အခန်း ၁၄၂
Vol. 15 Ch. 142
142 01
Chapter 142 အစွမ်းကုန်ချဖို့ အဆင်သင့်ပြင်ထားပြီ။
“ငါ...” ချီယန်ဟာ တုံ့ဆိုင်းနေတယ်။
“မြန်မြန်” နန်ကျဲ့ဟာ ကြားဖြတ် ပြောတယ်။ “ငါ့ကို ဆေးရုံတစ်ခုပြီးတစ်ခု စစ်ဖို့ မျှော်လင့်နေတာတော့ မဟုတ်ဘူးမလား?”
ချီယန်ဟာ သီးသွားပြီး နောက်ဆုံးတော့ ဆေးရုံလိပ်စာကို ပြောပြလိုက်တယ်။
နန်ကောဟာ ဆိုဖာမှာထိုင်ပြီး တီဗီကြည့်နေတာ ဖြစ်တယ်။သူမအစ်ကို အခန်းထဲကနေ အလျင်စလိုနဲ့ ထွက်လာတော့ သူမမှာ ကြည့်ဖို့ အစီအစဉ်တစ်ခု ရှာတွေ့ရုံပဲရှိသေးတယ်။
သူမဟာ နည်းနည်း အံ့ဩသွားတယ်။ “အမြန်ကြီး ပြီးသွားတယ်?”
“ဖုန်းမကိုင်တာလား?”
“သူ ကျောနာလို့ ဆေးရုံရောက်နေတယ် ငါ သွားခေါ်လိုက်ဦးမယ်”
“အာ...” နန်ကောဟာ မျက်တောင် ခတ်တယ်။ “အဲဒါဆို သွား စကားမစပ် မားက နင့်ကို ဖုန်းခေါ်ခိုင်းနေတယ်”
“သိပြီ” နန်ကျဲ့ဟာ ဖိနပ်ကို အမြန်လဲပြီး သူမကို လှည့်ကြည့်တယ်။ “ပြီးရင် ကျောင်းကို ပြန်တော့။ အခု ညနေ လူရှုပ်တဲ့အချိန် ရောက်နေပြီ နင် ကားမောင်းတာကို ငါ စိတ်ပူတယ်။ ပြီးရင် ပြန်တော့”
နန်ကောဟာ နာနာခံခံနဲ့ ခေါင်းညိတ်ပြပြီး သူထွက်သွားတာကို ကြည့်နေခဲ့တယ်။
သူမ လသာဆောင်ကို မှီလိုက်ရင်း နန်ကျဲ့ကား ထွက်သွားတာကို အတည်ပြုပြီးတဲ့နောက် သူမလည်း ခပ်မြန်မြန်လေး အနောက်ကနေ ထွက်လာလိုက်တယ်။
သူမ ဒီကို ရောက်နေပြီဆိုမှတော့ သူမအစ်ကိုအိမ်မှာ ထိုင်နေတာထက် စာရင် ဘေးမှာနေတဲ့ ရှန်ရန်ချင်းဆီ သွားကြည့်ရမှာ သဘာ၀ပဲလေ!
နန်ကော အောက်ထပ်ကိုရောက်တော့ ရှန်ရန်ချင်း ပြန်မရောက်လောက် သေးတာကို သူမ သတိရသွားတယ်။
သူမဟာ အချိန်ကို တစ်ချက် ပြန်ကြည့်လိုက်တယ်။မကြာခင်တော့ ရောက်လောက်မှာပါနော်။
တစ်ဖက်က ဟွားရှန်အဖွဲ့အစည်း ဥက္ကဌရုံးခန်းမှာတော့…
ရှန်ရန်ချင်းဟာ ကုတ်အင်္ကျီကို ၀တ်ပြီး ထွက်လာတယ်။သူဓာတ်လှေကားဆီ ရောက်တော့ အိတ်ကပ်ထဲက သူ့ရဲ့ဖုန်းဟာ အသံမြည်လာတယ်။
ပင်ကွင်းပေါက်: [အလုပ်ဆင်းပြီလား?]
