အခန်း ၁၂၅
Vol. 13 Ch. 125
125 01
Chapter 125 သူမဘယ်လိုလုပ်သည်းခံနိုင်မှာလဲ။
လက်ထောက်ယွမ်ဟာ ခါးပတ်ကို ဖြုတ်ပြီး လေကာမှန်ကနေတဆင့် အရှေ့က Lamborghini ကို ချောင်းကြည့်လိုက်တယ်။
ကားဟာ သူတို့ကုမ္ပဏီအပြင်မှာ ရပ်ထားတာ။သူတို့ ကုမ္ပဏီက တစ်ယောက်ယောက်ပဲ ဖြစ်ရမယ် မဟုတ်လား။ဒါပေမဲ့ သူဘာလို့ ဒီကားကို အရင်က တစ်ခါမှမမြင်ဖူးတာလဲ။
ကားပိုင်ရှင်ဟာ ဥက္ကဌရှန်ကို လာရှာတာဖြစ်နိုင်ကြောင်း တွေးမိတဲ့အခါ လက်ထောက်ယွမ်ဟာ အလျင်စလိုနဲ့ ကားထဲက ထွက်ပြီး ပြေးသွားတော့တယ်။
သူ ရောက်တော့မဲ့အချိန်မှာပဲ သူ့ဆန့်ကျင်ဘက်က ကားတံခါးဟာ ပွင့်လာတယ်။ အဲဒီနောက် ချက်ချင်းပဲ ဒရိုင်ဘာခုံကနေ လူသေးသေးလေးတစ်ယောက် ထွက်လာတယ်။အနီးကပ် ကြည့်လိုက်တော့ သူမလက်ထဲမှာ ရင်းနှီးနေတဲ့ အော်ဒါအိတ်ကို ကိုင်ထားတယ်...။
ဖြစ်နိုင်တာက...
သူရုတ်တရက် ရဲရင့်တဲ့ စိတ်ကူးတစ်ခု ရသွားတယ်။
အဲဒီလူ လှည့်ကြည့်လို့ သူ့ကို မြင်တဲ့အခါ သူမဟာ အနည်းငယ် အံ့ဩသွားတယ်။အဲဒီနောက် သူမဟာ လက်ပြကာ သူ့ကို အပြုံးနဲ့ နှုတ်ဆက်တယ်။ “ဟိုင်း လက်ထောက်ယွမ် ကောင်းသောနေ့လည်ခင်းပါ”
မဟုတ်ဘူး။သူ နေလို့ မကောင်းတော့ဘူး။
နန်ကောအကြည့်နဲ့ သွားဆုံတဲ့အခါ လက်ထောက်ယွမ်တစ်ယောက် မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရတယ်။သူ့စိတ်ထဲ ချက်ချင်းလက်ငင်း ဗလာဖြစ်သွားတယ်။အကြာကြီးနေပြီးတော့မှ သူခက်ခက်ခဲခဲနဲ့ ပါးစပ်ကို ဟပြီး တုံ့ပြန်လိုက်တယ်။ “ကောင်းသော နေ့လည်ခင်းပါ”
“ရှ င်အပြင်သွားတာလား။ ကွက်တိ ပြန်လာတာပဲ။ ဒီနေ့ထုတ်ကုန်အသစ် ပါလာတယ်!” နန်ကောဟာ လက်ထဲက အော်ဒါအိတ်ကို ဝှေ့ယမ်းပြတယ်။
လက်ထောက်ယွမ်ခမျာ ဗိုက်ထဲမေးခွန်းတွေ များနေပေမဲ့လည်း သူ သူမဆီသွားပြီး အော်ဒါကို ကူသယ်ပေးလိုက်ပါသေးတယ်။
သူတို့နှစ်ယောက်ဟာ ဓာတ်လှေကားထဲ ၀င်သွားကြပြီး လက်ထောက်ယွမ်ကနေ ပြောလာတယ်။ “မိန်းကလေးနန်ကော အ၀က Lamborghini က မင်းဟာလား”
“ဟုတ်တယ်”
နန်ကောဟာ ကြောင်သွားပြီး သူ့ကို လှည့်ကြည့်လာတယ်။ “ဘာဖြစ်လို့လဲ”
“အာ ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး” လက်ထောက်ယွမ်ဟာ သူမကို ပြုံးပြလိုက်တယ်။အပြင်ပိုင်းမှာတော့ သူ တည်ငြိမ် နေပါတယ်။ဒါပေမဲ့ တကယ်တော့ သူ ပြောစရာတွေ များနေပြီ။
ဘယ်လိုလုပ် သူ ဒါကို မတွေးမိခဲ့ရတာလဲ!!!
