← Chapters

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း ၁၃၅

Vol. 14 Ch. 135

135 01

အပိုင်း (၁၃၅) ငါက မင်းအတွက် ဘာလဲဆိုတာ ငါ့ကို ပြောပါ။

ရှန်ရန်ချင်းသည် သူ၏ သူငယ်ချင်းကောင်းထံမှ ဖုန်းရသောအချိန်တွင် သူသည် တက္ကသိုလ်မြို့ အနီးနားတွင် ဖြစ်သည်။

သူသည် ပျားရည်နှင့် အရက်နာ ကျဆေး အချို့ကို အခုပဲ ဝယ်ခဲ့သည်။

“သူတို့ မကြာခင်မှာ ပြီးသွားလိမ့်မယ်။ သူတို့ အားလုံး အရမ်းမူးနေကြတယ်လို့ ကြားတယ်။ သွားပြီး‌တော့ သူတို့ကို ခေါ်လိုက်ဦး”

“ကောင်းပြီ။ ငါ အဲဒီနားမှာပဲ”

“မင်းကို ကူညီဖို့ တစ်ယောက်ယောက် လိုသေးလား”

အရက်မူးနေတဲ့ မိန်းကလေး လေးယောက်နဲ့ တစ်ယောက်တည်း ရင်ဆိုင်ပြီး ခေါင်းကိုက်သွားမှာကို သူ့သူငယ်ချင်း စိတ်ပူနေသည်။

“မလိုဘူး။ သူတို့ကို ငါ ဟိုတယ် ပို့လိုက်မယ်။ သူတို့ကို ဂရုစိုက်ဖို့အတွက် တစ်ယောက်ယောက် စီစဉ်ထားတယ်”

“ဒါဆိုလဲ ပြီးရော”

“ဒီည မင်းကို ဒုက္ခပေးမိလို့ တောင်းပန်တယ်”

“ဟေး မင်းငါ့ကို ကျေးဇူးတင်စရာ မလိုဘူး ဟုတ်ပြီလား။ ကောင်းပြီ ငါဖုန်းအရင် ချလိုက်မယ်။ ငါ့သူငယ်ချင်းနဲ့ အပြင်မှာမို့”

“ကောင်းပြီ”

ရှန်ရန်ချင်းရောက်သော အချိန်တွင် အခန်းထဲသို့ သူ ရောက်ရောက်ချင်းမှာပင် သူတို့လေးယောက်ကို တွေ့လိုက်သည်။

ချန်ရှားအပြင် တစ်ခြား မျက်နှာ မရင်းနှီးသော လူနှစ်ယောက်ကို သူ တွေ့လိုက်သည်။ အို မဟုတ်ဘူး အရင်က စုဟွေ့ အခန်းထဲမှာ တွေ့ဖူးပုံပေါ်သည်။

သို့သော်လည်း နန်ကော၏ အခန်းဖော် သုံးယောက်ကို တရားဝင် မဟုတ်သော်လည်း ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။

ချန်ရှားမှာ မနက်ဖြန် လုပ်စရာ ရှိသောကြောင့် ဒီညတွင် အများကြီး မသောက်ဘဲ သူမ၏ စိတ်မှာ ကြည်လင်နေဆဲဖြစ်သည်။

“ဥက္ကဠ ရှန်”

ရှန်ရန်ချင်း အချိန်ကိုက်‌ ရောက်လာသည်ကို သူမ အနည်းငယ် အံ့ဩနေ‌သည်။

ရှန်ရန်ချင်းက တုံ့ပြန်လိုက်ပြီး နန်ကောကို ကူညီကို လျှောက်သွားလိုက်သည်။ ထို့နောက် တစ်ခြားနှစ်ယောက်ကို ကူညီရန် ဧည့်ကြိုကို ခေါ်လိုက်သည်။

