← Chapters

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း ၁၃၆

Vol. 14 Ch. 136

136 01

အပိုင်း (၁၃၆) သူ၏ နားရွက်များကို နမ်းခြင်း

ရှန်ရန်ချင်းသည် သူမ၏ အတွေး ရထားတွဲများ နောက်သို့ အကောင်းဆုံး လိုက်ကာ မေးလိုက်သည်။

“မင်းရော အဖမ်းခံရမှာ မကြောက်ဘူးလား”

နန်ကောသည် သူ့ရှေ့တွင် လက်များကို ဝှေ့ယမ်းပြလိုက်သည်။

“ငါက နင်နဲ့ မတူဘူး။ ငါက ခိုးထွက်လာတာ မဟုတ်ဘူး”

“ဟမ်”

“ငါ့ရဲ့ အိမ်စောင့်က ကိုယ်တိုင် လိုက်ပို့ပေးတာ။ ငါ့ရဲ့ အိမ်စောင့်က အရမ်းကို ကောင်းတာ”

ပင်ကွင်းလေးသည် သူမ၏ မျက်နှာပေါ်ရှိ ညစ်ညမ်းမှုများကို မဖုံးကွယ် ထားနိုင်တော့ပေ။ သူမ၏ လက်များကို ဝှေ့ယမ်းပြကာ အသိစိတ်ရှိနေသေးသည်။

“ဟေး အခု မြန်မြန်ပြေးတော့။ စိတ်မပူနဲ့။ ကျွန်မပြန်မ‌ပြောဘူး။ ပင်ကွင်းတွေလို ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ သစ္စာရှိရမယ်”

ဘုရားရေ….

ရှန်ရန်ချင်းသည် သူမကို ဘာမှ မလုပ်နိုင်တော့ဘဲ အတူသာ ကစား လိုက်တော့သည်။

“ဒါဆို ငါ့ကို မင်းရဲ့ အိမ်စောင့်လေးလို သဘောထားလိုက် ဟုတ်ပြီလား။ ငါမင်းကို နားဖို့ ပြန်ခေါ်သွားပေးမယ်။ နာခံပြီး အိပ်မယ်ဆိုရင် နိုးလာတဲ့ အချိန်ကျ ငါးခြောက်စားရမယ်”

“လာ ငါမင်းကို လိုက်ပို့ပေးမယ် ဟုတ်ပြီလား”

နန်ကောသည် သူ၏ စကားလုံးများကို မှတ်သားနေပုံပေါ်သည်။ သူမ၏ ခေါင်းကို ငုံ့ကာ စဉ်းစားလိုက်သည်။

သူမ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်ကို ရှန်ရန်ချင်း တွေ့လိုက်သည်။

“ရှင် ကျွန်မကို ခေါ်သွားတာကို မလိုချင်ဘူး။ ကျွန်မကို ကျောပိုးပါ”

“ရှင်ကျွန်မကို ကျောမပိုးဘူးဆိုရင် ဒီမှာပဲ နေပြီး မသွားတော့ဘူး။ နောက်မှ ကျွန်မကို ခေါ်မဲ့ ဝင်ရိုးစွန်းက ပိုလာဝက်ဝံကို ကျွန်မ စောင့်နေမယ်။ အဲဒါ ကောင်းတယ်”

“သူရဲ့ ပင်ကွင်းလေးကို ရှာရင်း မနက်ဖြန်မှာ ဘယ်လိုအိမ်စောင့်က ဒုက္ခတွေ များမလဲဆိုတာကို ငါအံ့ဩတယ်”

“ကောင်းပြီ ကောင်းပြီ ကောင်းပြီ”

၎င်းမှာ ရှန်ရန်ချင်းက နန်ကော သောက်တာကို ပထမဦးဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူမ မူးနေသော အချိန်တွင် သူမ၏ ဦးနှောက်သည် ပုံမှန်နည်းလမ်း မဟုတ်ဘဲ အလုပ်လုပ်နေသေးကာ သူမသည် တွေးခေါ်နိုင်စွမ်းရှိပြီး မမိုက်မဲသေးကြောင်းကို ပထမဦးဆုံး အကြိမ် သူသိလိုက်ရသည်။

