အခန်း ၁၂၉
Vol. 13 Ch. 129
Chapter 129 ဒါဘယ်လိုအနေအထားလဲ။
ချီယန်ဟာ အလုပ်လုပ်နေပြီဆိုရင် အခြားကိစ္စတွေကို မကြာခဏ မေ့သွားတတ်တယ်။
ရှူတင်ပြီးသွားတော့ အပြင်ဘက်က ကောင်းကင်ဟာ လုံး၀ မှောင်ရိပ်ကျသွားပြီ ဖြစ်တယ်။
သူမ နံရံကို မှီနားလိုက်ပြီး နာနေတဲ့ကျောကို လက်နဲ့ထုလိုက်တယ်။
“ဟေး ချီယန်” ရှောင်ရှောင်ဆိုတဲ့ အမျိုးသမီး အနုပညာရှင်ဟာ အ၀တ်လဲပြီးတဲ့နောက် သူမကို လာရှာတယ်။
“ကျွန်မ ဒီမှာ”
ချီယန်ဟာ မတ်မတ်ရပ်လိုက်ပြီး သူမကို လက်ဝှေ့ယမ်းပြတယ်။ “အခြားကိစ္စ ရှိသေးလို့လား”
“အော် ငါ လက်၀တ်ရတနာကိစ္စအကြောင်းလေး မေးချင်လို့ပါ။ မင်း အဲဒါကို ပြန်ရဖို့ ဘရန်းကို ဆက်သွယ်လိုက်တာလား”
ရှောင်ရှောင်ဟာ ဒီတိုင်းပဲ မေးလိုက်တယ်။
“အာ မဟုတ်ဘူး သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းလိုက်တာ” ချီယန်ဟာ အခြားများများစားစားတော့ ထပ်မပြောဘူး။နန်ကျဲ့ကို ပြဿနာတက်စေမိမှာကို စိုးရိမ်တာမို့။
“သိပြီ” ရှောင်ရှောင်ဟာ ခေါင်းညိတ်ပြီး သူမကို အပြုံးရေးရေးလေးနဲ့ ကြည့်တယ်။ “ဒါဆို ငါအရင်ပြန်တော့မယ်။ မင်းရဲ့ အလုပ်ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်”
“ငါ မောင်းပေးမယ်”
ရှောင်ရှောင်ကားပေါ်ကို ရောက်တဲ့အခါ သူမမျက်နှာပေါ်က အပြုံးဟာ ပျောက်ကွယ် သွားတယ်။
အေးဂျင့်က မေးတယ်။ “မင်းမေးခဲ့လား”
“သူ့သူငယ်ချင်းကို အကူအညီ တောင်းလိုက်တာတဲ့။ သူ့သူငယ်ချင်းဆိုတာ ဥက္ကဌနန်များလား”
ရှောင်ရှောင်ဟာ သေချာတွေးကြည့်ပြီး မန်နေဂျာဘက်ကို လှည့်ကြည့်လိုက်တယ်။
“ချီကျားရော ဘယ်လိုနေလဲ”
“သူလည်း ငါတို့ဘက်က အကြောင်းကို မေးနေတာ။ ရိုက်ကွင်းက လူတွေ ပြောတာတော့ နန်ကျဲ့က ကိုယ်တိုင်သွားယူတာကို သူတို့မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာတဲ့။ နန်ကျဲ့သာ သွားယူရင် ချီကျားလည်း ဘာမှပြောရဲမှာ မဟုတ်ဘူး။ သူ့မှာ သတ္တိရှိတယ်ဆိုရင်တောင်မှပေါ့”
“ဒီတစ်ခါတော့ ချီကျား သူ့ရှူးသူ ပြန်ပက်တာပဲ”