[*၀က်လေးတစ်ပတ်လှည့်နေပုံ။jpg*]
ရှန်ရန်ချင်းရဲ့နှုတ်ခမ်းထောင့်ဟာ အနည်းငယ် ကွေးတက်သွားတယ်။ [ဆင်းပြီ။ကိုယ် အခုပြန်လာမလို့ လုပ်နေတာ။]
ပင်ကွင်းပေါက်: [အိုကေ။]
ခဏနေရင် သူ အိမ်ပြန်ရောက်မယ်ဆိုတာကို အတည်ပြုပြီးတဲ့အခါ နန်ကောဟာ သူနဲ့အတူ ညစာစားဖို့ကို ရုတ်တရက်အကြံရသွားတယ်။
သူမ ချက်ချင်း စိတ်ဆုံးဖြတ်လိုက်တယ်။ဟင်းချက်ပစ္စည်းတွေ ၀ယ်ပြီးတဲ့နောက် သူမ အပေါ်တက်ကာ ရှန်ရန်ချင်းကို စောင့်နေလိုက်တယ်။
ရှန်ရန်ချင်း ပြန်ရောက်တော့ သူဓာတ်လှေကားထဲကနေ ထွက်တာနဲ့ နေရာမှာတင် ချက်ချင်းရပ်လိုက်မိတယ်။
သူ့အကြည့်ဟာ တံခါးရှေ့က ကြမ်းပြင်ပေါ် ရောက်သွားတယ်။ကောင်မလေးရဲ့ခြေထောက်နားမှာ ဈေး၀ယ်အိတ် နှစ်အိတ်ရှိနေတယ်။သူမဟာ ခြေထောက် ယှက်ထားပြီး ပါးစပ်ထဲ စုပ်လုံးနဲ့အတူ သူမဖုန်းထဲမှာလည်း တီဗီဇာတ်လမ်းတွဲတစ်တွဲ လာနေတယ်။
ခြေသံကြားတော့ နန်ကောဟာ သူ့ကို မော့ကြည့်ပြီး အံ့ဩသွားတယ်။ “ရှင် လမ်းပိတ်နေရမှာ မဟုတ်ဘူးလား။ ဘာလို့အမြန် ရောက်လာတာလဲ? ကျွန်မ တစ်ပိုင်းတောင် ကြည့်လို့ မပြီးသေးဘူး”
ဖုန်းတစ်ဖက်ကနေ ရှန်ရန်ချင်း ပါးဟာလည်း ဒါကို ကြားရတယ်။သူဟာ ရုတ်တရက် ရပ်သွားပြီး အံ့ဩတကြီးနဲ့ မေးတယ်။ “မင်းမှာ တကယ်ကောင်မလေး ရှိတယ်ပေါ့?”
ရှန်ရန်ချင်းဟာ အသိပြန်၀င်လာပြီး သူ့ပါးကို ပြောရင်း အရှေ့ကို လျှောက်သွားတယ်။ “ဟုတ်တယ်။ ပါး အဲ့ကိစ္စကို ငြင်းလိုက်လို့ ရပြီ”
“ကျစ် ကောင်းပြီ” သူ့ပါးဟာ ပြန်ပြောတယ်။ “စိတ်ထဲမထားနဲ့။ ပါးက မင်း အမြဲတစ်ယောက်တည်း ဖြစ်နေတယ်ထင်လို့ ပြီးတော့ ရွှမ်က သီးသန့်လာတော့ ပါးလည်း ငြင်းဖို့ကို အားနာရလို့”
“ကျွန်တော် နားလည်ပါတယ်”
ရှန်ရန်ချင်းဟာ ကုန်းပြီး နန်ကောကို ထဖို့ ကူညီပေးတယ်။သူ ဖုန်းပြောနေတာကို မြင်တော့ နန်ကောဟာ ဘာမှထပ်မပြောဘဲ ထလိုက်တယ်။
ဖုန်းတစ်ဖက်မှာတော့ သူ့ပါးဟာ တုံ့တုံ့ဆိုင်းဆိုင်းနဲ့ ပြောလာတယ်။ “ဒါဆို မင်းမှာ သူ့ကို ညစာစားဖို့အတွက် ခေါ်လာဖို့အချိန်ရှိလား?”
