အခန်း ၁၂၈
Vol. 13 Ch. 128
Chapter 128 သူ့အနောက်ကနေ နီးနီးကပ်ကပ်လိုက်သွားတယ်။
အပေါ်က မီးချောင်းရဲ့အလင်းရောင်ဟာ အမျိုးသားရဲ့ လက်ဖဝါးပေါ် ဖြာကျနေတယ်။
ရှန်ရန်ချင်းဟာ အချိန်တစ်ခုလောက်အထိ အံ့ဩသွားတယ်။သူ လက်ထဲက ပစ္စည်းကို တစ်ချက်ကြည့်ပြီး နန်ကောကို ကြည့်လိုက်တယ်။
ကောင်မလေးဟာ အသိမှတ်ပြုမှုကို တောင်းဆိုနေတဲ့အလား သူ့ကို ပြုံးပြနေတယ်။သူမ မနေနိုင်ဘဲ ဘ၀င်မြင့်မိတယ်။ “ချစ်စရာ မကောင်းဘူးလား”
“ကျွန်မ သူ့မျက်လုံးတွေကိုတောင် ဆွဲခဲ့တာ”
သူမ ခုနက ခေါင်းငုံ့ပြီး ဘာလုပ်နေလဲဆိုတာ ရှန်ရန်ချင်း မသိခဲ့ဘူး။သူမ တစ်ယောက်ယောက်ဆီ စာပို့နေတယ်လို့ ထင်ခဲ့တာ။
ဒါကြောင့် သူ သူမကို မနှောင့်ယှက်ဘဲ အီးမေးလ်အချို့ကို တိတ်တိတ်လေး စစ်နေခဲ့တာ။
မထင်မှတ်ထားဘဲ သူနဲ့ဆန့်ကျင်ဘက်မှာ ထိုင်နေတဲ့ကောင်မလေးဟာ ယုန်လေးတစ်ကောင်ကို ခေါက်နေခဲ့တာပဲ။
“ချစ်စရာ ကောင်းတယ်” ရှန်ရန်ချင်းဟာ လက်ကို ပြန်ရုတ်ပြီး မရေမရာနဲ့ မေးကြည့်တယ်။ “ဒါ ကိုယ့်အတွက်လား”
“ဒါပေါ့!” သူမဟာ ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်ပြလာတယ်။
အဲဒီနောက် သူမက ဆက်ပြောတယ်။ “ဒါပေမဲ့ ဒါ ပထမဆုံးခေါက်ဖူးတာဆိုတော့ ကောင်းကောင်း မလုပ်လိုက်ရဘူး။ ကျွန်မ ခုနက အချဉ်စပ်ဖို့ သွားယူရင်း ကလေးတစ်ယောက် ခေါက်နေတာ တွေ့လိုက်တာရယ် ကျွန်မ တိတ်တိတ်လေး ခိုးကြည့်လာတာ!”
အခိုက်အတန့်တစ်ခုလောက်အထိ ရှန်ရန်ချင်းရင်ထဲ နွေးထွေးသွားရတယ်။
*တစ်ခါကြည့်ရုံနဲ့ မှတ်မိတယ်ပေါ့လေ”
“ဟုတ်တယ် ဟုတ်တယ်။ ကျွန်မမတော်ဘူးလား”
“အင်း ရော့ရော့ မင်းက အရမ်းတော်တယ်။ ကိုယ်အရမ်းသဘောကျတယ်” သူမကို ပြုံးပြပြီး ကြည့်နေတဲ့ အမျိုးသားရဲ့ မျက်လုံးတွေဟာ နူးညံ့ညင်သာနေလျက် ရှိတယ်။ “ကျေးဇူးပါ”
ဒုတ်။
အဆုံးသတ်ကို ရောက်သွားသလိုမျိုး နန်ကောရဲ့ မျက်လုံးတွေဟာ ကျယ်၀န်းသွားတယ်။သူ့ရဲ့ပြုစားမှုအောက်မှာ သူမ မသိလိုက်ဘဲ မျက်စိရှေ့က နံရံကြီးတစ်ခုကို ၀င်တိုက်မိသွားတယ်။
သူမအသိပြန်၀င်လာတဲ့အခါ သူမဟာ အကြည့်လွှဲလိုက်ပြီး သူ့မျက်လုံးတွေထဲ မကြည့်ရဲတော့ဘူး။
စွပ်ပြုတ်အိုးဟာ မဆူသေးပေမဲ့ သူမပါးနှစ်ဖက်ဟာတော့ မီးခိုးငွေ့ကြောင့် ပူရှိန်းရှိန်းဖြစ်နေပြီ။
အကြာကြီး ကြာပြီးတဲ့နောက်မှာတော့ သူမဟာ တိုးတိုးလေး ရေရွတ်လိုက်တယ်။ “ဘာလို့ ရုတ်တရက်ကြီး အဲဒီလိုခေါ် တာလဲ...”