“ဒါ အွန်လိုင်းမှာ ထရန်းဖြစ်ဖို့ အလကားရတဲ့အခွင့်ရေးပဲ အသုံးမချရင် အလကား ဖြစ်သွားလိမ့်မယ်” မန်နေဂျာရဲ့ဦးနှောက်ထဲ ပြေးလွှားနေပြီ။
“ချီကျားက အရင် ငါတို့ကို ပြဿနာဖြစ်စေတဲ့လူပဲ။ အချိန်ကျရင် အင်တာနက် သုံးစွဲသူတွေက သူ့နောက်ကိုပဲ လိုက်ကြမှာ။ ငါတို့ နန်ကျဲ့ကိုပါ သုံးပြီး လူတွေ စိတ်၀င်စားလာအောင်လည်း အခွင့်အရေး ယူလို့ရတယ်”
ဒါကိုကြားတော့ ရှောင်ရှောင်ဟာ အနည်းငယ်ကြောက်ရွံ့သွားတယ်။ “လူတွေစိတ်၀င်စားစေဖို့ နန်ကျဲ့ကို သုံးတာ...တစ်ခုခုဖြစ်လာမှာလား”
“ဘာကြောက်စရာ ရှိလဲ။ တစ်ခုခု ဖြစ်လာရင် ချီကျားကို အပြစ်ပုံချလိုက်ပေါ့ မဟုတ်လည်း ချီယန်ရဲ့စတူဒီယိုလည်း ရှိတယ်။ ပြီးတော့ အင်တာနက် သုံးစွဲသူတွေကသာ အလွန်အကျွံတွေ စိတ်ကူးယဉ်ကြတာ။ ငါတို့က ငါတို့နဲ့နန်ကျဲ့ အဲဒီလိုဆက်ဆံရေး ရှိပါတယ်လို့ ပြောလို့လား”
ဒါက ဖျော်ဖြေရေးလောက ဘယ်လိုအလုပ်လုပ်ဆိုတာပဲ မဟုတ်ဘူးလား။ တစ်ခုခု ဖြစ်လာရင် သူတို့ ပရိတ်သတ်တွေနဲ့ အင်တာနက်သုံးစွဲသူတွေအပေါ် အပြစ်ပုံချ လိုက်လို့ရတယ်။ဘာပဲဖြစ်ဖြစ် အချိန်ကျရင် သူတို့ လိုအပ်တဲ့ကျော်ကြားမှုကို သူတို့ရမှာပဲ။ပြီးမှ အသာလေး ပထုတ်လိုက်လို့ ရတယ်။
နန်ကျဲ့ပြဿနာ ရှာချင်တယ်ဆိုရင်တောင်မှ သူတို့နောက်ကို သူ လိုက်လာနိုင်မှာ မဟုတ်ဘူး။
ချီယန်ဟာ တံခါး၀မှာ ရပ်နေပြီး လေအေးအေးကြောင့် ချက်ချင်းနိုးကြားသွားတယ်။
ဟိုက်မြို့ရဲ့ ဆောင်းရာသီဟာ ဒီနှစ်အထူးသဖြင့် ပိုကြာရှည်တယ်။ချီယန့်ကို မြောက်ပိုင်းမှာ ရှိနေသေးသလိုမျိုး ခံစားရစေတယ်။
သူမဟာ လက်ပိုက်ပြီး အနောက်ကို ခြေလှမ်းအနည်းငယ်ပြန်ဆုတ်လိုက်တယ်။
လမ်းတစ်၀က်မှာတင် အရိပ်တစ်ရိပ်ဟာ သူမအရှေ့ကို ကျလာတယ်။
သူမခေါင်းငုံ့လိုက်တဲ့အခါ သူမရဲ့ဆံပင်ရှည်ရှည်ဟာ လည်ပင်းကနေတစ်ဆင့် လျှောကျသွားတယ်။မြေပေါ်က အရိပ်ကိုကြည့်နေရင်း သူမ ရပ်တန့်သွားတယ်။
သူမတို့နှစ်ယောက်ဟာ မျက်နှာချင်း ဆိုင်ရပ်နေတာဖြစ်တယ်။တစ်ဖက်လူဟာ လေကို ကာပေးနေပုံရတယ်။သူမတို့ နီးကပ်နေတာကြောင့် သစ်သီးသကြားလုံးရဲ့ ခပ်မွှေးမွှေးအနံ့လေးကို သူမ ရှင်းရှင်းလင်းလင်းရနေတယ်။
အဲဒါဟာ နည်းနည်း ရင်းနှီးတာမျိုး...
