အခန်း ၁၃၈
Vol. 14 Ch. 138
138 01
အပိုင်း (၁၃၈) မနေ့ညက ပထမဦးဆုံး အကြိမ်ပဲ
ချီယန်သည် သူမ ယခု ဘယ်လို ခံစားနေရလဲ ဆိုတာကို မသိတာ ဖြစ်ကောင်း ဖြစ်နိုင်သည်။
ခေတ်စားနေသော ပေ့ခ်ျသို့ သူမ ပြန်သွားပြီးနောက် မတော်တဆ ပြန်လည် စတင်မိလိုက်သည်။ သူမ ပြန်ကြည့်လိုက်ပြီး နာမည်ကြီးနေသော ခေါင်းစဉ်သုံးခုမှာ မယုံနိုင်စရာ ပြောင်းလဲသွားသည်။
သူတို့၏ ကျော်ကြားမှုများ လျော့နည်းသွားသည်ဟု တွေးကာ နောက်ထပ် စစ်ဆေးရန် အောက်သို့ ဆွဲချလိုက်သည်။ နောက်ဆုံးတွင် သူမသည် အကြောင်းအရာများထဲမှ စကားလုံးကို ရှာတွေ့သွားသော်လည်း သူတို့ အားလုံး ပျောက်သွားတာကို သဘောပေါက်သွားသည်။
စက်ချို့ယွင်းမှုကြောင့် ဖြစ်နိုင်သည်ဟု သူမတွေးကာ ရှောင်ရှောင်၏ နာမည် ကိုယ်စား ရှာရန် ကြိုးစားလိုက်သည်။
အင်တာနက် သုံးစွဲသူများဟာလည်း သူမကဲ့သို့ စိတ်ပျက်သွားသည်။
[ခေတ်စားနေတဲ့ ခေါင်းစဉ်က ဘာလို့ ရုတ်တရက် ပျောက်သွားတာလဲ။ ရှောင်ရှောင်က ၎င်းတို့ကို ဖျက်ပစ်လိုက်တာလား]
[သူမက ညသန်းခေါင်မှာ နာမည်ကြီးတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်လာပြီး ပို့စ်ကို ရုတ်တရက် ဖျက်လိုက်သည်။ ရှောင်ရှောင် ဘာတွေ လုပ်နေတာလဲ။ သူမက တမင်တကာ လုပ်နေတာလား]
[ရှောင်ရှောင်ကိုပဲ ဘာလို့ ပြောနေကြတာလဲ။ ချီကျားကိုကော ဘာလို့ မပြောတာလဲ။ အဲ့ဒီ နာမည်ကြီးနေတဲ့ ခေါင်းစဉ်က သူမကိုပဲ အန္တရာယ် ရှိနိုင်တာ မဟုတ်ဘူးလား]
[မဟုတ်ဘူး။ တခြား တစ်ယောက်ကော မဖြစ်နိုင်ဘူးလား။ ဒီဇာတ်လမ်းမှာ နောက်ထပ် ဇာတ်ဆောင် တစ်ယောက်ကော မရှိနိုင်ဘူးလား]
ချီရန်သည် ပေါ့ပေါ့ပါးပါး ပြန်လည်စတင်လိုက်ရာ Weiboတွင် ရှောင်ရှောင်အကြောင်း ပို့စ်များစွာ ပေါ်လာသည်။
သူမသည် တခြား ကောမန့်များပေါ်တွင် ဘာထင်မြင်ချက်မှ မရှိပေ။ သို့သော်လည်း တစ်ခုကတော့ မှန်ကန်သည်။ ရှောင်ရှောင်နှင့် ချီကျား ယှဉ်လျှင် နန်ကျဲ့က ပို့စ်များကို ဖယ်ရှားဖို့ရာ အင်အား ပိုများသည်။ ထို့အပြင် သူတို့ သုံးယောက်ထဲက သူ့ကို ထိခိုက်မှု အများဆုံး ဖြစ်စေခဲ့သည်။