ပုံမှန်အားဖြင့် သူမနာမည်ပြောင်ကို အပြင်မှာ သူများတွေခေါ်တာ မကြိုက်ဘူး။အိ မ်မှာဆိုရင်တော့ ကိစ္စမရှိသလို သူမစိ တ်ထဲလည်း မထားဘူး။
ရှန်ရန်ချင်းဆီက ထွက်လာတော့ သူမ အဲဒါကို ကြောင်တောင်တောင်နိုင်တယ် မခံစားရဘူး။ဒါပေမဲ့ သူမ ဘာလို့များ ရှက်သွေး ဖြာချင်နေရတာလဲ။
နန်ကျဲ့ သူမကို အဲဒီလိုခေါ်တိုင်း သူ့လေသံဟာ သူမသူ့အပေါ် အကြွေး၂မီလီယံလောက် တင်နေသလိုမျိုး မာတယ်။
အဲဒါဟာ နာမည်ပြောင်လေးပါပဲ။ဒါပေမဲ့ ရှန်ရန်ချင်းဆီက အဲဒီနာမည် ထွက်လာတဲ့အခါ ထူးထူးခြားခြား ခံစားရတယ်။
အကြောင်းတစ်ချို့ကြောင့် သူမ နည်းနည်းလှု ပ်လှုပ်ခတ်ခတ် ဖြစ်သွားတယ်။ဘာလို့ ဒီလိုဖြစ်နေတာလဲ။
သူမအသံ ဘယ်လောက်ပဲ တိုးနေပါစေ။ ရှန်ရန်ချင်းဟာ ကြားလိုက်ရတယ်။ “မင်း နာမည်ပြောင်လေးက ခေါ်လို့ ကောင်းတယ်လေ”
နန်ကောနဲ့ ယှဉ်ရင် သူပထမဆုံးအကြိမ် သူမ နာမည်ကို ကြားဖူးတာက နန်ရော့ရော့ ဆိုတာလေး။ပြီးတော့ သူ့ အဲဒီအပေါ်မှာ ထင်မြင်ချက် ကြီးကြီးမားမားလည်း ရှိခဲ့တယ်။
သူမဟာ သူမနာမည်လေး အတိုင်းပဲ။
သူမဟာ အရမ်းချစ်စရာကောင်းတယ်။
“အဲဒါ မဟုတ်ပါဘူးနော်” နန်ကောဟာ နှုတ်ခမ်းဆူပြီး တိုးတိုးလေး ပြန်တုံ့ပြန်တယ်။
“ဒါဆို ကိုယ်မင်းကို အဲဒီလို မခေါ်တော့ဘူးလေ” သူဟာ မေးတယ်။
သူနဲ့ဆန့်ကျင်ဘက်မှာတော့ ကောင်မလေးဟာ ခေါင်းငုံ့ထားပြီး သူမလက်တွေ စားပွဲပေါ် ယှက်ပြေးနေတယ်။
ဒါကို မြင်တော့ သူစိတ်ထဲကနေ အဖြေရလိုက်ပြီး သူမကို ဖိအားမပေးတော့ဘူး။
“ဒါဆို ကိုယ် မင်းကို နောက်ဆို နန်ကောလို့ပဲ ခေါ်တော့မယ်လေ။ ကိုယ့်အထင် ဒါလည်း ကောင်းပါတယ်”
နန်ကောခမျာ သီးသွားတယ်။အကြာကြီး ထိန်းထားပြီးတဲ့နောက် သူမ နောက်ဆုံးမှာတော့ မထိန်းနိုင်တော့ဘဲ ခေါင်းမော့ကာ သူ့ကို ၀မ်းနည်းစွာနဲ့ ကြည့်လိုက်တယ်။ “မရဘူးလို့ ကျွန်မ မပြောပါဘူး”
“ရှင် ကျွန်မကို ခေါ်ချင်တာ ခေါ်လို့ ရတယ်”
သူမ ဘာမှမပြောခဲ့သလို ငြင်းလည်း မငြင်းခဲ့ပါဘူး!