“နင်ရဲ့ အပြင်ထွက်ရင် အပေါ်ထပ် မ၀တ်တဲ့အကျင့်ကို ဘယ်အချိန်မှ ပြင်မှာလဲ” ဒီမပျော်မရွှင်နဲ့ အသံကို ကြားရတဲ့အခါ ချီယန်ဟာ စိတ်အေးသွားတယ်။
အကြောင်းတစ်ချို့ကြောင့် သူ့ရဲ့ပြစ်တင်ရှုံ့ချတဲ့အသံကို ကြားရတဲ့အချိန်ဆို သူမ စိတ်သက်သာရာ ရသွားသလို ခံစားရတယ်။
သူမရဲ့ပင်ပန်းနေတဲ့ခန္ဓာကိုယ်ဟာ ရုတ်တရက် အနားယူစရာ ကောင်းကင်ဘုံကို ရှာတွေ့သွားပုံပဲ။သူမ နောက်ဆုံးတော့ အနားယူနိုင်ပြီ။သူမ အရမ်းကြီး လေးနက်စရာမလိုသလို အရမ်းကြီး တင်းကျပ်နေစရာလည်း မလိုဘူး။
သူမစိတ်လျှော့ချလိုက်တာနဲ့တစ်ပြိုင်နက် သူမပုခုံးဟာလည်း ပြေလျော့သွားတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ချိန်တည်းမှာပဲ သူမ နန်ကျဲ့ကို မော့ကြည့်ပြီး ပြုံးပြလိုက်တယ်။
“ငါ သူတို့ကို ပြန်ပို့ဖို့ အပြင်ထွက်လာတာ။ အပေါ်ထပ်ကို ၀တ်လိုက်ချွတ်လိုက်နဲ့ လုပ်ရတာ အလုပ်ရှုပ်လို့ ငါအခု ပြန်တော့မယ်”
သူမရဲ့နာကျင်နေတဲ့ခန္ဓာကိုယ်ကို မြင်တဲ့အခါ သူ မနေနိုင်ဘဲ ကွန်ပလိန်းတက်မိတယ်။
“ဒါ ဘယ်လို အနေအထားလဲ။ နင့်ကြည့်ရတာ အသက်ကြီးလို့ သေတော့မဲ့ အဖွားကြီးကျနေရော” သူ့စကားတွေအပြင် သူ့လက်ဟာတော့ သူမလမ်းလျှောက်လို့ လွယ်ကူအောင် ကူညီပေးပါတယ်။
ချီယန်ဟာ သူ့လက်ကို ကိုင်လိုက်တယ်။တကယ်ကို လမ်းလျှောက်ရတာ ပိုလွယ်ကူသွားတယ်။ “ငါ့ကျော နာလိုက်တာ။ အဲဒါအနာဟောင်းကြောင့်”
“စကားမစပ် နင် ငါ့သကြားလုံးတွေ ဘယ်နှစ်ခုတောင် စားလိုက်လဲ”
အားကောင်းတဲ့ သကြားလုံးအနံ့ဟာ သူ့အနားတစ်ဝိုက်မှာ ရေမွှေးလိုမျိုး ရစ်ပတ်နေတာ။ဒါ သူမဧည့်ခန်းထဲမှာ ထားထားတဲ့ ပီကေနဲ့သကြားလုံးတွေရဲ့အနံ့ မဟုတ်လား။
နန်ကျဲ့ဟာ သေချာမမှတ်မိဘူး။ “ငါ အကုန် စားလိုက်တာ”
“ဟမ်”
ချီယန်ဟာ လန့်သွားတယ်။ “ငါအပြင်မှာ ပီကေတစ်ဘူးပဲ ထားထားတာပါ သစ်သီးသကြားလုံးကတော့ ၂ထုပ်လောက် ရှိမယ်”
သူ ဘယ်လိုတောင် အဲဒါတွေအားလုံးကို စားလိုက်တာလဲ။
“အင်း” နန်ကျဲ့ဟာ တုံ့ပြန်တယ်။
