အခန်း ၁၃၃
Vol. 14 Ch. 133
133 01
အပိုင်း ၁၃၃ ဒါက ဘယ်လို ငရဲမျိုးလဲ။
“အစ်ကိုကြီး တကယ်ပြောနေတာလား။ ဒါက ဘလိုင်းဒိတ်ကို ရှောင်နိုင်ဖို့အတွက် ဆင်ခြေတစ်ခုလို့တော့ မပြောနဲ့နော်”
သူ၏ ဝမ်းကွဲ ညီလေးက ထိုသို့ ပြောပြီးနောက် သူက မြန်မြန် ငြင်းလိုက်သည်။ သူ့အစ်ကိုက ထိုကဲ့သို့ လူမျိုး မဟုတ်ပေ။
သူ့အတွက်တော့ လိမ်ညာဖို့က ကောင်းကင်ပေါ်တက်ဖို့ထက် ပိုခက်ခဲသည်။
သူ့အစ်ကိုက ဘယ်လို လိမ်ရမလဲ ဆိုတာကို မသိခဲ့လို့ ငယ်ငယ်ကတည်းက မကောင်းတာ တစ်ခုခုကို လုပ်သည့် အချိန်တိုင်းတွင် သူ့အစ်ကိုက သူ့ကို အလျော့ပေးပြီး အရိုက်ခံခဲ့ရသည်။
ထို့ကြောင့် သူ့အစ်ကိုတွင် တကယ်ကို ကောင်မလေး ရှိသည်။
အာ… အဲဒါ အဲဒါ အဲဒါ
သူ၏ ဝမ်းကွဲ ညီလေးက မနေနိုင်တော့ပဲ သူ၏ စိတ်ထဲတွင် ပြောနေသည်။
“ဘုရားရေ ငါတို့ ဘိုးဘေးတွေ အုတ်ဂူထဲက ထွက်လာတဲ့ အငွေ့အသက်တွေက မင်္ဂလာရှိရဲ့လား”
ရှန်းယန်ချင်း
သူ ဘာတွေ ပြောနေတာလဲ။
“ဟုတ်ပြီ အဲဒါဆိုလဲ ကောင်းပြီ။ ငါ မနက်ဖြန်ကျ ပြန်လာပြီး မေးလိုက်မယ်”
“ခဏလေး အစ်ကိုကြီး ခဏလေး”
ဝမ်းကွဲ ညီငယ်လေးက မြန်မြန်မေးလိုက်သည်။
“အစ်ကိုကြီး အိမ်ဟောင်းကို ညစာစားဖို့အတွက် မရီးကို ဘယ်တော့ ခေါ်လာမှာလဲ။ ဟီး ဟီး… ကျွန်တော့်ကိုလဲ ခေါ်ဖို့ သတိရပါနော်”
ရှန်းယန်ချင်းက ထိုအကြောင်းကို အခုအချိန်ထိ မစဉ်းစားရသေးပေ။
သူသည် နန်ကောနှင့် မတွေ့တာ ကြာပြီ ဖြစ်သည်။
ထိုအချိန်တွင် သူ၏ မိဘများနှင့် သူမကို တွေ့ခွင့် မပြုနိုင်သေးပေ။ နန်ကောက အရမ်း စောလွန်းသည်ဟု တွေးကာ သူမကို ခြောက်လှန့်သလို ဖြစ်မှာကို သူ ကြောက်နေသည်။
သူက အရမ်း စိတ်စောနေတယ်လို့ သူမ တွေးနေမလား။ သူတို့က အခုမှ ပွင့်ပွင့်လင်းလင်း စတင် ချိန်းတွေ့တာ ဖြစ်ပြီး သူ့မိဘများနှင့် တွေ့ဆုံပေးရန် သူက တွေးနေပြီ ဖြစ်သည်။ နောက်ပိုင်း လက်ထပ်ဖို့ အကြောင်းပါ ပြောတော့မှာလား။
ဒါက သူမကို ဖိအား ပေးနေတာ မဟုတ်လား။
“မကြာခင်ပေါ့”
“ဒါဆို အစ်ကိုတို့ ဘယ်လို တွေ့တာလဲ”
သူ၏ ဝမ်းကွဲညီလေးက သူတို့၏ ဆက်ဆံရေး အကြောင်းကို အလွန်စိုးရိမ်နေပြီး နောက်ထပ် မေးခွန်း အချို့ကို မေးလိုက်သည်။
