← Chapters

အခန်း ၁၄၄

Vol. 15 Ch. 144

အခန်း ၁၄၄

Vol. 15 Ch. 144

144 01

Chapter 144 မင်္ဂလာပါ ခယ်မလေး။

“မကြောက်ပါနဲ့” သူမ တစ်ခုခု ပြောချင်နေပေမဲ့ တွန့်ဆုတ်နေတာကို မြင်တော့ နန်ကော အရမ်းစိုးရိမ်နေရတာကလည်း အကြောင်းအရင်း ရှိမယ်ဆိုတာ ချန်ရှား သိလိုက်တယ်။ “ဘာပဲဖြစ်ဖြစ် ဥက္ကဌရှန်လည်း ရှိမှာမလား။ တစ်ခုခုဖြစ်ရင် သူ သေချာပေါက် နင့်ကို ကာကွယ် ပေးလိမ့်မယ်”

“ပြီးတော့ သူ့မိဘတွေက တကယ်သာ အဲ့လိုလူမျိုးတွေဆိုရင် ဥက္ကဌရှန်ရဲ့အကျင့်အရ သူတို့နဲ့ တွေ့ဖို့ သူ နင့်ကို ခေါ်သွားမှာ မဟုတ်ပါဘူး” ချန်ရှားဟာ အတိအကျမှန်တဲ့အရာကို ပြောလိုက်တယ်။

“ဟုတ်တယ်! ဟုတ်တယ်!” ဖုန်းယွမ်ယွမ်နဲ့ စုဟွေးဟာလည်း သံယောင်လိုက်တယ်။

“အဲတာ ဟုတ်တာပဲ။ ဒါဆို ငါ ဘာကို ပြင်ဆင်သင့်လဲ?” သူမရဲ့ ပထမဆုံးအကြိမ် သွားလည်တာဆိုတော့ လက်ဗလာနဲ့ သွားလို့မဖြစ်ဘူးလေ။

“ဒါက ငါတို့လည်း သိပ်မသိဘူး။ ငါတို့လည်း ဒါနဲ့ ပတ်သက်ပြီး အတွေ့အကြုံ မရှိဘူးလေ။ နင့်မိသားစုကို နင်မေးကြည့်ရင်ရော?”

ရေချိုးပြီးတဲ့နောက် နန်ကောဟာ သူမရဲ့မားကို ဖုန်းခေါ်ဖို့ လသာဆောင်ဆီ လျှောက်သွားတယ်။ဒါပေမဲ့ ဖုန်းလိုင်းဟာ မအားဘူး ဖြစ်နေတယ်။အကူအညီမဲ့စွာနဲ့ပဲ သူမရဲ့ပါးကိုသာ ခေါ်လိုက်တော့တယ်။

“ရော့ရော့ အရမ်းနောက်ကျနေပြီ။ ဘာလို့ မအိပ်သေးတာလဲ?”

“မအိပ်သေးတာ”

နန်ကောဟာ ပုံမှန်အားဖြင့် မားကိုပဲ ခေါ်ဖြစ်တာ။သူမ ဒီနေ့မှ ရုတ်တရက်ကြီး သူ့ကို ခေါ်လာတော့ နန်ကောရဲ့ပါးဟာ နည်းနည်းလှု ပ်လှုပ်ခတ်ခတ် ဖြစ်သွားတယ်။

အဓိက အကြောင်းအရာကို မသွားခင် အဖေနဲ့သမီးဟာ ခဏလောက် ရောက်တက်ရာရာ စကားပြောနေခဲ့ကြတယ်။

“သမီး ရှန်လေးရဲ့ အိမ်မှာ ညစာသွားစားမှာလား?”

“အာ ဟုတ်။ နန်ကောဟာ နည်းနည်း စိတ်လှုပ်ရှားနေတယ်။ “ဒီတိုင်း သာမန်ထမင်းစားတာပါပဲ။ ဒါပေမဲ့ လက်ဗလာနဲ့ သွားဖို့က မဟုတ်သေးဘူး ထင်လို့ ပါးကို လာမေးတာ”

သူမရဲ့လေသံကို ကြားတဲ့အခါ မစ္စတာနန်ဟာ ကြီးကျယ်တာမျိုး တစ်ခုခုလို့ ထင်သွားတယ်။ “စိတ်မပူနဲ့ ပါးတာ၀န်ထား။ သမီး ဒီအပတ် သွားမှာမလား။ ပါး သမီးအစ်ကိုကို ပစ္စည်းတွေ ကြိုပို့ခိုင်းထားလိုက်မယ်”

“အဲတာက...အဲ့‌လိုပဲ ရိုးရှင်းတာလား?”