သူတို့ ဧည့်ခန်းထဲကို ပြန်ရောက်တော့ နန်ကျဲ့ သူမကို လိမ်နေတာ မဟုတ်ဘူးဆိုတာ ချီယန် သိလိုက်ရတယ်။အမှိုက်ပုံးထဲမှာ သကြားလုံးအခွံတွေမှ အများကြီး။ သေချာကြည့်ကြည့်ရင် ကျန်တာ ဆိုလို့ စားပွဲပေါ်က ပီကေဘူး အခွံသာ။
“နင်...” သူမ နန်ကျဲ့ကို လှည့်ကြည့်လိုက်တယ်။ခဏလောက်ကြာတော့ သူမ ပြောချင်တဲ့ စကားလုံးတွေကို ပြန်ထိန်းလိုက်တယ်။
“နင့်သွား မကိုက်ဘူးလား”
“နာမှ မနာတာ” နန်ကျဲ့ဟာ သူမကို ထိုင်ချဖို့ ဆွဲလိုက်ပြီး သူမခါးကို ဖိမိသွားရင်း ပြန်ပြောတယ်။ “ငါ့ ဆေးလိပ်စွဲတာက ထကြွနေလို့ ဒီမှာ သကြားလုံးတွေ ရှိတာကို တွေ့လိုက်တာ။ နင် ကပ်စေးနည်းပုံကို ကြည့်ဦး။ ငါနင့်ကို ညစာ စားပြီးရင် မားကတ် ခေါ်သွားပြီး ပြန်၀ယ်ပေးပါမယ်”
သကြားလုံးအကြောင်းကို ပြောနေတာ မဟုတ်ဘူး။သူမမှာ သကြားဓာတ် ချို့တည့်မှုရှိတော့ သူမ လိုချင်တဲ့အချိန်ရအောင် နည်းနည်းပါးပါး ပြင်ထားတာ။
သူမ သူ့စကားတွေထဲကနေ တစ်ခုခုကို သတိထားမိလိုက်တယ်။ “နင့်မှာ ဆေးလိပ် ရှိတယ် မဟုတ်ဘူးလား”
နန်ကျဲ့ဟာ တုံ့တောင် တုံ့ဆိုင်းမနေဘဲ “မရှိဘူး”
ချီယန်ဟာ ခေါင်းညိတ်ပြီး ဒီတိုင်း ထားလိုက်တော့တယ်။နောက်ကျနေပြီလေ။ဒီတော့ သူမ သူ ဘာစားချင်လဲလို့သာ မေးလိုက်တယ်။
“အပြင်မသွားရအောင်။ ငါတို့ အော်ဒါမှာပြီး ဒီမှာ စားလို့ရတယ်”
“အဲဒီလို မရဘူး” ဒါဟာ မသင့်တော်ဘူးလို့ ချီယ န်ခံစားရတယ်။သူ သူမကို ကူညီဖို့အတွက်နဲ့ ဒီကို တစ်လမ်းလုံး လာခဲ့တာ။သူ့ကို အော်ဒါမှာပြီးပဲ ကျွေးတယ်ဆိုတာက မှားတယ်။
“နင် ငါ့နဲ့ဆို အတည်ပေါက်ကြီး လုပ်စရာမလိုပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အောက်ထပ်က လူတွေလည်း မစားရသေးဘူး။ ငါ လူတိုင်းအတွက်ပါ ပိုမှာလိုက်မယ်”
သူဟာ အမြန်စကားလမ်းကြောင်း လွှဲပြီး သူ့အာရုံကို သူမကျောပြင်ဆီ ပို့လိုက်တယ်။သူဟာ ဖွဖွလေး ထိကြည့်ကာ လိမ်းဆေးတွေဘာတွေ လိမ်းထားသေးလားလို့ သူမကို မေးတယ်။
ချီယန်ဟာ ခေါင်းခါပြတယ်။
ချက်ချင်းပဲ သူမဘေးကလူရဲ့ စုတ်သပ်သံကို ကြားလိုက်ရတယ်။ “နင့်ကျောက နင့်ကို တော်တော် ဒုက္ခပေးနေတာပဲ။ နောက်နေ့ကျ ဆရာ၀န်နဲ့ပြဖို့ ငါ နင့်ကို ကျန်းမြို့ကို ပြန်ခေါ်သွားပေးမယ်”
