အခန်း ၁၂၄
Vol. 13 Ch. 124
124 01
Chapter 124 လမ်းခွဲလိုက်တာ။
နေ့လည်က စုဟွေးပြောခဲ့တဲ့ ငတုံးကောင်ဆိုတာ ယွီဖြစ်နေမှန်း သိလိုက်ရတဲ့အခါ နန်ကောမှာ ခေါင်းကိုက်ရုံတင် မကဘဲ ပြဿနာကို လွယ်လွယ်လေးနဲ့ ဖြေရှင်းလို့ရတယ်လို့ပါ ထင်မိတယ်။
ယွီကို တောင်းပန်ခိုင်းလိုက်ရင် ပြီးတဲ့ကိစ္စပဲလေ။
ပြဿနာကြီး မဟုတ်ပါဘူး။
“နေ့လည်က နင်နဲ့ နင့်ကောင်မလေး ငါ့အခန်းဖော်ရဲ့ ဖိနပ်ကို ညစ်ပတ်အောင် လုပ်လိုက်တယ်။ သေချာတောင်းပန်ပြီး စိတ်ရင်းလေးလည်း ထည့်ဦး။ မြန်မြန်” နန်ကောဟာ ယွီရဲ့အင်္ကျီလက်ကို ဆွဲပြီး လုပ်ဖို့ပြောလိုက်တယ်။
ဒါပေါ့။ယွီ့မှာ စုဟွေးနဲ့ ပတ်သက်ပြီး ထင်မြင်ချက် ရှိတာပေါ့။နေ့လည်က သူ လျော်ပေးမဲ့အကြောင်း ပြောမလို့ပါဘဲ။အမျိုးသမီးကသာ မျက်လုံးလှည့်ပြီး သူမဟာသူမ လှည့်ထွက်သွားခဲ့တာ။
သူ တောင်းပန်ချင်မနေတော့ဘူး။ဒါပေမဲ့ နန်ကောကြောင့် သူစကား နားထောင်ပြီး တောင်းပန်လိုက်တယ်။ “ကျွန်တော့်ကောင်မလေး နေ့လည်က တမင်လုပ်တာ မဟုတ်ပါဘူး။ တကယ် မတော်တဆပါ။ မင်းဖိနပ်က ဘယ်လောက်လဲ။ ကျွန်တော် ပြန်လျော်ပေးမယ်”
“ထားလိုက်ပါ” စုဟွေးဟာ လက်ပိုက်လိုက်ကာ သူ့ကို ဖာသိဖာသာ ကြည့်တယ်။ “ရှင်က နန်ကောရဲ့ ငယ်သူငယ်ချင်း ဖြစ်နေမယ်လို့ မထင်ထားဘူး။ ဖိနပ်က ဈေးမကြီးပါဘူး။ ဒီကိစ္စ ဒီမှာပဲထားလိုက်တာပေါ့”
တိုက်ဆိုင်လိုက်တာ။သူမမှာလည်း တစ်ဖက်လူနဲ့ တူညီတဲ့အတွေး ရှိနေခဲ့တယ်။သူမ နန်ကောကို နေရမခက်စေချင်ဘူး။
နှစ်ဖက်လုံးဟာ ရန်ပွဲပြီးတဲ့နောက် သူငယ်ချင်းတွေအနေနဲ့ ထည့်သွင်းစဉ်းစားလို့ ရသွားပြီ။ဒီတော့ ဒီပြဿနာဟာ ပြီးသွားပြီ။နောက်ဆုံးတော့လည်း အဲဒါဟာ မတော်တဆလေး တစ်ခုပဲလေ။စုဟွေးက ဉာဏ်များတဲ့လူမဟုတ်ဘူး။
သူမသာ ဉာဏ်များတဲ့လူဆို နေ့လည်က ဒီတိုင်းလှည့်ထွက်လာခဲ့မှာ မဟုတ်ဘူး။
နန်ကောလည်းပဲ စိတ်သက်သာရာ ရသွားတယ်။ဒီကိစ္စဟာ ဒီမှာပဲပြီးသွားပြီလို့ သူမ ထင်လိုက်တယ်။ဒါပေမဲ့ သူမ စုဟွေးကို ပြန်ခေါ်သွားတော့မဲ့ အချိန်မှာပဲ ယွီ့ကောင်မလေးဆီကနေ ခပ်တိုးတိုး ကွန်ပလိန်း တက်တာကို ကြားလိုက်ရတယ်။ “ဘယ်အချိန်မှ ပြီးတော့မှာလဲ။ နေ့လည်ကလည်း တောင်းပန်ပြီးပြီ မဟုတ်ဘူးလား။ တကယ်ပါပဲ...”