အွန်လိုင်းပေါ်တွင် စတင် နာမည်ကြီးနေသော အချိန်ကို တွက်ဆကြည့်ပြီး သူရုတ်တရက် ထွက်သွားတာကို တွေးကြည့်လျှင် လုံးဝ ယှဉ်တွဲနိုင်သည်။
ထို့ကြောင့် နန်ကျဲ့သည် ထိုအကြောင်းကို သိသော အချိန်တွင် ၎င်းကို ချက်ချင်း ကိုင်တွယ် ဖြေရှင်းခဲ့သည်။
ပြီးတော့ရော။ သူအခု ဘာလုပ်နေတာလဲ။
သူ ချီကျားကို သွားချော့နေတာလား။
ချီရန်၏ ရှုထောင်မှ ကြည့်လျှင် နန်ကျဲ့နှင့် ရှောင်ရှောင်တို့သည် တစ်ယောက်နှင့် တစ်ယောက် ဘာမှ မဆိုင်ကြပေ။ ထိုကိစ္စမှာ ယခုတော့ ဖောင်းပွနေသည်။ နန်ကျဲ့က ချီကျားနဲ့ လမ်းခွဲခဲ့တာလား ဒါမှမဟုတ် အရင်ကတည်းက အတူတူနေခဲ့တာလား သူမ မသိပေ။
ထို့ကြောင့် ထိုအခိုက်အတန့်တွင် စည်းလွန်ဘောင်လွတ် တွေးနိုင်ရုံသာ တတ်နိုင်သည်။
အဆုံးတွင် ချီကျားနှင့် နန့်ကျဲ ဘယ်လို ဆက်ဆံရေးမျိုးရှိလဲဆိုပါစေ ကျိုးကြောင်း ဆီလျော်ပြီး ဥပဒေ အကြောင်း အရ ကိစ္စ မရှိကြောင်း သဘောပေါက်သွားသည်။ သူမနှင့် ဘာဆိုင်လို့လဲ။
သူငယ်ချင်း တစ်ယောက်အနေနဲ့ သူမရဲ့ စီးပွားရေးတစ်ခုလား။
မနက်ခင်းတွင် အရက်နာ ကျနေသောကြောင့် နန်ကောက မွန်းတည့်အထိ အိပ်နေခဲ့သည်။
သူမ၏ မျက်လုံးကို ဖွင့်ပြီး သူမ နားရှိ မရင်းနှီးသော ပတ်ဝန်းကျင်ကို ကြည့်နေသည်။ သူမက သိပ်မအံ့ဩပေ။
ရှားရှားက သူမအား ဒီကို ခေါ်လာခဲ့တာ ဖြစ်လိမ့်မည်။ သူမသည် ထထိုင်လိုက်ပြီး ခေါင်းကိုက်နေသည်။
“ရှားရှား”
“ရှားရှားလား”
နှစ်ကြိမ်လောက် ခေါ်ပြီးနောက် ဘယ်သူမှ ပြန်မဖြေခဲ့ပေ။ နန်ကောသည် သူမ၏ မျက်လုံးများကို မြန်မြန် ဖွင့်လိုက်ပြီး ပတ်ပတ်လည်ကို ဂရုတစိုက်နှင့် ကြည့်လိုက်သည်။
အဲ့လို မဟုတ်ဘူးလား။ ရှားရှားက ဒီကို ပို့ပေးခဲ့တာဆိုရင် စုဟွေ့နဲ့ ယွမ်ယွမ်ကရော ဘယ်မှာလဲ။
ဒါမှမဟုတ် သူတို့ကော တစ်ခန်းစီလား။ သူမဘေးရှိ အိပ်ရာဘေး စားပွဲပေါ်က ဟိုတယ်၏ တံဆိပ်ကို ကြည့်လိုက်ပြီး နန်ကော သက်ပြင်းချလိုက်သည်။ ချန်ရှားက ဘယ်အချိန်တုန်းက အရမ်း ကြီးကျယ်သွားတာလဲ။
သူတို့ မနေ့ညက အရက်မူးပြီး ဘဏ်ကို ဓားမြတိုက်ခဲ့တာလား။
အဲဒါလည်း မဖြစ်နိုင်ဘူး။ တကယ်လို့ အဲ့ဒီ ကိစ္စသာ တကယ်ဆိုရင် အခု ဟိုတယ်မှာ ရှိနေနိုင်မှာ မဟုတ်ဘူး။ မြို့က ရဲစခန်းမှာ ရှိနေသင့်ပြီ။