“ကျန်းမြို့” ချီယန်ဟာ သတိလက်လွတ်နဲ့ သူ့ကို လှည့်ကြည့်လိုက်မိတယ်။သူမ ထမလို့ လုပ်လိုက်တဲ့အချိန်မှာပဲ နန်ကျဲ့ဟာ သူမကို တားတယ်။
သူဟာ သူမပုခုံးကို တွန်းလိုက်ပြီး “ဟိုဘက်လှည့် မလှုပ်နဲ့”
“အိုး” သူမ အရှေ့နည်းနည်း တိုးထိုင်လိုက်တယ်။နန်ကျဲ့ဟာလည်း အရှေ့ကို တိုးလာတယ်။ဒါမှ သူ သူမရဲ့ကျောကို သေချာမြင်ရမှာလေ။
“နင် အလုပ်ရှုပ် ခံနေဖို့ မလိုဘူး။ ငါအိ မ်ပြန်တော့မှ ဆေးဆိုင်၀င်ပြီး အနာကပ်ပလာစတာ၂ဘူးလောက် ၀ယ်လိုက်မယ်”
“အဲဒါက ခဏပဲ သက်သာမှာလေ။ ငါ့ကျောင်းနားမှာ တရုတ်သမားတော်ထိုင်တဲ့ ဆေးခန်းသေးသေးလေး ရှိတယ်။ ပလာစတာ သုံးတာထက်စာရင် ဒါက ပိုကောင်းတယ်”
ချီယန်ဟာ သာမန်ကာလျှံကာပဲ ခေါင်းညိတ်လိုက်ပြီး စိတ်ထဲ သိပ်မထည့်ဘူး။
“ဒီမှာ ခဏလှဲနေလိုက်။ ငါ အောက်ဆင်းပြီး သူတို့ဘာစားမလဲ သွားမေးလိုက်ဦးမယ်။ အော်ဒါ ရောက်လာရင် ငါနင့်ကို ခေါ်မယ်”
“ဟုတ်ပြီ” ချီယန် သူ့ကို ဖြောင်းဖျလို့မရနိုင်ဘူး။
နန်ကျဲ့ဟာ ဆိုဖာအိပ်ရာကို ဖွင့်ပေးပြီး သူ့မျက်စိအောက်မှာပဲ ချီယန်ဟာ ဖြည်းဖြည်းချင်း အိပ်ရာပေါ် တက်သွားတယ်။အဲဒီအခါကျမှပဲ သူစိတ်ချလက်ချနဲ့ ထွက်သွားနိုင်တော့တယ်။
သူဟာ ထွက်မသွားခင် သူ့ကုတ်အင်္ကျီကို ချီယန့်အပေါ် ပစ်ပေးသွားသေးတယ်။
အိပ်ရာပေါ်မှာ အချိန်တစ်ခုလောက်အထိ လှဲနေပြီးတဲ့နောက် ချီယန်ဟာ အင်္ကျီကို ယူပြီး လှန်မလို့ လုပ်တယ်။သူမ အင်္ကျီထဲကို နှိုက်လိုက်တဲ့အချိန်မှာပဲ မာတဲ့အရာ တစ်ခုခုကို ခံစားလိုက်ရတယ်။
သံသယနဲ့အတူ သူမဟာ ကုတ်အင်္ကျီကို မြှောက်ကိုင်ပြီး မျက်လုံးနဲ့ သေချာကြည့်လိုက်တယ်။ဆေးလိပ်တစ်ဘူးနဲ့ မီးခြစ်တစ်ခု သူမလက်ထဲ ပြုတ်ကျလာတယ်။
“ဟမ်” သူမ အံ့ဩသွားပြီး မှားမြင်တာလို့တောင် ထင်မိတယ်။ဆေးလိပ်ဘူးကို ဖွင့်ပြီးတဲ့နောက်မှာတော့ ဆေးလိပ်တွေ အထဲမှာ သပ်သပ်ရပ်ရပ်နဲ့ ပုံမပျက်ဘဲ ရှိနေတာကို မြင်ရတယ်။
သူ ပြောတော့ သူ ဘာဆေးလိပ်မှ ယူမလာဘူးဆို။
ပြီးတော့ ဒီမီးခြစ်...
ခြစ်ရာဗလပွနဲ့ နှင်းဆီပုံမီးခြစ် ဖြစ်နေသေးတုန်းပဲ...။
******