အခန်း ၁၁၉
Vol. 12 Ch. 119
119 01
Chapter 119 မင်းလိုချင်လား။
လေထုဟာ အချိန်တစ်ခုလောက်အထိ တောင့်ခဲနေခဲ့တယ်။ပြီးတော့ လုံး၀တိတ်ဆိတ်မှု အတိနဲ့။ဒါပေမဲ့လည်း အကြောင်းတစ်ခုခုကြောင့် ရုတ်တရက် ပြန်တက်လာပုံပါပဲ။
မရေရာတဲ့ ခံစားချက်တွေ ဆန်တက်လာတယ်။သူတို့ရဲ့ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အကြည့်တွေဟာ ပြောင်းလဲသွားပုံရတယ်။
“မရဘူးလား” နန်ကောဟာ အရုပ်ကို တင်းနေအောင် ဖက်ထားတယ်။သူမ သူ့အကြည့်ကြောင့် အနည်းငယ် ထိတ်လန့်နေတယ်။
မသိရင် သူတို့ ရုတ်တရက်ကြီး ကမ်းခြေကို ရောက်သွားသလိုမျိုး။သူ့ခေါင်းအထက်က စူးစူးရှရှ နေရောင်ဟာ တောက်လောင်တဲ့အရှိန်အဝါနဲ့ သူ့ကို လွှမ်းခြုံထားတယ်။ အဲဒီနောက်ချက်ချင်းပဲ မလှမ်းမကမ်းက လေဟာ ပင်လယ်ကို ဖြတ်တိုက်သွားတယ်။ပင်လယ်ရေရဲ့ စိုစွတ်တဲ့အငွေ့အသက်နဲ့ ရောယှက်နေပြီး အေးစက်မှု ရေးရေးလေးကိုပါ သယ်ဆောင်လာတယ်။
ဒါဟာ ထပ်ခါထပ်ခါ ပြန်ဖြစ်နေခဲ့တယ်။ဒါဟာ မဖော်ပြနိုင်တဲ့ ဆန့်ကျင်မှုတစ်ခု ဖြစ်နေခဲ့တယ်။
သူ့အကြည့်က ဘာကိုဆိုလိုလဲဆိုတာ နန်ကော မပြောနိုင်ဘူး။သူ မသိမသာ သဘောတူ နေတာလား။ ဒါမှမဟုတ် သူမကို ထွက်သွားဖို့ ပြောနေတာလား။
သူမမှာ ရှက်လွန်းအားကြီးလို့ ဘယ်ကို ကြည့်ရမလဲမသိတော့တဲ့အထိ ဖြစ်သွားရတယ်။သူမ သူ့ဆီကနေ အကြည့်လွှဲလိုက်ပြီး အပြစ်ရှိစိတ်နဲ့အတူ ဟိုကြည့်ဒီကြည့် လျှောက်ကြည့်နေလိုက်တယ်။
စက္ကန့်အနည်းငယ်လောက်ကြာတော့ အမျိုးသားဟာ တုံ့ပြန်လာပုံရပြီး အက်ရှရှအသံနဲ့ ပြောလာတယ်။ “အင်း ရပါတယ်”
“ကြမ်းပြင်က အေးတယ်။ တက်လာခဲ့*
နန်ကော လှည့်ကြည့်လိုက်တဲ့အခါ ရှန်ရန်ချင်းဟာ သူမဆီ လက်ကမ်းပေးနေတာကို တွေ့ရတယ်။
အတွေးတစ်ချက်နဲ့ သူမ နောက်ပြန်ဆုတ်လိုက်ချင်မိတယ်။ဒါပေမဲ့ ချက်ချင်းပဲ သူ့ရဲ့အလှတရားရှေ့မှာ သူမ လုံး၀ အသိတရား လွတ်ထွက်သွားတယ်။
သူမ ခြေ၂လှမ်းရှေ့တိုးကာ ရှန်ရန်ချင်းလက်ကမ်းပေးတဲ့ဆီကို လျှောက်သွားမိတယ်။
သူမ မလှုပ်ဘဲ ရပ်သွားတာကို မြင်တော့ အမျိုးသားဘက်ကပဲ စပြီး သူမ လက်တစ်ဖက်ကို လှမ်းကိုင်လိုက်တယ်။သူ့ရဲ့အခြားလက်တစ်ဖက်ဟာတော့ သူမရဲ့ခါးကိုကိုင်ပြီး အိပ်ရာပေါ် မတင်ပေးလိုက်တယ်။
ချက်ချင်းပဲ ကမ္ဘာကြီးတစ်ခုလုံး လည်ထွက်သွားတယ်။
