရင်း “အိပ်တော့ ကိုယ်ရှိတယ်”

ကောင်မလေးရဲ့ မျက်တောင်လေးတွေဟာ တဖျတ်ဖျတ် ခတ်သွားတယ်။တအောင့်လောက်ကြာတော့ သူမဟာ နာခံစွာနဲ့ပဲ မျက်လုံးကို မှိတ်ကာ ပြန်အိပ်ဖို့ သူမအရုပ်လေးကို ဖက်လိုက်တယ်။

၁၅မိနစ်လောက်ကြာတော့ သူ့ရင်ခွင်ထဲကလူ အိပ်ပျော်သွားတာကို အတည်ပြုပြီးတဲ့အခါ ရှန်ရန်ချင်းဟာ သူရဲ့ခပ်တောင့်တောင့် ခန္ဓာကိုယ်ကို ရွေ့ပြီး အိပ်ရာထဲကနေ ဖြည်းဖြည်းချင်း ထွက်လိုက်တယ်။

ညကျ နန်ကောထပ်နိုးလာမှာကို စိုးရိမ်တဲ့အခါ သူဟာ အထူးတလည် စားပွဲတင် မီးအိမ်လေးကို ခပ်မှိန်မှိန်နဲ့ ခပ်နွေးနွေး အဝါရောင် ဖြစ်အောင် ညှိလိုက်တယ်။သူမရဲ့ဖုန်းကိုလည်း လှမ်းယူလို့ ရလောက်တဲ့အနေအထားမှာ ထားပေးထားတယ်။

အဲဒါတင် အကုန်မဟုတ်သေးဘူး။မိနစ်အနည်းငယ်လောက် ကြာတော့ သူဟာ အပြင်ကနေ ရေနွေးနွေးတစ်ခွက်ကို ယူလာပြီး အိပ်ရာဘေးက စားပွဲပေါ်မှာ တင်ထားပေးတယ်။ညကျ သူမ ရေဆာမှာကို စိုးရိမ်တဲ့အတွက်ပင်။

အကုန်လုံး ပြင်ဆင်ပေးပြီးတဲ့နောက် သူဟာ အိပ်ခန်းထဲက‌ ထွက်လာပြီး အနားယူဖို့ ဧည့်ခန်းထဲကို ပြန်သွားတယ်။

သူ့မှာ ထိုင်ရုံပဲရှိသေးပြီး အသက်တောင် မရှူရသေးဘူး။နန်ကျဲ့တစ်ယောက် ဖုန်းခေါ်လာတယ်။

“ငါပါ ရှန်ရန်ချင်း”

“ခုဏက ငါ့ဖုန်းကို ဘာလို့ မကိုင်တာလဲ။ မကောင်းတာ တစ်ခုခု လုပ်နေတယ်လို့တော့ မပြောနဲ့နော်!” ဖုန်းကိုင်လိုက်တာနဲ့ နန်ကျဲ့ရဲ့‌ခပ်စူးစူးအသံဟာ ထွက်လာတယ်။သူမကို စစ်ဆေးဖို့ ဖုန်းခေါ်လာတယ်ဆိုတာ သိသာတယ်။

စိတ်ရှုပ်စရာ ကောင်းတယ်လို့ ရှန်ရန်ချင်း မခံစားရဘူး။သူ အခုလက်ရှိ သူ့ရဲ့ခံစားချက်ကို ကောင်းကောင်း နားလည်တာမို့ စိတ်ရှည်ရှည်နဲ့ ရှင်းပြလိုက်တယ်။ “ခုဏက နန်ကောအတွက် ရေနွေးနွေးလေးတစ်ခွက်တည်ပေးနေလို့ပါ ကျွန်တော့်ဖုန်းက ဧည့်ခန်းထဲမှာဆိုတော့ မကြားလိုက်ဘူး တောင်းပန်ပါတယ်”

“သူ အိပ်ပျော်နေပြီလား”

“အာဟာ”

117 03

နန်ကျဲ့ဟာ ခေါင်းတစ်ချက် ညိတ်ကာ “‌ဟုတ်ပြီ သူ့ကို ကောင်းကောင်းဂရုစိုက် မနက်ဖြန် မနက်ကျ ငါသူ့ကိုလာခေါ်မယ်”

“မနက်ဖြန်မနက်” ရှန်ရန်ချင်းဟာ အံ့ဩသွားတယ်။ “မင်း ဟိုက်မြို့ကို မနက်ဖြန်မနက် လာမှာလား။ နန်ကောကို ကျောင်းပြန်လိုက်ပို့ဖို့ လာတာဆိုရင် မင်း အထူးတလည်ကြီး လာစရာ မလိုပါဘူး။ ကျွန်တော် လိုက်ပို့ပေးလိုက်မယ်”

“မဟုတ်ဘူး” နန်ကျဲ့ဟာ ကားထဲ ထိုင်နေကာ အပြင်က လင်းထိန်နေတဲ့အထပ်ကို ကြည့်လိုက်တယ်။ “ငါအခု မင်းအိမ်အောက်မှာ”

ရှန်ရန်ချင်း “.....”

“မင်း အခုနန်ကောကို ပြန်ခေါ်သွားမလို့လား”

“ငါ မနက်ဖြန်မနက်လို့ မပြောဘူးလား။ ထင်ထားတဲ့အတိုင်း မင်းက အသက်ကြီးပြီး မှတ်ဉာဏ် သိပ်မကောင်းတော့ဘူးဘဲ”

“ဒါဆို မင်း ဘာလို့ အခုအထူးတလည်ကြီး ဒီကို လာတာလဲ။ ကျွန်တော်နဲ့ စကားပြောချင်လို့လား”

“ကိုယ့်ကိုယ်ကို ဘာလို့ အဲဒီလောက် အထင်ကြီးနေတာ။ ဘယ်သူက မင်းနဲ့ စကားပြောချင်လို့လဲ။ ငါ့ဟာငါ အိပ်ဖို့ အိမ်ကိုပြန်နေတာ နန်ကော။ မင်းကို မပြောဘူးလား။ ငါ မင်းအိမ်ဘေးမှာ နေတာလေ...”

******

All Chapters