သူသည် ပြုံးကာ ငုတ်တုတ်ထိုင်လိုက်သည်။ သူ၏ ခေါင်းကို လှည့်ပြီး သူမ၏ ပခုံးကို ပုတ်လိုက်သည်။

“လာ တက်။ အိမ်စောင့်က ပင်‌ကွင်းလေးကို အိပ်ဖို့ ခေါ်သွားပေးမယ်”

“ဟမ် ဟမ်း”

ဘာစကားမှ မပြောပဲ နန်ကောက သူ၏ အင်္ကျီကို ဆွဲကာ သူ၏ နောက်ကျောပေါ်သို့ တက်လိုက်သည်။

ရှန်ရန်ချင်းသည် ထကာ သူမကို ဟိုတယ်သို့ လိုက်ပို့ချင်သည်။ နန်ကောသည် ဟိုတယ်၏ ဝင်ပေါက်တွင် တပ်ထားသော ဆိုင်းဘုတ်ကို ကြည့်ကာ အနည်းငယ် ရုန်းကန်လိုက်သည်။

“ကျွန်မ အဲဒီကို မသွားချင်ဘူး”

ထိုလူက ခဏတာ ရပ်တန့်သွားသည်။

“ဒါဆို မင်းဘယ်ကို သွားမှာလဲ။ မင်း အိပ်ချင်တာဆိုရင် ငါတို့ အပေါ်ထပ်ကို သွားရမှာမလား”

“အို”

သိပ်ကောင်းတဲ့ မေးခွန်းပဲ။

နန်ကောသည် သူမ ဘယ်သွားချင်လဲ ဆိုတာကို သူမ မသိပေ။

သို့သော်လည်း သူမ၏ မသိစိတ်က ရှန်ရန်ချင်းအား သူမကို ကျောပိုး ခိုင်းစေချင်သည်။

သူတို့ဟော့ပေါ့ စားပြီးကတည်းကပင် ထိုအတွေးက သူမ၏ စိတ်ထဲတွင် ရစ်ဝဲနေသည်။ သို့သော်လည်း သူမက ထိုအရာကို ထုတ်မပြောရဲပေ။ ယခု သူမ မူးနေမှသာ သူမ လုပ်ချင်တာကို လုပ်နိုင်သည်။

“မင်းက ဘယ်ကို သွားချင်တာလဲ”

ရှန်ရန်ချင်းသည် သူမကို ကျောပိုးကာ အရေးမကြီးပဲ စိတ်ရှည်ရှည်နှင့် မေးလိုက်သည်။

သဘာဝ ကျကျပြောရလျှင် အသောက်ကြူးလေး၏ ညွှန်ကြားချက်များကို သူ နားမထောင်သင့်ပေ။ ထိုအချိန်တွင် သူမကို အပေါ်ကိုသာ တိုက်ရိုက်ပို့သင့်သည်။

သို့သော်လည်း ၎င်းမှာ အရက်မူးနေသော နန်ကောနှင့် ပထမဦးဆုံး အကြိမ် ထိတွေ့ခြင်းလည်း ဖြစ်သည်။

သူသည် အချိန်မရွေး လက်ဆွဲ နှုတ်ဆက်နိုင်သော သူဌေး ဖြစ်သော်လည်း သူ ထွက်သွားပြီးနောက် ဘာတွေဖြစ်ပျက်လာနိုင်မလဲ။

136 02

အသောက်သမားများက အလွန် ထိလွယ်ရှလွယ်သည်ဟု ဆိုကြသည်။ နန်ကောလည်းပဲ ငိုယိုပြီး ပြဿနာ ရှာမှာလား။

သူက တခြားသူတွေ‌ထက် အခက်အခဲ မရှိတာ မဟုတ်ဘူး။ ထို့အပြင် သူမ၏ အတန်းဖော်များကလည်း သောက်ထားကြသည်။