အစကတော့ ရှန်ရန်ချင်းက အတော်လေး စိတ်ရှည်သည်။ နောက်ပိုင်း အကြောင်းအရာ တစ်ခုက သူ့ကို တကယ် စိတ်ဆိုးသွားစေပြီး ဖုန်းကို မြန်မြန် ချလိုက်သည်။
နန်ကောနှင့် ချန်ရှားတို့ သီးသန့်ခန်း၏ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ယွမ်ယွမ်၏ ဆိုးရွားသော သီချင်းဆိုသံက အထဲမှ ထွက်ပေါ်လာသည်။
စုဟွေ့က ဘေးတွင် အေးအေးဆေးဆေး ထိုင်လိုက်ပြီး ပန်းကန်ထဲမှ အသီးတစ်စိတ်ကို စားလိုက်သည်။
ပထမ တစ်ချက်မှာ ဖန်းယွမ်ယွမ်ကို အချစ်တွင် ကျရှုံးသွားပြီး လှည့်စား ခံနေရသူဟု တစ်ယောက်ယောက်က ထင်နေလိမ့်မည်။
သူမ၏ မျက်လုံးထောင့်မှ နန်ကောကို သူမတွေ့လိုက်သည်။ စုဟွေ့က မျက်ခုံးကို ပင့်ကာ သူမကို လက်ပြလိုက်သည်။
နန်ကောက လမ်းလျှောက်လာကာ သူမ၏ ဘေးတွင် ထိုင်လိုက်သည်။
ဖန်ယွမ်ယွမ်က နန်ကောကို မြင်လိုက်သော အချိန်တွင် ခေတ္တရပ်ရန် ခလုတ်ကို အမြန်နှိပ်လိုက်သည်။ သီးသန့် အခန်းမှာ နောက်ဆုံးတွင် တိတ်ဆိတ် သွားသည်။ ချန်ရှားက မီးကို ဖွင့်လိုက်သည်။
“ဘာဖြစ်တာလဲ”
နန်ကောက သူမထို င်ထိုင်ချင်းမှာပင် စိတ်မရှည်ဘဲ မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး။ ဒီခွေးကောင် ငါ့ကို လှည့်စားတယ်”
စုဟွေ့သည် ဖရဲသီးစေ့ကို မြုံ့နေပြီး သူမ၏ အသံမှာ ခါတိုင်းနှင့် မခြားနားပေ။
“နင်တို့ နှစ်ယောက်က အရမ်း ရင်းနှီးတာ မဟုတ်ဘူးလား”
အရင်က သူတို့ နှစ်ယောက်ဟာ အမြဲအတူတူ ရှိနေကြပြီး ခဏခဏ ဖုန်းခေါ်ကြတယ်။ ဆောင်းတွင်း အနားယူပြီးတဲ့ နောက်မှ ဘယ်လိုဖြစ်လာတာလဲ။
“ငါ့ဖင်ကြီးကို နီးတာ”
ထိုသို့ ဖော်ပြပြီးနောက် စုဟွေ့က ရွံရှာသလို ခံစားလိုက်ရသည်။
“အားလပ်ရက် အတောအတွင်း ငါတို့ကို ဗီဒီယို ခေါ်ဆိုမှု တစ်ကြိမ်ခေါ်ခဲ့တယ်။ အမျိုးသမီးတစ်ယောက်က ဖုန်းကို ကိုင်ခဲ့တယ်။ သူက ပါတီမှာ ရှိနေပြီး ဖုန်းဖြေဖို့ သူငယ်ချင်းက ကူညီပေးခဲ့တာလို့ နောက်ပိုင်းမှာ သူက ရှင်းပြတယ်”
ဖန်းယွမ်ယွမ် သက်ပြင်းချလိုက်သည်။
“နင်သူ့ကို ယုံလား”
“နင်ကော ဘယ်လို ထင်လဲ”
စုဟွေ့က မော့ကြည့်လိုက်သည်။
လူတိုင်း..
