← Chapters

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း ၁၂၁

Vol. 13 Ch. 121

Chapter 121 နင် သူ့ကို အဲဒီလောက်မမုန်းပါဘူး။ဟုတ်တယ်မလား။

ရှန်ရန်ချင်းဟာ ပြန်လှည့်ပြီး ဟင်းခတ်‌ အမွှေးကြိုင်တွေကို ဆက်လက် လှီးဖြတ်နေတယ်။ခဏလောက် တိတ်ဆိတ်နေပြီးတဲ့နောက် သူက ပြောတယ်။ “ကျွန်တော့် မိသားစုအကြောင်းက နည်းနည်းရှုပ်တယ်”

“ကျွန်တော့်မိဘတွေက အမြဲဆက်ဆံရေး မကောင်းဘူး။ ဒီတော့ ကျွန်တော် အထက်တန်းတက်နေတုန်း ကွာရှင်းလိုက်ကြတယ်။ အဲဒီနောက် ကျွန်တော့်အမေက နိုင်ငံခြားကို ထွက်သွားပြီး အဖေကတော့ နောက်အိမ်ထောင် ပြုသွားတယ်”

“ကျွန်တော့်မှာ အဖေဘက်က ဦးလေးတစ်ယောက်ပဲ ရှိပေမဲ့ လောလောဆယ် သူက ဟိုက်မြို့မှာ မရှိဘူး။ အမေဘက်မှာက အဒေါ်တွေ ရှိပေမဲ့ အမေ့ကြောင့် ကျွန်တော် သူတို့နဲ့ သိပ်မရင်းနှီးသလို အဆက်အသွယ်လည်း မရှိဘူး”

“အိုး...” နန်ကျဲ့ဟာ လက်ပိုက်ကာ မီးဖိုချောင် တံခါးဘောင်ကို မှီလိုက်ပြီး သူ့ကို သေချာကြည့်တယ်။ “ဒါဆို မင်းမိထွေးက ဘယ်လိုနေလဲ”

“ယေဘုယျအားဖြင့် ပြောရရင် မိထွေးတွေဆို ဂုဏ်သတင်းက သိပ်မကောင်း တတ်ကြဘူးလေ။ မင်းဟာမင်းဆို ကိစ္စမရှိပေမဲ့ နန်ကောကိုပါ ဆွဲထည့်တာမျိုး လုပ်လို့မရဘူး”

ဒီစကားတွေဟာ အနည်းငယ် ခက်ထန်ပြီး အကြင်နာမဲ့တယ်ဆိုပေမဲ့ အစ်ကိုတစ်ယောက်အနေနဲ့ဆို ဒီလိုကိစ္စမျိုးတွေကို ဂရုစိုက်တာက ပုံမှန်ပါပဲ။

ရှန်ရန်ချင်းဟာ လက်ဆေးပြီး အိုးအဖုံးကို ဖွင့်တယ်။သူဟာ ခေါက်ဆွဲတွေကို အညီအမျှခွဲပြီး ဆူနေတဲ့အိုးကို အဖုံးပြန်ပိတ်လိုက်တယ်။

အားလုံး လုပ်ကိုင်ပြီးတဲ့နောက် သူဟာ အနောက်ကို လှည့်လာကာ နန်ကျဲ့ကို ကြည့်တယ်။

သူတို့နှစ်ယောက်ဟာ မျက်နှာချင်းဆိုင် ရပ်နေကြတယ်။တစ်ယောက်ဟာ ပျင်းရိပျင်းတွဲနဲ့ ဖြစ်နေပြီး တစ်ယောက်ဟာတော့ လေးနက်နေတယ်။

သူ့ပုံစံကို ကြည့်ပြီး နန်ကျဲ့ဟာ သူ့ကို မလောဘဲ သူစကား ပြောဖို့အတွက် ငြိမ်ငြိမ်လေး စောင့်ပေးနေတယ်။

“ကျွန်တော် ကျွန်တော့်မိထွေးနဲ့ မရင်းနှီးဘူး။ လွန်ခဲ့၂နှစ်ထဲ ကျွန်တော် သူ့ကို အားလပ်ရက်တွေမှာပဲ တွေ့ရတာ။ ကျွန်တော်တို့ တွေ့တိုင်း စကား၅ခွန်းထက် မပိုဘူး”

