← Chapters

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း ၁၄၃

Vol. 15 Ch. 143

143 01

Chapter 143 လက်ထပ်ဖို့အကြောင်းဆွေးနွေးခြင်း။

နောက်ဆုံးတော့လည်း ရှန်ရန်ချင်းပဲ အဓိကစားဖိုမှူး ဖြစ်သွားတော့တယ်။

နန်ကောဟာ သူ့ဘေးနား‌လေးမှာ ပုန်းပြီး သူ့ကို ပစ္စည်းကမ်းပေးရတဲ့ တပည့်သူလေး ဖြစ်သွားတယ်။

ရှန်ရန်ချင်းဟာ သွက်သွက်လက်လက်နဲ့ ချက်ပြီး တကယ်ကို နန်ကောထက် ပိုတော်တယ်။

စားပွဲပေါ်က ဟင်းပွဲတွေကို ကြည့်ရင်း နန်ကောဟာ ရုတ်တရက် သူမဘ၀ကို သံသယ ၀င်မိသွားတယ်။ “ရှင်တကယ် ဟင်းတွေ ဘယ်လို ချက်ရမလဲ သိတာပေါ့?”

“ကိုယ်နိုင်ငံခြားမှာ ကျောင်းတက်တုန်းက ကိုယ့်ဟာကိုယ် ပိုချက်စား ဖြစ်လို့ပါ”

ရှန်ရန်ချင်းဟာ မီးဖိုချောင်ထဲက ထွက်လာပြီး နောက်ဆုံးဟင်းပွဲကို သယ်လာတယ်။အဲဒီနောက် သူက ဆက်ပြောတယ်။ “ဒါပေမဲ့ ဒီတိုင်း သာမန်ချက်တာပါပဲ။ အပြင်ဆိုင်တွေလောက်တော့ မကောင်းတာ ကျိန်းသေတယ်”

“မြည်းကြည့်”

“အိုကေ” နန်ကောဟာ သဘောတူတယ်။သူမ သူ့ဆီကနေ တူယူလိုက်ပြီး သူမအရှေ့က ဟင်းပွဲကို မြည်းကြည့်လိုက်တယ်။

ဒီနေ့ စားပွဲပေါ်က ဟင်းပွဲတွေဟာ ချိုတယ်။ဘာလို့လဲဆိုတော့ ရှန်ရန်ချင်းဟာ အစပ်မစားနိုင်လို့။နန်ကောဟာ ဟင်းချက်ပစ္စည်းတွေ ၀ယ်တုန်းက ငရုတ်သီးကို ၀ယ်မလာခဲ့ဘူး။

ရှန်ရန်ချင်းရဲ့ စောင့်စားနေတဲ့ အကြည့်အောက်မှာ နန်ကောရဲ့ မျက်လုံးတွေ လင်းလက်သွားတယ်။သူမ သူ့ကို ရက်ရက်ရောရောနဲ့ကို လက်မ ထောင်ပြလိုက်တယ်။ “မဆိုးဘူး!”

သူမနဲ့ဆန့်ကျင်ဘက်က အမျိုးသားဟာတော့ စိတ်သက်သာရာရသွားပြီး သက်ပြင်း ချလိုက်တယ်။

နာရီ၀က်ကြာတော့ နန်ကော စားလို့ ပြီးခါနီး ဖြစ်နေတာကို မြင်တဲ့အခါ ရှန်ရန်ချင်းဟာ တူကို တုံ့ဆိုင်းစွာနဲ့ ချလိုက်တယ်။

“နန်ကော”

သူ သူမကို ခေါ်သံကြားတော့ နန်ကောဟာ ခေါင်းညိတ်ပြီး မော့ကြည့်လာတယ်။

“ကိုယ်တို့ တွဲနေတာကို ကိုယ့်အဖေသိတယ်”

“ဟုတ်” နန်ကောဟာ မျက်တောင် ခတ်ပြီး နားတော့ လည်မနေဘူး။ “အဲတော့ ရှင့်အဖေ သဘောမတူဘူးလား?”

ရုတ်တရက်ကြီး ရှန်ရန်ချင်း ဒီအကြောင်းကို ပြောလာတဲ့အခါ သူမ အခြားဖြစ်နိုင်ချေကို စဉ်းစားလို့ မရဘူးလေ။

“သေချာပေါက် မဟုတ်ဘူးပေါ့” ရှန်ရန်ချင်းဟာ ခေါင်းခါပြတယ်။ “သူ ထမင်းအတူစားဖို့ မင်းကို အိမ်ကို ဖိတ်ချင်နေတာ။ ဒါပေါ့ ကိုယ် ချက်ချင်း လက်မခံလိုက်ပါဘူး။ ကိုယ် မင်းကို အရင်မေးကြည့်ဦးမယ်လို့ သူ့ကို ပြောထားတယ်”

