← Chapters

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း ၁၂၇

Vol. 13 Ch. 127

127 01

Chapter 127 ကိုယ့်ကိုယ်ကို နည်းနည်းထိန်းချုပ်ဖို့လိုတယ်။

“ဥက္ကဌနန် ကျွန်မပါ”

“ဘယ်သူလဲ”

နန်ကျဲ့ ဒါကို ပြောလိုက်တာနဲ့တစ်ပြိုင်နက် ဖုန်းတစ်ဖက်က အမျိုးသမီးဟာ အသံတိ တ်သွားတယ်။

ခဏလောက်ကြာတော့ သူမဟာ ပြုံးပြီး သူမကိုယ်သူမ မိတ်ဆက်လိုက်တယ်။ “ကျွန်မပါ။ ချီကျား”

“ဘာကိစ္စလဲ”

“ကျွန်မ ရှင်းပြချင်လို့ပါ။ လက်၀တ်ရတနာကိစ္စအကြောင်း ကျွန်မအေးဂျင့်ဆီကနေ ကြားပြီးပါပြီ။ အရင်က ကျွန်မတို့ ဘရန်းဘက်ကို တိုက်ရိုက် ဆက်သွယ် ထားပြီးသားပါ။ ဘရန်းဘက်က သူတို့ အခြားလူတစ်ယောက်ကို ငှားထားတယ်လို့ မပြောခဲ့တော့ ကျွန်မတို့ ငှားလိုက်တာပါ ကျွန်မ တကယ် မသိခဲ့ဘူး”

“ဒီကိစ္စက ဘရန်းဘက်က အမှားသက်သက်ပါ။ ကျွန်မ အစကတည်းကသာ သိရင် သေချာပေါက် ငှားခဲ့မှာ မဟုတ်ဘူး”

“ဥက္ကဌနန် ကျွန်မ တောင်းပန်ပါတယ်။ ရှင်အခုလေးတင် လက်၀တ်ရတနာတွေကို လာယူသွားတယ်ဆိုတာ ကျွန်မ မန်နေဂျာပြောပါတယ်။ ဒီကိစ္စက ရှင့်ရဲ့ရှူတင်ကို မနှောင့်နှေးစေဖို့ ကျွန်မ မျှော်လင့်ပါတယ်”

“ဟင့်အင်း” နန်ကျဲ့ဟာ ရှေ့တည့်တည့်ကို ကြည့်ပြီး ကားကို ပါကင် ထိုးလိုက်တယ်။သူ့အသံဟာ အေးစက်နေပြီး အတက်အကျ မရှိဘူး။

ချီကျားဟာ အသက်ပြင်းပြင်း တစ်ချက်ရှူကာ ဆက်ပြီးတောင်းပန်တယ်။ “သေချာပေါက် ကျွန်မတို့အဖွဲ့က သေချာ မဆက်သွယ်ခဲ့လို့ ဖြစ်တာပါ။ တောင်းပန်ပါတယ်။ ဒီလိုမျိုး ထပ်မဖြစ်စေရပါဘူး။ ရှင် ကျွန်မကို သူ့ဖုန်းနံပါတ်ပေးပြီး ကျွန်မ သူ့ကို ကိုယ်တိုင် ရှင်းပြလိုက်ရင်ရော”

“ကျွန်မတို့ ဆုပေးပွဲတွေမှာ ဆုံဖူးတယ်ဆိုပေမဲ့ ဆက်သွယ်ဖို့ အသေးစိတ်တော့ တစ်ခါမှ မလဲလှယ်ခဲ့ဖူးဘူး”

“ရှင့်အတွက် အခုအဆင်ပြေလား။ ရှင့်မှာ ရှောင်ရှောင်ရဲ့ နံပါတ်ရှိလား”

သူမ စစချင်းပြောနေတဲ့ဟာတွေကို နန်ကျဲ့ဟာ သေချာနားထောင်နေခဲ့တာ မဟုတ်ဘူး။ဒါပေမဲ့ အဆုံးမှာ သူအရမ်းကို မရင်းနှီးတဲ့ နာမည်တစ်ခုကို ကြားလိုက်ရတယ်။

“ရှောင်ရှောင်က ဘယ်သူလဲ”