နန်ကောသည် အရက်မူးနေသော အချိန်တွင် အတော်လေး နာခံတတ်သည်။ သူမကို ရှေ့ခရီးသည်ခုံတွင် ထိုင်ရန် ကူညီပေးခဲ့သည်။ သူမသည် တစ်ချိန်လုံး ငိုယိုနေခြင်း သို့မဟုတ် ဇီဇာကြောင်ခြင်းများ မရှိပေ။ သူမ၏ အိတ်ကိုသာ တိတ်တဆိတ် ပိုက်ထားကာ မကြာခဏ သူ့ကို မိုက်ရူးရဲစွာ ပြုံးပြနေသည်။

သူမ၏ အပြုံးကို ကြည့်ကာ ရှန်ရန်ချင်းမှာ အနည်းငယ် ကူကယ်ရာမဲ့ ဖြစ်သွားသည်။ သူမ၏ မျက်နှာကို လက်ဖြင့် ညှစ်ကာ ညင်သာစွာ မေးလိုက်သည်။

“မင်း မူးနေတာလား”

သူမက ဖြေလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။

သို့သော်လည်း ပင်ကွင်းငယ်လေးသည် သူ၏ အသံကို ကြားနေရဆဲ ဖြစ်သည်။ အဆုံးမရှိသော ရေခဲမြစ်ပေါ်တွင် ထိုအသိုက်ကို ရုတ်တရက် တွေ့လိုက်ရသလို ဖြစ်နေသည်။

သူမ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာကာ သူမ၏ အိတ်ပေါ်ရှိ ချုပ်ကိုင်မှုများကို ဖြေလျော့လိုက်သည်။ အိတ်ပြုတ်ကျတော့မည်ကို တွေ့ကာ ရှန်ရန်ချင်းက အောက်ကို ငုံ့ကာ လှမ်းဆွဲလိုက်သည်။

သူ လှမ်းဆွဲလိုက်သည်နှင့် တစ်စုံတစ်ယောက်က သူ၏ လက်မောင်းကို ဆွဲလိုက်သည်။

ပင်ကွင်းလေးက မှီလိုက်ပြီး သူ၏ လက်မောင်းကို ညင်သာစွာ ပွတ်လိုက်သည်။

“ရှန်ရန်ချင်း ငါ နေသိပ်မကောင်းသလို ခံစားနေရတယ်”

ရှန်ရန်ချင်း ကြောင်သွားသည်။ ထို အသောက်ကြူးကလေးက သူ့ကို မှတ်မိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

ထို့နောက် သူ၏ ခန္ဓာကိုယ်ကို နိမ့်ကာ သူမနှင့် နီးအောင် ကိုင်းလိုက်သည်။

ထူးဆန်းသော အရက်နံ့က သူ၏ မျက်နှာကို ပုတ်ခတ်‌သွားသော်လည်း ချန်ယန်ချင်း၏ အမူအရာမှာ မပြောင်းလဲပေ။ သူသည် တစ်ခြား တစ်ဖက်မှ ပျားရည် အချို့ကို ယူလိုက်သည်။

“လာ ရေနည်းနည်းသောက်လိုက်”

နန်ကောသည် သူ့လက်ထဲမှ နည်းနည်းလေး ငုံလိုက်ပြီး ထပ်မသောက်ချင်သောကြောင့် သူမ၏ ခေါင်းကို ခါလိုက်သည်။

“ကိုယ် အရင် မောင်းလိုက်မယ်။ နောက်မှ အန်ချင်တာ ခံစားလို့ မကောင်းတာ ဆိုရင် ကိုယ့်ကို ခေါ်လိုက်။ ပြောတာကြားလား”

“အမ် ကောင်းပါပြီ”

ပင်ကွင်းလေးမှာ အလွန်တွယ်ကပ်နေသည်။ သူ၏ လက်မောင်းကို တွဲထားကာ မသွားနိုင်တော့ပေ။

ရှန်ရန်ချင်းသည် သူမကို အချိန် အတော်ကြာ ချော့လိုက်သည်။ အဆုံးတွင် သူမသည် သူ၏ ရနံ့ကို အလိုရှိနေမှန်း သဘောပေါက်သွားကာ သူ၏ အင်္ကျီကို ချွတ်ပြီး သူမကို ဖုံးပေးလိုက်သည်။ ပင်ကွင်းလေးသည် သူ၏ အင်္ကျီကို ဖမ်းကာ ထပ်မံ၍ မြန်မြန် တိတ်ဆိတ်သွားပြန်သည်။