စကားမစပ် သူမရဲ့ ဖုန်းကော ဘယ်မှာလဲ။
138 02
သူမ ဖုန်းခေါ်လို့ ရတယ်လေ။
ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် လက်တင် ထိုင်ခုံပေါ်က သူမ၏ အိတ်ကို တွေ့လိုက်သည်။
နန်ကောသည် အလွန်စိတ်စောနေသောကြောင့် သူမအတွက် ကုတင်ဘေးတွင် ထားထားပေးသော ဖိနပ်တစ်ရံကို မမြင်နိုင်တော့ပေ။ သူမသည် ခြေဗလာနှင့် ပြေးသွားသည်။
သူမအိတ်ကို တွေ့တွေ့ချင်းမှာပင် သူမ အကြည့်များ ရပ်တန့်သွားကာ ဘေးနားရှိ ဝတ်စုံ အပေါ်ထပ်ကို ကြည့်ရန် ရပ်လိုက်သည်။
“အမ်”
ထိုကုတ်အင်္ကျီကို ထူးထူးခြားခြား ရင်းနှီးနေသည်။ ရှန်ရန်ချင်း ဖြစ်ပုံပဲ။ ဟုတ်တယ် သူ မနေ့ညက ဝတ်ထားတာ။
ဒါဆို ရှန်ရန်ချင်းရဲ့ ကုတ်အင်္ကျီက သူမနဲ့ ဘာလို့ ရှိနေတာလဲ။
ပြီးတော့ အဲဒါက ကြေမွနေတာပဲ။
နန်ကောသည် သူမ၏ ခေါင်းထဲတွင် မေးခွန်း မြောက်များစွာ ရှိနေသည်။ သူမ တွေးပြီးပြီးချင်းမှာပင် တံခါး၏ အပြင်ဘက်မှ အသံကို ရုတ်တရက် ကြားလိုက်သည်။
နန်ကောသည် အိပ်ခန်း၏ အပြင်ဘက်သို့ ထွက်လာကာ ကြည့်လိုက်သည်။ ရှန်ရန်ချင်းက အိတ်အနည်းငယ် ယူလာတာကို သူမ ချက်ချင်း တွေ့လိုက်သည်။
“ဟမ်”
သူမသည် ခဏတာ ကြောင်သွားပြီး မနေနိုင်တော့ပဲ နားမလည်နိုင်သလို ပြောလိုက်သည်။
ရှန်ရန်ချင်းက မအံ့ဩပေ။ သူမကို မော့ကြည့်လိုက်ပြီး နူးညံ့စွာ ပြုံးပြလိုက်သည်။
“မင်း နိုးတော့မယ်ဆိုတာ ကိုယ်သိနေတယ်”
“အချိန်ကိုက်ပဲ။ ဒီမှာ မင်းလဲဖို့ အဝတ်အစားတွေ။ အဲဒါတွေက လျှော်ပြီးသားတွေပဲ။ ခြေလက် သွားဆေးပြီး လဲလိုက်။ အစားအသောက် ပြင်ဆင်ဖို့ အခန်းဝန်ဆောင်မှုကို ငါ ပြောလိုက်မယ်”
နန်ကောသည် စိတ်ပျက်နေသော အမူအရာဖြင့် သူ့ဆီမှ အိတ်နှစ်ခုကို ယူလိုက်ပြီး နာခံကာ အထဲသို့ လှည့်ပြန်လာလိုက်သည်။
သို့သော်လည်း ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက်တွင် သူမသည် လှည့်ပြန်လာလိုက်သည်။
သူမ လှည့်ပြန်လာတာကို ကြည့်ပြီး ရှန်ရန်ချင်းသည် သူမ ခံစားချက် မကောင်းတာကို တွေးမိလိုက်သည်။
“မင်း အန်ချင်လို့လား။ ဒါမှမဟုတ် မူးနေလို့လား”
သူသည် ရှေ့သို့ သုံးလှမ်း လှမ်းလိုက်သည်။
“မင်းအခု ဘာဖြစ်နေတာလဲ”