နန်ကော ဥက္ကဌရုံးခန်းထဲ ၀င်သွားတာကို ကြည့်ပြီးတဲ့နောက် လက်ထောက်ယွမ်ဟာ အလျင်အမြန်ပဲ ဒီအကြောင်း အခြားလူတွေကိုပါ ပြောပြလိုက်တယ်။
သူ့စကားတွေကို ကြားပြီးတဲ့နောက် သူတို့ကြည့်ရတာ အံ့ဩပုံတောင် မပေါ်ဘူး။သူတို့ဟာ သူ့ကို “ဒါပဲလား” ဆိုတဲ့သဘောနဲ့တောင် ကြည့်လာသေးတယ်။
“အဓိပ္ပာယ်မရှိဘူးလို့ မင်းတို့ မထင်ဘူးလား။ ငါအမြဲ နန်ကောက ဒလီပို့တယ်ဆိုတာ သူ လျှပ်စစ်စကူတာအသေးလေးတစ်စီး ၀ယ်ချင်လို့လို့ ထင်ခဲ့တာ။ အခုတော့ သူ့ကားက Lamborghini ကြီးဖြစ်နေတာ။ ၃မီလီယံကျော် ကျတဲ့ဟာကြီးနော်။ အဲဒါနဲ့တင် သူ လျှပ်စစ်စကူတာ ဘယ်နှစ်စီး၀ယ်လို့ရလဲဆိုတာ မင်းတို့ သိလား။!”
ဒီလူတွေ ဘာလို့ တုံ့ပြန်မှု မရှိကြတာလဲ။
သူထင်ထားတာကနေ လုံး၀ကွာခြားနေတာကြီး။အခုတော့ ဒီစပ်စုတတ်တဲ့ပွဲကြည့်သူတွေဟာ ပိုပိုပြီးတော့ကို အရည်အချင်းမပြည့်မှီတော့ဘူး။
သူ့ဦးနှောက်နဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတယ်လို့ မြောင်မြောင်ဟာ ထင်မိတယ်။ “နန်ကောက နန်မိသားစုရဲ့ အငယ်ဆုံးသမီးဆိုတာ နင် လွန်ခဲ့တဲ့ရက်က သိပြီးပြီ မဟုတ်ဘူးလား။ Lamborghini မောင်းတာ ဘာဖြစ်လဲ”
“နင် မှတ်ဉာဏ် ပျောက်သွားတာလား”
လက်ထောက်ယွမ်ဟာ ဆို့သွားတယ်။နှစ်စက္ကန့်လောက် ကြာပြီးတဲ့နောက် သူ နောက်ဆုံးတော့ သတိထားမိသွားတယ်။ “ဟုတ်သားပဲ”
လူတိုင်း “.....”
တစ်နေ့ကပဲ နန်ကောရဲ့သရုပ်မှန်ကို သူ ရုတ်တရက်ကြီး သိလိုက်ရတာမို့ ဖြစ်နိုင်တယ်။လက်ထောက်ယွမ်မှာ အမှီမလိုက်နိုင်ဘူး ဖြစ်သွားတာ။
125 02
သူ့စိတ်ထဲမှာတော့ နန်ကောဟာ အချိန်ပိုင်း ဒလီ၀န်ထမ်းအဖြစ် လုပ်ကိုင်နေတဲ့ စိတ်အား ထက်ထက်သန်သန်နဲ့ တက္ကသိုလ်ကျောင်းသူလေး ဖြစ်နေတုန်း။
ဒါကြောင့် သူ သူမကို Lamborghini ကြီးနဲ့အတူ သရုပ်မှန်အသစ်နဲ့ တွေ့လိုက်ရတော့ သူ အကြောင်းအရာ၂ခုကို မဆက်စပ်မိဘူး ဖြစ်သွားတယ်။