ငေးကြောင်နေမိတုန်း သူမအမြင်ကို အုပ်ထားတဲ့ အရိပ်တစ်ရိပ် သူမခေါင်းအထက်မှာ ရှိနေတယ်။
အဲဒီနောက်ချက်ချင်းပဲ သူမ အိပ်ရာပေါ် လဲကျသွားတယ်။သူမကို ကြိုဆိုနေတာက သိမ်မွေ့တဲ့ အနံ့သက်တစ်ခု။အဲဒါဟာ သူမကိုယ်သူမ မီးပုံရှေ့မှာ အပူပေးနေတာနဲ့ နည်းနည်းလေး တူတယ်။ပြတင်းပေါက် အပြင်ဘက်မှာတော့ ကောင်းကင်တစ်ခုလုံး နှင်းပွင့်တွေနဲ့ပြ ည့်နှက်နေခဲ့ပြီး အခန်းထဲက အပူချိန်ဟာလည်း တဖြည်းဖြည်းချင်း ပျံ့လာတယ်။သူမကို နစ်မြုပ်သွားစေတယ်။
ရှန်ရန်ချင်းဟာ သူမဘေးမှာ၀င်လှဲကာ သူတို့နှစ်ယောက်လုံးကို စောင်နဲ့ ခြုံထားလိုက်တယ်။
သူမအနောက်က သူ့လက်ကို တင်းလိုက်ပြီး သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။
အမျိုးသားရဲ့မေးစေ့ဟာ သူမခေါင်းနားမှာ တင်ထားကာ နူးနူးညံ့ညံ့လေး ပွတ်သပ်နေတာကို နန်ကော ခံစားနေရတယ်။သူတို့နှစ်ယောက်ဟာ အရမ်းနီးကပ်လွန်းနေပြီး သူမ သူ့အသက်ရှူသံကိုပါ ရှင်းရှင်းလင်းလင်း ခံစားလို့ ရနေတယ်။သူ့ရဲ့အသက်ရှူလေးလေးနဲ့ လိုက်ပြီး နန်ကောရဲ့အသိစိတ်ဟာ လွင့်မြောသွားတယ်။အဆော့မက်တဲ့ကလေးတစ်ယောက် သူအသက်ရှူတဲ့ စည်းချက်နောက် လိုက်ပြီး သူနဲ့ ကြိမ်နှုန်းတူအောင် လိုက်ထိန်းနေသလိုမျိုး။
တစ်မိနစ်၊နှစ်မိနစ်လောက်ကြာတော့ နန်ကော မနေနိုင်ဘဲ ရင်ခွင်ထဲကနေ သူ့ကို မော့ကြည့်ကာ တည်ကြည်လေးနက်စွာနဲ့ သူ့နာမည်ကို ခေါ်လိုက်တယ်။ “ရှန်ရန်ချင်း”
“အင်း”
အမျိုးသားဟာ တိုးလျတဲ့အသံလေးနဲ့ ပြန်ဖြေပြီး ဘာမှမပြောဘဲ မျက်လုံးတွေကို မှိတ်ထားတယ်။
ပင်ကွင်းပေါက်လေးဟာ စိုးရိမ်စွာနဲ့ မေးလိုက်တယ်။ “ဘာလို့ ရှင် အသက်ရှူတာ ယောက်ယက်ခတ် နေတာလဲ”
သူ မစကားဆုံးတာနဲ့ ရှန်ရန်ချင်းရဲ့အသက်ရှူနှုန်း လုံး၀ရပ်တန့် သွားတယ်။
119 02
သူ အသက်မရှူရဲတော့တာ။
ဒီမှာတင် အဆုံးမသတ်သေးဘူး။ပင်ကွင်းပေါက်ဟာ ဒီမေးခွန်းအကြောင်း သေချာစဉ်းစားနေပြီး အရမ်းနားမလည်နိုင် ဖြစ်နေရတယ်။ “ကျွန်မ ရှင်ရဲ့ကြိမ်နှုန်းနဲ့ လိုက်တောင် မမှီတော့ဘူး။ ရှင့်မှာ စည်းချက် မရှိသလိုဘဲ။ ရှင် ဒီလို အိပ်လို့ရရဲ့လား”
ရှန်ရန်ချင်းမှာ ဒီလိုမေးခွန်းတွေကို ပြန်ဖြေရခက်တယ်ဆိုတာ ရှားတယ်။သူ့မှာ အချိန်အကြာကြီး စကားမပြောနိုင်ဘဲ ဖြစ်သွားရတယ်။
