← Chapters

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း ၁၃၇

Vol. 14 Ch. 137

137 01

အပိုင်း (၁၃၇) သူ၏ ရည်းစားဟောင်း ကောင်မလေး

နန်ကျဲ့သည် ထွက်သွားပြီးမှ ဘာကြောင့် ပြန်လာလဲ ဆိုတာကို ချီယန် မသိပေ။

သူတို့ နှစ်ယောက်သည် အပြန်အလှန် နားလည်မှုရှိကာ တစ်ယောက်နှင့် တစ်ယောက် မနှောက်ယှက်ကြပေ။

တစ်ယောက်က အောက်ထပ် ကားထဲတွင် ထိုင်ကာ ဆေးလိပ်သောက်နေပြီး တစ်ယောက်က လသာဆောင်၏ နောက်တွင် ပုန်းကာ မိန်းမောတွေဝေနေသည်။

မနက် သုံးနာရီ လောက်မှ အောက်ထပ်ရှိ ကားထွက်သွားသော အရိပ်အယောင်ကို ပြတော့သည်။

ချီယန်၏ မျက်ခုံးများ ဖြေလျော့သွားသည်။ ကားပျောက်ကွယ် သွားပြီးနောက် သူမက ချက်ချင်း မထခဲ့ပေ။

အချိန် အတော်ကြာအောင် စောင့်ပြီး တစ်ဖက်လူ ပြန်မလာတော့တာကို အတည်ပြုပြီးမှသာ သူမ သက်ပြင်းတစ်ချက် ချလိုက်သည်။

နာကျင်သောကြောင့် ရှုံ့မဲ့နေပြီး သူမ၏ ကျောကို ကိုင်ကာ ထပြီးနောက် တောင့်တင်းနေသော သူမ၏ ခြေလက်များကို လှုပ်ယမ်းလိုက်သည်။

သူမသည် ကမန်းကတန်း ကိုယ်လက် ဆေးကြောလိုက်ပြီး အိပ်ရာပေါ်သို့ တက်လိုက်သည်။

အကြောင်းပြချက် အချို့ကြောင့် သူမသည် ကိုယ်လက်ဆေးကြောပြီးနောက် အတော်ကြာ အိပ်မပျော်ခဲ့ပေ။

သူမ၏ စိတ်ထဲတွင် ပြတင်းပေါက်မှ ကားထွက်‌သွားသော မြင်ကွင်းဖြင့် ပြည့်နေသည်။

သူမ ခံစားနေရတာတွေကို ပြောမပြနိုင်ပေ။

သူထွက်သွားတာကို ကြည့်ပြီး သူမ အနည်းငယ် စိတ်သက်သာရာ ရသွားသော်လည်း သူမ၏ ရင်ထဲတွင် အနည်းငယ် ဗလာကျင်း ဖြစ်သွားသည်။

မေ့လိုက်တော့။ ထိုအကြောင်းကို ထပ်မတွေးတော့ဘူးဟု သူမ ဆုံးဖြတ်လိုက်သည်။

သူမသည် အိပ်ရာထဲတွင် လှဲလိုက်ပြီး မျက်လုံးများကို မှိတ်ကာ မြန်မြန် အိပ်ပျော်သွားအောင် ကြိုးစားလိုက်သည်။

၁၅မိနစ် ကြာပြီးနောက် သက်ပြင်းချလိုက်ကာ လုံးဝ အိပ်မပျော်နိုင်တော့ပေ။

သူမ၏ ဘေးနားရှိ ဖုန်းကို ကောက်ယူလိုက်ပြီး ပျင်းရိစွာ အက်ပ် အနည်းငယ်ကို ရွှေ့နေပြီး နောက်ဆုံးတွင် Weiboကို ဖွင့်လိုက်သည်။

သူမသည် ဖျော်ဖြေရေး နယ်ပယ်ထဲကဟု ယူဆထားသောကြောင့် ဖျော်ဖြေရေး အတင်းအဖျင်းများကို ရံဖန်ရံခါ အာရုံစိုက်ခဲ့သည်။

ထိပ်တန်း ရေပန်းစားနေသော အကြောင်းအရာကို မြင်သော အချိန်တွင် ချီယန်၏ ကျဆင်းနေသော မျက်ခွံများ ချက်ချင်း ပွင့်လာသည်။