သူ မဒါကိုပြောတဲ့အချိန် စင်ပေါ်က သီချင်းသံဟာ ရပ်နေတာမို့ စုဟွေးဟာ ကြားလိုက်တယ်။
စုဟွေးဟာ အကြောခံနေမဲ့ လူစားမျိုး မဟုတ်ဘူး။
သူမ ဒါကို ဘယ်လိုလုပ်သည်းခံနိုင်မလဲ။
“နင် ပြောလိုက်တာကို ထပ်ပြောကြည့်စမ်း” စုဟွေးဟာ ချက်ချင်းတစ်ဖက်လူရဲ့ရှေ့ကို လျှောက်သွားတယ်။
သူမဟာ အစကတည်းက အရပ်ရှည်ပြီး ဒီနေ့အပြင်ထွက်တော့ ဒေါက်ဖိနပ်ကို စီးလာခဲ့တယ်။သူမရဲ့ အစ်မကြီးတစ်ယောက်လို ၀တ်စားဆင်ယင်ပုံနဲ့ပါ တွဲလိုက်တော့ သူမအရှိန်အဝါကတင်ပဲ တစ်ဖက်လူကို ကြီးမားတဲ့အနားသတ်နဲ့ ချေမှူန်းပြီးသား။
မိန်းကလေးဟာ ကျုံ့၀င်သွားပြီး ယွီကို မှီလိုက်တယ်။သူမဟာ ခေါင်းငုံ့ထားပြီး စကားမပြောရဲဘူး။
နေ့လည်ကလည်း ဒီမိန်းကလေး ဒီလိုမျိုး လုပ်ခဲ့တာ။အခုလည်း ထပ်လုပ်နေပြန်ပြီ။စုဟွေးဟာ ခါးထောက်ကာ ရယ်လိုက်မိတယ်။
နန်ကောဟာ စုဟွေးအတွက် စကားပြောပေးချင်ပေမဲ့ စုဟွေးဟာ တားလိုက်တယ်။ “နင့်ဟာနင် သွားပျော်တော့ ၀င်မပါနဲ့”
ဒီအချိန်မှာတောင် သူမဟာ နန်ကောရဲ့ခံစားချက်ကို ထည့်သွင်းစဉ်းစား ပေးနေဆဲ။ဒါပေမဲ့ နန်ကောဘယ်လိုလုပ် ထွက်သွားနိုင်ပါ့မလဲ။
နန်ကောဟာ စုဟွေးလက်ကို ကိုင်ပြီး ယွီ့ကို မော့ကြည့်ကာ နာမည်ခေါ်လိုက်တယ်။ “ယွီ...”