“ကြည့်ရမယ် ကျွန်တော် သူ့အတွေးကို မေးကြည့်လိုက်ပါမယ်”
“ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ”
142 02
ဖုန်းကောလ်ဟာ အမြန်ပဲ ပြီးသွားတယ်။သူ့ပါးဟာ ငယ်ရွယ်တဲ့အတွဲလေးကို မနှောင့်ယှက်သင့်ဘူးဆိုတာ သိတယ်။
ဖုန်းကို သိမ်းလိုက်ရင်း ရှန်ရန်ချင်းဟာ တံခါးကို ဖွင့်တယ်။ “မင်း ဘာလို့ ဒီကို ရုတ်တရက်ကြီး ရောက်နေတာလဲ။ မင်း အကြာကြီး စောင့်နေခဲ့ရမယ် ထင်တယ်”
“အာ” နန်ကောဟာ သူ့ဆီကနေ အထဲကို အတွန်းခံရတယ်။သူမအနောက်လှည့်တော့ သူဟာ သူမကြမ်းပေါ်မှာ ထားခဲ့တဲ့ပစ္စည်းတွေကို ကောက်ဖို့ ကျန်ခဲ့တာကို တွေ့ရတယ်။သူမက ပြောတယ်။ “ကျွန်မ ရှင့်ကို စပရိုက် တိုက်ချင်လို့”
သိပ်မကြာသေးခင်တုန်းက သူမ သူ့ကို အလုပ်ဆင်းပြီလားလို့ မေးခဲ့တာကို ရှန်ရန်ချင်း မှတ်မိသွားတယ်။သူဟာ သက်ပြင်းချပြီး တံခါးကို ပိတ်လိုက်တယ်။သူမ ယူလာတဲ့ဟင်းချက်ပစ္စည်းတွေကို စင်ပေါ် တင်လိုက်ပြီး သူမကို စောင့်နေရစေတဲ့အတွက် သူ အားနာနေမိတယ်။ “ဘာလို့ အထဲ ၀င်မစောင့်တာလဲ။ နံပါတ်ကို မမှတ်မိလို့လား?”
ပင်ကွင်းပေါက်ဟာ ခေါင်းကုတ်ပြီး အထူးတလည် တည်ကြည်တဲ့လေသံနဲ့ ပြောတယ်။ “ကျွန်မ ရှင့်ကို ကြိုမပြော ထားဘူးလေ။ ဒီတော့ ဒီတိုင်းကြီး အထဲ၀င်နေတာ မကောင်းဘူး”
အမျိုးသားဟာ ရယ်ရမလား ငိုရမလား မသိတော့ဘူး။သူဟာ အရှေ့ကိုတိုးပြီး သူမရဲ့ မျက်နှာသေးသေးလေးကို ထိလိုက်တယ်။ “အဲဒါ ဘာပြဿနာရှိလို့လဲ။ မင်းက ဒီတိုင်း ကြုံရာလူမှ မဟုတ်တာကို မဟုတ်ဘူးလား?”
“အိုး” နန်ကောဟာ သူ့စကားတွေကြောင့် ရှက်သွားတယ်။”မင်းက ကြုံရာလူမှ မဟုတ်တာ” ဆိုတဲ့စကားဟာ သူမနှလုံးသားထဲ ပိတ်မိနေပြီ။
“နောက်တစ်ခါဆို အထဲသာ ၀င်နေပါ။ ကိုယ့်အိမ်ထဲ ရှက်စရာ တစ်ခုခုရယ်လို့လည်း မရှိပါဘူး။ ပြီးတော့ နံပါတ်ကိုလည်း ပြောင်းထားတာပဲ။ မင်းနဲ့ကိုယ်ပဲ သိတယ်လေ။ မင်းကောင်လေးရဲ့ အိမ်ထဲ ၀င်တာပဲ။ ဘာကြောက်စရာ ရှိလဲ?”
သူဟာ သူမကို ဧည့်ခန်းထဲ ခေါ်သွားပြီး ထိုင်စေတယ်။ “အ၀မှာ အေးနေခဲ့လား?”
နန်ကောဟာ ခေါင်းခါတယ်။ “ကျွန်မချွေးတောင် ထွက်နေသေးတယ်”
ရှန်ရန်ချင်းဟာ ပြုံးပြီး သူမကုတ်အင်္ကျီကို ယူတယ်။သူဟာ အဲဒါကို ဘေးမှာ ချိတ်ထားလိုက်ပြီး “မင်း ဒီည ထွက်မလာနိုင်ဘူးလို့ ကိုယ်ထင်ထားတာ။ ဒီကို ကိုယ့်ဟာကိုယ်မောင်းလာတာလား?”