စပ်စုချင်စိတ်များ နိုးကြားလာသည်။

သူမသည် ၎င်းကို ဖွင့်ရန် မစောင့်နိုင်တော့ပေ။ ထို့နောက် ထိပ်တန်း ရေပန်းစားနေသော အကြောင်းအရာကို သူမ တွေ့လိုက်သည်။

{ရှောင်ရှောင် ၏ အချစ်ရေးကို ဖော်ထုတ်ခံထားရသည်။}

ရှောင်ရှောင်လား။ သူမက တကယ်တော့ အသိမိတ်ဆွေ တစ်ယောက်ဖြစ်သည်။

ထိုဟာက အဆုံးသတ် မဟုတ်ပေ။ ဒုတိယ ရေပန်းစားနေသော အကြောင်းအရာ ပြီးပြီးချင်း နာမည်မှာ ပို၍ပင် ရင်းနှီးနေသည်။

{နန်ကျဲ့သည် ရှောင်ရှောင်နှင့် ချိန်းတွေ့နေသည်ဟု သံသယ ရှိခံနေရသည်}

တတိယ ခေတ်စားနေသော အကြောင်းအရာမှာ

{ နန်ကျဲ့နှင့် ချီကျား၏ အချစ်ရေးကို ပြန်ပြောနေခြင်း ဖြစ်သည်}

ခေတ်စားနေသော ခေါင်းစဉ် သုံးခုကို စုစည်း မြင်ရခြင်းက ချီယန်ကို စိတ်ပျက်သွားစေသည်။

နန်ကျဲ့၊ ရှောင်ရှောင် နှင့် ချီကျား။

သူတို့ကို ခွဲခြား ကြည့်လိုက်သော အချိန်တွင် နာမည် သုံးခုလုံးကို သူမ မှတ်မိနေသည်။

နန်ကျဲ့သည် သူမ၏ အတန်းဖော်ဟောင်း ဖြစ်ကာ အစ်ကိုကောင်း ဖြစ်သည်။

ရှောင်ရှောင်မှာ သူမနှင့် မနေ့က အလုပ် တွဲလုပ်ခဲ့သော အနုပညာရှင် ဖြစ်သည်။ သူမသည် မျိုးဆက်သစ် မင်းသမီး တစ်ဦးဖြစ်သည်။

မနေ့က လက်ဝတ်ရတနာ အဖြစ်အပျက်ကြောင့် ချီကျားနှင့် ခဏတာ ဆက်သွယ်ခဲ့သော်လည်း သူမနှင့် သိပ်မရင်းနှီးပေ။ နောက်ဆုံးတော့ သူမဟာ A-list၏ မင်းသမီး တစ်ဦးဖြစ်ပြီး ဖက်ရှင်နှင့် အနုပညာ အသိုင်းအဝိုင်း၏ ခေါင်းဆောင်လည်း ဖြစ်သည်။ ချီယန်သည် သူမနှင့် ပူပေါင်းဖို့ အခွင့်အရေး မရသေးပေ။

သို့သော်လည်း သူတို့ သုံးယောက်လုံးကို အတူတူ တွေ့လိုက်ရတော့ သူမ အနည်းငယ် စိတ်ရှုပ်သွားသည်။

သူတို့ သုံးယောက်ဟာ တစ်နည်းနည်းနှင့် ဆက်စပ်နေတာများလား။

သူမ ဘာကြောင့် ရုတ်တရက် နားမလည်တာလဲ။

ပထမဦးဆုံး ရေပန်းစားနေသော ခေါင်းစဉ်ကို နှိပ်ပြီးနောက် ဈေးကွက် ရှာဖွေရေး အကောင့်မှ ရေးထားသော ဆောင်းပါးကို မြန်မြန် တွေ့လိုက်သည်။ ရှောင်ရှောင်၏ အလုပ်မှာ နန်ကျဲ့ လာလည်သော ဓာတ်ပုံဖြစ်သည်။ ရှောင်ရှောင် အတွက်တော့ သူက သူ့ရည်းစားဟောင်း ချီကျားကို အရှက်ရစေသည်။ ဆောင်းပါးတစ်ခုလုံးက အမှန်တကယ်ကို ရိုးရှင်းလွန်းသည်။ ၎င်းမှာ မနေ့က လက်ဝတ်ရတနာ အကြောင်းဖြစ်သည်။