124 02
ယွီဟာ နှုတ်ခမ်းကို ဖိပြီး သူ့လက်ကို မိန်းကလေး ဖက်ထားတဲ့ ဆီကနေ ရုန်းလိုက်တယ်။အဲဒီနောက် သူဟာ သူမကို အရှေ့ကို တွန်းပြီး “တောင်းပန်လိုက် မြန်မြန်”
“တောင်းပန်ပါတယ်။ ကျွန်မက ဒီတိုင်းပြောလိုက်တာပါ” မိန်းကလေးဟာ သူ့ရဲ့ ဒေါသကို သိပုံရပြီး သူ ဒေါသ ထွက်နေပြီဆိုတာကိုလည်း သိလောက်တယ်။ဒါကြောင့်မို့ သူမဟာ ထပ်ပြီးအိုက်တင် မလုပ်ရဲတော့တာ။
စုဟွေးဟာ တစ်ချက် ရယ်ပြီး ရွဲ့ပြောတယ်။ “ညီမလေး အပြင်ရောက်ရင် နင့်ပါးစပ်ကို သတိထားပါ။ ဒေါသကြီးတဲ့လူနဲ့သာ တွေ့ရင် မျက်ခွက်ကို အရိုက်ခံရတာ ကြာလှပြီ”
ဆန့်ကျင်ဘက်က မိန်းကလေးဟာ နင်သွားကာ သူမကို စိုက်ကြည့်လာတယ်။စုဟွေးဟာ မျက်လုံးကိုသာ လှည့်ကာ “သွားကြမယ် နန်ကော”
ယွီဟာ သူ့နေရာကို မပြန်ခင် နန်ကောနဲ့စုဟွေးအတွက် ပိုက်ဆံ ရှင်းပေးခဲ့တယ်။
မိန်းကလေးဟာ သူ့ဘေးမှာ ထိုင်ပြီး သူ့ကို မှီဖို့လုပ်လိုက်ပေမဲ့ သူ့ဘက်က တားကာ သူမကို တွန်းထုတ်လိုက်တယ်။
သူမ သေချာမော့ကြည့်လိုက်တော့ ယွီရဲ့မျက်နှာထားဟာ အေးစက်သွားပြီ ဖြစ်ကြောင်းကို သိလိုက်ရတယ်။ လွန်ခဲ့တဲ့ စက္ကန့်အနည်းငယ်က ဟိုမိန်းကလေး၂ယောက်အတွက် ပိုက်ဆံ ရှင်းပေးတုန်းကတောင် သူ ပြုံးနေခဲ့သေးတယ်။ဒါပေမဲ့ အခု သူ့ကြည့်ရတာ အခြားလူတစ်ယောက်လိုပဲ။
သူမ ပါးစပ်ဟလိုက်တဲ့အချိန်မှာပဲ တစ်ဖက်လူဆီကနေ ဖြတ်ပြောခံလိုက်ရတယ်။ “ပြန်တော့”
သူစကားဆုံးတာနဲ့ သူမဖုန်းအသံမြည်လာတယ်။လွှဲပြောင်းတဲ့ အသိပေးချက်အသံ။
သူမမျက်နှာ ဖြူဖျော့သွားတယ်။သူ ဘာကို ဆိုလိုလဲဆိုတာ သူမသိ တယ်။
သူမ ယွီယွီနဲ့ အတူရှိတာ ရက်အနည်းငယ်ပဲ ရှိသေးတယ်ဆိုပေမဲ့ ဟိုးအရင်ကတည်းက သူ့ရဲ့ကောလဟလတွေကို သူမ ကြားခဲ့ဖူးပြီးသား။
ယွီယွီဟာ ကောင်မလေးတွေကို ခဏခဏ ပြောင်းတယ်။ဒါပေမဲ့ အဲဒီကောင်မလေးတိုင်းဟာ ဒီတိုင်း ရည်းစားအမည်ခံ သက်သက်ပဲ။ရှင်းရှင်းပြောရရင် တွဲတဲ့ကိစ္စမှာ သူတစ်ခါမှ အလေးအနက် မထားဘူး။
အင်တာနက်အနုပညာရှင်တွေနဲ့ ဖျော်ဖြေရေးလောကလည်း အတူတူပဲ။
သူ့ဘက်က တစ်ခါမှ ဘယ်သူ့ကိုမှ မလိုက်ဖူးဘူး။ဒါပေမဲ့ သူ ဘယ်သူ့ကိုမှလည်း မငြင်းဘူး။အနုပညာရှင်အငယ်လေးတွေအများစုဟာ သူနဲ့ တွဲဖူးတယ်။
ဒီသခင်ငယ်လေးဟာ အထက်တန်းကတည်းက ရည်းစားထားတာလို့ ပြောကြတဲ့ သတင်းတွေရှိတယ်။သူ့ရည်းစားတွေဟာ တစ်ခါမှ တစ်လမခံဘူး။