အဲဒါမှန်တယ်။ စုဟွေ့ရဲ့ အချစ်ရေးက မျှော်လင့်ချက် မဲ့နေတာတော့ မဟုတ်ပေ။ ထိုအကြောင်းပြချက်က သာမန် မိန်းကလေးတွေအတွက်တော့ လှည့်စားနိုင်ပေမဲ့ စုဟွေ့အတွက်တော့ ထူးဆန်းနေလိမ့်မည်။
“နောက်တော့ကော ဘာဖြစ်သေးလဲ”
133 02
“အဲဒီနောက် ငါက လမ်းခွဲချင်တယ်လို့ ပြောလိုက်တယ်။ ဒါပေမဲ့ သူက လေယာဉ်လက်မှတ် ဝယ်ပြီး နှစ်သစ်ကူးပြီး ဒုတိယနေ့မှာ ငါ့အိမ်ကို လာခဲ့တယ်။ သူက လှေကားမှာ ငါ့ကို အချိန် အတော်ကြာအောင် စောင့်နေပြီးတော့ ငိုယိုပြီး ပြသနာ ရှာနေခဲ့တယ်။ ငါ အဲအကြောင်းကို စဉ်းစားပြီးတော့ အခုလိုမျိုး မျက်ကန်းတစ်ယောက် ပြန်ဖြစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ငါတို့ ချက်ချင်း လမ်းခွဲမဲ့အစား စိတ်အေးလက်အေး စဉ်းစားသင့်တယ်လို့ ငါ ပြောလိုက်တယ်။ ကျောင်းစဖွင့်ပြီးမှ ငါတို့ ဒီအကြောင်းကို ပြောကြလိမ့်မယ်”
“ဒီနေ့လည်က သူငါ့ကို ဖုန်းခေါ်ပြီးတော့ အပြင်ထွက်ဖို့ကို ပြောတယ်။ သူ့ရဲ့ ကလပ်မှာ ညစာစားပွဲ ရှိပြီး သူ့ရဲ့ ပါတနာကိုလည်း ခေါ်လို့ရတယ်လို့ သူက ပြောတယ်။ ပြီးတော့ ဗီဒီယို ခေါ်ဆိုမှုထဲမှာ ငါတွေ့ခဲ့တဲ့ အမျိုးသမီးကို ညစာစားပွဲမှာ ငါတွေ့လိုက်တယ်”
“ပြီးတော့ အဲဒီ အမျိုးသမီးက ငါ့ကို ခေါ်ထုတ်ပြီး အဲဒီညက သူတို့ အတူတူ အိပ်ခဲ့တာပါလို့ ငါ့ကို ပြောတယ်”
“အဲဒါက ဘယ်လို ငရဲမျိုးလဲ”
“ပြီးတော့ ပြီးတော့ နင်….”
နန်ကောသည် သူမ၏ ပါးစပ်ကို ဟလိုက်သော်လည်း စကားကို ဆုံးအောင် မပြောနိုင်ပေ။
“ငါက အဲဒါကို သည်းခံနိုင်တဲ့လူတော့ မဟုတ်လောက်ဘူး။ ငါ သူမကို ပါးရိုက်ခဲ့ပြီးတော့ အဲ့ဒီခွေးကောင်ကို လမ်းခွဲလိုက်တယ်။ ထုံးစံအတိုင်းသာ ဆိုရင် အဲဒါကို အချစ်လို့ ငါ မစဉ်းစားမိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ နှလုံးသားထဲမှာ ခန့်မှန်းမိနေတယ်။ ငါ မအံ့ဩဘူး။ စိတ်အနှောက်အယှက် ဖြစ်တာက ငါ့ရဲ့ အရှေ့မှာတောင်မှ အဲဒီအမျိုးသမီးနဲ့ ပြောင်ပြောင်တင်းတင်း လှည့်ပတ် သွားရဲနေတာပဲ”
စုဟွေ့က သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။
“ငါတို့ အခု တရားဝင် လမ်းခွဲလိုက်ပြီ ဆိုရင်တောင် နင်စိတ်ပူစရာ မလိုတော့ပါဘူး။ အပြင်မှာ တစ်ခြား ယောကျာ်းတွေလဲ ရှိတာပဲ။ ငါ လမ်းခွဲလိုက်တယ် ဆိုရင်တောင် တစ်ခြားလူကို ငါ အမြဲတမ်း ရှာနိုင်တယ်။ အဲဒါက ကိစ္စကြီး မဟုတ်ပါဘူး”