ဆောင်းပါးထဲတွင် ချီကျားသည် ထိုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်ဟု ဝေဖန်ပြီး စွပ်စွဲခံနေရသည်။

137 02

သူမသည် ထိုလက်ဝတ်ရတနာနှင့် ပတ်သတ်သော အရာအားလုံးကို ဖြည့်ဆည်းပေးသည်။ ၎င်းမှာ တစ်ဖက်လူရဲ့ ဆောင်းပါးကို ရေးသားထားခြင်းမျိုး မဟုတ်ပေ။ သူမသည် နန်ကျဲ့ကို ကူညီရန် တောင်းဆိုခဲ့သူ ဖြစ်သည်။ ရှောင်ရှောင်နှင့် ဘာမှ မဆိုင်ပေ။

သို့သော်လည်း ချီယန်၏ အာရုံ စူးစိုက်မှုမှာ အခုလိုတော့ မဟုတ်ပေ။

ဆောင်းပါးတွင် အဓိက သော့ချက်ကို ဖော်ပြခဲ့သည်။

{ရည်းစားဟောင်း ချီကျား}

ဒါက ဘယ်လို အတင်းအဖျင်း မျိုးလဲ။

သူတို့သည် ဒုတိယနှင့် တတိယ နာမည်ကြီးနေသော ခေါင်းစဉ်ကို နှိပ်လိုက်ပြီး အမျိုးမျိုးသော အင်တာနက် သုံးစွဲသူများ၏ ကောမန့်များကို ဖြေးဖြေးချင်း ဖတ်ကြည့်နေသည်။

[နန်ကျဲ့က သူမကို စွန့်ပစ်ခဲ့လို့ ရှောင်‌ရှောင်ကို လက်စားချေဖို့အတွက် ချီကျားက ဒီလိုမျိုး လုပ်ခဲ့တာလား]

[စလာပြီ နန်ကျဲ့နဲ့ ချီကျားက ဘယ်‌တုန်းက တွေ့လိုက်ကြတာလဲ။ နန်ကျဲ့က ဝန်ခံပြီးပြီလား။

ဓာတ်ပုံ အတူတူ ရိုက်ထားတာကော ရှိလား။ ဘယ်လို အဓိပ္ပာယ် မရှိတာတွေလဲ]

[သူတို့က မတွဲဖူးဘူး ဆိုတာ ဘာအဓိပ္ပာယ်လဲ။ နန်ကျဲ့က တစ်ချို့သော ဆုပေးပွဲတွေမှာ ချီကျားအတွက် မတ်တပ်ရပ်ပေးခဲ့ပြီး သူ့မိန်းကလေးအတွက် ဒေါသအိုးတွေ ပေါက်ကွဲခဲ့သေးတယ်။ မင်းအား လုံးကို မေ့သွားတာလား။]

[အရင်က နန်ကျဲ့နဲ့ ချီကျားက တွဲခဲ့တာ ဟုတ်ဟုတ် မဟုတ်ဟုတ် အခုတော့ နန်ကျဲ့က ရှောင်ရှောင်နဲ့ တကယ်ကို တွဲနေတဲ့ ပုံပဲ]

မနေ့က အဖြစ်အပျက်တွေထဲမှာ ပါဝင်ခဲ့တဲ့ ပါတီများထဲက တစ်ခု ဖြစ်တဲ့ ချီကျားက နန်ကျဲ့နှင့် ရှောင်ရှောင်တို့ တစ်ယောက်ကို တစ်ယောက် လုံးဝ မသိတာ သေချာသည်။

နန်ကျဲ့သည် လက်ဝတ်ရတနာများ ပေးပြီးနောက် အလည်အပတ်သွားခဲ့ခြင်း လုံးဝ မရှိသောကြောင့် ဖြစ်သည်။ ထိုနေ့က သူမ ဘယ်အနုပညာရှင်နှင့် အလုပ်လုပ်နေလဲ ဆိုတာကို သူမမေးခဲ့ပေ။

သို့သော် ချီကျား.