135 02

သူမ၏ ထိုင်ခုံခါးပတ်ကို ကူညီပေးပြီးနောက် ရှန်ရန်ချင်းသည် ကားတံခါးကို ပိတ်ကာ ကားထဲသို့ ဝင်ရန် တခြား တစ်ဖက်ကို လမ်းလျှောက်လာလိုက်သည်။

ကားစက်နှိုးပြီးနောက် ကားနောက်ကြည့်မှန်ကို ကြည့်ကာ ကားထဲရှိ တစ်ခြားလူများနှင့် စကားပြောလိုက်သည်။

“မင်းတို့ရဲ့ အဆောင်က ပိတ်သွားပြီ။ အနီးအနားက ဟိုတယ်ကို မင်းတို့ကို လိုက်ပို့ပေးလိုက်မယ်။ မနက်ဖြန် မနက် ကျောင်းကို ပြန်သွားချင်တယ်ဆိုရင် ကောင်တာကို ပြောလိုက်။ မင်းတို့ကို ပြန်ပို့ပေးမဲ့ ကားတစ်စီး ရှိတယ်”

ချန်ရှားက မှတ်ထားလိုက်သည်။

“ကျေးဇူးတင်ပါတယ်။ ဥက္ကဌရှန်”

“ရပါတယ်”

ရှန်ရန်ချင်းက သူ၏ အကြည့်ကို ပြန်လည် ရုတ်သိမ်းလိုက်သည်။

“မင်း‌ဟိုတယ်ကို ရောက်တဲ့ အချိန်ကျရင် ပျားရည်နဲ့ အမူးပြေဆေး သူတို့ကို ပေးလို့ရတယ်နော်။ တကယ်လို့ မင်း တခြား လိုအပ်တာ ရှိရင်လဲ ကောင်တာကို ပြောလို့ ရတယ်။ တစ်ယောက်ယောက်က ပို့ပေးလိမ့်မယ်”

“သူတို့ကို ကူညီပြီး ဂရုစိုက်ဖို့ ငါဟိုတယ်ကို ပြောထားလိုက်မယ်”

ချန်ရှားက သူမ၏ ခေါင်းကို ခါလိုက်သည်။

“ကျွန်မ လုပ်နိုင်ပါတယ်။ နန်ကောက အတော်လေး တိတ်ဆိတ်နေပေမဲ့ တစ်ခြား နှစ်ယောက် အကြောင်းကိုတော့ သေချာ မပြောနိုင်သေးဘူး။ တစ်ခြားလူတွေ သူတို့ကို မကိုင်တွယ်နိုင်မှာကို ငါကြောက်တယ်။ ကျွန်မတို့ အတူတူ အိပ်လိုက်မယ်”

ရှန်ရန်ချင်းက ချက်ချင်း လက်ခံလိုက်သည်။

ဟိုတယ်က ထိုနေရာနှင့် သိပ်မဝေးပေ။ သူတို့ အလွန်မြန်မြန် ရောက်သွားသည်။

စုဟွေ့နှင့် ဖန်ယွမ်ယွမ်တို့ အလွန် ငြင်းခုန်နေကြကာ ချန်ရှား၏ နားထင်များ တုန်လှုပ်နေသည်။ ဟိုတယ် ဝန်ထမ်းများက သူတို့ကို ကြိုဆိုရန် ထွက်လာကြပြီး အသောက်ကြူး နှစ်ယောက်ကို အရင် လိုက်ပို့ရန် ကူညီပေးလိုက်သည်။

သူမ ထွက်လာသော အချိန်တွင် ချန်ရှားက နန်ကောကို မေ့မနေခဲ့ပေ။

ခရီးသည် ထိုင်ခုံကို သူမ ကြည့်လိုက်သော အချိန်တွင် ရှန်ရန်ချင်းသည် သူမကို စိတ်သက်သာအောင် ခေါင်းညိတ် ပြလိုက်သည်။

“ကျွန်တော် သူမကို နောက်မှ လိုက်ပို့လိုက်မယ်”