“ဘာရှိသေးလို့လဲ?” အဖေအိုကြီးဟာ ရယ်ရမလား ငိုရမလား မသိတော့။ “ဒီလိုလူမျိုးတွေက ရှေးဟောင်းပစ္စည်းတို့ လက်ရေးလှစာတို့ နောက်ပြီး ပန်းချီတွေကို ကြိုက်ကြတာ။ သမီးအဖိုးမှာ ဒီပစ္စည်းတွေ အများကြီးရှိတယ်။ သမီးအစ်ကိုကို နည်းနည်းပါးပါး ယူလာခိုင်းလိုက်ရင် ရပြီ”

နန်ကော “.....”

“ပြီးတော့ ပါး ကြားတာတော့ သူ့အဖေက အရမ်းကောင်းတဲ့လူတဲ့။ သမီး ကြောက်စရာ မလိုပါဘူး” မစ္စတာနန်ဟာ သူ့သမီးဖြစ်သူ အပေါ်မှာတော့ ယုံကြည်ချက်က ရှိနေပြီးသားမို့ သူမကို သိပ်ပြီး သတိပေးမနေတော့ဘူး။ “ဟုတ်ပြီ ဟုတ်ပါပြီ။ ဒါနဲ့ မား ဘာလုပ်နေလဲ။ ဖုန်းခေါ်မရလို့”

“အော် သူလား? သမီးအစ်ကိုနဲ့ ဖုန်းပြောနေတယ်”

ဒါကို ကြားတော့ သူတို့ ထရန်းဖြစ်သွားတဲ့ သတင်းအကြောင်း ပြောနေကြတာပဲဖြစ်မယ်လို့ နန်ကော ခန့်မှန်းမိတယ်။

တိုက်ခန်းမှာတော့ ချီယန်ဟာ ဆိုဖာပေါ် လှဲနေပြီး ပျင်းပျင်းရိရိနဲ့ တီဗီကြော်ငြာကို ကြည့်နေတယ်။

သိပ်မဝေးတဲ့နားက မီးဖိုချောင်ကို သူမ ခဏခဏ ကြည့်နေမိတယ်။သူမရဲ့ ရှု‌ထောင့်ကနေဆိုရင် သူမ အမျိုးသားရဲ့ကျောပြင်ကိုသာ မြင်ရတယ်။

တစ်ဖက်လူကတော့ ရေနွေး ကြိုနေရင်း လက်ထဲမှာလည်း ဖုန်းကိုင်ထားတယ်။သူ့ကြည့်ရတာ စိတ်မရှည်ပုံပေါ်ပြီး ရှည်ရှည်ဝေးဝေး မပြောဘဲ ဖြေပေးနေ‌ကာ ဖုန်းကိုတော့ မချရဲတဲ့ပုံဘဲ။

ခဏလောက် နားထောင်ပြီးတဲ့နောက် သူမ အကြည့်ကို ပြန်သိမ်းပြီး ကြော်ငြာကိုပဲ ဆက်ကြည့်နေလိုက်တယ်။

ဘယ်လောက် ကြာသွားမှန်းမသိဘဲ သူမ‌ အိပ်ပျော်တော့မဲ့ အချိန်မှာပဲ တစ်ယောက်သောသူဟာ နောက်ဆုံးတော့ မီးဖိုချောင်ထဲက ထွက်လာတယ်။

“ထပြီး ဆေးသောက်”

ဆေးသောက်ပြီးတဲ့နောက် ချီယန်ဟာ လုံး၀နိုးသွားတယ်။ “နင် ဖုန်းပြောပြီးပြီလား?”