ကောမန့်ထဲရှိ လူတိုင်းက အခြေအမြစ် မရှိသလို သဘောမျိုး လုပ်ကြသည်။

ချီယန်သည် လေးနက်လာပြီး ချီကျားနှင့် နန်ကျဲ့၏ သူမမိန်းကလေး အတွက် ဒေါသပေါက်ကွဲခဲ့သော ဂန္တဝင် မြင်ကွင်းကို ကောလဟာလများအတွက် ချက်ချင်း ရှာ‌ဖွေခဲ့သည်။

ထိုအရာများကို အင်တာနက်မှ သဘာဝအတိုင်း ဖယ်ရှား၍ မရနိုင်ပေ။

မိနစ်အနည်းငယ် အတွင်း သူမရှာနေတာကို တွေ့လိုက်သည်။

အင်တာနက် သုံးစွဲသူများ ပြောသလို ချီကျားသည် နန်ကျဲ့၏ နာမည်အောက်ရှိ အနုပညာ ကုမ္ပဏီ၏ သရုပ်ဆောင် ဖြစ်သည်။ သူမသည် အနုပညာ ကုမ္ပဏီ ထဲတွင် ပထမဦးဆုံး အနုပညာရှင်လဲ ဖြစ်သည်။ ကုမ္ပဏီ၏ တည်ထောင်သော ပထမ နှစ်ထဲတွင် ကုမ္ပဏီ၌ အနုပညာရှင် တစ်ယောက်တည်းသာ ရှိသည်။

အလုပ်ရုံ သေးသေးလေးသာ ဖြစ်မည်ဆိုလျှင် ဘယ်သူမှ အံ့ဩလိမ့်မည် မဟုတ်ပေ။

နန်ကျဲ့သည် လုပ်ငန်းထဲမှ မဟုတ်သော်လည်း လူသိများသော ပုံစံဖြစ်သည်။ သူ့အခြေအနေနှင့် အနုပညာရှင် တစ်ယောက်ထက် ပို၍ ပျိုးထောင်နိုင်သည်။

ထို့ကြောင့် သူသည် ကုမ္ပဏီတစ်ခု ဖွင့်တာ မဟုတ်ဘဲ ချီကျားနှင့် လက်မှတ်ရေးထိုးဖို့ဟု လူတိုင်းက ခံစားနေရသည်။ ထို့အပြင် ချီကျားကို တွေ့ပြီးမှသာ ကုမ္ပဏီကို တည်ထောင်ခဲ့တာဟု လူတွေက ခံစားနေရသည်။

ပြတ်ပြတ်သားသား ပြောရလျှင် နန်ကျဲ့၏ ကောင်မလေးက သူမကိုယ် သူမ နာမည်ရအောင် လုပ်ချင်သည်။ နန်ကျဲ့သည် လက်ဝှေ့ယမ်းလျက် သူမကို ကူညီရန် ကုမ္ပဏီကို စတင်ခဲ့သည်။

ထိုရှင်းလင်းချက်က အတော်လေး ကျိုးကြောင်းဆီလျော်သည်။ ထို့အပြင် အင်တာနက် သုံးစွဲသူများသည် သူတို့ ချိန်းတွေ့သော အကြံဉာဏ်ကို သဘောကျသောကြောင့် လူအများအပြားက ထိုအကြံဉာဏ်ကို ဝယ်ယူခဲ့သည်။

အထူးသဖြင့် ချီကျားကိုယ်တိုင်က အလုပ်ကြိုးစားကာ အဆုံးမဲ့ အရင်းအမြစ်များ ရှိသည်။ သူမ၏ သရုပ်ဆောင် စွမ်းရည်နှင့် ရုပ်ရည်မှာလည်း အလွန်ကောင်းမွန်သည်။ မကြာသေးခင်က ရုပ်မြင်သံကြား ဒရမ်မာက အသုံးပြုသော A-lister တစ်ဦး ဖြစ်လာသည်။

ထိုရုပ်မြင်သံကြား ဒရမ်မာ ကြောင့်လဲ ချီကျားကို ထိုဆုနှင့် ထိုက်တန်သည်ဟု လုပ်ငန်းထဲက လူများက ခံစားကြရသည်။ ချီကျားနှင့် နန်ကျဲ့ တောင်မှလည်းပဲ ထိုကဲ့သို့ ခံစားရသည်။

သို့သော်လည်း ချီကျားသည် မမျှော်လင့်ပဲ ဆုကို မရလိုက်ပေ။ နောက်ဆုံးတွင် နန်ကျဲ့သည် ဆုပေးပွဲ အခမ်းအနားတွင် ရုန်းရင်းဆန်ခတ် လုပ်မှုကြောင့် အဖမ်းခံလိုက်ရသည်။