“ဟမ်။ ဒီတစ်ခေါက်အတွက် လက်၀တ်ရတနာတွေကို ငှားတဲ့တစ်ယောက်လေ။ ရှင် သူ့ကို မသိဘူးလား” ချီကျားဟာလည်း နည်းနည်းတော့ ကြောင်သွားတယ်။သူ သူမကို မသိကြောင်း သိလိုက်ရတဲ့အခါ သူမရဲ့ စိတ်လှုပ်ရှားမှုဟာ စိတ်‌ပျော်ရွှင်မှုဘက်ကို ကူးပြောင်းသွားတယ်။

ရှောင်ရှောင်ဟာ ပွဲဦးထွက်ထားတာ ဘယ်လောက်မှ မကြာသေးဘူး။ပြီးခဲ့တဲ့နှစ်က ဘတ်ဂျက်နည်းတဲ့ အွန်လိုင်းဇာတ်လမ်းတွဲတစ်ပုဒ်မှာ သရုပ်ဆောင်ခဲ့တာမို့ သူမဟာ နာမည် ရလာတယ်။တိုက်တိုက်ဆိုင်ဆိုင်ပဲ ဘတ်ဂျက်နည်းတဲ့ အွန်လိုင်းဇာတ်လမ်းတွဲကို လွှင့်တာနဲ့ သူမ သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲကို လွှင့်တာဟာ တစ်ချိန်တည်း ဖြစ်သွားတယ်။ပြီးခဲ့တဲ့နှစ်ဆုပေးပွဲမှာ ရှောင်ရှောင်ဟာ သူမဆီက အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို လုသွားတော့မလို့နီးပါးပဲ။

အဲဒီကတည်းကစပြီး သူမတို့နှစ်ယောက်ဟာ ရန်သူတွေ ဖြစ်လာတယ်။လက်၀တ်ရတနာကိစ္စကို သူမ အစက တကယ် မသိခဲ့တာ။ဒါပေမဲ့ သူမ သိသွားတော့လည်း လက်၀တ်ရတနာတွေကို လွှဲမပေးချင်ခဲ့ဘူး။သူမ သူမရဲ့မန်နေဂျာကို ရှောင်ရှောင်တို့အဖွဲ့ကို မျက်ကွယ်ပြုပြီး လစ်လျူရှု ထားလိုက်ဖို့ ပြောခဲ့တယ်။

အစကတော့ ဒီကိစ္စက ပြီးပြီလို့ သူ မထင်ခဲ့တာ။ဘယ်လိုလုပ် ရှောင်ရှောင်လို အနိမ့်တန်းအနုပညာရှင်က သူမနဲ့ ယှဉ်နိုင်မှာလဲ။ မထင်မှတ်ထားဘဲ နန်ကျဲ့ဟာ ရုတ်တရက် ရောက်လာတယ်။

သူမ ပွဲဦးထွက်ကတည်းက သူမဟာ နန်ကျဲ့လက်အောက်က ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုနဲ့ စာချုပ် ချုပ်ထားတာဖြစ်တယ်။သူမရဲ့အထက်လူကြီးက တစ်ခုခု လာတောင်းဆိုတယ်ဆိုမှတော့ ဘယ်လိုလုပ် သူမမန်နေဂျာက မပေးဘဲ နေရဲပါ့မလဲ။

သူမရဲ့မန်နေဂျာ ဒီအကြောင်းပြောပြတော့ သူမ တကယ်ကို အံ့ဩနေတုန်းပဲ။ဒါဟာ ဘာလို့လဲဆိုတော့ နန်ကျဲ့ဟာ အနိမ့်တန်း အနုပညာရှင်တစ်‌ယောက်နဲ့ ပတ်သက်တယ်ဆိုတာမျိုး သူမတို့ တစ်ခါမှ မကြားဖူးလို့ဘဲ။

ဘယ်လိုပဲဖြစ်ဖြစ် အခုဟာ ဒီအကြောင်းကို တွေးဖို့ အချိန်မဟုတ်ဘူးလေ။ဒါနဲ့ သူမချက်ချင်းအလုပ်ကို ရပ်ပြီး နန်ကျဲ့ကို တောင်းပန်ဖို့ ဖုန်းခေါ်ရတော့တာပဲ။

“ဟင့်အင်း မသိဘူး”

နန်ကျဲ့ဟာ တခြားဘာမှတော့ ဆက်မပြောဘူး။ “တခြားဘာကိစ္စမှ မရှိတော့ဘူးဆို ငါ ဖုန်းချတော့မယ်”