“ကျွန်တော့်မိထွေးက ကောင်းပါတယ်။ ကျွန်တော်ပြန်သွားတိုင်း သူ့ဘက်က စည်းကျော်တာမျိုး မရှိဘူး။ သူ့အကန့်အသတ် သူ သိပါတယ်။ မင်း စိတ်ချလို့ရတယ်”

“နောက်ပြီးတော့ ကျွန်တော် နန်ကောနဲ့ အတူနေတဲ့အခါကျလို့ရှိရင် အိမ်က ဘယ်သူမှ ကန့်ကွက်ကြမှာ မဟုတ်ဘူး။ ကျွန်တော် အာမခံတယ်”

နန်ကျဲ့ဟာ မျက်ခုံးပင့်ကာ “ဆိုတော့ မင်းက အခုထိ မင်းမိသားစုကို တာ၀န် ယူ‌နေရသေးတယ်ပေါ့”

ရှန်ရန်ချင်းဟာ ပြုံးလိုက်မိပြီး သူ့မေးခွန်းဟာ တည့်တိုး ဆန်လွန်းတယ်လို့ ခံစားရတယ်။

ဒါပေမဲ့ သေချာတွေး ကြည့်လိုက်ပြန်တော့လည်း အဓိပ္ပာယ် ရှိပါတယ်။

“အဲဒီလို ပြောလို့ရပါတယ်”

ရှန်ရန်ချင်း ခေါက်ဆွဲပြုတ်နေတုန်း နန်ကျဲ့ဟာ မေးပွတ်ပြီး သတိတထားနဲ့ မေးကြည့်တယ်။ “ဟင်း မိသားစုထဲမှာ မင်းမိထွေး ရှိလာတာလည်း ကြာပြီပဲ။ သူ မင်းကို ညီလေးတို့ ညီမလေးတို့ မမွေးပေးဘူးလား။ ငါ့ကို မလိမ်နဲ့နော်”

ရှန်မိသားစုဟာ မိသားစုကြီးတစ်စု ဖြစ်တယ်။လူတွေ တကယ်ပဲ သူတို့တည်ငြိမ်မှုကို ထိန်းထားနိုင်ပါ့မလား။ သူ လျို့၀ှက်ပြီး ပူပေါင်းကြံစည်တဲ့ သီအိုရီတွေကို ကြိုက်တာမျိုး‌တော့ မဟုတ်ပါဘူး။အဓိကက လူတွေရဲ့ဗီဇဆိုတာ မခုခံနိုင်ဘူး။

တကယ်လို့ ရှန်ရန်ချင်းမှာသာ အငယ်တွေ ရှိနေမယ်ဆိုရင် အဲဒါဟာ သူ့မှာ ပြိုင်ဘက်တွေ ရှိတယ်ဆိုလိုတာပဲ။သူ နန်ကောကို နောက်တက်မဲ့ဥက္ကဌနေရာအတွက် မိသားစုတွေ လုကြတဲ့ အရှုပ်အရှင်းထဲ ပါ၀င်မပတ်သက် စေချင်ဘူး။

ဘာပဲဖြစ်ဖြစ် သူ့မှာ မိထွေး ရှိနေတာပဲ။သူမမှာ ဥက္ကဌနေရာအတွက် ဘယ်လိုလုပ် ဘာစိတ်ကူး မရှိဘဲ နေပါ့မလဲ။

“ဟင့်အင်း” ရှန်ရန်ချင်းဟာ ခေါက်ဆွဲ ပြုတ်တာမှာ အာရုံစိုက်ထားတယ်။ “ကျွန်တော်က တကယ် တစ်ဦးတည်းသောသားပါ။ မင်းလို အပ်တယ်ဆို မျိုးရိုးစဉ်ဆက်ဇယားနဲ့ အိမ်ထောင်စုစာရင်းကို နောက်ရက်ကျ ကျွန်တော် ယူလာပေးလို့ရတယ်”

“ကောင်းပြီ”