သူတို့နှစ်ယောက် မနက်ဖြန်မှ တွေ့ဖို့သဘောတူထားတာကို သူ မမေ့သေးဘူးလေ။
ဒါကြောင့် နန်ကောကို အခုတွေ့ရတော့ သူအရမ်းအံ့ဩနေတာ။
“ကျွန်မအစ်ကိုကို လာရှာတာ သူ့မှာ ကိစ္စပေါ်လာလို့ အပြင်ထွက်သွားတယ် ကျွန်မတွေးကြည့်ပြီး ရောက်နေတာနဲ့အတူတူ ဒီကိုပါ လာလိုက်တာ”
“ဒီတော့ မင်း ဒီကို ရောက်နေလက်စမို့ ကိုယ့်ကို လာတွေ့တာပေါ့ဟုတ်လား?” သူဟာ သူမကို အကူအညီမဲ့တဲ့ မျက်နှာထားနဲ့ လှည့်ကြည့်လာတယ်။အနည်းငယ် သ၀န်တိုနေပုံလည်း ပေါ်တယ်။
နန်ကောဟာ ခေါင်းညိတ်တယ်။ “အဲလို ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်မဟင်းချက်ပစ္စည်းတွေလည်း ၀ယ်ထားတယ်။ ကျွန်မ ရှင့်အတွက် ဟင်းနည်းနည်းပါးပါး ချက်ပေးမယ်လေ”
ဒါကိုကြားတော့ ရှန်ရန်ချင်းဟာ သူအခုလေးတင် အထဲကို သယ်လာတဲ့ အိတ်ကြီးကြီး နှစ်လုံးကို မှတ်မိသွားတယ်။သူအထဲကို သေချာမကြည့်မိဘဲ သူမ ဒီတိုင်း မုန့်ထုပ်တွေ ၀ယ်လာတယ် မှတ်နေတာ။
သူ အ၀နားကို ပြန်သွားလိုက်ပြီး အိတ်တွေကို ညစာစားပွဲပေါ် တင်လိုက်တယ်။ပြီးတော့ တစ်ခုချင်းစီ ထုတ်နေတော့တယ်။
သူမ အသားတစ်ချို့နဲ့ ဟင်းသီးဟင်းရွက်တွေ ၀ယ်လာတာ။
သူမ ဒီည စားသောက်ပွဲကျင်းပမလို့လား?
တစ်ခဏလောက် နန်ကောဘာစားချင်လဲဆိုတာ ရှန်ရန်ချင်း မပြောနိုင်ဘူး။ဒီတော့ သူ မေးပဲ မေးနိုင်တော့တယ်။ “ဒီညမင်းဘာစားချင်လဲ?”
ဒီဟင်းချက်ပစ္စည်းတွေကို သုံးပြီး လုပ်နိုင်တဲ့ရွေးချယ်မှုတွေ များလွန်းနေတယ်လေ။
“အိုး ကျွန်မလည်း မသိဘူး” နန်ကော ဟင်း ဘယ်လိုချက်ရမလဲ မသိဘူး။ဒါပေမဲ့ သူမ စမ်းကြည့်လို့ရတယ်လို့တော့ ထင်တာပဲ။ဘာချက်ရမလဲဘဲ မတွေးရသေးတာ။ဒီတော့ မားကတ်မှာ သူမ မြင်မြင်သမျှအကုန် ဆွဲထည့်လာတာ။
ရှန်ရန်ချင်းဟာ အချိန်တစ်ခုလောက်အထိ ငြိမ်ကျသွားတယ်။အဲ့နောက် သူ ဟင်းချက်ပစ္စည်းတွေကို ပြန်ထည့်ပြီး သူမရဲ့ ဟင်းချက်မယ်ဆိုတဲ့အတွေးကို နှောင့်ယှက်လိုက်တယ်။ “ကိုယ် ချက်လိုက်မယ်။ မင်း ဘာလို့ဇာတ်လမ်းတွဲကို ပြီးအောင် မကြည့်လိုက်တာလဲ?”
“အာ အဲ့လိုလုပ်လို့ ဘယ်ရမလဲ?”