ချီကျားဟာ သူ့ကို သိလာတာ နှစ်အနည်းငယ် ရှိပြီဖြစ်ပြီး သူ့ဒေါသအကြောင်းလည်း နားလည်တယ်။သူသာ တကယ်စိတ်ဆိုးတယ်ဆိုရင် သူသေချာပေါက် သူမကို ချက်ချင်းလက်ငင်း ပြစ်တင်ရှုံ့ချ နေလောက်ပြီ။အခု သူ သူမကို ဖုန်းချဖို့ပြောတယ်ဆိုတော့ကာ ဒီကိစ္စဟာ ဒီမှာတင်ပြီးသွားပြီလို့ ဆိုလိုတာပဲ။

သူမ ပါးနပ်စွာပဲ ဖုန်းကို ချလိုက်ပြီး အခြားထပ်ပြီး ယဉ်ကျေးတဲ့စကားဝိုင်းကို ဖလှယ်ဖို့မလုပ်ရဲဘူး။သူမ ထပ်ပြီး ပြဿနာတက်မှာကို စိုးရိမ်လို့။

“ဘယ်လိုလဲ။ ဘယ်လိုဖြစ်သွားလဲ” မန်နေဂျာဟာ ချက်ချင်းအရှေ့ကို ရောက်လာတယ်”ဥက္ကဌန န်စိတ်ဆိုးသွားလား”

“ငါတော့မထင်ဘူး” ဒါပေမဲ့ ချီကျားဟာ နားမလည်နိုင်တော့ ဖြစ်နေတုန်း။ “သူ ရှောင်ရှောင်အတွက် လုပ်တာ မဟုတ်ဘူးဆိုရင် ဖြစ်နိုင်တာက တိုက်ဆိုင်တာများလား”

မန်နေဂျာဟာ ဖုန်းကို ထုတ်လိုက်ပြီး “ငါ မေးကြည့်လိုက်မယ်”

မိနစ်အနည်းငယ်လောက်ကြာတော့ မန်နေဂျာဟာ ပြောလာတယ်။ “သူတို့ လက်၀တ်ရတနာကို ရပြီးပြီ။ ဥက္ကဌနန်ကိုယ်တိုင် လာပို့ပေးသွားတာ တိုက်ဆိုင်တာ မဟုတ်ဘူး!”

“ဒါပေမဲ့ ဥက္ကဌနန်ပြောတော့ သူ ရှောင်ရှောင်ကို မသိဘူးတဲ့...”

ချီကျားဟာ နည်းနည်းတော့ မကျေမနပ် ဖြစ်နေရတယ်။သူမဟာ မန်နေဂျာ့လက်ကို ညှစ်လိုက်ပြီး “မြန်မြန်လုပ်ပြီး ထပ်ရှာကြည့်”

နန်ကျဲ့၀င်လာတော့ ဧည့်ကြိုဟာ အလျင်စလို ထွက်လာတယ်။ “အစ်မယန် ရှင့်ကို သူ့ဧည့်ခန်းထဲမှာ စောင့်နေဖို့ မှာခဲ့ပါတယ်။ အပေါ်ထပ်နဲ့ အောက်ထပ်မှာက အပြင်လူတွေရှိလို့ နည်းနည်း ရှုပ်နေလိမ့်မယ် သိပ်ပြီး အဆင်မပြေဘူး”

ဒါကို ကြားတဲ့အခါ နန်ကျဲ့ဟာ အသာမျက်ခုံးပင့်မိသွားတယ်။သူ့မှတ်ဉာဏ်ထဲမှာတော့ ချီယန်မှာ အထိန်းအကွပ် မရှိတဲ့ အကျင့်စရိုက် ရှိတာပါ။ဒါပေမဲ့ အခုကျတော့ သူမဟာ ဂရုစိုက်တတ်နေတယ်။

ဧည့်ကြိုဟာ သူ့အတွက် ကော်ဖီကူပြင်ပေးပြီးတဲ့နောက် ထွက်သွားခဲ့တယ်။ချီယန့်ဧည့်ခန်းဟာ သိပ်မကြီးဘူး။ဒီတော့ သူ အရာအားလုံးကို မြင်ရတယ်။

နန်ကျဲ့ ထပြီး လျှောက်ပတ်ကြည့်ဖို့တောင် လိုမနေဘူး။သူထိုင်နေတဲ့နေရာကနေ လျှောက်ကြည့်ရုံနဲ့ပဲ သူ အကုန်လုံးကို မြင်ရတယ်။