“ညီအစ်မတို့ အချစ်ကို မရှိမဖြစ်ကြီးလို မဆက်ဆံကြနဲ့။ အဲဒါကို အရမ်းကြီး အလေးအနက် မထားနဲ့ ဟုတ်ပြီလား”
သူမက အခု အသဲကွဲနေတာ မဟုတ်လား။
နန်ကောနှင့် သူမ၏ အခန်းဖော် နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ သူတို့ သုံးယောက်လုံး ရှုပ်ထွေးသော မျက်နှာထားများ ဖြစ်သွားသည်။
သူတို့ သုံးယောက်လုံးသည် စုဟွေ့ကို နှစ်သိမ့်ပေးချင်ကြသော်လည်း ခဏအကြာတွင် သူတို့ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
လေထုမှာ အဆင်မပြေ ဖြစ်နေသည်။ အဆုံးတွင် စုဟွေ့သည် တိတ်ဆိတ်မှုကို ချိုးဖျက်ကာ အတူတူ သီချင်းဆိုရန် သူတို့ကို ဆွဲခေါ်လိုက်သည်။
အဆင့်မြင့်လိုက်ပြီးနောက် စုဟွေ့က ဝိုင်ပုလင်း အဖုံးကို အနည်းငယ် ဖွင့်လိုက်သည်။ အနည်းငယ် ထွေလာပြီးနောက် သူမ၏ သရုပ်မှန်ကို လုံးဝ ဖော်ထုတ်လိုက်သည်။ ဝိုင်ပုလင်းကို ဆွဲကာ ဆိုဖာဆီသို့ လျှောက်လာပြီး စက်ဆုပ်ဖွယ် ကောင်းသော မိန်းမပျက်ကို စတင်ကြိမ်းမောင်းတော့သည်။
သူမ၏ တိုက်ခိုက်ရေး စွမ်းအားကို နန်ကော အလွန်ကြောက်လန့် သွားကာ သူမကို မချဉ်းကပ်ရဲတော့ပေ။ မတော်တဆ ထိခိုက်မိသွားပြီး အဆူခံရမည်ကို သူမ ကြောက်သည်။
တကယ်တော့ စုဟွေ့ အသဲကွဲတာ ပထမဦးဆုံး အကြိမ် မဟုတ်ပေ။
တက္ကသိုလ် ပထမနှစ် တက်တုန်းက သူမဟာ ယောကျာ်းလေးတွေကြား အလွန် ရေပန်းစားခဲ့ပြီး သူမကို ပိုးပန်းသောသူ အလွန်ကို များခဲ့သည်။ သူမသည် ယောကျာ်းလေးများနှင့် ချိန်းတွေ့ဖူးသော်လည်း သူတို့သည် သိပ်မကြာခင်မှာပင် ချစ်ကြည် ရင်းနှီးစွာ လမ်းခွဲလိုက်ကြသည်။ စုဟွေ့သည် ထိုအချိန်တုန်းက သိပ်ဝမ်းမနည်းပေ။
ထိုနောက်ဆုံးကောင်လေးမှာတော့ အချိန်အကြာဆုံး တွဲခဲ့ကြသည်။ ထို့အပြင် စုဟွေ့သည် လှည့်စားခံခဲ့ရသောကြောင့် သူမ၏ ရင်ထဲတွင် ဒေါသ အလိပ်လိုက်ထွက်ကာ လေဝင်ပေါက် မရှိတော့ပေ။
“နန်ကော”
“ဟမ်”
နန်ကောသည် သတိလက်လွတ်ဖြစ်ကာ မူလတန်း ကျောင်းသူတစ်ယောက်လို ထရပ်လိုက်သည်။
“လာ လာ ငါနဲ့ အတူ သောက်မယ်။ ဘာလို့ အဲမှာ ကြက်သေ သေပြီး ထိုင်နေတာလဲ”
စုဟွေ့သည် ဝိုင်ပုလင်းကို ရက်ရက်ရောရောပေးကာ သူမ၏ လက်ထဲသို့ ထည့်လိုက်သည်။ စုဟွေကလည်း ဖန်းယွမ်ယွမ်နှင့် ချန်းရှတို့ကို ပြန်ဆွဲလိုက်သည်။
“လာ ညီအစ်မတို့ ချီးယား”