သူ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူမ သိသွားမှာကိုစိုးကာ တမင်သက်သက် နူးညံ့လိုက်တယ်။
သူ့အသက်ရှူနှုန်းကို အတတ်နိုင်ဆုံး ပုံမှန်ပြန်ဖြစ်အောင် လုပ်ပြီးတဲ့အခါမှာတော့ သူဟာ ပြောလာတယ်။ “ကိုယ် အရင်က ဒီလိုဖြစ်တယ်လို့တော့ မထင်ဘူး”
“ထင်သားပဲ။ ရှင် ဘယ်လိုလု ပ်ဒီလိုအိပ်လို့ရမှာလဲ” နန်ကောလေသံဟာ သူမ သိနေပြီးသား လေသံပေါက်တယ်။
အမျိုးသားဟာ နှုတ်ခမ်းဟကာ တစ်ခုခု ပြောလိုက်ချင်ပေမဲ့ အဆုံးမှာတော့ သူပြန်မြိုသိပ်လိုက်ပြီး တိုးတိုးလေး သက်ပြင်းသာ ချလိုက်တယ်။
ပထမဆုံးအကြိမ် သူတို့ချင်းဖက်ပြီး အိပ်တုန်းကထက်စာရင် နန်ကောဟာ သိပ်မရှက်တော့ဘူး။
ပြောစကားတွေအရ လူတစ်ယောက်နဲ့ ရင်းနှီးဖို့ အချိန်လိုတယ်တဲ့။
ပြီးတော့ ရှန်ရန်ချင်း ဖက်ထားပေးတာက တကယ်လုံခြုံတယ်လို့ ခံစားရတယ်!!!
သူ မဆေးရုံမှာအိပ်ခဲ့တုန်းကလိုပဲ သူဟာ သူမကို ဖက်ထားပေးခဲ့တယ်။သူမ မလွန်ဆန်နိုင်တဲ့ စက်ဝိုင်းလေးတစ်ဝိုင်းကို ဖန်တီးခဲ့တယ်။သူတစ်ယောက်တည်းကသာ သူမ မြင်ရတဲ့အရာဖြစ်ပြီး သူမဟာ သူတစ်ယောက်တည်းရဲ့ဘေးမှာပဲ နေလို့ရတော့သလိုမျိုး ခံစားခဲ့ရတယ်။
ယုတ္တိကျကျပြောရရင် ဆေးရုံက ပိုးသတ်ဆေးနံ့တွေနဲ့ ပြည့်နေခဲ့တာ။ဒါပေမဲ့ သူမ သူ့လက်မောင်းထဲမှာ နှာခေါင်းအပ်ထားခဲ့တာမို့ သူမ နှာခေါင်းတစ်ခုလုံး သူ့ကိုယ်သင်းနံ့နဲ့သာ ပြည့်နှက်နေခဲ့တယ်။သူ့ခန္ဓာကိုယ်အပူချိန်နဲ့ပါ တွဲလိုက်တော့ သူမကို လုံး၀ထုတ်ပိုး ထားခဲ့သလိုမျိုးပဲ။အဲဒီညက ပတ်၀န်းကျင်ဟာ သေချာပေါက် မကောင်းခဲ့ဘူးဆိုပေမဲ့ သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ခဲ့ပြီး ကောင်းမွန်တဲ့ညတစ်ည ဖြစ်ခဲ့တယ်။
ဒီတော့ ဒီတစ်ခေါက်လည်း တွန့်ဆုတ်မှုတွေ မရှိသလောက်ဘဲ သူမ သူနဲ့အတူ အိပ်ချင်တယ်။
“ရှင် အိပ်လို့မရဘူးလား” သူ အချိန်အကြာကြီး မျက်လုံးမပိတ်ဘဲ နေနေတာကိုမြင်တော့ နန်ကောဟာ တိုးတိုးလေး မေးကြည့်လိုက်တယ်။ “ကျွန်မရှင့်ကို နှောင့်ယှက်မိသွားလား”
ရှန်ရန်ချင်းဟာ မျက်တောင်ခတ်လိုက်ပြီး ချက်ချင်း ပြန်ဖြေမလာဘူး။
သူ မလိမ်ချင်ဘူး။ဒါပေမဲ့ အမှန်အတိုင်း ပြောဖို့ကလည်း နည်းနည်း ကြောင်တောင်တောင်နိုင်တယ်။
“အရင်အိပ်ရအောင်” သူဟာ ချင့်ချိန်စဉ်းစားလိုက်ပြီး မေးခွန်းကို ရှောင်လိုက်တယ်။