ဧည့်ခန်းထက်စာရင် ဒီနေရာဟာ စတိုခန်းနဲ့ ပိုတူတယ်။

အထဲမှာ ဆိုဖာအိပ်ရာလေး တစ်လုံး ရှိတယ်။ချီယန်ဟာ သူမအချိန်ပို ဆင်းရင်ပဲ ဖြစ်ဖြစ်၊အလုပ်နောက်ကျရင်ပဲ ဖြစ်ဖြစ် ဒီမှာ အိပ်တာ ဖြစ်လိမ့်မယ်။

နန်ကျဲ့ဟာ တကယ်ကို ဆေးလိပ်သောက်ချင်နေတယ်။ဒါပေမဲ့လည်း နောက်ဆုံးတော့ သူ လက်လျှော့ လိုက်ပါတယ်။

ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း နောက်ဆုံးမှာ သူ စားပွဲပေါ်က ချီယန့်ရဲ့ ပီကေကို ယူလိုက်တယ်။သူရဲ့ ဆေးလိပ်စွဲတာက ထကြွနေပြီမို့ သူ တစ်ခုခုစားဖို့ လိုတယ်။

ညစာစားချိန်နီးလာတော့ ရှန်ရန်ချင်းဟာ နန်ကောကို စားဖို့ အရင်ခေါ်သွားတယ်။ပြီးမှ သူမနဲ့ လမ်းလျှောက်ထွက်ဖို့ သူ စီစဥ်ထားတယ်။

နန်ကောဟာလည်း နည်းနည်း ဗိုက်‌ဆာနေပြီ ဖြစ်တယ်။ “ကျွန်မတို့ ဘာစားကြမှာလဲ”

“ဘာဖြစ်ဖြစ် ရတယ်” ရှန်ရန်ချင်းဟာ သူမ အခု ဘာစားချင်လဲဆိုတာကို မေးတယ်။

နန်ကောဟာ ခဏလောက် စဉ်းစားကြည့်လိုက်ပြီး ရုတ်တရက် သူမ သူ့ကို ထမင်းတစ်နပ် အကြွေးတင်နေတာကို မှတ်မိသွားတယ်။

“ကျွန်မတို့...ဟော့ပေါ့ သွားစားရင်ရော”

ပြီးခဲ့တစ်ခေါက် ချစ်သူများနေ့မှာတုန်းက ချစ်သူများနေ့ညစာအတွက် သူ ရှင်းမယ် ပြောခဲ့တယ်။ပြီးတော့ နောက်တစ်ခါကျရင် သူ့ကို ဟော့ပေါ့ဆိုင်ဆီ စမ်းခေါ်သွား ပေးကြည့်ဖို့ သူမကို မေးခဲ့တယ်။

ဒါပေါ့။ရှန်ရန်ချင်းဟာ မငြင်းဘူး။ “ဘယ်ဆိုင်ကို သွားချင်လဲ။ ဒါမှမဟုတ် အနီးနားက ဆိုင်ပဲ သွားမလား”

နန်ကောဟာ ဖုန်းကို ပွတ်ပြီး သူ့ဆီ လိပ်စာ ပေးလိုက်တယ်။ “ဒီဆိုင်ကို သွားရအောင် ပုံမှန်ဆို ကျွန်မအခန်းဖော်တွေနဲ့ ကျွန်မ ဒီကိုပဲ သွားကြတာ။ ပြီးတော့ ဒီက စွပ်ပြုတ်ကလည်း လုံး၀ကို လတ်လတ်ဆတ်ဆတ်ပဲ!”

“ဟုတ်ပြီ” ရှန်ရန်ချင်းဟာ ပြုံးပြီး လိပ်စာပြောင်းဖို့ ကောင်းကို လက်ဟန်ပြလိုက်တယ်။

ဟော့ပေါ့ဆိုင်ကို ရောက်တော့ ရှန်ရန်ချင်းဟာ မီနူးကို နန်ကောဆီ ကမ်းပေးလိုက်တယ်။

နန်ကောတစ်ယောက် မီနူးကို ရတာနဲ့ ချက်ချင်းပဲ လတ်လတ်ဆတ်ဆတ် စွပ်ပြုတ်အိုးကို မှာလိုက်တယ်။ဒါပေမဲ့ သူမမှာပြီး သိပ်မကြာဘဲ တစ်ခုခုဟာ ရုတ်တရက် သူမ စိတ်ထဲ ဖြတ်ခနဲ ပေါ်လာတယ်။

သူမဟာ သူနဲ့ ဆန့်ကျင်ဘက်မှာ အကြာကြီးမ လှုပ်ဘဲထိုင်နေတာကို မြင်တော့ ရှန်ရန်ချင်းဟာ မေးလိုက်တယ်။ “မှာပြီးပြီလား”