နန်ကောသည် ဘယ်လိုသောက်ရမလဲ ဆိုတာကို သိသော်လည်း စုဟွေ့လို အသောက်သမားနှင့် နှိုင်းယှဉ်ပါက သူမ၏ ယခင် သောက်နိုင်သော စွမ်းရည်ကို အသေးအဖွဲဟုသာ ယူဆနိုင်တော့သည်။
သို့သော်လည်း ယနေ့တွင် သူမ အရင်းနှီးဆုံး သူငယ်ချင်း၏ အချစ်ရေးမှာ ပျက်ပြားသွားခဲ့သည်။ သူမ၏ ထောက်ခံမှုကို ဘယ်လို မပြသပဲ နေနိုင်မှာလဲ။ မဟုတ်ဘူးလား။
သူမ သောက်ခဲ့သည်။
“ပါမောက္ခနန်နဲ့ အစ်မယွမ်တို့က အခန်းဖော်တွေလား”
ပထမထပ်ရှိ ညီလာခံခန်း၏ စားပွဲရှည်ကြီးကို ညစာစားပွဲအတွက် ယာယီ တောင်းဆိုထားသည်။
နန်ကျဲ့နှင့် ချီယန်တို့က ဘေးချင်းကပ် ထိုင်လိုက်သည်။ သူတို့ ပထမဆုံး စတင်စားသောက်သော အချိန်တုန်းက လူတိုင်းမှာ အလွန်သီးသန့် ဖြစ်နေကြပြီး ယနေ့ ပစ်မှတ်ကိုသာ အတိုချုပ် ပြောနေကြသည်။
သို့သော်လည်း သူတို့တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးလာပြီးနောက် တစ်စုံတစ်ယောက်က စတင် စပ်စုချင်လာသည်။
“ဟုတ်တယ်”
နန်ကျဲ့က ပြန်ပြောလိုက်သည်။
133 03
“ငါတို့က အလယ်တန်းကတည်းက အတန်းဖော်တွေ”
“ဝိုး”
သူတို့၏ မရေရာသော အကြည့်များက သူတို့နှစ်ဦးအပေါ် အတော်ကြာရောက်သွားကာ လူတိုင်းက မငြိမ်မသက် ဖြစ်သွားသည်။
ချီယန်သည် သူ၏ ခေါင်းကို ငုံ့လိုက်ပြီး လွဲချော်မှုများဖြင့် ဘာကိုမှ အာရုံမစိုက်ဘဲ စားနေလိုက်သည်။
“အဲဒါကို ငါသိတယ်။ ဒီလက်ဝတ်ရတနာ အစုံရဖို့ မင်း ဘယ်လို ကူညီနိုင်တာလဲ။ အစ်မယွမ်နဲ့ တိတ်တခိုးဆက်ဆံရေး ရှိတယ်လို့ ငါတို့က တွေးထားတာ”
တစ်ယောက်ယောက်က ထိုသို့ ပြောပြိးပြီးခြင်း တစ်ချိန်ထဲမှာပင် ဟာသတစ်ခုလို လေးနက်သော အသံကို ကြားရသည်။ ၎င်းကို ဘယ်လို သတ်မှတ် ရမလဲဆိုတာကတော့ သူတို့နှစ်ယောက် ဘယ်လိုဆက်ဆံရေးမျိုးနဲ့ ဘယ်လိုတွေးလဲ ဆိုတာပေါ် မူတည်သည်။
“နင်… အဟမ်း”
ချီယန်က မူလ အစပ် ဝက်သား ကလီစာဟင်းကို စားနေသည်။ သူမ ၎င်းကို ကြားသော အချိန်တွင် သူမ၏ မသိစိတ်က ရှင်းပြချင်နေသည်။ သို့သော်လည်း သူမ၏ ပါးစပ်ကို ဖွင့်ဖွင့်ချင်းမှာပင် ငရုတ်သီး နင်ကာ ချောင်းဆိုးသွားသည်။ တစ်ခဏအတွင်း အစပ်အရသာသည် လည်ချောင်းတစ်ခုလုံး ပြည့်နက်သွားကာ လောင်မြိုက်သွားသည်။
နန်ကျဲ့က မျက်မှောင် ကြုတ်လိုက်သည်။ ခွက်ကို လှမ်းပေးရင်း
“ပါးစပ်ထဲက အပြည့်နဲ့ ဘာလို့ စကားပြောတာလဲ။ ဒီနှစ်တွေမှာ မင်းရဲ့ အကျင့်ဆိုးတွေက ဘာလို့ မပြောင်းလဲသေးတာလဲ”
******