ကျောင်းပြန်ဖွင့်ပြီ ဖြစ်ပြီး နန်ကောဟာ အလုပ်ရှုပ် နေခဲ့တယ်။ထပ်ပြောရရင် သူမဟာ အချိန်အပိုင်းအခြားနဲ့ပဲ ဒလီပို့ဖို့ကို သဘောတူထားပြီး အခုပဲ ပြီးသွားပြီ ဖြစ်တယ်။ဒါကြောင့် ဟွားရှန်အဖွဲ့အစည်းဆီ သွားပို့ပြီးတဲ့နောက် သူမ စားသောက်ဆိုင်ကို ပြန်မသွားခဲ့ဘူး။
လွန်ခဲ့တဲ့၂ရက်အတွင်း နန်ကောဟာ သူ့ဆီ ဖုန်းခေါ်တာရော စာပို့တာရော လုပ်ခဲ့တယ်ဆိုတာ ရှန်ရန်ချင်းလည်း ကောင်းကောင်းသိပါတယ်။
နေ့လည်ဘက်တွေမှာ သူမ အတန်းတက်ရတယ်ဆိုတာကို နားလည်ပေးနိုင်ပါတယ်။ဒါပေမဲ့ သူ နန်ကောကို ညဘက်တွေ ခေါ်ကြည့်ရင်လည်း သူမဟာ အမြဲအလုပ်ရှုပ်နေတယ်။
သူ နန်ကောနဲ့ မတွေ့ရတာ တစ်ပတ်လောက် ရှိပြီဆိုတာကို တွေးမိရင်း သူမရဲ့အတန်းအချိန်စာရင်းကို ဖတ်ပြီးတဲ့နောက် ရှန်ရန်ချင်းဟာ သူမရဲ့အဆောင်နားမှာ သူမကို သွားစောင့်နေခဲ့တယ်။
သူ ကားထဲမှာ စောင့်နေတာ ဘယ်လောက်မှ မကြာသေးဘူး။သူ နန်ကောကို တွေ့လိုက်ရတယ်။
မိန်းမငယ်လေးဟာ လက်တစ်ဖက်ထဲ စာအုပ်နှစ်အုပ်ကို သယ်ထားပြီး ကျန်လက်တစ်ဖက်နဲ့ ဖုန်းခေါ်ဖို့ လုပ်နေတယ်။
သူ မသိစိတ်ကနေ သူ့ဖုန်းကို ငုံ့ကြည့်မိပေမဲ့ ဘာမှ ဖြစ်မလာဘူး။
သူ့ဆီ ခေါ်တာ မဟုတ်ဘူးဆိုတာ သိသိသာသာပဲ။
သိပ်မဝေးတဲ့နားမှာတော့ နန်ကောတစ်ယောက် နန်ကျဲ့ကို နားပူနားဆာ လုပ်နေတော့တယ်။ “တစ်လကျော်သွားပြီ နင်ပြောတော့ ငါ့ကားကို တစ်လအတွင်း လဲပေးမယ်ဆို။ ဘာလို့ ကိုယ့်စကားကိုယ် မတည်ပြန်တာလဲ။!”
“ငါ စကားမတည်လို့လား” နန်ကျဲ့ဘက်ခြမ်းမှာ အနည်းငယ် ဆူညံနေတယ်။စကားပြောသံတွေနဲ့ ရယ်သံတွေဟာ ဖုန်းကနေ ဖြတ်ပြီး သူမနား ထဲ ရောက်လာတယ်။ခဏလောက်ကြာတော့ သူ ဘေးနားကလူကို ကိုင်တွယ်လို့ပြီးသွားပြီး သူမကို ဆက်ပြောတယ်။ “ငါနင့်အတွက် ၀ယ်ပြီးပြီ မဟုတ်ဘူးလား။ ဘာမှားလို့လဲ”
“နန်ကျဲ့ နင့်မျက်လုံးကို ပြူးပြီး နင်တင်ထားတဲ့ပုံကို သေချာကြည့်စမ်းပါဦး။ ငါ ပြောတဲ့ မော်ဒယ်နဲ့ တူလားလို့။!”