“မနေ့က ပျားရည် အချို့ မင်းကို ပေးပြီး အရက်နာကျဆေး ယူလာဖို့ မင်းကို လှည့်စားခဲ့တာ။ ဒီနေ့ မင်းကောင်းသွားလိမ့်မယ်လို့ ကိုယ်ထင်တယ်”
“ဟမ်”
နန်ကောသည် သူမ၏ ခေါင်းကို မော့လိုက်သည်။ သူမသည် “လှည့်စားလိုက်သည်” ဟူသော စကားလုံးကို တိုက်ရိုက် အာရုံစိုက်နေသည်။
“ရှင်က ကျွန်မကို ဆေးသောက်ဖို့အတွက် လှည့်စားခဲ့တာလား”
“မင်း မနေ့ညက မူးနေတာလေ။ ကိုယ်မင်းကို ဒီကို ပို့ပြီးတော့ မင်း မသက်မသာ ခံစားပြီး ညကို ဖြတ်သန်းရမှာစိုးလို့ ဆေးချော့တိုက်ခဲ့တာလေ”
“မနေ့ညက ကျွန်မကို ရှင်ခေါ်လာတာလား”
“မနေ့ညက ဒီနားမှာ ရှိနေခဲ့တာ”
“ရှင် မပြန်ဘူးလား”
“စိတ်မပူပါနဲ့။ ငါတခြား အခန်းမှာ အိပ်တာပါ”
“ဒါဆို မနေ့ညက ကျွန်မ တစ်ခုခု လုပ်မိသေးလား”
“မင်းက အရမ်းကို နာခံတတ်တယ်။ မင်း ငိုတာ ဒါမှမဟုတ် ကြေးများတာမျိုးတွေလည်း မလုပ်ဘူး။ အရင်က ကိုယ့်ရဲ့ ဝမ်းကွဲ သောက်တာကို တစ်ကြိမ် မြင်ဖူးတယ်။ သူက အတော်လေး မိုက်မဲပေမဲ့ မင်းကတော့ တကယ်ကို ကောင်းတယ်”
နန်ကော မျက်တောင် ခတ်လိုက်သည်။ သူပြောတာတွေကို သူမ အထင်မကြီးပေ။
သူမ အဆင်မပြေ သလို ခံစားနေရသောကြောင့် သေချာပေါက် အထင်မကြီးပေ။
မနေ့ညက သူမ ဘာတွေ ပြောခဲ့ လုပ်ခဲ့လဲ ဆိုတာကို မမှတ်မိတော့ပေ။
ခဏ ရပ်သွားပြီးနောက် ရှန်ရန်ချင်းက မေးလိုက်သည်။
“အရင်က မင်းမူးနေတဲ့ အချိန်တွေမှာရော ဘာလုပ်တတ်လဲ”
“ကျွန်မ ဘယ်တုန်းကမှ မူးအောင် မသောက်ဖူးဘူး။ မနေ့ညက ပထမဦးဆုံးပဲ”
သူမ ဘဝမှာ ဘယ်တုန်းကမှ မသောက်ဖူးဘူးဟု ယခု သူ့ကို ပြောလိုက်သည်။
အရင်က သူမ ယုနှင့် အပြင် ထွက်သော အချိန်တွင် သူက သူမကို သောက်ခွင့် မပေးရဲခဲ့ပေ။ အရက် ပါဝင်မှု အနိမ့်ဆုံး ကော့တေး သို့မဟုတ် အသီးဖျော်ရည်ကိုသာ သူမကို မှာပေးသည်။
နောက်ပိုင်း သူမသည် အရက်သောက်ခြင်းနှင့် အနည်းငယ် ပိုရင်းနှီးလာသော အချိန်တွင် ယုသည် နောက်ပိုင်းတွင် သူမအတွက် တစ်ခြား အရာများ မှာပေးရဲလာသည်။ သို့သော်လည်း အရက် ပါဝင်မှု သိပ်မမြင့်ပဲ သူမ၏ အရက်သောက်နိုင်မှုကို တင်းကြပ်စွာ ထိန်းချုပ်ထားသည်။