အခြားလူတစ်ယောက်သာဆို သေချာပေါက် ရှန်ရန်ချင်းကို ယုံကြည်ပြီး တခြား ဘာမှ ကြည့်ချင်ကြမှာ မဟုတ်ဘူး။

121 02

ဒါပေမဲ့ နန်ကျဲ့ကတော့ ကွဲပြားတယ်။

ရှန်ရန်ချင်းဟာ ‌ခေါင်းညိတ်ပြီး အံ့လည်းအံ့ဩ မနေတော့ဘူး။

ပထမအချက် သူ နန်ကျဲ့ရဲ့အတွေးကို သိထားပြီးသား။ဒုတိယအချက် နန်ကျဲ့ ဒီအကြောင်းကို ပြောလာကတည်းက ပြောရုံလောက်နဲ့ မရိုးရှင်းဘူး။

“မင်းရဲ့ အမေအရင်းက မင်းနဲ့ ဆက်ဆံရေး မကောင်းဘူးလား” နန်ကျဲ့ဟာ သူခုနက ပြောသွားတဲ့ စကားတွေထဲက အဓိကအချက်ကို မှတ်မိသွားတယ်။

“ဟုတ်တယ်” ရှန်ရန်ချင်းဟာ ပြန်ပြောတယ်။ “ကျွန်တော် အိမ်က အခြေအနေကို နန်ကောကို ရှင်းပြထားပြီးသားပါ။ ဘာမှ မဖုံးကွယ်ထားဘူး။ မင်း စိတ်ချလို့ ရတယ်”

“ကျွန်တော်နဲ့ ကျွန်တော့်အမေရဲ့ ဆက်ဆံရေးက ဒီတိုင်းပဲ။ အနာဂတ်မှာလည်း အဆက်အသွယ် သိပ်ရှိမှာ မဟုတ်ဘူး”

“ကျစ် ပြောရတာ နည်းနည်းတော့ ရိုင်းပေမဲ့ ငါ မေးချင်သေးတယ်။ မင်းအမေအရင်းက လူကောင်းတော့ ဟုတ်ပုံ မရဘူး ဟုတ်။ မဟုတ်ရင် မင်းအကျင့်စရိုက်နဲ့က မင်းအမေနဲ့ ဆက်ဆံရေး တင်းမာစရာအကြောင်း မရှိဘူးလေ”

“သူ့အကျင့်စရိုက်နဲ့ပတ်သတ်ပြီး ကျွန်တော် မှတ်ချက်ပေးလို့ မရနိုင်သလို သူ့အကြောင်းလည်း ကျွန်တော် သိပ်မသိဘူး။ ဒါပေမဲ့ သူ့သားတစ်ယောက်အနေနဲ့ သူက အမေတစ်ယောက်ဖြစ်ဖို့ မသင့်တော်ဘူးဆိုတာကိုတော့ ပြောနိုင်တယ်။ သူက အမြဲတမ်း သူ ချုပ်တည်းထားတဲ့ လိုအင်ဆန္ဒတွေ ဖြည့်ဆည်းနိုင်ဖို့ အခြားလူတွေရဲ့ ဘဝနဲ့ ရွေးချယ်မှုတွေကို ၀င်စွက်ဖက်ပြီး အားလုံးကို ချုပ်ကိုင်တာမျိုးတွေ လုပ်တတ်တယ်”

“ဘာပဲ ဖြစ်ဖြစ်ပါ။ ကျွန်တော်လည်း ကြိုက်မနေပါဘူး”

ဒီစာကြောင်း၂ကြောင်းနဲ့တင် ရှန်ရန်ချင်းမှာ ‌ပျော်စရာငယ်ဘ၀ ရှိခဲ့ပုံမရမှန်း နန်ကျဲ့ ပြောနိုင်တယ်။

သူ သိဖို့လိုတာအတွက် အနည်းနဲ့အများ‌တော့ သိပြီးပြီမို့ သူ မေးတာကို ရပ်လိုက်တယ်။

ရှန်ရန်ချင်းဟာ ကောင်းမွန်တဲ့မိသားစုမှာ ကြီးပြင်းလာတယ်လို့ သူ အမြဲထင်ခဲ့တာ။သူက ချမ်းသာတဲ့မိသားစုက လာပြီး သူ့မိဘတွေကလည်း ချစ်ခင်ကြမယ်ပေါ့။သူက တစ်ဦးတည်းသောသားဆိုတဲ့ အချက်နဲ့ပါ တွဲလိုက်ရင် သူ အချစ်တွေနဲ့ ၀န်းရံ ခံခဲ့ရမယ်ပေါ့။

