အခန်း ၁၂၆
Vol. 13 Ch. 126
126 01
Chapter 126 ချိန်းတွေ့တာမှာ လူသစ်တွေပဲရှိသေးတယ်။
သူတို့နှစ်ယောက်ဟာ အခုမှ တွဲကြရုံပဲရှိ သေးတယ်။ယုတ္တိကျကျပြောရရင် သူတို့ဟာ ပြင်းပြတဲ့ ဆက်ဆံရေး အခြေအနေမှာ ရှိနေရမှာ။
အစကတော့ ရှန်ရန်ချင်းဟာ ဒါကို သိပ်ပြီးဂရုမစိုက်ပါဘူး။နန်ကောက သူ့ကို လစ်လျူရှုထားတယ်လို့လည်း မခံစားရဘူး။
သူမဟာ အခုမှ ကျောင်းပြန်တက်ရုံရှိပြီး ကျောင်းကောင်စီအဖွဲ့၀င်လည်း ဖြစ်တဲ့အတွက်ကြောင့်မို့ သူမမှာ လုပ်စရာတွေ များတယ်လေ။
သူမ သူ့ကို သိပ်မဆက်သွယ်ဖြစ်ဘူးဆိုတာ ပုံမှန်ပါပဲ။
သူတို့ ပိုပိုပြီးကောင်းလာဖို့ကို မျှော်လင့်ပြီး သူတို့အတူ လက်တွဲကြဖို့ကို ရွေးချယ်ခဲ့ကြတယ်။တစ်အပေါင်းတစ် ညှိမျှခြင်း နှစ်ရတယ်။သူတို့ သူတို့ရဲ့ခံစားချက်တွေကို အချင်းချင်းရဲ့ ပုံမှန်အရင်ကဘ၀တွေဆီ သက်ရောက်စေလို့ မရဘူး။
ဒါပေမဲ့ လွန်ခဲ့တဲ့၂ရက်လုံး သူခေါ်တိုင်း သူမဖုန်းဟာ မအားဘူး။ပြီးတော့ လက်ထောက်ယွမ်ကပါ အတင်းလာပြောသွားသေးတော့ သူ မတတ်နိုင်ဘဲ စိတ်ထဲ ထားမိနေတာပေါ့။
ဒါဟာ ပထမဆုံးအကြိမ် သူတို့နှစ်ယောက်လုံး ရည်းစား ထားဖူးတာပဲ။လက်ထောက်ယွမ်ပြောစကားအရ သူနဲ့နန်ကောဟာ အချစ်မှာ လူသစ်လေးတွေပဲ ရှိသေးတယ်။
ပုံမှန်အားဖြင့် ဝါနုလေးတွေ ဒိတ်ကြရင် အချင်းချင်း မျက်နှာချင်းဆိုင်တဲ့အခါ သူတို့ မသက်မသာနဲ့ ကူကယ်ရာမဲ့သလို ခံစားကြရလိမ့်မယ်။သူတို့တိုးတက်မှုနှုန်းဟာ သုညဖြစ်ပြီး စခရင်ထဲကနေတဆင့် ဆက်ဆံရေးကို မြှင့်တင်ဖို့ဆိုတာ မျှော်လင့်လို့မရဘူး။
သူ့စကားတွေဟာ ပြင်းထန်ပေမဲ့ သူ့အတွေးအခေါ်ဟာ အဓိပ္ပာယ်တော့ ရှိတယ်။
လက်ထောက်ယွမ်ပြောတာ အဓိပ္ပာယ်ရှိတယ်။
ဒါကြောင့် စဉ်းစားကြည့်ပြီးတဲ့နောက် သူ ဒီနေ့အလုပ်ကို စောစော အပြီးသတ်ပြီး နန်ကောကို ရှာဖို့ ကျောင်းကို တန်းသွားခဲ့တာ။
“သေချာပေါက် မဟုတ်ပါဘူး!” သူ့စကားကို ကြားတော့ နန်ကောဟာ ထစ်အသွားတယ်။ “လွန်ခဲ့တဲ့၂ရက်လုံး ကျွန်မအတန်းပြီးတာနဲ့ ကျွန်မအစ်ကိုနဲ့ ကားအသစ်အကြောင်း ဆွေးနွေးနေတာ”
“သူ ကျွန်မကို ဆက်တိုက်အချိန်ဆွဲနေတော့ ကျွန်မ သူ့ကို နေ့တိုင်း သတိ ပေးနေရတာပေါ့”
“ရှင်နဲ့အတူ ရှိရတာ ငြီးငွေ့စရာကောင်းတယ်လို့ ကျွန်မ မခံစားရပါဘူး”
သူမ ရှန်ရန်ချင်းကို နှစ်သိမ့်နေတာ မဟုတ်ဘူး။သူမ အမှန်တိုင်းပြောနေတာ။