သူမ၏ အစ်ကိုနှင့် အပြင်ထွက်လျှင် အရက်သောက်ဖို့ရာ အခွင့်အလမ်း မရှိပေ။ သူမ၏ အစ်ကိုက သူ့ကို သေအောင် ရိုက်နိုင်သည်။
များသောအားဖြင့် စုဟွေ့နှင့် အပြင်ထွက်သော အချိန်တွင် သူသောက်နိုင်သည်။ သို့သော်လည်း သူတို့ နှစ်ယောက်လုံးမှာ မိန်းကလေးများ ဖြစ်သောကြောင့် ပေါ့ပေါ့ပါးပါး ဘားများကိုသာ သွားကြသည်။ ထို့အပြင် လုံခြုံရေးအရ အရက်ကို ထုံးစံအတိုင်း လျော့သောက်ကြကာ အချိန်ကုန်အောင်သာ ထိုင်နေကြသည်။
138 03
မနေ့ညက တကယ့်ကို အတော်လေး ထိန်းမနိုင် ဖြစ်သွားသည်။ သိသိသာသာ သူမသည် အမြဲတမ်း ဖန်ခွက်ထဲမှသာ သောက်လေ့ရှိသည်။ စုဟွေ့သည် မြောက်ပိုင်းမှ ဖြစ်သောကြောင့် အချိန်မရွေး သေတ္တာကို ဖွင့်ကာ ပုလင်းလိုက် သောက်နိုင်သည်။ စုဟွေ့သည် အရက်သောက်သော အငွေ့အသက်များ ရှင်သန်နေကတည်းက သူမလည်းပဲ ပုလင်းအနည်းငယ် သောက်ပုံပေါ်သည်။
သူမသည် အသေးစိတ် ပြန်စဉ်းစား၍ မရပေ။ ယခု သူမ၏ မှဝ်ဉာဏ်မှာ အနည်းငယ် မသဲမကွဲ ဖြစ်နေသည်။
“အမ် ကျွန်မ မနေ့ညက တကယ်ကို နားထောင်ခဲ့တာလား။ ကျွန်မ စကားကြော ရှည်တာ ဒါမှမဟုတ် ရှင့်ကို တစ်ခုခု လုပ်မိသေးလား”
နန်ကောသည် သူမကိုယ် သူမ စိတ်ပူနေဆဲ ဖြစ်သည်။
သူမ ထိုသို့ မေးသော အချိန်တွင် သူမ တစ်ခုခုကို သတိရသွားသလို ရှန်ရန်ချင်း ရုတ်တရက် ခံစားလိုက်ရပြီး သူမကို စိတ်ဝင်တစား ကြည့်လိုက်သည်။
“အဲလိုလား”
“ဟမ်”
နန်ကောသည် သူမ၏ ပါးစပ်ကို ဖွင့်လိုက်သော်လည်း သူမ၏ လက်ကို ဘယ်မှာ ထားရမှန်း မသိရလောက်အောင်ကို အလွန် အဆင်မပြေ ခံစားလိုက်ရသည်။
သူမသည် ရှန်ရန်ချင်းကို အမြဲတမ်း တက်မက်နေသော်လည်း သူ့ကို ဘာမှလုပ်ရန် သတ္တိမရှိပေ။
သူမသည် များသောအားဖြင့် အတော်လေး ထိန်းထားနိုင်သော်လည်း သောက်ပြီးနောက်တွင် ပြောဖို့ရာ ခက်ခဲသည်။
ပထမဦးစွာ သူမ အရက်မှူးတာကို ဘယ်တုန်းကမှ မမြင်ဖူးပေ။ ဒုတိယ အနေဖြင့် လူအများစုသည် သူတို့ မူးနေသော အချိန်တွင် နှလုံးသားနောက် လိုက်ကြသည်ကို သူမြင်ဖူးသည်။ သူတို့ လုပ်ခဲ့သည်များက နည်းနည်း ရယ်စရာ ကောင်းသည်။
သူမလည်း သူမ နှလုံးသား နောက်သို့ လိုက်ကာ ရှန်ရန်ချင်းကို မနေ့ညက တစ်ခုခု လုပ်ခဲ့တာ ဖြစ်နိုင်သည်။
မေးလို့ အဆင်ပြေပါ့မလား။
******