ဒီလိုမျိုး ဖြစ်နေလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။

သူဟာ ကွာရှင်းထားတဲ့မိသားစုက လာတဲ့ကလေးဆိုတာ ပြောဖို့ မဖြစ်နိုင်ဘူး။

အခုမှပဲ နန်ကျဲ့ သူ့ကိုယ်သူ ပြန်သုံးသပ်မိတယ်။သူ ရှန်ရန်ချင်းကို တသမတ်တည်းကြီး သတ်မှတ်နေခဲ့တာပဲ။

“မင်း တခြား မေးစရာရှိ သေးလား” ရှန်ရန်ချင်းဟာ မီးကို ပိတ်ပြီး နူးနူးညံ့ညံ့ပဲ မေးတယ်။

“လောလောဆယ်တော့ မရှိတော့ဘူး” သူ မနက်စာလုပ်ပြီးသွားတာကို မြင်တော့ နန်ကျဲ့ဟာ ဖြည်းဖြည်းချင်းထလိုက်တယ်။ “ငါ နန်ကောကို သွားနှိုးလိုက်မယ်”

နန်ကောဟာ နိုးလာတယ်။သူမ မျက်လုံးဖွင့်ပြီး နန်ကျဲ့ကို မြင်တဲ့အခါ အိပ်မက် မက်နေတယ်လို့ သူမ ထင်မိသွားတယ်။

နောက်တစ်စက္ကန့်မှာပဲ နန်ကျဲ့ဟာ သူမနားရွက်ကို ဆွဲပြီး “နင်က သတ္တိတော့ရှိတယ်လို့ ပြောရမယ်။ နင် ဒီမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အိပ်ပျော်နိုင်တာကို ငါအံ့ဩမိတယ်”

နန်ကောဟာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားတယ်။သူမ နားရွက်ကို အုပ်ပြီး လက်ထဲက အရုပ်နဲ့အတူ ထထိုင်လိုက်တယ်။သူမဟာ သူမအစ်ကိုကို မျက်မှောင် ကြုတ်လိုက်တယ်။ “နင် ဘာလို့ ဒီရောက်နေတာလဲ”

သူမအစ်ကိုဟာ ရက်စက်ကြမ်းကြုတ်တဲ့ပုံနဲ့ “လမ်းကြုံ၀င်လာတာ”

နန်ကော “.....”

သူမ ထင်လိုက်တာက စစ်ကြောရေး ၀င်တော့မယ်ပေါ့။မထင်ထားဘဲ သူမအစ်ကိုဟာ ရိုးရိုးရှင်းရှင်းပဲ ပြောလာတယ်။ “မနက်စာစားဖို့ ထွက်လာခဲ့”

တကယ်ကို အိပ်မက်လိုပဲ။

နန်ကောမှာ ငေးတိငေးငိုင်နဲ့ပဲ ဆေးကြောသန့်စင် လိုက်ရတယ်။သူမလည်း ထွက်လာရော သူတို့နှစ်ယောက်လုံး ထမင်းစားခန်းထဲ ထိုင်နေကြတာကို တွေ့ရတယ်။

ရှန်ရန်ချင်းဟာ စားပွဲထိပ်မှာ ထိုင်နေတာဖြစ်ပြီး မလှုပ်မယှက်နဲ့။

နန်ကျဲ့ကတော့ စားတောင် စားနေပြီ။

လှုပ်လှုပ်ရွရွနဲ့အသံကြားတော့ ရှန်ရန်ချင်းဟာ မော့ကြည့်ကာ သူမကို ခေါ်ဖို့ မတ်တပ်ထလိုက်တယ်။ “ကိုယ် ခေါက်ဆွဲလုပ်ထားတယ်။ နည်းနည်းတော့ ပေါ့တယ်။ လာစား”