အနည်းဆုံးတော့ ထွက်မသွားခင် သူမကို အိပ်ရန် ချော့ရမည် ဖြစ်သည်။

“မသိဘူးလေ”

နန်ကောသည် သူ၏ ပခုံးကို မှီလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးများကို မှိန်းလိုက်သည်။

ရှန်ရန်ချင်းသည် သူမ၏ အတွေး ရထားတွဲကြီး နောက်ကို လိုက်ကာ ဂရုတစိုက် တွေးလိုက်သည်။ သူက ပြောလိုက်သည်။

“ကောင်းပြီ။ အခု အထဲကို မသွားတော့ဘူး။ ကိုယ်မင်းကို ကျောပိုးပြီး လျှောက်သွားမယ်။ ပြီးတော့ မင်း ပင်ပန်းတဲ့ အချိန် အထဲကို ပြန်သွားမယ် ဟုတ်ပြီလား”

ထိုသို့ ကြားပြီးနောက် သူ၏ ပခုံးပေါ်မှ ခေါင်းသေးသေးလေးက မော့ကြည့်လိုက်သည်။

“ကောင်းပြီလေ”

နန်ကောလည်းပဲ ထိုကဲ့သို့ တွေးနေသည်။

ရှန်ရန်ချင်းက ဦးတည်ရာကို ပြောင်းလိုက်သည်။

ဟိုတယ်၏ နှစ်ဖက်စလုံးမှာ လမ်းသေးသေးလေး ရှိသည်။ လိမ္မော်ရောင် မီးရောင်အောက် သစ်ပင်ရိပ်များ ကြားထဲတွင် သူလမ်းလျှောက်နေသည်။ ထိုလူက သူမကို ရှေ့သို့ ကျောပိုးသွားသည်။

“အေးနေပြီလား”

“ဟင့်အင်း”

နန်ကောက သူမ၏ ခေါင်းကို ခါလိုက်သည်။ သူဝတ်ထားသော ရှပ်အင်္ကျီ ပါးပါးလေးကို တွေ့ကာ မြန်မြန်မေးလိုက်သည်။

“ရှင်အေးနေပြီလား”

“ငါလည်း မအေးပါဘူး”

“ကောင်းပါပြီ”

နန်ကောက သူ၏ လည်ပင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး သူမ၏ မျက်နှာကို လည်ပင်းထဲတွင် မြှုပ်ထားလိုက်သည်။

“1ကို လုပ်မလား”

သူက ရယ်လိုက်သည်။

သူ့တွင် ရေမွှေးသုံးသော အလေ့အကျင့် ရှိသော်လည်း ၎င်းမှာ ကျင့်ဝတ်အရ ဆွဲဆောင်နေသည်။ သူ၏ လက်ကိုင်ပုဝါပေါ်တွင် ရေမွှေးကို အများဆုံး သုံးလေ့ရှ်ိသည်။

“ဟုတ်တယ် အဲဒါကို ကျွန်မအရမ်း ကြိုက်တယ်”

သူ၏ ရေမွှေးအနံ့ကို သူမ ကြိုက်သောကြောင့် ထိုကဲ့သို့ ပြောနေသည်ကို ရှန်ရန်ချင်း သိသော်လည်း ၎င်းကို သူကြားသော အချိန်တွင် မနေနိုင်တော့ပဲ ရပ်လိုက်သည်။

သူ ရပ်သွားတာကို အာရုံခံက နန်ကောက စိတ်ရှုပ်ထွေးစွာ မော့ကြည့်လိုက်သည်။ သူသည် သစ်ပင်၏ ယိမ်းနွဲ့နေသော အရိပ်အောက်တွင် ရပ်နေပြီး သူမကို လှည့်ကြည့်လိုက်သည်။