နန်ကျဲ့သာ အခု သူမမျက်စိရှေ့မှာဆိုရင် သူမ သူ့ဆီ ခုန်အုပ်ပြီး သေအောင် ကိုက်ပစ်လိုက်ပြီ။
“သူတို့က အတူတူပဲ မဟုတ်ဘူးလား။ သူတို့ နည်းနည်း ဆင်ပါတယ်” နန်ကျဲ့ဟာ သူမကို လှည့်စားဖို့ လုပ်နေတုန်း။ “ဘာပဲဖြစ်ဖြစ် သူတို့က ဆင်တယ်လေ သူတို့နှစ်ခုလုံး ဘီး၄ဘီးလေးနဲ့ ကားပဲ နှစ်ခုလုံး မောင်းလို့ရတယ်”
နန်ကောမှာ သွေးအန်လုမတတ်။ “ကားတိုင်းမှာ ဘီး၄ဘီးလေး ရှိတယ်။ ဟုတ်ပြီလား။ ၂မီလီယံ ဒေါ်လာကားနဲ့ ၆မီလီယံ ဒေါ်လာကားက ဘယ်လိုလုပ် တူမှာလဲ။ မျက်လုံး မမြင်တဲ့လူတောင်မှ ဒီနှစ်ခု မတူတာကို သိတယ်!”
သူမရဲ့ လက်ရှိကားလောက်တောင် ကောင်းမနေဘူး!
သူ သူမကို လှည့်စားလို့ မရတာကို မြင်တော့ နန်ကျဲ့ဟာ လေသံကို ချက်ချင်းပြောင်းပြီး သူမကို ပြစ်တင်ရှုံ့ချလိုက်တယ်။ “နန်ကော နင် ဘာလို့ အရမ်းဘ၀င်မြင့်နေတာလဲ။ ဒီခေတ်ကြီးထဲ ကားတောင် မရှိတဲ့ လူဘယ်နှစ်ယောက်ရှိလဲဆိုတာ နင်သိလား။ နိုး နင် မသိပါဘူး။ နင် နင့်ကိုယ်နင်ပဲ ဂရုစိုက်တာ”
နန်ကော “.....”
သူတို့ စကားပြောနေတာဆိုလည်း ပြောနေတာလေ။သူ သူ့ကိုယ်သူ သူတော်ကောင်းကြီး လုပ်ဖို့ လိုသလား။
ဒါပေါ့။နန်ကော သူ့ကို နားမထောင်နိုင်ဘူး။နန်ကျဲ့ သူမကို ဂျင်းကျွေးထားတာ တစ်ပတ်ရှိပြီ။သူမ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ။
သူမ နန်ကျဲ့နဲ့ ဆက်ပြီး စကားများမလို့ လုပ်လိုက်တဲ့အချိန်မှာပဲ တစ်ဖက်လူက ပြောလာတယ်။ “ငါ ဖုန်းတစ်ကောလ် ၀င်နေတယ် မြန်မြန်ချလိုက်”
“နိုး!” နန်ကော သူ့ကို ဒီလိုလုပ်ခွင့် မပေးနိုင်ဘူး။
“မြန်မြန်လုပ်ဟ ငါ အရေးကြီးတာ တက်ဖို့ ရှိတယ်”
ဒါကို ကြားတော့ နန်ကောဟာ သူ အလုပ်တစ်ခုခု လုပ်ဖို့ရှိတယ်ထင်ပြီး မေးလိုက်တယ်။ “ဘယ်သူခေါ်တာလဲ”
“ချီယန်”
125 03
နန်ကောမှာ ဒေါသထွက်လွန်းလို့ ရယ်ပါ ရယ်မိတယ်။ “ဒါဆို ငါ မချပေးနိုင်ဘူး။ ဒီကားအကြောင်းအရင်း ပြောရင် ပြော မပြောရင် ငါနင့်ကို ဆက်ပြီး နှောင့်ယှက်နေမှာ!”
တစ်ဖက်လူဟာ ချီယန် အရေးတကြီးခေါ်တာဖြစ်မှာကို စိုးရိမ်တဲ့အတွက် ချက်ချင်းပဲ သဘောတူလိုက်တယ်။ “ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ။ ငါ ဒီတစ်ပတ် နင့်ကားကို လာယူလိုက်မယ်။ ဟုတ်ပြီလား ကျေးဇူးရှင်မ”
“နိုး ငါနင့်ကို မယုံတော့ဘူး သက်သေပြ”
ချက်ချင်းပဲ ဖုန်းတစ်ဖက်က တစ်ယောက်သောသူဟာ သူမကို ဒေသိယစကားနဲ့ ဆူဆဲလာတော့တယ်။သူဟာ အံကြိတ်လိုက်တယ်။
“ငါ ဒီညသက်သေ ရေးပေးမယ်။ ငါ နင့်ကို လိမ်ရင် နင် ငါ့ကို ခွေးလို့ ခေါ်လို့ရတယ်။ ဖုန်းကို အခုချက်ချင်းချလိုက်တော့!”