နန်ကောဟာ ပါစတာကြိုက်တာမို့ ဂျီးများ မနေဘူး။ရှောင်တာ ကြဉ်တာလည်း မရှိဘူး။

121 03

ဒါပေမဲ့လည်း နန်ကောဟာ ဘာဘာညာညာ သိပ်မတွေးဘဲ စားရင်း ရှန်ရန်ချင်းနဲ့ နန်ကျဲ့ကိုတော့ ခိုးခိုးကြည့်နေတယ်။

သူမအစ်ကို သူမ ရှန်ရန်ချင်းနဲ့တွဲတာကို ခွင့်ပြုပေးပြီးတဲ့နောက် ဒါဟာ ပထမဆုံး သူမတို့ သုံးယောက်စလုံး တစ်နေရာတည်းမှာ ရှိနေတာပဲ။သူမအစ်ကိုရဲ့ “အရူး” ဆန်တဲ့ အကျင့်စရိုက်အရ သူ့လက်ထဲက ဘာမှမရှိတဲ့ ပန်ကန်းလုံးဟာ ရှန်ရန်ချင်းခေါင်းဆီကို ရောက်သွားမှာ စိုးရိမ်တယ်။

ဒါပေမဲ့ နောက်ဆုံးမှာတော့ သူမ အတွေးလွန်နေတယ်ဆိုတာကို သူမ သဘောပေါက်သွားတယ်။

မြင်ကွင်းဟာ အရမ်းပုံမှန်မဆန်စွာဘဲ သဟဇာတ ဖြစ်နေခဲ့တယ်။

သူမအစ်ကိုဟာ တစ်ချိန်လုံး ဘာမှမပြောဘဲ တိတ်ဆိတ် လွန်းနေခဲ့တယ်။သူဟာ ခေါင်းငုံ့ပြီး တည်တည်တံ့တံ့နဲ့ စားနေခဲ့တာ။

နန်ကျဲ့ဟာ ဒီကို တကယ်ကြီး မနက်စာစားဖို့ ရောက်နေတယ်လို့ နန်ကော ထင်မိတယ်။

သူမတို့ ပြန်တော့လည်း သူမအစ်ကိုဟာ ရှန်ရန်ချင်းကို ကောင်းကောင်းမွန်မွန်ပဲ နှုတ်ဆက်သေးတယ်။

ကားထဲမှာ မောင်နှမနှစ်ယောက်ပဲ ရှိတော့တယ်။နန်ကောဟာ တည့်ပဲ ပြောလိုက်တယ်။ “အစ်ကို ရှန်ရန်ချင်းအပေါ် နင့်အပြုအမူတွေက ပိုပိုကောင်းလာတာကို ငါ သတိထားမိတယ်ရော်”

“တကယ်” နန်ကျဲ့ဟာ သတိ မထားမိဘူး။

“တကယ်”

“ဖွီး”

သူ‌ဟာ မထီတထီနဲ့ တစ်ချက် ရယ်လိုက်ပေမဲ့ ဘာမှတော့မပြောဘူး။

အဲဒီနေ့က ပွဲမှာ ဖြစ်ခဲ့တဲ့ကိစ္စ အကြောင်းနဲ့ ပတ်သက်ပြီး မောင်နှမ နှစ်ယောက်ဟာ မပြောရသေးဘူး။နန်ကောဟာ စကားလုံးတွေကို သေချာစီကာ မေးလိုက်တယ်။ “အစ်ကို နင် တကယ်တော့ အဲဒီနေ့က ရှန်ရန်ချင်းကို သွားကူတာမလား”

“ဘယ်တုန်းက” နန်ကျဲ့တစ်ယောက် စတင်ကာ ရူးချင်ယောင်ဆောင်ပြီ။

“တစ်နေ့ကလေ နင် ဖုန်းပြောပြီး အောက်ဆင်းသွားတာ နင်ဒီတိုင်း ဖြတ်သွားရင်း ကြုံတာ မဟုတ်ဘူးမလား။ အစကတည်းက နင် ရှန်ရန်ချင်းကို အဲဒီလောက်ကြီးလည်း မမုန်းပါဘူး။ ဟုတ်တယ်မလား”

******

All Chapters