“ဟမ်။ အာ ဟုတ်ပြီ” နန်ကောဟာ သဘောတူတယ်။သူမစကားပြောပြီးတာနဲ့ သူဟာ သူမကို ရင်ခွင်ထဲတစ်ဖန် ပြန်ဆွဲသွင်းလိုက်ပြီး သူမ စကားဆက်မပြောတော့အောင် လုပ်လိုက်တယ်။
ရှောင်ပြေးတယ်ဆိုတာ ရှက်စရာကောင်းမှန်း ရှန်ရန်ချင်း သိပါတယ်။ဒါပေမဲ့ တစ်ခါတစ်ခါလေကျတော့ လိုအပ်တယ်လေ။
အဲဒါဟာ တကယ်ကို အမှန်ပဲ။
မနက်၅နာရီခွဲ ရောက်တော့ ခပ်မှိန်မှိန်အိပ်ခန်းထဲက စောင်ဟာ အနည်းငယ် လျှောကျနေတယ်။နှစ်ယောက်အိပ် ခုတင်ဆိုတာ သေချာပေမဲ့ အဲဒီမှာလူတစ်ယောက်စာပဲ ရှိနေခဲ့တယ်။အိပ်ရာပေါ်မှာ နောက်လူတစ်ယောက်ကို တွေ့ရဖို့က တော်တော်လေးခဲယဥ်းနေတယ်။
အမျိုးသားရဲ့လက်တစ်ဖက်ဟာ ခေါင်းအုံးပေါ်မှာ ရှိနေခဲ့ပြီး ကျန်လက်တစ်ဖက်ဟာတော့ ဘေးမှာ ရှိနေခဲ့တယ်။သေချာအနီးကပ် ကြည့်ရင် နူးညံ့တဲ့စောင်အောက်မှာ နည်းနည်းလေး ဖောင်းနေတာကို မြင်ရတယ်။သူ့အရှေ့မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ကောင်မလေးတစ်ယောက် ရှိနေတယ်။ဆံပင်အမျှင်အချို့ ဖွာလန်ကျဲနေပြီး အမျိုးသားရဲ့အဖြူရော င်ခေါင်းအုံးပေါ်မှာ သွားကပ်နေတယ်။
အဆုံးသတ်ကျတော့လည်း ရှန်ရန်ချင်းဟာ အိပ်မပျော်ခဲ့ပါဘူး။
ပြီးခဲ့တဲ့ တစ်ခေါက်ဆေးရုံမှာတုန်းက ဆေးတွေကြောင့်သာ သူ အိပ်ပျော်ခဲ့တာ။ဒီတစ်ခေါက်က လုံး၀ကိုကွဲပြားတယ်။
သူ့လက်ထဲက ပင်ကွင်းပေါက်လေးဟာ သူ့ကို သတိ လုံး၀မထားဘဲ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတော့တယ်။
119 03
သူမ အိပ်ပျော်နေတာကို အတည်ပြုပြီးတော့ ရှန်ရန်ချင်းဟာ အနောက်နည်းနည်း ဆုတ်လိုက်ပြီး ခေါင်းကို အသာငုံ့ကာ သူမကို ကြည့်တယ်။
နန်ကောဟာ လက်ထဲကအရုပ်ကို လုံး၀မလွှတ်ဘူး။အခု သူမအိပ်ပျော်နေတာတောင်မှ တစ်ယောက်ယောက် လုသွားမှာကို စိုးရိမ်တဲ့အတိုင်း အရုပ်ကို တင်းတင်းကျပ်ကျပ် ဖက်ထားတယ်။
ဒီအရုပ် ဘယ်လို ရောက်လာလဲဆိုတဲ့အကြောင်းကို တွေးမိတဲ့အခါ ရှန်ရန်ချင်းဟာ အလိုလို ပြုံးမိသွားတယ်။
မနေ့ကပေါ့။စီကျူးမှာ လေယာဉ်မစီးခင် သူ သူမကို နာမည်ကြီးတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို သွားကြည့်ကြည့်ဖို့ အဖော်လိုက်ပေးခဲ့တယ်။
စားသောက်ဆိုင်ဟာ စီးပွားရေးအတွက် ဖွင့်ထားတာဖြစ်ပြီး ပွဲသေးသေးလေးတွေ ရှိနေခဲ့တယ်။