“အာ နိုး ဟင့်အင်း” နန်ကောဟာ ခေါင်းခါတယ်။သူမဟာ ခပ်မြန်မြန်ပဲ မီနူးအောက်ခြေနားမှာ ရွေးထားတဲ့ အနီရောင်စွပ်ပြုတ်ရည်ကို ဘောပင်နဲ့ ခြစ်ချလိုက်ပြီး ခရမ်းချဉ်သီးစွပ်ပြုတ်ရည်ကို ရွေးချယ်လိုက်တယ်။

သူမဟာ ထပ်ပြီးဟင်းပွဲ အနည်းငယ်ကို ရွေးလိုက်တယ်။ “ပြီးပြီ အခု”

စားပွဲထိုးဟာ ရှုပ်ပွနေတဲ့အမှတ်အသားကို မြင်တဲ့အခါ သူဟာ ဂရုတစိုက် သူမနဲ့အတူ ထပ်စစ်ဆေးတယ်။

“မိန်းကလေး မင်း ဒီအနီရောင်စွပ်ပြုတ်ကို ခရမ်းချဉ်သီးအရသာနဲ့ ပြောင်းချင်တာ ဟုတ်ပါသလား”

“ဟုတ်ပါတယ်”

“ကောင်းပါပြီ မင်း အဓိကမီနူးအမဲသားစပ်ကော မှာယူချင်ပါသေးလား”

“မလိုဘူး။ ကျွန်မတို့ အစပ်မစားနိုင်လို့”

စွပ်ပြုတ်အိုးနဲ့ အမဲသားစပ်ဟာ ဆိုင်ရဲ့ အဓိကကျတဲ့ အထူးမီနူးတွေ ဖြစ်တယ်။

လူတိုင်း အဲဒါတွေကို မှာတတ်ကြတယ်။လူအများစုဟာ အထူးတလည် အဲဒါတွေကို စမ်းကြည့်ဖို့ပဲ ဒီကို ရောက်လာတတ်ကြတာ။

ဒါကြောင့် စားပွဲထိုးဟာ နန်ကော အဲဒါတွေတစ်ခုမှ မမှာထားတာကို တွေ့တော့ ထပ်ပြီးမေးရတာ ဖြစ်တယ်။

စားပွဲထိုးထွက်သွားတာ မြင်တော့ နန်ကောဟာ မော့ကြည့်လိုက်တဲ့အခါ ရှန်ရန်ချင်းရဲ့မျက်လုံးတွေနဲ့ သွားဆုံတယ်။

“တကယ်တော့ မင်း အထူးတလည်ကြီး ကိုယ့်အတွက် ထည့်စဉ်းစား ပေးစရာ မလိုပါဘူး” ရှန်ရန်ချင်းဟာ သူမရဲ့ရည်ရွယ်ချက်ကို မြင်တယ်။ “မင်း အဲဒါတွေကို မှာလို့ ရပါတယ်”

နန်ကောဟာ စားပွဲပေါ် မေးထောက်ပြီး သူ့ကို ကြည့်လာတယ်။သူမဟာ လေးလေးနက်နက်နဲ့ တုံ့ပြန်တယ်။ “ရပါတယ် အခုတလော ကျွန်မ တကယ်လည်း အစပ်စားလို့မရဘူး။ မဟုတ်ရင် ဝက်ခြံထွက်လိမ့်မယ် ကိုယ့်ကိုယ်ကို နည်းနည်း ထိန်းချုပ်ဖို့ လိုတယ်လေ”

အစားအသောက်ကို စောင့်နေရင်း နန်ကောဟာ ခေါင်းကို ငုံ့ထားတယ်။ခဏလောက်ကြာတော့ သူမ သူ့ကို ခေါ်လိုက်တယ်။ “ရှန်ရန်ချင်း ကျွန်မကို ရှင့်လက်ပေး”

“ဟမ်” သူမရဲ့ ပဟေဠိဆန်နေပုံကို မြင်ပြီး ရှန်ရန်ချင်း မတတ်နိုင်ဘဲ သိလိုစိတ် ဖြစ်သွားတယ်။

သူ သူ့လက်ကို မြှောက်ပြီး လှန်လိုက်တယ်။နောက်တစ်စက္ကန့်မှာပဲ နန်ကောဟာ ယုန်သေးသေးလေး တစ်ကောင်ကို သူ့လက်ထဲ ထည့်လာတယ်...

******

All Chapters