“အင်း” နန်ကျဲ့ဟာ ရေခွက်ကို စားပွဲပေါ်တင်လိုက်ပြီး သူမ‌ဘေးက ဆိုဖာပေါ်မှာ ထိုင်တယ်။

ချီယန် ငှားထားတဲ့တိုက်ခန်းဟာ အိပ်ခန်းတစ်ခန်းနဲ့ ဧည့်ခန်းတစ်ခန်းသာ ရှိတယ်။ပုံမှန်ဆို သူမတစ်ယောက်တည်းနေတာမို့ အခန်းကို သေးတယ်လို့ မခံစားရပေမဲ့ အခု နန်ကျဲ့ ရောက်နေတော့ ကျဉ်းတယ်လို့ ခံစားရတယ်။ဥပမာအနေနဲ့ ဧည့်ခန်းထဲက ဆိုဖာဟာ နန်ကျဲ့ ထိုင်လိုက်တော့ အတော်လေး သေးသွားတယ်။သူ့ရဲ့ခြေတံရှည်ရှည်တွေဟာ ကော်ဖီစားပွဲရဲ့ ခြေထောက်ကို ထိနေပြီ။ပြီးတော့ သူ ခြေထောက်ကို ဆန့်ထုတ်လို့လည်း ရမနေဘူး။

“ငါ့အမေပါ”

သူဟာ ရုတ်တရက် စကား ထပြောတယ်။ချီယန်ဟာ သူမရဲ့အာရုံကို ပြန်မသိမ်းရသေးဘဲ သူ ပြောနေတာကို မကြားလိုက်မိဘူး။

144 02

ကံကောင်းစွာနဲ့ နန်ကျဲ့ဟာ ခဏနားပြီး ဆက်ပြောလာတယ်။ “ငါ့အမေ မနက်က ထရန်းဖြစ်သွားတဲ့ သတင်းအကြောင်း မေးနေလို့ ရှင်းပြနေတာ”

“အော်” ချီယန် ခေါင်းညိတ်လိုက်တယ်။

ဒါအစကောင်းပဲ။သူ ဆက်စကားပြောပြီး သူမကို ရှင်းပြလို့ ရနိုင်တယ်လို့ နန်ကျဲ့ ခံစားမိတယ်။

ညနေတုန်းက သူ သူမကို ဆေးရုံကနေ သွားကြိုလာတာ။သူတို့နှစ်ယောက်ရဲ့ စကားဝိုင်းဟာ သူမရဲ့နာနေတဲ့ကျောနားပဲ တဝဲလည်နေခဲ့ပြီး ဒီအကြောင်းအရာကို မပြောဖြစ်ခဲ့ကြဘူး။

ချီယန်ရဲ့မျက်လုံးတွေနဲ့ ဆုံမိတော့ နန်ကျဲ့ဟာ အသာချောင်းဟန့်လိုက်ပြီး အကြည့် လွှဲသွားကာ မနှစ်ခြိုက်စွာနဲ့ တီဗီကို ကြည့်နေတယ်။

“ငါ မနက်အစောပိုင်းတုန်းက လိုင်းပေါ်မှာ ထရန်း ဖြစ်သွားသေးတယ်။ မနေ့ညက နင် စောစောအိပ်တော့ တွေ့လိုက်မှာ မဟုတ်ဘူး”

ချီယန်ဟာ သတိလက်လွတ်နဲ့ သူမ တွေ့လိုက်တယ်လို့ ပြောမိတော့မလို့ပေမဲ့ အဆုံးမှာ သူမကိုယ်သူမ ထိန်းလိုက်တယ်။ “တကယ်?”

နန်ကျဲ့ဟာ တုံ့ပြန်ပြီး ဆက်ပြောတယ်။

“အော် အဲဒါ လူထုစတန့်နေမှာပါ။ ဒါ ဖျော်ဖြေရေးလောကထဲ ပုံမှန်မာကတ်တင်း ဆင်းတဲ့နည်းလမ်းပဲလေ” ချီယန်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ ပြောတယ်။

အချိန်တစ်ခုလောက် သူတို့နှစ်ယောက်လုံး တိတ်ဆိတ်သွားတယ်။

ချီယန်ဟာ သူ့ကို မျက်လုံးထောင့်ကနေ ကြည့်ကြည့်တယ်။အမျိုးသားဟာ သူမရဲ့‌ဆိုဖာအသေးလေးပေါ်မှာ ပျင်းရိစွာနဲ့ မှီနေတယ်။သူ့ခေါင်းဟာ ဘေးကို လှည့်ထားပြီး သူဟာ တီဗီ‌ထဲက ရှိုးကို ကြည့်နေတဲ့အပေါ်မှာ အာရုံစိုက်ထားတယ်။