သူမအစ်ကို သူမကို အထပ်ထပ်အခါခါ သတိပေးခဲ့ဖူးပါတယ်။ရှန်ရန်ချင်းဟာ သူမထက် အသက်ကြီးတာမို့ သူမတို့နှစ်ယောက် သေချာပေါက် သဟဇာတမတည့်ဘဲ အဆင်ပြေကြလောက်မှာ မဟုတ်ဘူးဆိုပြီးပေါ့။
ဒါပေမဲ့ သူမတော့ မထင်ပါဘူး။
သူမကသာ ရှန်ရန်ချင်းနဲ့ ဆက်ဆံပြောဆိုရတဲ့သူဖြစ်ပြီး သူမတို့နှစ်ယောက်ကြားက လေထုကို အာရုံအခံနိုင်ဆုံး လူပါ။
သူမအစ်ကိုပြောသလောက်ကြီး မဆိုးဘူးလို့ သူမ ခံစားရတယ်။
“ကျွန်မကို ခဏလောက်စောင့်ပေး ကျွန်မ စာအုပ်တွေကို အဆောင်မှာ သွားထားပြီး အ၀တ်လဲပြီး ပြန်ဆင်းလာခဲ့မယ်”
“ဟုတ်ပြီ”
အခုချိန်မှာ မိန်းကလေးအဆောင်ကနေ သွားလာသူတွေ အများကြီး ရှိနေတယ်။နန်ကောဟာ ခဏလောက် တွန့်သွားပြီး ပြောလိုက်တယ်။ “ရှင် ကျွန်မကို ကားထဲမှာ သွားစောင့်နေရင်ရော”
သူဟာ သံသယ၀င်စရာကို မလိုဘဲ လူတိုင်းရဲ့ အာရုံစိုက်မှုနဲ့ စကားဝိုင်း အလယ်တည့်တည့်ကို ရောက်နေတာ။
ရှန်ရန်ချင်းဟာ ခဏတော့ တွ့န်ဆုတ်သွားပြီး ခေါင်းညိတ်လိုက်တယ်။
အဆောင်ခန်း၅၁၈။
တံခါးပွင့်လာတာကို မြင်တော့ ခေါင်းဆောင်ဖြစ်သူဟာ တံခါးကို လှမ်းကြည့်လိုက်တယ်။ “နင် ဘာလို့ အခုမှ ပြန်ရောက်တာလဲ”
နန်ကောဟာ သူမအနောက်က တံခါးကို ပိတ်တယ်။သူမဟာ စာအုပ်ကို ချပြီးတာနဲ့ ကုတ်အင်္ကျီကို ချွတ်လိုက်တယ်။
126 02
“ငါ အောက်မှာ ငါ့အစ်ကိုနဲ့ စကားပြောနေတာ နည်းနည်းကြာသွားတယ်”
အခြားအခန်းဖော်နှစ်ယောက်ဟာတော့ မရှိဘူး။
ဖုန်းယွမ်ယွမ်ဟာ အတန်း မပြီးသေးဘူးဖြစ်ပြီး စုဟွေးကတော့ အနားတစ်ဝိုက်မှာ ရှိမနေတာ။အခန်းခေါင်းဆောင်တစ်ယောက်တည်းကသာ ဖတ်စာအုပ်တွေကို သိမ်းနေတာ ဖြစ်တယ်။အရမ်းကို တိတ်ဆိတ်နေခဲ့တယ်။
သူမ အ၀တ်လဲနေတာကို မြင်တော့ အခန်းခေါင်းဆောင်ဟာ သူမ အပြင်သွားမလို့လားလို့ မေးကြည့်လိုက်တယ်။
“ဟုတ်တယ် ငါ ဒီည နင်နဲ့ ကန်တင်း မလိုက်နိုင်တော့ဘူးနော်”
“နင် သွားချိန်းတွေ့တာလား” အခန်းခေါင်းဆောင်ချန်ရှားဟာ စပ်စုတတ်တဲ့လူတော့ မဟုတ်ဘူး။ဒါပေမဲ့ ဒီအချိန်မှာတော့ သူမဟာ မနေနိုင်ဘဲ မေးလိုက်မိတယ်။
“ချိန်းတွေ့တာ” နန်ကောဟာ ဒီစကားလုံးကို ကြားတော့ ရပ်သွားတယ်။သူမ ရှန်ရန်ချင်းနဲ့ အပြင်သွားမယ်လို့ ချန်ရှား ထင်လိုက်တာ။ “မဟုတ်ဘူးလား” နန်ကောဟာ ခေါင်းခါပြီး ခေါင်းပြန်ညိတ်ပြတယ်။ “ဟုတ်တယ် ဟုတ်တယ်!”