“ဒီတော့ မင်းသွားချင်ရင် ကိုယ်တို့ စီစဉ်ပြီး ရက်သတ်မှတ်လို့ ရတယ်။ မသွားချင်ရင်လည်း ကိုယ်တို့ မသွားဘူးလေ”

“ကိုယ် မင်းကို ဘာဖိအားမှ မပေးချင်ဘူး။ ကိုယ့်ဟာကိုယ် ချက်ချင်း ငြင်းလိုက်ချင်ပေမဲ့ သေချာပြန်စဉ်းစားကြည့်တော့ ဒါက မင်းနဲ့လည်း ဆိုင်တယ်လေ။ မင်းရဲ့အမြင်နဲ့ အတွေးကို မေးဖို့ လို‌တယ်လေ”

သူဟာ မသက်မသာနဲ့ ပြုံးပြပြီး ပြောတယ်။ “ကိုယ့်အတွက် ပူစရာမလိုဘူး။ ဘာလို့လဲဆိုတော့ ကိုယ်လည်း အိမ်ပြန်ဖြစ်တာ ရှားတာမလို့”

သူ ဘာပြောနေလဲဆိုတာကို နားလည်သွားပြီးတဲ့နောက် နန်ကောဟာ သူ ထင်ထားသလိုမျိုး အလန့်တကြား ဖြစ်မနေခဲ့ဘူး။

“ဒါဆို ခုနက ရှင် ရှင့်အဖေနဲ့ ဖုန်းပြောနေတာလား?” သူမတို့ တံခါးအ၀မှာတုန်းက သူဟာ ဖုန်းပြောနေခဲ့ပြီး တစ်ယောက်ယောက်ရဲ့အမြင်ကို မေးကြည့်မယ်ဆိုပြီး တစ်ခုခု ပြောနေတာကို သူမ မှတ်မိသွားတယ်။

ဒီတော့ အဲဒါက သူမနဲ့ ဆိုင်နေတာကိုး။

“အင်း” သေသေချာချာ တွေးတောပြီးတဲ့နောက် သူ သူမကို အားလုံးပြောပြလိုက်တယ်။

ဘလိုင်းဒိတ်ကိစ္စရော အပါအ၀င်။

ဒါကိုကြားတော့ နန်ကောဟာ တအံ့တဩနဲ့ မျက်တောင် ခတ်မိသွားတယ်။ “ရှင်...”

“ကိုယ် တောင်းပန်ပါတယ်”

“ကိုယ်လည်း အစကမသိဘူး အတိအကျပြောရရင် ကိုယ်မနေ့ညကမှ သိတာ။ အဲတာကြောင့် ကိုယ်မင်းကိုလည်း အခုမှ ပြောပြရတာ။ ဒါပေမဲ့ ကိုယ် အရင်ကရော အခုရော အဲဒါကို သဘော တူထားတာမျိုး မရှိဘူး”

ရှန်ရန်ချင်းဟာ သူမ စိတ်ဆိုးသွားတယ်ထင်ပြီး သူမကို ရှင်းပြဖို့ အစိုးရိမ်လွန်နေခဲ့တယ်။

သူ့သူငယ်ချင်း ပြောတာ မှန်တယ်။မိန်းကလေးတွေက ဒီလိုကိစ္စတွေကို အရမ်းထိရှ လွယ်တယ်။

ယောက်ျားတွေနဲ့ မိန်းမတွေဟာ မတူညီတဲ့ ရှုထောင့်ကနေ တွေးကြတယ်။တစ်ခါတလေ အဲဒါက ပြဿနာ မဟုတ်ဘူးလို့ ယောက်ျားတွေက တွေးကြပေမဲ့ မိန်းမတွေရဲ့အမြင်မှာတော့ အရမ်းအရေးပါတဲ့ ပြဿနာဖြစ်နေတတ်တယ်။

နန်ကောဟာ သူမစကားကို အဆုံးမသတ်နိုင်ခင် ခဏလောက် ကြောင်အ သွားတာ။ “မဟုတ်ဘူး။ ရှင့်လိုလူက တကယ်တော့ ဘလိုင်းဒိတ်တွေ သွားသင့်တာ?”