သူတို့၀င်ပြီး သိပ်မကြာဘဲ စားပွဲထိုးဟာ သူတို့ကို အတွဲတွေလားလို့ လာမေးခဲ့တယ်။သူတောင် စကားမပြောရသေးဘူး။နန်ကောတစ်ယောက် အထပ်ထပ်အခါခါ ခေါင်းညိတ်ပြီး ဟုတ်တယ်လို့ဖြေတာကို သူ တွေ့လိုက်ရတယ်။
အဲဒီနောက် သူတို့ပွဲမှာ ပါ၀င်ချင်လားလို့ စားပွဲထိုးဟာ မေးလာတယ်။
အတွဲတွေ ၃စက္ကန့်လောက် နမ်းပြီး လက်ဆောင်သေးသေးလေးတွေ ရနိုင်တယ်တဲ့။
ချက်ချင်းဆိုသလိုပဲ ခုဏက စိတ်လှုပ်ရှားတက်ကြွစွာနဲ့ မျှော်လင့်နေခဲ့တဲ့ နန်ကောဟာ ကြောင်သွားတယ်။
သူမ သတိလက်လွတ် သူ့ကို လှည့်ကြည့်မိတယ်။သူတို့ အကြည့်ချင်းဆုံသွားပြီး သူမဟာ အပြစ်ရှိစိတ်နဲ့ အကြည့်လွှဲသွားတယ်။အဲဒီနောက် သူမဟာ ခေါင်းခါပြီး ပါ၀င်ဖို့ကို ငြင်းခဲ့တယ်။
စားပွဲထိုးဟာ “အာ” လို့ အသံထွက်သွားပြီး အနည်းငယ် မကျေမနပ်ဖြစ်သွားတယ်။သူဟာ ဆက်လက်ပြီး သူမကို ဆွယ်နေကာ လက်ဆောင်လေးတွေကို ပြတယ်။သူမ ကြိုက်တာ ယူလို့ရတယ်လို့လည်း ပြောနေသေးတယ်။
နန်ကောခမျာ ကြည့်တော င်မကြည့်ရဲရှာဘူး။လက်ဆောင်လေးတွေကို မြင်ပြီးတဲ့အခါ သူမ ပါ၀င်သင့်တယ်လို့ သူမဟာ တွေးမိသွားပုံ ရတယ်။သူမဟာ ခေါင်းကို ပလုတ်တုတ်လိုမျိုး ခါပြီး သူမမျက်နှာဟာလည်း နီရဲနေခဲ့တယ်။သူမ ယောက်ယက်ခတ် နေခဲ့တယ်။
အဆုံးမှာတော့ သူ မခံစားနိုင်တော့ဘဲ စားပွဲထိုးကို ဝေးဝေးပို့လိုက်ကာ နန်ကောကို အသက်ရှူခွင့်လေး ပေးလိုက်တယ်။
ဒါပေမဲ့လည်း သူမ ကို့ရို့ကားယားနိုင်တယ်လို့ ခံစားနေရသေးပုံပေါ်တယ်။အဲဒီနောက် သူ မစားနေတဲ့အချိန်မှာလည်း အာရုံထွေပြားပြီး သူ့ကို မကြာခဏ ခိုးခိုးကြည့်နေခဲ့တယ်။သူ သူမကို မိသွားတော့ သူမဟာ မြန်မြန် အကြည့်လွှဲသွားကာ ဘာမှမဖြစ်သလို ဟန်ဆောင်တယ်။ဒါပေမဲ့လည်း သူ မြင်တယ်လေ။သူမမျက်လုံးတွေဟာ သူ့နှုတ်ခမ်းနားတစ်ဝိုက် တဝဲလည်နေတယ်။
စားပြီးလို့ ပြန်တော့လည်း နန်ကောဟာ သူခိုးလိုမျိုး နံရံပေါ်ကပြတင်းပေါက်မှာ ပြထားတဲ့ လက်ဆောင်လေးတွေကို တစ်ချက် လှမ်းကြည့်လိုက်သေးတယ်။သူမ မျက်လုံးတွေဟာ စိတ်လှုပ်ရှားမှုနဲ့ ပြည့်နှက်နေခဲ့တယ်။
သူမရဲ့ နီရဲနေတဲ့နားတွေကို ကြည့်ရင်း သူ့စိတ်ထဲ မကောင်းတဲ့အတွေးတစ်ခု ပေါ်လာတယ်။သူဟာ တမင်တကာ သူမကို သတိပေးလိုက်တယ်။ “မင်း လိုချင်လား။ ပါ၀င်ဖို့ သိပ်မ နောက်ကျသေးဘူးရော်...”
******