သူမဟာ ဂါ၀န်၂ထည်ကို ရွေးလိုက်ပြီး ချန်ရှားကို ပြတယ်။ “ဘယ်တစ်ထည် ပိုကောင်းလဲ”
ချန်ရှားဟာ ခေါင်းညိတ်ပြီး “ငါ့အထင်တော့ နှစ်ခုလုံးကောင်းပါတယ်”
နှစ်ထည်လုံး အတူတူပဲလို့သာ သူမ ခံစားရတယ်။
“နင် ဘာလို့ ဓာတ်ပုံရိုက်ပို့ပြီး စုဟွေးကို မမေးကြည့်တာလဲ” သူမရဲ့အမြင်က ဘယ်တုန်းကမှ ကောင်းတာ မဟုတ်ဘူး။စုဟွေးက ဒီလိုနေရာမှာ ပိုတော်တယ်။
ဒါကို ကြားတော့ နန်ကောဟာ မျက်မှောင် ကြုတ်ပြီး ဂါ၀န်ကို ချလိုက်တယ်။ “ပြောခါမှ စုဟွေးက တစ်နေ့ခင်းလုံး အပြင်ထွက်နေတာ အခုထိ ပြန်မရောက်သေးဘူးလား”
ချန်ရှားဟာ ခေါင်းခါပြတယ်။ “ငါ တစ်နေ့ခင်းလုံး အဆောင်မှာ နေနေတာ သူ ပြန်လာတာ မတွေ့ဘူး။ သူ နင်နဲ့အတူ အတန်းသွားတက်တာ မဟုတ်ဘူးလား”
“မဟုတ်ဘူး နေ့လည်က သူ့ကောင်လေးခေါ်လို့ အတန်းထဲကနေ ထွက်သွားတယ်”
“ဒါဆို သူ ချိန်းတွေ့နေတာပဲ ဖြစ်မှာပေါ့” ချန်ရှားဟာ ပြောတယ်။ဒါပေမဲ့ သူမ စိတ်တော့ ပူနေတုန်းပဲ။သူမဖုန်းထုတ်ပြီး စုဟွေးကို ခေါ်လိုက်တယ်။
သူမဖုန်းခေါ်နေတုန်း နန်ကောဟာ ရွေးနေတာကို လက်လျှော့လိုက်တယ်။
သူမအမြန်လေး မိတ်ကပ်ကို ပြန်ပြင်လိုက်တယ်။သူမနှုတ်ခမ်းနီဆိုးလို့ ပြီးခါနီးမှာပဲ ချန်ရှားဟာ ဖုန်းကို ချလိုက်တယ်။
“ဘယ်သူမှ မကိုင်ဘူးလား။ တစ်ခုခု ဖြစ်နေတာများလား”
ချန်ရှားဟာ သူမကို စိတ်အေးအေးထားဖို့ အချက်ပြတယ်။ “သူပျော်ပါးနေပြီး ငါခေါ်တာ မကြားတာ နေမယ်။ ငါပြီးမှ ထပ်ခေါ်လိုက်မယ်။ မြန်မြန်လုပ်ပြီး သွားတော့ ဥက္ကဌရှန်ကို အကြာကြီး မစောင့်ခိုင်းနဲ့လေ”
“သူ ဖုန်းကိုင်ရင် ငါဂရုချက်ထဲ စာပို့လိုက်မယ်”
နန်ကောဟာ ခဏတွေးလိုက်ပြီး သဘောတူလိုက်တယ်။ “တစ်ခုခုဖြစ်ရင် ငါ့ကို ချက်ချင်း ဖုန်းခေါ်လိုက်”
“ခေါ်မယ် ခေါ်မယ်။ သွားတော့”