ဘယ်သူပဲ ဖြစ်နေပါစေ သူတို့ သူ့ဆီကနေ တစ်ခါမှ အထူးတလည် ဆက်ဆံခံရတာမျိုး မရှိဘူး။ယုတ္တိကျကျပြောရရင် လူတိုင်းဟာ သူ အလေးအနက် မထားမှန်း သိကြပြီး ဝေးဝေးရှောင်သင့်တဲ့လူလည်း ဖြစ်တယ်။
ဒါပေမဲ့ တစ်ချို့လူတွေဟာ ဒေါ သထွက်ကြတယ်။တစ်ချို့ကျတော့ သူဟာ အနည်းဆုံးတော့ တွဲနေတဲ့အချိန်ကာလအတွင်း စိတ်ရင်းနဲ့ ဆက်ဆံမှန်းသိတော့ သူနဲ့ တွဲကြတယ်။သူဟာ သူ့ကောင်မလေးတွေကို အရမ်းအလိုလိုက်တယ်။အခြေခံအားဖြင့် သူတို့ ဘာဆိုဆိုဘာပြောပြော အကုန်လုပ်ပေးတယ်။လမ်းခွဲတဲ့အခါကျရင်လည်း သူဟာ ကောင်မလေးတွေကို လမ်းခွဲခအများကြီး ပေးတတ်တယ်။
ဒုတိယအနေနဲ့ နောက်ထပ်လူတစ်စုဟာ သူ သူတို့ဆီ နာခံလာအောင် လုပ်နိုင်မယ်လို့ ထင်ကြတယ်။သူတို့အားလုံး မျှော်လင့်ကြတာက ဒီသားရဲကို ယဉ်ပါးအောင် လုပ်နိုင်ပြီး ဖြုန်းတီးလူငယ်လေးကို လုံး၀ပုံမှန်အတိုင်း ပြန်ဖြစ်စေမယ်ပေါ့။
သူမလည်း အဲဒီအုပ်စုထဲက တစ်ယောက်ပါပဲ။
သူမ အစက ယွီယွီ သူမကို ထူးထူးခြားခြားဆက်ဆံတယ်လို့ ထင်ခဲ့တာ။ဒီနေ့ သူမ နိုင်ငံခြားက ပြန်လာတော့ ယွီယွီကို လာကြိုဖို့ မေးခဲ့တယ်။သူ ကျန်းမြို့ကနေ ဘာတစ်ခွန်းမှ မပြောဘဲ အပြေးရောက်လာတယ်။ဘူတာရုံမှာ သူမကို စောင့်နေဖို့အတွက် အထူးတလည်လက်မှတ်တောင် ၀ယ်လာခဲ့သေးတယ်။
ယွီအတွက် သူမဟာ အဓိပ္ပာယ်တစ်ခုခု ရှိတယ်လို့ ထင်ခဲ့တာ။သူ့စိတ်ကို ပြောင်းလဲနိုင်တဲ့သူဟာ သူမ ဖြစ်နိုင်မယ်ဆိုပြီးပေါ့...
“အဲဒီလူ၂ယောက်အတွက်နဲ့ နင် ငါနဲ့လမ်းခွဲနေတာလား”
“မင်းဟာမင်း သိတာပဲ။ ဘာလို့ ငါ့ကိုထုတ်ပြောရအောင်လုပ်နေလဲ” ယွီဟာ သူ့သူငယ်ချင်းပေးတဲ့ ပိုကာကတ်ကို ယူပြီး ကတ်ကို ဂရုတစိုက် ကြည့်နေတယ်။သူ သူမကို လှည့်တောင်မကြည့်ဘူး။
“နောက်ကျနေပြီ ပြန်တော့”
အဆုံးမှာတော့ မိန်းကလေးဟာ မျက်ရည်တွေနဲ့ ထွက်သွားတယ်။စားပွဲက အခြားလူတွေဟာတော့ ဒါကို အသားကျနေပြီ။
ယွီကိုယ်တိုင်ဟာလည်း တည်တည်ငြိမ်ငြိမ်ပဲ။
124 03
သူ့အတွက်တော့ အိုက်တင်များတဲ့ ကောင်မလေးရှိတာ စိတ်ထဲ မထားပါဘူး။ဒါပေမဲ့ သူမက အရမ်းတွေ အိုက်တင်များနေမယ်ဆိုရင်တော့ နည်းနည်းများသွားပြီ။
ခုနကလို မျိုးပေါ့။