နန်ကောဟာ အင်္ကျီလက်တွေ အကုန်ခေါက်တင်ပြီးနေပြီ ဖြစ်ပြီး အစွမ်းကုန်ချဖို့ ပြင်ဆင်ထားပြီးပြီ။
ရှန်ရန်ချင်းဟာ နှုတ်ခမ်းကို ဖိပြီး မတတ်နိုင်ပေမဲ့ ပြောရတယ်။ “မင်း ဒီညကျောင်းကို စောစော ပြန်ရမှာမလား။ ကိုယ်ချက်တာက ပိုမြန်တယ်”
“ရှင် ပြောချင်တာက ကျွန်မကို ပေးချက်လိုက်ရင် ကျွန်မတို့စားတဲ့အချိန်ကျ အဆောင်ပိတ်နေလောက်ပြီလို့ ပြောချင်တာလား?”
ရှန်ရန်ချင်းဟာ သူမကို ကြည့်ပြီး ခေါင်းလည်း မညိတ်သလို ခေါင်းလည်း မခါဘူး။ဒါပေမဲ့ သူ့အကြည့်တွေဟာတော့ ပြောပြနေပြီးသား။
နန်ကောဟာ နင်သွားတယ်။ “ရှင် ကျွန်မကို မယုံတာဘဲ!”
“ကိုယ် မင်းကို မယုံတာ မဟုတ်ပါဘူး။ မင်း၀ယ်လာတဲ့ ဟင်းချက်ပစ္စည်းတွေကို ချက်ဖို့က နည်းနည်း ခက်နေတယ်လို့ ခံစားရရုံပါ။ ကိုယ်လုပ်တာ ပိုကောင်းတယ်ရယ်”
ဒါကို ကြားတော့ သူ မအတွေးစခန်း ၀င်မိသွားတယ်။သူမအတွေးတွေကို ပြန်စုစည်းလိုက်ပြီးတဲ့နောက် သူမမျက်လုံးဟာ ပြူးကျယ်သွားတော့တယ်။ “...ရှင် ကျွန်မကို မယုံသေးတာဘဲ!”
ဘာကွာသွားလို့လဲ။
142 03
နောက်ဆုံးမှာတော့ ရှန်ရန်ချင်းဟာ သူမ စိတ်ပြောင်းသွားအောင် မလုပ်နိုင်လိုက်ဘူး။သူ သူမကို အဓိက စားဖိုမှူး ဖြစ်ခွင့်ပေးလိုက်ပြီး သူဟာတော့ လက်ထောက်လေး လုပ်လိုက်တယ်။
ဟင်းသီးဟင်းရွက်တွေကို သူလှီးပြီး နန်ကောက ရေကူဆေးပေးတယ်။အဆုံးမှာတော့ သူမမှာ ကြော်တာ ပြုတာနဲ့ ပတ်သတ်ပြီး ပြဿနာရှိနေတယ်။
“မင်း အခုထည့်လို ရပြီ”
“အ-အခု?” နန်ကောဟာ ဟင်းချက်ပစ္စည်းတွေကို မထည့်ခင် ခဏလောက် တုံ့ဆိုင်း သွားသေးတယ်။ဘန်းဆိုတဲ့အသံနဲ့အတူ မီးဟာ ထတောက်လာတယ်။သူမလန့်လွန်းလို့ လက်တွေပါ တုန်ပြီး ပန်းကန်ကို ပစ်ချတော့မတတ်ဘဲ။
ကံကောင်းစွာနဲ့ ရှန်ရန်ချင်းဟာ သူမကို အချိန်မှီ ကိုင်လိုက်တယ်။ “ရတယ် ရတယ် ဆီအပူလေး နည်းနည်း မြင့်သွားရုံပဲ”
“ဟမ်? ကျွန်မ နည်းနည်း ကြောက်တာပါ မဟုတ်ဘူး။ ကျွန်မ မကြောက်ပါဘူး၊ အဲဒါက ဒီတိုင်း...” နန်ကောခမျာ မလှုပ်ရဲပေမဲ့ သန်မာချင်ယောင်တော့ ဆောင်လိုက်တယ်။ “ကျွန်မ သေသွားရင်က ရတယ်။ ဒါပေမဲ့ ရှင့်ကို ကျွန်မအမှုပတ်မိသွားရင်က မကောင်းဘူးလေ”
ရှန်ရန်ချင်းတစ်ယောက် ဆွံ့အ သွားတယ်...။အဲလောက်တောင် ဆိုးတာလား။
******