အဆောင်ကနေ ထွက်လာတော့ နန်ကောဟာ စိတ်ပူနေဆဲ။သူမအောက်ကို ဆင်းနေရင်း စုဟွေးကို ဖုန်းခေါ်ကြည့်လိုက်တယ်။
ချန်ရှား ပြောခဲ့သလိုပဲ ဘယ်သူမှ မကိုင်ကြဘူး။
သူမ ဝီချက်မှာသာ စာချက်ချင်းပြန်ဖို့ စုဟွေးကို စာပို့လိုက်တော့တယ်။
နေ့လည်တုန်းက အတန်းထဲကနေ သူ မကာပေးတာကနေ စုဟွေး လစ်ထွက်သွားခဲ့တာ။
စုဟွေးဟာ အထူးတလည် ဘယ်သွားမယ်ဆိုတာလဲ မပြောခဲ့ဘူး။သူ့ကောင်လေးခေါ်နေလို့လို့သာ ပြောခဲ့တယ်။
အတွဲတွေကြားက ကိစ္စကို မေးဖို့ကိုလည်း သူမ အရမ်းမျက်နှာ ပူနေခဲ့တာ။
တစ်ချိန်တည်းမှာပဲ ချီယန်ရဲ့စတူဒီယိုမှာတော့။
တံခါး၀မှာ စောင့်နေတဲ့လူကို မြင်တော့ နန်ကျဲ့ကားဟာ လှည့်လာရုံပဲ ရှိသေးတယ်။
သူ့ကား ရပ်သွားတာနဲ့ ချီယန်ဟာ သူ့ဆီ အပြေးအလွှားနဲ့ ဆင်းလာတယ်။
“နင် ဘာလို့ ဒီမှာစောင့်နေတာလဲ”
126 03
အမျိုးသားဟာ ကားထဲကနေ ထွက်လာပြီး သူမကို ပစ္စည်းတွေပေးဖို့ အနောက်ခုံဆီ လျှောက်သွားတယ်။
ချီယန်ဟာ ဂရုတစိုက်နဲ့ ယူပြီး သက်ပြင်းချလိုက်တယ်။ “ကျေးဇူးပါ အစ်ကိုကြီးနန်! နင် ငါ့ကို အများကြီး ကူညီလိုက်တာပဲ!”
သူမ ပြီးရင် ဓာတ်ပုံရှူတင်တစ်ခုရိုက်ဖို့ အချိန်ပိုဆင်းရမယ်။ဒါပေမဲ့ အစက သူမတို့ကို ငှားမယ်လို့ ပြောထားတဲ့ လက်၀တ်ရတနာဘရန်းဟာ ရုတ်တရက် စာချုပ်ကို ဖျက်လိုက်တယ်။သူမတို့ လိုချင်တဲ့ဟာကလည်း အခြားလူကို ငှားလိုက်ပြီးပြီ။
အခု မိန်းကလေးအနုပညာရှင်နဲ့ ၀န်ထမ်းတွေဟာ စောင့်နေကြတယ်။လိုနေတာဆိုလို့ ဒီရှူတင်အတွက် လက်၀တ်ရတနာတွေပဲ။
မိန်းကလေးအနုပညာရှင်ဟာ လက်၀တ်ရတနာကို ဖြတ်ခုတ်သွားတဲ့လူဟာ ဒီအသိုင်းအဝိုင်းထဲ သူမရဲ့ရန်သူဆိုတာကို သိသွားတဲ့အခါ အလွတ်မပေးချင်ဘူး။သူမဟာ သူမစတူဒီယိုကို ဘရန်းနဲ့ ချက်ချင်းဆက်သွယ်ဖို့ ခြိမ်းခြောက်လိုက်တယ်။
ဘရန်းဟာ တာ၀န်ယူမှုကို ရေသာခို ချင်ပြီး သူတို့ကို လှည့်စားချင်တာဖြစ်တယ်။