မျက်မှန်ကို ဖြတ်ကာ သူမသည် သူ၏ မျက်လုံးများကို ဂရုတစိုက် ကြည့်နေသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမသည် မနေနိုင်တော့ပဲ သူမ၏ လက်ကို မြှောက်ကာ လေ၏ အလယ်တွင် ရုတ်တရက် ရပ်လိုက်သည်။

“ဟမ်”

ရှန်ရန်ချင်း၏ သူငယ်အိမ်များမှာ မဲမှောင်နေသည်။ အချို့ မှော်စွမ်းအားများက သူတို့ကို သူမနှင့် နီးကပ်အောင် ရေးဆွဲထားသလိုပင် ဖြစ်သည်။

“ရှန်ရန်ချင်း”

သူမသည် သူ၏ မျက်လုံးထဲသို့ ကြည့်ကာ သူ့ကို ညင်သာစွာ ခေါ်လိုက်သည်။

“ကိုယ် ဒီမှာလေ”

“အခု ရှင်မျက်မှန် မဝတ်ထားလို့ ရမလား”

သူက မငြင်းပယ်ပဲ ပြောလိုက်သည်။

“မင်း ကိုယ်ကို ကူပြီး ချွတ်ပေးလိုက်လေ”

သူပြောသလို သူ၏ မျက်မှန်ကို ချွတ်လိုက်တယ်။

သူမ မြင်ချင်နေသော မျက်မှန် မကာထားသည့် သူ၏ မျက်လုံးများကို သူမ နောက်ဆုံးတွင် တွေ့လိုက်သည်။

သူမ၏ ရုတ်တရက် အပြုံးများကို တွေ့ကာ ရှန်ရန်ချင်းက မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် စဉ်းစားမရ ဖြစ်သွားသည်။

“မင်း ဘာကို ရယ်နေတာလဲ”

နန်ကောသည် သူ၏ လက်များကို မြှောက်ကာ သူ၏ မျက်တောင်များကို ထိလိုက်သည်။

“ဟား ရှင့်ရဲ့ မျက်လုံးထဲမှာ ကြယ်တွေရှိနေတာကို ကျွန်မသိတယ်”

“နောက်ဆုံးတော့ သူတို့ကို တွေ့ပြီ”

ရှန်ရန်ချင်းသည် နန်ကောကို ဟိုတယ်သို့ ပြန်မပို့ခင် ညသန်းခေါင် ရှိတော့မည် ဖြစ်သည်။

ချန်ရှားနှင့် တစ်ခြားလူများ အိပ်တော့မည်ကို စိုးရိမ်ကာ ဘေးအခန်းရှိ တစ်ခြား အခန်းကို ကြိုတင်မှာထားပြီး နန်ကောကို ချထားလိုက်သည်။

136 03

နန်ကောက အိပ်ပျော်နေပြီ ဖြစ်သည်။ သူမသည် အပြင်တွင် အချိန်အတော်ကြာ ဖြုန်းတီးပြီး ပင်ပန်းနေပုံပေါ်ကာ အိပ်ရာပေါ် ချတာတောင်မှ မနိုးတော့ပေ။ သူမသည် ခေါင်းအုံးကို ဆွဲလိုက်ပြီး ဆက်အိပ်နေသည်။

ရှန်ရန်ချင်းသည် သူမ၏ ကုတ်အင်္ကျီကို ထားလိုက်ပြီး ဖိနပ်ကို ချွတ်ကာ နားဖို့ မထိုင်ခင် မီးကို ပိတ်လိုက်သည်။

နန်ကောသည် သူမ သောက်ထားသော အချိန်တွင် တကယ်ကို တက်ကြွ‌နေသည်။

သူသည် သူမကို ကျောပိုးကာ ဟိုတယ်ကို အချိန်အနည်းငယ် ပတ်ထားသည်။ လမ်းတစ်ဝက်တွင် အိပ်ပျော်သွားမှာကို ကြောက်သောကြောင့် သူက အဝေးကြီးကို မသွားရဲပေ။