“ဘယ်လို?” အခုကတော့ ရှန်ရန်ချင်း ကြောင်အရမဲ့ အလှည့်။

“ရှင်က ထူးချွန်တဲ့လူလေ။ ရှင့်မိသားစုက စိတ်ပူစရာ မလိုပါဘူးရယ်။ ကျွန်မထင်တာက ကျွန်မအစ်ကိုလို လူတွေကသာ ဘလိုင်းဒိတ်သွားဖို့ လိုတယ်ထင်တာ။ တကယ်တော့ ရှင့်လို ထူးချွန်တဲ့လူကလည်း လက်ထပ်ဖို့ကို တိုက်တွန်းခံရတာပဲ” အဲ့တာကို ပြောပြီးနောက် မိန်းကလေးဟာ မနေနိုင်ဘဲ အသံထွက်မိတယ်။

143 02

သူမလေသံဟာ အံ့ဩမှုတွေ၊ခံစားချက်တွေနဲ့ ပြည့်နေခဲ့တယ်။

ဒါပေမဲ့ စိတ်ဆိုးတဲ့ အရိပ်အယောင်ရယ်လို့ မရှိဘူး။

ဒါကို သတိထားမိတော့ ရှန်ရန်ချင်းရဲ့ ပါးလွှာတဲ့နှုတ်ခမ်းဟာ လှုပ်ခတ်သွားတယ်။တခဏလောက် ကြာပြီးနောက် သူဟာ ပြောတယ်။ “မင်း စိတ်မဆိုးဘူးလား?”

“ကျွန်မက ဘာလို့စိတ်ဆိုးရမှာလဲ?” နန်ကောဟာ အတည်ပေါက်နဲ့ မေးလာတယ်။

သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စက္ကန့်အနည်းငယ်လောက် အသံတိတ် ကြည့်နေခဲ့ပြီးနောက်မှာတော့ ရှန်ရန်ချင်းဟာ အရင်စကားစပြောတယ်။ “ကိုယ် ဘလိုင်းဒိတ် သွားရမယ်ဆိုတာကို မင်း သိရင် မင်း မပျော်လောက်ဘူး ထင်တာ”

“ဒါပေမဲ့ ဒါရှင့်ရည်ရွယ်ချက်မှ မဟုတ်တာ အထင်လွဲရုံ သက်သက်ပဲလေ”

နန်ကောဟာ လန့်ပြီး မေးတယ်။ “ဖြစ်နိုင်တာက ရှင် တကယ်ဘလိုင်းဒိတ်ကို သွားချင်တာများလား?”

ဒါ အန္တရာယ် များတဲ့မေးခွန်းပဲ။

“မဟုတ်ပါဘူး။ ကိုယ်က ဘာလို့သွားချင်ရမှာလဲ?”

နန်ကောဟာ လက်ခု ပ်ထတီးတယ်။ “ကောင်းတယ်။ တစ်ခုခု ကြီးကျယ်တာမျိုးလို့ ကျွန်မ ထင်သွားတာ”

“ဒါဆို မင်း ကိုယ့်အိမ်ကို လာချင်လား?”

“အိုး” နန်ကောဟာ ခဏလောက် တွေးလိုက်ပြီး ခေါင်းညိတ်တယ်။ “ဒါပေါ့”

“ဒါပေမဲ့ လူတွေ အများကြီး ရှိမှာလား?”

လူတွေ အများကြီးရှိရင်တော့ သူမ နည်းနည်း သက်တောင့်သက်သာ မဖြစ်သေးဘူး။

“မရှိပါဘူး”

ရှန်မိသားစုဟာ အမြဲ လူမှုရေးကျင့်၀တ်ကို အလေးထားတယ်။ဒါဟာ ပထမဆုံးအကြိမ် မိန်းကလေးတစ်ယောက် သူတို့အိမ်ကို လာတာဖြစ်တဲ့အတွက် သူတို့အမျိုးတွေ အကုန်လုံးကို ခေါ်မှာ မဟုတ်ဘူး။မဟုတ်ရင် ကြောင်‌တောင်တောင်နို င်မယ်လေ။

“အဲတာဆို ကောင်းတယ်။ ဒီအပတ်ဆိုရင်ရော ဘယ်လိုလဲ? တစ်ခုခုသာ ပေါ်မလာဘူးဆိုရင် ကျွန်မ တစ်နေ့လုံး အားတယ်”

“ဟုတ်ပြီ။ ကိုယ် မင်းကို ကျောင်းမှာ လာကြိုမယ်”

သူတို့နှစ်ယောက် အချိန်ကို သတ်မှတ်လိုက်ပြီ။

ညရောက်တော့ နန်ကောဟာ ရှန်ရန်ချင်း လိုက်‌ပို့‌ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို ငြင်းပြီး ကျောင်းကို သူမကိုယ်တိုင်ပဲ မောင်းပြန်သွားတယ်။

သူမအဆောင်ကို ရောက်တာနဲ့ နန်ကောဟာ ဒီအကြောင်း အခန်းဖော်တွေကို ပြောပြလိုက်တယ်။

“မိဘတွေနဲ့ တွေ့တာ!!” ဖုန်းယွမ်ယွမ်ဟာ အိပ်ရာပေါ် ထထိုင်တယ်။မက်စ်ကပ်နေတဲ့ စုဟွေးလည်းပဲ အံ့ဩသွားတယ်။

ချန်းရှာဟာ စာအုပ်ကို ချပြီး အလွန်အံ့အားသင့်သွားပုံ ပေါ်တယ်။ “အရမ်းမြန်မြန်ကြီး?”