တိုက်ဆိုင်စွာနဲ့ အဲဒါဟာ ချီကျားရဲ့ရှိုးတစ်ခု ဖြစ်နေတယ်။

တွေးတောင် မတွေးမိလုနီးနီးဘဲ သူမဟာ မေးလိုက်မိတယ်။ “ဒါဆို နင်နဲ့ချီကျားကိစ္စက အမှန်ပဲလား?”

ဆိုဖာပေါ်က အမျိုးသားဟာ တောင့်တင်းသွားပြီး သူမကို အမြန်လှည့်ကြည့်လာတယ်။

ချီယန်ဟာလည်း ကြောင်သွားပြီး သူ့မျက်လုံးတွေထဲကို တိုက်ရိုက် ကြည့်လိုက်မိတယ်။သူမမှာ ရှောင်နေဖို့ အချိန်မရှိဘူးလေ။

“ဘာဖြစ်လို့လဲ?” သူမ တစ်ခုခု မှားပြောလိုက်မိလား။

သူဟာ စကားမပြောခင် သူမကို အကြာကြီး စိုက်ကြည့်နေခဲ့တယ်။ “ငါတို့ကြားမှာ ဘာရှုပ်ရှုပ်ရှက်ရှက်မှ မရှိဘူး။ တွဲတဲ့ကိစ္စဆို ဝေး။ ငါတို့ ရင်းလည်း မရင်းနှီးဘူး”

“အော်”

အခြား ဘာမှမရှိခဲ့ဘူးဘဲ။

သူမရဲ့တုံ့ပြန်ပုံကို မြင်ပြီး သူမ မယုံသေးဘူးလို့ နန်ကျဲ့ဟာ ထင်သွားတယ်။ဒီတော့ သူဟာ မတ်တပ် ထလိုက်ပြီး သူမဆီကို တိုးသွားတယ်။သူဟာ တည်တည်ကြည်ကြည်နဲ့ “ငါ သူနဲ့ ဘာမှမပတ်သက်ဘူး”

“ဆုပေးပွဲတုန်းက ငါ သူ့ကြောင့် အဲလို လုပ်ခဲ့တာ မဟုတ်ဘူး။ နင် ငါ့အကြောင်း မသိတာလည်း မဟုတ်ဘူး။ တစ်ယောက်ယောက်က လူသိရှင်ကြား ငါ့မျက်နှာ ရိုက်ချလိုက်တာကို ငါက ဘယ်လိုလုပ် ငြိမ်နေနိုင်မှာလဲ?”

“ငါ ချီကျားကို စကားအများကြီး မပြောဖူးဘူး။ အစက ငါ ကုမ္ပဏီကို အပျော်သဘောနဲ့ ထောင်တာ အတည်လုပ်တာ မဟုတ်ဘူး။ အမြဲ ငါ့သူငယ်ချင်းတွေနဲ့ပဲ လွှဲထားတာ”

“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါ သူတို့ကို ဖုန်းခေါ်ပြီး နင်နဲ့ စကားပြောခိုင်းမယ်လေ”

နန်ကျဲ့ဟာ စကားဆုံးတာနဲ့ ဖုန်းကို ထုတ်ကာ တကယ်ကြီး ဖုန်းနံပါတ်တွေကို လှန်လှော နေတော့တယ်။ချီယန်ဟာတော့ ကြောင်အ နေတုန်း။သူ ဘာလုပ်တော့မယ်ဆိုတာကို သူမ သဘောပေါက် သွားတော့မှ သူ့ကို အမြန် တားလိုက်ရတယ်။ “မဟုတ်ဘူး။ မလုပ်နဲ့ မလုပ်နဲ့! ငါက ဒီတိုင်း မေးနေတာပါ...”