ဒါကို ကြားတော့ ရှန်ရန်ချင်းဟာ အနည်းငယ် ကြောင်သွားတယ်။စက္ကန့်အနည်းငယ်လောက်ကြာတော့ သူမနေနိုင်ဘဲ ရယ်လိုက်မိတော့တယ်။သူ့မျက်လုံးထဲက ချစ်မြတ်နိုးရိပ်ဟာ လျှံကျလာတော့မဲ့ အတိုင်းပဲ။ “ကိုယ် နားလည်ပါပြီ ရော့ရော့”
နန်ကောဟာ လက်တစ်ဖက်နဲ့ သူမပါးကို သူမ ကိုင်ကြည့်တယ်။သူ့အကြည့်အောက်မှာ သူမဟာ နောင်တ ရေးရေးလေးနဲ့အတူ ခေါင်းကို လှည့်လိုက်တယ်။ပြီးတော့ မနေနိုင်ဘဲ ဂုဏ်ယူစွာနဲ့ ထပ်ဖြည့်ပြောတယ်။ “အနားမှာ လူတွေ အများကြီးရှိရင် ရှင် ကျွန်မကို အဲဒီလို ခေါ်လို့ မရဘူး။ ရှင် အခြားသူတွေကို ကြားသွားစေလို့မရဘူးလေ”
“ဟုတ်ပါပြီ” ရှန်ရန်ချင်းဟာ ကို့ရို့ကားယားနိုင်ပြီး ကွဲထွက်နေတဲ့ ကလေးတစ်ယောက်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် လုပ်နေသလိုမျိုး တစ်ခုချင်းစီ သဘောတူတယ်။ “ဒါပေါ့ ကိုယ်တို့ အခြားလူတွေကို မင်းရဲ့ချစ်စရာ နာမည်ပြောင်လေးကို သိသွားစေလို့ မရဘူးလေ”
“အင်း”
နန်ကော ချန်ရှားဆီကနေ ဖုန်းလက်ခံရရှိတော့ သူမတို့နှစ်ယောက်ဟာ စားသောက်ဆိုင်ကနေ ထွက်လာရုံပဲရှိသေးတယ်။
သူမ ဖုန်းဖြေနေတုန်း ရှန်ရန်ချင်းဟာ သူမကုတ်အင်္ကျီထောင့်ကို ကိုင်ပြီး ဇစ်ကူတပ်ပေးတယ်။
ရုတ်တရက်ကြီး သူအနားကို ချဉ်းကပ်လာတာနဲ့ နန်ကောရဲ့ အသက်ရှူနှုန်းဟာ အနည်းငယ် နှေးကွေးသွားတယ်။တခဏလောက် သူ ချန်ရှား ဘာပြောနေလဲဆိုတာကို မကြားနိုင်ဘဲ ဖြစ်သွားရတယ်။
“နန်ကော။ နင် ရှိသေးလား” ချန်ရှားရဲ့ မေးခွန်းဟာ ဖုန်းတစ်ဖက်ကနေ ထွက်လာတယ်။
“အာ...ရှိတယ်!” နန်ကောဟာ အသိပြန်၀င်လာပြီး ရှန်ရန်ချင်းရဲ့ ပြုံးနေတဲ့အကြည့်နဲ့ သွားဆုံတယ်။သူမ အလျင်အမြန်ပဲ အကြည့်ကို လွှဲလိုက်တယ်။သူမ ထပ်ပြီးပြုစားခံရမှာ စိုးလို့။
“ဆက်ပြော။ ငါနားထောင်နေတယ်”
“ယွမ်ယွမ်နဲ့ငါ စုဟွေးနဲ့ အဆက်အသွယ်ရပြီ နင်စိတ်ပူစရာမလိုဘူး” နန်ကောဟာ ပြန်ပြောတယ်။ “သူအခု အဆောင်ကို ပြန်ရောက်ပြီလား”