“နင်တို့ တွဲတာ မကြာသေးဘူးဆို?” စုဟွေးက ပြောတယ်။ “နင်နဲ့ ဥက္ကဌရှန်က မြန်လိုက်ကြတာ။ တစ်နေ့ကျရင်လည်း ရုတ်တရက်ကြီး ထပြီး လက်ထပ်ကြမှာလို့တော့ မပြောနဲ့နော်?”

နန်ကော “.....”

“ဘယ်လို လုပ်ဖြစ်နိုင်မလဲဟယ်?” သူမဟာ နှာခေါင်းကို ကို့ရို့ကားယား ထိပြီး ခုံမှာ ပြန်ထိုင်လိုက်တယ်။ “ထမင်းအတူ စားရုံပါပဲ။ လူကြီးက အကြံပေးတာဆိုတော့ ငါ မသွားရင် ရိုင်းမယ်ထင်လို့ပါ”

“ဘာပဲ ဖြစ်ဖြစ် ငါတို့ လက်ထပ်ဖို့အကြောင်း ပြောကြတာတို့၊ မိဘချင်းတွေ့ကြတာတို့မှ မဟုတ်တာ ကိစ္စကြီးလို့တော့ ငါ မထင်ဘူး”

စုဟွေးဟာ သူမရဲ့ယှက်ထားတဲ့ လက်ကို ငုံ့ကြည့်ပြီး မေးတယ်။ “အင်း အဲလိုဆိုပေမဲ့လည်း နင် အဆင်သင့် ဖြစ်ပြီလား?”

“ငါ လက်ခံလိုက်တုန်းက ငါ ဘာမှ သိပ်တွေးခဲ့တာ မဟုတ်ဘူး။ အပြန်ကျ‌မှ ငါ လေတိုက်ခံရပြီး ပိုနိုးနိုးကြားကြား ဖြစ်လာတာ”

နန်ကောဟာ တည်ကြည်တဲ့ မျက်နှာထားနဲ့ အရှေ့ကို ကုန်းလိုက်တယ်။ “သူတို့ ငါ့ကို ပိုက်ဆံပေးပြီး ထွက်သွားဖို့ ပြောရင် ငါ အဲမှာပဲ ပိုက်ဆံ အများကြီး ပိုထည့်ပြီး သူတို့ မျက်နှာဆီ ပြန်ပစ်ပေးလိုက်ရင် ရလား။ အဲဒါက အိုဗာဖြစ်သွားမယ်လို့ နင်တို့ ထင်လား?”

လူတိုင်း “.....”

ဖုန်းယွမ်ယွမ်ဟာ ပြောလာတယ်။ “နင် တွေးတဲ့ပုံစံက အရမ်း၀တ္ထုဆန်နေတယ်။ ငါတို့လူသားတွေက အရမ်းလေးနက်တဲ့ အဆင့်ထိ တွေးလို့မရဘူး”

“ဒါက ဇာတ်လမ်းတွဲတွေထဲမှာ အမြဲဖြစ်နေတာ မဟုတ်ဘူးလား?” နန်ကောတစ်ယောက် ဇာတ်ကောင်ထဲ နစ်မြောနေပြီဆိုတာ အရမ်းကိုမှ သိသာနေပြီးသား။ “ငါအခု ငါ့အစ်ကိုကို ဖုန်းခေါ်ပြီး ပိုက်ဆံ တောင်းထားရမလား?”

“နိုး နိုး နိုး” စုဟွေးက တားတယ်။ “သူ့မိဘတွေက ရှန်ရန်ချင်းလိုပဲ ရင့်ကျက် ထူးချွန်ပြီး ယဉ်ကျေးမှုရှိမှာပါ။ ဒီတော့ သူတို့ နင့်အပေါ် အရမ်းကြမ်းလိမ့်မယ်လို့ ငါ မထင်ဘူး စိတ်ပူမနေနဲ့”

“အာ” နန်ကောဟာ ခေါင်းကုတ်ပြီး သဘောမတူဘူး။

ရှန်ရန်ချင်းရဲ့ အမေအရင်းကို မတွေ့ခင်အထိ သူမလည်း စုဟွေးလိုအတွေးမျိုး ရှိခဲ့တာပါ။ဒါပေမဲ့ အဲနောက်မှာတော့ သူမအမြင်တွေလည်း ပြောင်းလဲသွားခဲ့တယ်...

******

All Chapters