ချန်ရှားနှင့် ဟိုတယ် ဝင်ပေါက်မှ တစ်ခြားလူများကို ကြည့်ပြီးနောက် ရှန်ရန်ချင်းသည် သူ၏ အကြည့်ကို အရှေ့ခရီးသည် ထိုင်ခုံရှိ ပုံရိပ်ဆီသို့ ပြောင်းလိုက်သည်။

ပင်ကွင်းလေးသည် သူ၏ အင်္ကျီကို ဆွဲပြီး ကားပြတင်းပေါက်ကို မှီကာ အိပ်ပျော်နေသည်။

သူမ အများကြီး သောက်ထားတာ သိသာသည်။ သူမ၏ မေးစေ့နှင့် လည်ပင်းများ နီနေသည်။

ရှန်ရန်ချင်းသည် ထိုနေရာတွင် မလှုပ်မရှားပဲ အချိန်အတော်ကြာ ထိုင်နေသည်။ သူမကို ခဏတာ စိုက်ကြည့်နေသည်။

ဟိုတယ်မှ တစ်ခြား ကားတစ်စီး ဖြတ်သွားသော အချိန်တွင် ကားထဲမှ ထွက်ကာ နန်ကောကို ထူရန် ပြင်ဆင်လိုက်သည်။

သူ၏ အင်္ကျီကို ပေးလိုက်တာ ဖြစ်သောကြောင့် လေအေးက သူ၏ စွပ်ကျယ်နှင့် အင်္ကျီကို ဖြတ်သွားကာ သူ၏ အသားရည်ကို တင်းမာစေသည်။

ရှေ့ခရီးသည် ထိုင်ခုံ၏ တံခါးမှာ ပွင့်သွားသည်။ ထိုလူက ရှေ့ကို ကိုင်းလိုက်ပြီး သူမကို အောက်ချ ချင်သောကြောင့် ထိုင်ခုံ ခါးပတ်ကို ဖြုတ်လိုက်သည်။

သူ၏ လက်ကို နေရာချပြီးပြီးချင်းမှာပင် သူမ၏ မျက်တောင်များ အနည်းငယ် လှုပ်လာပြီး သူမ၏ မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာသည်ကို ရှန်ရန်ချင်း တွေ့လိုက်သည်။

နန်ကော၏ ရွှန်းစိုနေသော မျက်လုံးများနှင့် ဆုံသော အချိန်တွင် သူ၏ လက်များ အေးခဲသွားသည်။ သူ၏ လက်များကို ပြန်ရုတ်သိမ်းလိုက်ပြီး ဆက်မလုပ်‌ရဲတော့ပေ။

“မင်း နေလို့ မကောင်းသေးဘူးလား။ မင်းကို အိပ်ဖို့အတွက် ငါလိုက်ပို့ပေးရမလား”

ရှန်ရန်ချင်းသည် နန်ကော၏ လက်ရှိ အခြေအနေကို မပြောနိုင်သေးသောကြောင့် ပထမဦးဆုံး စမ်းသပ်ရုံသာ တတ်နိုင်သည်။

ကံကောင်းထောက်မစွာဖြင့် အဖိုးကြီး၏ နှလုံးသားကို ကျိုးပျက်သွားစေသည့် တစ်ခုခုကို မမေးခင် နန်ကောသည် သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။

“ရှင် ဘယ်သူလဲ”

135 03

စောနက သူမအိပ်ခင်အထိ သူ့ကို တစ်ချက်ကြည့်ယုံဖြင့် ရှင်းရှင်းလင်းလင်း မှတ်မိသည်။ ယခု သူနိုးလာတော့ သူမ သူ့ကို မမှတ်မိတော့ပေ။

အဘိုးကြီးက သက်ပြင်းချကာ သူ၏ ရင်ထဲရှိ ကျိုးပဲ့နေသော အပိုင်းအစများကို တိတ်တဆိတ် ကောက်ယူလိုက်သည်။ ၎င်းတို့ကို အတူတကွ ဖာထေးပြီးနောက် ပြောလိုက်သည်။

“ငါက ရှန်ရန်ချင်းပါ။ မင်းငါ့ကို မှတ်မိသေးလား”