သူ နန်ကောနဲ့ အထူးတလည် မိတ်ဆက် ပေးထားပြီးသား။ပြီးတော့ စုဟွေးက နန်ကောရဲ့သူငယ်ချင်း။စိတ်မှန်တဲ့လူသာဆို နောက်ဆုံးစကား၂ခွန်းကို ပြောနိုင်မှာ မဟုတ်ဘူး။
သူပါ သူမနဲ့အတူ ရောပြီး ပြဿနာ မတက်သွားတာဘဲ တော်တော် တော်နေပြီ။
ဘားအပြင်မှာတော့ နန်ကောနဲ့ စုဟွေးဟာ ခါးပတ် ပတ်ပြီးရုံပဲ ရှိသေး။ ဘားထဲကနေ မိန်းကလေးတစ်ယောက် ငိုယိုပြီးထွက်လာတာကို တွေ့လိုက်ရတယ်။စုဟွေးဟာ တစ်ချက်ကြည့်ရုံနဲ့ မိန်းကလေးကို မှတ်မိသွားတယ်။ “ရို့ ဘာဖြစ်တာလဲ”
သူမကြည့်ရတာ ရှိုးပွဲတစ်ပွဲကြည့်နေသလိုမျိုးပဲ။
နန်ကောဟာ ပြတင်းပေါက်အပြင်ကို လှမ်းကြည့်ပြီး နှုတ်ခမ်းကို ဖိလိုက်တယ်။သူမ ဒီမြင်ကွင်းကို သိပ်ပြီးလည်း အံ့ဩမနေတော့ဘူး။
“သူတို့ လမ်းခွဲလိုက်တာဖြစ်မယ်”
“ဟမ်” စုဟွေး မျက်နှာပေါ်က အပြုံးဟာ ချက်ချင်းပျောက်ကွယ် သွားတယ်။ “သူတို့ အဲဒီလိုပဲ လမ်းခွဲလိုက်တာလား”
“အင်း” နန်ကောဟာ ပုခုံးတွန့်ပြပြီး ဘာမှတော့ထပ်မပြောဘူး။
သူမ ယွီရဲ့ရိုမန်တစ်ဘ၀ကို မှတ်ချက်ပေးလို့ မရနိုင်ဘူးလေ။
သူ တွဲတဲ့ကိစ္စတွေကို အလေးအနက်မထားဘူးဆိုတာ ဟုတ်ပါတယ်။ဒါပေမဲ့ သူတွဲခဲ့တဲ့မိန်းကလေးမှန်သမျှ တစ်ခါမှ သူမကောင်းကြောင်းမပြောဖူးကြဘူး။အဲဒီအစား သူ့မှာ ကောင်းမွန်တဲ့ဂုဏ်သတင်းရှိပုံပါပဲ။
သူ့ရဲ့ရိုးသားမှုကတော့ သူတွဲတိုင်း အရမ်းတိုတောင်းလွန်းတယ်။မသိရင် သူဟာ အ၀တ်လဲနေသလိုမျိုး မိန်းကလေးတွေကို လဲနေသလားပဲ။
နောက်နေ့နေ့လည်မှာတော့ နန်ကောဟာ အော်ဒါလက်ခံကာ ဟွားရှန်အဖွဲ့အစည်းဆီ အပြေးသွားလိုက်တယ်။
လက်ထောက်ယွမ်ဟာ မနက်ထဲက စာရွက်စာတမ်း သွားပို့ပြီး အမြန်ပြန်လာနေတာ ဖြစ်တယ်။သူဟာ သာမန်ပဲ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်ပြီး ရုတ်တရက် ဘေးက ငွေရောင် Lamborghini ဆီကနေ ဆွဲဆောင်ခံလိုက်ရတယ်။
ယောက်ျားလေးတိုင်း ကားတွေကို ချစ်ကြတယ်။ သူ သေချာထပ်ကြည့်ဖို့ ပြတင်းပေါက်မှန်ကို ချလိုက်တဲ့အချိန်မှာပဲ မီးစိမ်းသွားပြီး Lamborghini ဟာ အရမ်းမြန်တဲ့အရှိန်နဲ့ မောင်းထွက် သွားတော့တယ်။ဒီတော့ သူ့မှာ လိုင်စင်ပြားကိုတောင် သေချာမကြည့်လိုက်ရဘူး။
လက်ထောက်ယွမ်ဟာ လမ်းတစ်လျှောက်လုံး ကွန်ပလိန်း တက်လာမိတော့တယ်...နောက်ဆုံးမှာတော့ ၁၀မိနစ်ကြာပြီးနောက် သူဒီကားကို ကုမ္ပဏီရဲ့အောက်ထပ်မှာ တွေ့လိုက်ရပြန်တယ်...
******