ကံမကောင်းစွာနဲ့ နန်ကျဲ့ဟာ အရမ်းမြန်သွားတယ်။ဖုန်း ၀င်သွားတဲ့အချိန် သူမ ဆိုဖာပေါ်ကနေ ထရုံပဲရှိ သေးတယ်။

“အိုကေ ငါ့ကို ကူရှင်းပြပေး” နန်ကျဲ့ဟာ စပီကာဖွင့်ပြီး ဖုန်းကို ချီယန့်ရှေ့ မထိုးခင် စကားအနည်းငယ် ပြောလိုက်တယ်။

ချီယန်တစ်ယောက် ရုတ်တရက် တစ်ခုခုကို အတင်းအကျပ် လုပ်ခိုင်းခံရသလို ခံစားရတယ်။

144 03

သူမ အစကတည်းက သူ့သူငယ်ချင်းနဲ့ စကား မပြောချင်ပါဘူးနော်!

သူမ မလှုပ်တာကို မြင်တော့ နန်ကျဲ့ဟာ မျက်ခုံးပင့်ကာ စကားပြောဖို့ အချက်ပြတယ်။

ချီယန့်နှု တ်ခမ်းထောင့်ဟာ တစ်ချက်တွန့်သွားတယ်။ “အာ ဟယ်လို?”

“ဟယ်လို ‌ခယ်မလေး ကျွန်တော့်ကို ရှောင်လုလို့ပဲ ခေါ်ပါ”

ဒါဟာ ချီယန့်ကို လန့်သွားစေရလွန်းလို့ သူမ ဆိုဖာပေါ်ကနေ ခုန်ချမိတော့ မတတ်ဘဲ။ “မဟုတ်ဘူး မဟုတ်ဘူး ရှင် မှားနေပြီ။ နန်ကျဲ့နဲ့ ကျွန်မက သူငယ်ချင်းတွေပါ။ တွဲနေတာ မဟုတ်ဘူး”

“နားလည်ပြီ နားလည်ပြီ” တစ်ဖက်လူဟာ နည်းနည်းမြန်မြန်လေးလက်ခံပေမဲ့ သူ့ရယ်သံကတော့ တစ်ခုခုပဲ။

ချီယန်ဟာ အခြားတစ်ခုခု ပြောချင်ပေမဲ့ သူမရဲ့အတွေးရထားဟာ ဖုန်းတစ်ဖက်က လူဆီကနေ အလျင်အမြန်ပဲ အနှောင့်ယှက် ခံလိုက်ရတယ်။ သူမ ကြားရတာဆိုလို့ တစ်ဖက်လူ ပြောတာပဲ။ “မင်း တကယ်ကို အထင်လွဲနေပြီ။ ချီကျားက တကယ်ကို နန်ကျဲ့နဲ့ ဘာမှမပတ်သက်ဘူး။ သူတို့ ထမင်းတစ်၀ိုင်းတောင် အတူမစားဖူးတာ ဘယ်လိုလုပ် အတွဲတွေဖြစ်ပါ့မလဲ။ အငယ်အနှောင်းကိုတောင်မှ ဒီလိုမဆက်ဆံကြဘူးလေ မဟုတ်ဘူးလား?”

“ဟိုအရှုပ်တော်ပုံတွေကတော့ အဲဒါတွေ ထွက်လာတုန်းက ကုမ္ပဏီက ထောင်ထားတာ ဘယ်လောက်မှ မကြာသေးဘူးရယ်။ အဲတုန်းက ကျွန်တော်တို့လည်း ကျော်ကြားဖို့ လိုနေတာလေ။ အဲဒါနဲ့ ၀န်ထမ်းတစ်ချို့က အဲတာကို သုံးပြီး လူစိတ်၀င်စားလာအောင် အခွင့်‌အရေးယူဖို့ အကြံပေးခဲ့ကြတာ။ ဒါပေမဲ့ ဒီကိစ္စက ဥက္ကဌနန်ရဲ့အကြံ မဟုတ်ဘူး။ သူ သိသွားတော့ သူ ကျွန်တော်တို့ကို ချက်ချင်း ဖျက်ပစ်ခိုင်းတယ်။ ကျွန်‌တော်တို့ နံရံကပ်ကြော်ငြာတွေပါ ၀ယ်ကပ်ပြီး ဒီကိစ္စကို တတ်နိုင်သမျှ ဖိနှိပ်ခဲ့ကြသေးတယ်...”

******

All Chapters