“အာ”

သူ၏ နာမည်ကို ကြားသောအချိန်တွင် နန်ကော၏ မျက်လုံးများ တောက်ပလာသည်။ သူမ မှတ်မိသည်။

“ငါ့ကို မှတ်မိလား”

“အင်း ..အင်း”

သူမသည် အားကြိုးမာန်တက်နှင့် ခေါင်းညိတ်လိုက်ရာ သူမ၏ ခေါင်းပေါ်မှ ဆံချည်မျှင်များပါ လှုပ်ယမ်းသွားသည်။

“ဒါဆိုပြော ငါက မင်းအတွက် ဘာလဲ”

နန်ကောသူ့ကို လက်ပြလိုက်သည်။ ရှန်ရန်ချင်းသည် သူမ၏ ညွှန်ကြားချက်ကို လက်ခံကာ အနားတိုးလိုက်သည်။

နန်ကော၏ ဆံပင်ရှည်ကို လေပြင်းများ တိုက်ပြီးရင်း တိုက်နေသည်။ နန်ကော၏ ဆံပင်မှာ လှုပ်ခတ်သွားပြီး ထိုလူ၏ နားကို ညင်သာစွာ ပွတ်တိုက်သွားသည်။

ထိုလူ၏ မသိစိတ်က ဘေးသို့ ရှောင်ချင်နေသည်။ ထို့နောက် သူမ၏ နှုတ်ခမ်းကို ဖိကာ သူ၏ နားကို ဆွဲလိုက်သည်။ သူမက သူ့ကို အသံတိုးတိုးလေးနှင့် ပြောလိုက်သည်။

“ကျွန်မ ကျွန်မ ရှင့်ကို မပြောပြချင်ဘူး”

ရှန်ရန်ချင်း….

သူတို့၏ ပုံရိပ်များ ကွဲကွာသွားပြီးနောက် ရှန်ရန်ချင်းသည် ကားရှေ့တွင် ခါးထောက်ကာ ရပ်လိုက်ပြီး ပြုံးကာ သက်ပြင်းချလိုက်သည်။

“ဒါဆို နောက်တစ်ကြိမ်လား။ မင်းမှာ အခွင့်အရေးရှိတဲ့ အခါ ငါ့ကို ပြောပြ”

“အခု ပင်ကွင်းလေးက သွားပြီး နားသင့်ပြီ”

“ဟမ်”

နန်ကောသည် အနည်းငယ် စိတ်ပျက်သွားသည်။

“ဘာလို့လဲ။ တစ်ခြားပင်ကွင်းတွေကော အိမ်ပြန်ပြီး အိပ်ကုန်ပြီလား”

“ဟုတ်တယ်။ ဘေးကို ကြည့်လေ။ အထဲမှာ ပင်ကွင်းလေးဆိုလို့ မင်းတစ်ယောက်ပဲ ရှိတာမလား”

နန်ကော မျက်မှောင် ကြုတ်ကာ သူ့ကို ကြည့်လိုက်သည်။

“ဒါဆို ရှင်က ဘယ်သူလဲ။ ရှင်က ဘာလို့ မအိပ်တာလဲ”

အကြောင်းအရာက မယုံကြည်နိုင်စရာ ထပ်မံ ပြောင်းလဲသွားသည်။ ရှန်ရန်ချင်းက ထိုသို့ လုံးဝ မမျှော်လင့်ထားပေ။

သူက အဖြေမပေးခဲ့သော်လည်း နန်ကောက ဝီရိယ ရှိသည်။ သူသည် ထွက်ပြေး လွတ်မြောက်လာသော ပင်ကွင်းဟု သူမ ယုံကြည်သောကြောင့် သူမ၏ အသံကို နှိမ့်ကာ သူ့ကို သတိပေးလိုက်သည်။

“ပြေးတော့ မိသွားရင် ရှင် ချုပ်နှောင်ခံနေရဦးမယ်။ အချိန်ရောက်ရင် ရှင် ငါးခြောက်ကို တစ်ပတ်လောက် စားရမှာ မဟုတ်တော့ဘူး”

******

All Chapters