“မရောက်သေးဘူး” ခဏလောက် ရပ်လိုက်ပြီးတဲ့နောက် ချန်ရှားဟာ အသက်ရှူထုတ်ပြီး အမှန်အတိုင်း ပြောပြတယ်။ “စုဟွေးကောင်လေး စုဟွေးကို ဖောက်ပြန် သွားပုံရတယ်။ ယွမ်ယွမ်နဲ့ငါ သူ့ကို နည်းနည်းစိတ်ပူတော့ လာထွက်ရှာတာ ငါတို့ အခု တက္ကသိုလ်နားက ကာရာအိုကေဆိုင်မှာ”
“ဟမ်” နန်ကောဟာ အံ့အားသင့်သွားတယ်။ “စုဟွေး အဆင်ပြေရဲ့လား”
“ယွမ်ယွမ်နဲ့ ငါလည်း အခုမှရောက်တာ။ ငါတို့ သောက်ပြီး သူနဲ့အတူ သီချင်းဆိုပေးနေတယ်။ သူကြည့်ရတာ အဆင်ပြေတဲ့ပုံတော့ ပေါ်ပါတယ်”
နန်ကောဟာ ရှန်ရန်ချင်းကို တစ်ချက်လှည့်ကြည့်လိုက်တယ်။သူမ ဖုန်းထဲကို မပြောခင် ခဏလောက်တော့ တုံ့ဆိုင်းမိသွားတယ်။ “ရှားရှား တည်နေရာ ပို့လိုက်။ ငါ အခု လာခဲ့မယ်”
“ဟင့်အင်း မလုပ်နဲ့။ နင် ဥက္ကဌရှန်နဲ့ ချိန်းတွေ့နေတာ မဟုတ်ဘူးလား။ မပူနဲ့ ငါတို့ ဒီမှာ သူနဲ့အတူ ရှိတယ်။ စုဟွေး တော်တော်လေး တည်ငြိမ်နေပါတယ်”
နန်ကောဟာ အိတ်ကပ်ထဲ သူမလက်ကို ဆုပ်လိုက်မိပေမဲ့ သူမဟာ ဆက်ပြီးအခိုင်အမာ ဖြစ်နေဆဲ။ “မဟုတ်ဘူး ။ငါလာတာ ပိုကောင်းတယ်”
ချန်ရှားခမျာ ရွေးချယ်စရာ မရှိရှာ။ဖုန်းချပြီးတာနဲ့ သူမ တည်နေရာကို ပို့ပေးလိုက်ရတယ်။
နန်ကောဟာ ချက်ချင်းတည်နေရာကို နှိပ်လိုက်တယ်။သူမရဲ့မျက်နှာအမူအရာနဲ့ ခုနက စကား၂ခွန်းအရ သူမ တစ်ခုခု အရေးတကြီး ဖြစ်နေတယ်ဆိုတာ ရှန်ရန်ချင်း သိလိုက်တယ်။
“ဘာဖြစ်တာလဲ”
“စုဟွေး သူ့ကောင်လေးနဲ့ ပြတ်သွားလို့ ကျွန်မ သွားပြီ အဖော်လုပ်ပေးရမယ်” နန်ကောဟာ သူ့ကို မော့ကြည့်ပြီး တုံ့ဆိုင်းနေတယ်။ “အမ်...ကျွန်မတို့ မနက်ဖြန်မှ တွေ့ရင်ရော။ ကျွန် မဒီနေ့ သွားရမှာမို့ပါ တောင်းပန်ပါတယ်!”
သူမ အဆင်ပြေတယ်လို့ ချန်ရှား ပြောခဲ့တယ်ဆိုပေမဲ့လည်း စုဟွေးရဲ့စိတ်နေစိတ်ထားကို တွေးမိတဲ့အခါ သူမ တကယ်ကို စုဟွေးကို စိတ်ပူနေတုန်းပဲ။
သူမတို့ အေးအေးချမ်းချမ်း လမ်းခွဲခဲ့ရင် စုဟွေး ဘာမှမလုပ်လောက်ဘူးဆိုတာ သူ မသိတယ်။ဒါပေမဲ့ စုဟွေးကောင်လေးက ဖောက်ပြန်တာဆိုတော့ သူမ လက်ခံပေးဖို့ကို ခက်ခဲနေလောက်တယ်။
အခုချိန်မှာ တည်ငြိမ် နေတယ်ဆိုရင်တောင်မှ အဲဒါ မုန်တိုင်းမလာခင် လေငြိမ်နေရုံပဲ!