သူမ မကြာခင် အိပ်ပျော်သွားနိုင်သည်ဟု သူ တွေးသော်လည်း လမ်းပေါ်တွင် သူ့ကို စကားပြောနေပြီး သူ၏ နားကို မကြာမကြာ ထိနေသည်။

သူ့ကို စကားပြောရန် အနီးသို့ မှီလိုက်သော နှစ်ကြိမ်တွင် သူမ၏ နှုတ်ခမ်းများက သူ၏ နားနှင့် ဖိထားပြီးသား ဖြစ်နေသည်။

ထိုအထိအတွေ့ကို တွေးမိကာ ရှန်ရန်ချင်းက ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်သည်။ သူ၏ သက်တောင့်သက်သာ မရှိသော လည်စည်းကို ဖြေလိုက်ပြီး သူ၏ နားကို ထိလိုက်သည်။

စားပွဲတင် မီးအိမ်၏ အလင်းရောင် အောက်တွင် သူ့လက်ချောင်း ထိပ်ရှိ အနီရောင်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ပထမတော့ သူမျက်မှန် ဝတ်မထားသောကြောင့် မဟုတ်တာတွေ မြင်နေရသည်ဟု တွေးနေသည်။ သူက ထပြီး ရေချိုးခန်းထဲသို့ မှန် ကြည့်ရန် သွားလိုက်သည်။ ထို့နောက် သူ၏ နားနှင့် လည်ပင်းတွင် အနီကွက် အများကြီး ရှိနေသည်ကို သတိထားမိသွားသည်။ ဟမ် ….

ဒါဘာတွေလဲ။

ရှန်ရန်ချင်းသည် သူ၏ လက်ချောင်းပေါ်ရှိ အနီကွက်များကို ထိလိုက်ပြီး အနီရောင်များက မှိန်ဖျော့သွားသည်။

ညနေခင်းက နန်ကောကို ခေါ်လာသော အချိန်က မြင်ကွင်းကို သူတွေးလိုက်သည်။ အိပ်ဆောင်ကို ပြန်ပြီး ဆင်းလာသော အချိန်တွင် သူမ၏ နှုတ်ခမ်းမှာ တစ်ခုခု ကွဲပြားနေသည်။

နှုတ်ခမ်းနီ။

၎င်းမှာ သူ့ကို နမ်းပြီးနောက် နန်ကော ချန်ထား‌ခဲ့သော နှုန်ခမ်းနီ…..

ထိုမှသာ စားပွဲရှေ့ရှိ ဝန်ထမ်းနှစ်ယောက်က သူ၏ နားကို ဘာကြောင့် စိုက်ကြည့်နေလဲ ဆိုတာကို နားလည်သွားသည်။

သူ၏ နောက်ကျောပေါ်တွင် အိပ်ပျော်နေသော ပင်ကွင်းသေးသေးလေးကို သူတို့ အကဲဖြတ်နေသောကြောင့် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။

အဆုံးတွင် သူ၏ ခေါင်းကို လှည့်ပြီး ရှပ်အင်္ကျီ၏ ကော်လံကို ဆွဲချလိုက်သည်။ သူတို့က အဲဒါကို ကြည့်နေတာလား။

၎င်းကို တွေးကာ အဘိုးကြီးက သူ၏ မျက်လုံးများကို ပိတ်ပြီး ကူကယ်ရာမဲ့စွာ ဖွင့်လိုက်သည်။ ပုဝါဖြင့် သူ၏ နားနှင့် လည်ပင်းကို သုတ်ပြီး ဘုံပိုင်ခေါင်းကို နှိပ်ကာ ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။

ဂနာမငြိမ်သော ညတစ်ည ဖြစ်ရန် ရည်မှန်းထားသည်။

ဟိုင်မြို့၏ တစ်ခြား တစ်ဖက်တွင် အောက်ထပ်ရှိ ကားထဲတွင် ရှိနေသော နန်ကျဲ့ကို အပေါ်ထပ်မှ ချီယန်က ကြည့်နေသည်။

******

All Chapters