အခုချိန်မှာ ဘရန်းနဲ့ ရန်ဖြစ်တာက ပြဿနာမဟုတ်ဘူး။အခြားဟာတွေအတွက်က အချိန်တွေအများကြီး ရှိတယ်။အရေးကြီးဆုံးက ဖြေရှင်းချက်တစ်ခုနဲ့အတူ ရှူတင်ကို အပြီးသတ်ဖို့ပဲ။
သူမ အဲဒီအကြောင်းကို တွေးလိုက်ပြီး မျှော်လင့်ချက်ရေးရေးလေးနဲ့ နန်ကျဲ့ကို ခေါ်လိုက်တယ်။
မထင်မှတ်ထားစွာဘဲ နန်ကျဲ့ဟာ လက်ခံတယ်။တစ်နာရီပဲ ရှိသေးပေမဲ့ သူဟာ ပစ္စည်းတွေကို ယူလာပြီး ဒီကို ရောက်နေပြီ။
“ရပါတယ်” နန်ကျဲ့ဟာ လက်ထဲက ဘူးကို ခေါက်လိုက်တယ်။ “ဒီတစ်ခု မှန်လား မမှန်လားဆိုတာ နင် ဘာလို့ တစ်ချက် မစစ်ကြည့်တာလဲ” ချီယန်ဟာ အားကြိုးမာန်တက် ခေါင်းညိတ်ပြတယ်။ “မှန်တယ် ဒီတစ်ခုပဲ!”
“နင်တစ်ယောက်တည်းကသာ ဒီလိုလုပ်နိုင်တာ အစ်ကိုကြီးနန်!”
“ဟုတ်ပါပြီ။ နင် အလျင်လို နေတယ်မလား။ မြန်မြန်သွားတော့”
သူဟာ သူမပုခုံးကို တွန်းပြီး အဲဒီမှာ မတ်တပ် ရပ်မနေတော့ဖို့ကို ညွှန်ပြလိုက်တယ်။
ချီယန်ကတော့ ထွက်မသွားသေး။ “နင် အခြားလုပ်စရာရှိလား။ မရှိရင် အထဲ၀င်ပြီး စောင့်ရင်ရော။ ငါ ဒီည နင့်ကို ညစာ၀ယ်ကျွေးမယ်!”
“ဟုတ်ပြီ အရင်သွားနှင့်။ ငါ ကားပါက င်ထိုးပြီး ၀င်လာခဲ့မယ်”
“အိုကေ အိုကေ အိုကေ!” ချီယန်ဟာ တကယ် စိတ်လှုပ်ရှားနေခဲ့တာ ဖြစ်တယ်။ဒီတော့ သူမ သူ့ကို စောင့်မနေတော့ဘဲ ပစ္စည်းတွေကို သယ်ကာ ပြေး၀င်သွားတယ်။
နန်ကျဲ့ဟာ အနောက်လှည့်ပြီး ကားဆီ ပြန်သွားလိုက်တယ်။ဒီနေရာက ပါကင်ထိုးရမဲ့နေရာ မဟုတ်ဘူးလေ။ပြီးတော့ အ၀င်၀ကိုလည်း ပိတ်နေသေးတယ်။သူ နည်းနည်းအရှေ့ကို မောင်းရမယ်။
သူကားစက်နှိုးတော့မဲ့အချိန်မှာပဲ သူ့ဘေးက ဖုန်းဟာ အသံမြည်လာတယ်။
ဘယ်သူလဲဆိုတာ ကြည့်မနေဘဲ သူဖုန်းကို ကောက်ကိုင်လိုက်တယ်။
အဲဒီနောက် ချက်ချင်းပဲ နှစ်လိုဖွယ်ကောင်းတဲ့ မိန်းကလေးအသံတစ်သံဟာ ကားထဲမှာ ထွက်ပေါ်လာတယ်...။
******