ချန်ရှားနဲ့ ဖုန်းယွမ်ယွမ် သေချာပေါက် စုဟွေးကို မကိုင်တွယ် နိုင်လောက်ဘူးလို့ သူ မခံစားနေရတယ်။
“ရပါတယ်” ရှန်ရန်ချင်းဟာ သူမခေါင်းကို ပွတ်ပေးတယ်။ “မင်း တောင်းပန်စရာ မလိုပါဘူး။ ကိုယ် လိုက်ပို့ပေးမယ်”
နန်ကောဟာ လက်ခါပြပြီး ငြင်းတယ်။ “လမ်းမကြုံဘူးရယ် နောက်လည်း ကျနေပြီ။ ပြန်ပြီး စောစောနားပါ။ ကျွန်မ တက္ကစီ စီးသွားလိုက်မယ်”
ဒီနေရာဟာ ဟိုက်မြို့ရဲ့ စည်ကားတဲ့နေရာမို့ တက္ကစီစီးဖို့ လွယ်ကူတယ်။
ဒါကို ကြားတော့ အမျိုးသားရဲ့ နှုတ်ခမ်းဟာ တွန့်ကွေးသွားပြီး ကူကယ်ရာမဲ့စွာနဲ့ပဲ ပြုံးလိုက်မိတယ်။ “ဘာပဲဖြစ်ဖြစ် ကိုယ်က မင်းကောင်လေးလေ။ မင်းဟာမင်း သွားဖို့ ခွင့်ပြု မပေးနိုင်ပါဘူး။ လမ်းကြုံကြုံမကြုံကြုံ ကိစ္စမရှိဘူး”
“သွားကြမယ်။ သူတို့ကို အကြာကြီး စောင့်နေရအောင် မလုပ်နဲ့” သူဟာ စကားဆုံးတာနဲ့ သူမကို ငြင်းဖို့ အခွင့်အရေးမပေးတော့ဘဲ သူမလက်ကို ဆွဲကာ လမ်းတစ်ဖက်ကို ဖြတ်လျှောက်သွားတယ်။
နန်ကောဟာ သူ့အနောက်ကိုလိုက်ဖို့ ဖိအား ပေးခံလိုက်ရတယ်။ခြေ၂လှမ်း၊၃လှမ်းလောက် လှမ်းပြီးမှသာ သူမဟာ ငေးကြောင်နေတာကနေ သတိပြန်၀င်လာတယ်။
သူမ သူ့အနောက်ကနေ နီးနီးကပ်ကပ်လိုက်နေရင်း သူဟာ သူမလက်ကို ဆုပ်ကိုင်ထားတယ်။
အမျိုးသားရဲ့ခြေလှမ်းတွေဟာ ကျယ်တာမို့ သူ လမ်းလျှောက်တဲ့အခါမှသာ သူမ သူ့အနောက်ကနေ လိုက်နိုင်တယ်။သူမ အမြဲနောက်ကျ ကျန်နေခဲ့တတ်တယ်။သူမအကြည့်ဟာ မြေပြင်ပေါ်က အနက်ရောင်အရိပ်ဆီကနေ ခွာလိုက်ပြီး မနေနိုင်ဘဲ သူ့နောက်ကျောကို ကြည့်မိတယ်။
သူဟာ တကယ်ကို အရပ်ရှည်ပြီး သူ့ကျောပြင်ဟာလည်း ဖြောင့်နေရော။
သူမ နှုတ်ခမ်း ဆူလိုက်မိတယ်။ဒီအခိုက်အတန့်မှာ သူမရုတ်တရက် အတွေးတစ်ခု၀င်လာတယ်။သူမကို ကုန်းပိုးစေချင်တယ်။
သူမ သူ့ပုခုံးပြင်ပေါ် မှီတွယ်ပြီး သူ့မျက်လုံးထဲက ကြယ်တွေကို ကြည့်ချင်မိတယ်...
******