နန်ကောဟာ ကျေနပ်အားရစွာနဲ့ ဖုန်းကို ချလိုက်တော့တယ်။ဟွန့် သူမ သူမ လိုချင်တာကို အားထုတ်စရာမလိုဘဲ ရသွားပြီ။
သူမ ယွီကို ကြွားဖို့ ဖုန်းခေါ်မလို့ လုပ်လိုက်တဲ့အချိန် အရိပ်တစ်ရိပ်ဟာ သူမရှေ့ ကျလာတယ်။သူမမျက်လုံးတွေကို ကြိုဆိုလိုက်တာက အနက်ရောင်သားရေဖိနပ်တစ်ရံ။
ဖုန်းနံပါတ်ကို ရိုက်နေတဲ့ သူမရဲ့လက်တွေ ရပ်တန့်သွားတယ်။သူမအရှိန်သတ်လိုက်ပြီး တစ်ဖက်လူနဲ့ ၀င်တိုက်မိမလိုပါ ဖြစ်သွားတယ်။
သူမ နေရာမှာတင် ရပ်မိသွားပြီး မျက်မှောင် ကြုတ်လိုက်တယ်။သူမအကြည့်ဟာ ရင်းနှီးနေတဲ့ကုတ်အင်္ကျီကော်လံဆီ ပွတ်ဆွဲသွားပြီး ဖြည်းဖြည်းချင်း အပေါ်ကို မော့ကြည့်လိုက်တယ်။နောက်ဆုံးမှာတော့ သူမဟာ ပြုံးနေတဲ့ အနက်ရောင်မျက်လုံးတစ်စုံနဲ့ ဆုံလိုက်ရတယ်။
“ဘယ်သူနဲ့ အဲဒီလောက်တောင် စကားတွေ ပြောနေတာလဲ။ သွားတဲ့လမ်းကို သေချာကြည့်လေ ပင်ကွင်းပေါက်”
“အာ...” နန်ကောဟာ မျက်တောင်ခတ်ပြီး သူမမျက်နှာထားဟာ ကြောင်သွားတာကနေ စိတ်လှုပ်ရှားတဲ့ဆီကို ပြောင်းသွားတယ်။သူမ အလိုလိုသူ့ဆီ ချဉ်းကပ်သွားလိုက်တယ်။ “ရှင် ဘယ်တုန်း ကရောက်တာလဲ”
“ကိုယ် အခုမှ ရောက်ရုံရှိသေးတာ” ရှန်ရန်ချင်းဟာ အလိုအလျောက်ပဲ သူမလက်ထဲက စာအုပ်တွေကို ယူလိုက်တယ်။ “မင်း အခုအချိန်ရှိလား။ လမ်းလျှောက် ထွက်ချင်လား”
မေးပြီးတဲ့နောက် သူဟာ သူမဖုန်းကို တစ်ချက်လှမ်းကြည့်ပြီး စဉ်းစဉ်းစားစားနဲ့ မေးလိုက်တယ်။ “မင်း ဖုန်းသုံး ချင်တုန်းလား။ မင်း ဘာလို့ အရင်မခေါ်လိုက်တာလဲ။ ကိုယ် စောင့်နေပေးမယ်လေ”
“နိုး နိုး နိုး” နန်ကောဟာ ခပ်မြန်မြန်ပဲ ဖုန်းကို သိမ်းလိုက်ပြီး သူမ လွန်ခဲ့တဲ့၂ရက်အတွင်း ကားကိစ္စနဲ့ ပတ်သက်ပြီး နန်ကျဲ့နဲ့ စကားများနေခဲ့တာ ဖြစ်ကြောင်း ရှင်းပြတယ်။
“ဒါဆိုရင်တော့ ကိုယ် စိတ်သက်သာရာ ရသွားပြီ” အမျိုးသားဟာ ရယ်ပြီး သူမလက်လေးကို ကိုင်လိုက်တယ်။သူဟာ စစနောက်နောက်နဲ့ “ကိုယ်တို့ကြား အသက် အရမ်းကွာလွန်းတယ်လို့ ခံစားရပြီး မင်း ကိုယ်နဲ့တွဲရတာ ငြီးငွေ့သွားပြီလို့ ထင်သွားတာ...”
******