137 03

ကံမကောင်းစွာဖြင့် ထိုဖြစ်ရပ်၏ ဗီဒီယို အပိုင်း အပြည့်အစုံကို ဘယ်နေရာမှာမှ ရှာမတွေ့ပေ။ စီစဉ်သူများက ဖျက်လိုက်တာ ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော်လည်း ချီယန်သည် တစ်ခြားလူများ တင်ထားသော ဗီဒီယိုကို ဆက်လက် ရှာဖွေရန် စီစဉ်နေဆဲဖြစ်သည်။

ဗီဒီယိုမှာ ခပ်ဝါးဝါး ဖြစ်နေသော်လည်း နန်ကျဲ့ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနေနိုင်သည်။

မျက်နှာပြင်ပေါ်တွင် အနက်ရောင် ဝတ်စုံ ဝတ်ထားသော အမျိုးသမီးက ဒေါသတစ်ကြီးနှင့် ထွက်သွားသည်။ ထို့နောက် ချက်ချင်းပင် အလွန်ကောင်းမွန်သော ပွဲတက် ဂါဝန်ကို ဝတ်ထားသော အမျိုးသမီးက သူ၏ နောက်မှ ပြေးလိုက်သွားသည်။

ဗီဒီယို ဖိုင်၏ အရည်အသွေးမှာ မှုန်ဝါးသော်လည်း နားမလည်နိုင်စွာဖြင့် စစ်ထုတ်ထားပုံ ပေါ်သည်။ နောက်ခံ တေးဂီတ အချို့နှင့် အတူ idol ဒရမ်မာ ကဲ့သို့ပင် ခံစားနေရသည်။

ဗီဒီယိုမှာ အနည်းဆုံး ဆယ်စက္ကန့် ကျော်သာ ကြာသည်။ အဆုံးတွင် ရပ်သွားကာ အလိုအလျောက် ထပ်ပြန်စနေသည်။

ချီယန်သည် ဗီဒီယိုကို မရပ်ပဲ အကြိမ်၂၀ ကျော်အောင် ဂရုတစိုက်နှင့် ကြည့်နေသည်။

အစကတော့ စပ်စုချင်စိတ်ကြောင့် ဗီဒီယိုကို ရိုးရိုးတန်းတန်း ဖော်ထုတ်ခဲ့တာကို သူမ ဝန်ခံပါသည်။ သို့မဟုတ် ယနေ့ နာမည်ကြီးနေသော ခေါင်းစဉ်ကို မကိုင်တွယ်ခင် အခြေအနေ တစ်ခုလုံးကို အဖြေရှာချင်နေတာလည်း ဖြစ်နိုင်သည်။ နောက်ဆုံးတော့ သူမမှာ ကစားဖို့ အပိုင်းတစ်ခု ရှိလာသည်။

သို့သော်လည်း ၎င်းကို အကြိမ်များစွာ ကြည့်‌ပြီးနောက် သူမ၏ ခံစားချက်များ ဖြေးညှင်းစွာ ပြောင်းလဲလာသည်။

ဗီဒီယိုက အနက်ရောင်သို့ အလိုအလျောက် ပြောင်းသွားကာ ပြန်လည်စတင် တော့မည့် အချိန်တွင် ချီယန်က ထွက်ပြီး Weiboကို ပြောင်းသွားလိုက်သည်။

သူမသည် အခြား အသံများ ရှိလားဆိုတာကို သိချင်သောကြောင့် ပြန်သွားကာ လူတိုင်း၏ မှတ်ချက်များကို ကြည့်ချင်နေသည်။

၎င်းမှာ ဗီဒီယို သေးသေးလေးသာ ဖြစ်သောကြောင့် ဆုံးဖြတ်ချက် ချရန် အဆင်သင့် မဖြစ်သေးပေ။

ထိုအချိန်တွင် သူမ၏ ရင်ထဲ‌၌ မျှော်လင့်ချက် အချို့ ခိုအောင်းနေသေး‌သည်ကို သူမ သဘောမပေါက်နိုင်သေးပေ။ ကိစ္စမရှိဘူးဟု သူမ ပြောနေသော်လည်း သူမ၏ ရင်ထဲမှ တစ်ခုခုကို ထုတ်ပစ်လိုက်ချင်သည်။

******

All Chapters