← Chapters

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း ၁၄၇

Vol. 15 Ch. 147

147 01

Chapter 147 အချစ်ရေးပြဿနာ

နန်ကော လောကကြီးနဲ့ တစ်ခါမှမဆက်ဆံဖူးတာမျိုးတော့ မဟုတ်ဘူး။

သူမ ဘယ်လောက်ပဲ စိတ်လှုပ်ရှားနေပါစေ။ သူမ ဘယ်တော့မှ တစ်ဖက်လူရဲ့ရှေ့မှာ ထုတ်မပြဘူး။

ဒါကို သူမ ငယ်ငယ်လေးကတည်းက သူမအစ်ကို သင်ပေးထားခဲ့တာ။

ဥပမာအနေနဲ့ ငယ်ငယ်က‌ သူမကို စင်ပေါ်မှာ အတင်း ဖျော်ဖြေခိုင်းတုန်းက သူမငြင်းခဲ့ပြီး အနည်းငယ် ကြောက်ရွံ့ခဲ့တယ်။

ဒါပေမဲ့ သူမအစ်ကိုက သူမကို ကြောက်လည်းပဲ စင်ပေါ် တက်ရမယ်ဆိုပြီး ပြောခဲ့တယ်။သူမ ငိုချင်တယ်ဆိုရင် စင်ပေါ်က ဆင်းလာပြီးမှ ‌ကြိုက်သလောက် ငိုလို့ရတယ်တဲ့။

“ဒီတော့ သမီးက မစ္စတာနန်ကျန်းနင်းရဲ့အငယ်ဆုံး သမီးလေးပေါ့”

စကားပြောတဲ့အခါ မစ္စတာရှန်ရဲ့ အသံဟာ မကျယ်ဘူး။ရှန်ရန်ချင်းလိုပဲ ညင်သာတယ်။

သူမ စကားပြောပြီဆိုရင် မစ္စတာရှန်ဟာ သူမကို အပြုံးနဲ့ကြည့်ပြီး ဂရုတစိုက် နားထောင်ပေးတယ်။

မစ္စတာရှန်ရဲ့ဆံပင်ဟာ လုံး၀ဖြူနေပြီ။ဆံပင်ဖြူ တစ်မျှင်၊နှစ်မျှင်တွေ့တာနဲ့ အော်ကြီးဟစ်ကျယ်နဲ့ ဆွဲနှုတ်တတ်တဲ့ သူမရဲ့ပါးနဲ့ မတူဘူး။မစ္စတာရှန်ဟာ အသွင်အပြင်ကို သိပ်ဂရုစိုက်ပုံ မရဘဲ သူ့အပေါ် အချိန်ကို အမှတ်အသား ပြုခွင့်ပေးထားတယ်။

မစ္စတာရှန်ဟာ ဒီနေ့မီးခိုးရောင်ရှပ်အင်္ကျီကို ၀တ်ဆင်ထားတယ်။ကြယ်သီးတိုင်းကို သေချာတပ်ဆင်ထားပြီး ကော်လံဟာလည်း သပ်ရပ်နေခဲ့တယ်။ဒါပေမဲ့ တမင်သက်သက် လုပ်ထားပုံလည်း မပေါ်ဘူး။

သူကိုက ကြော့မော့ပြီး ပေါ့ပေါ့ပါးပါး ရှိတာ။

မစ္စတာရှန်ကို မြင်ပြီးတဲ့နောက်မှာတော့ မိဘတွေဟာ ကလေးတွေအပေါ် ကြီးမားတဲ့လွှမ်းမိုးမှု ရှိကြောင်း သူမပိုပြီးတောင် သေချာသွားတယ်။

ရှန်ရန်ချင်းရဲ့ အကျင့်စရိုက်ဟာ မစ္စတာရှန်အတိုင်းပဲ။

မစ္စတာရှန်နဲ့ နည်းနည်းပါးပါး စကားပြောဆိုပြီးတဲ့ နောက်မှာတော့ ရှန်ရန်ချင်းအမေနဲ့တုန်းကလို အကြောက်တရားမျိုးဟာ လုံး၀ပျောက်ကွယ် သွားတယ်။

“နန်လေး အသီးစားဦး” ရှန်ရန်ချင်းရဲ့မိထွေးဟာ အသီးပန်းကန် ယူလာတယ်။နန်ကော ခပ်မြန်မြန်ပဲ ထလိုက်တယ်။

အထဲကို၀င်မလာခင် သူ့မိထွေးရဲ့မျိုးရိုးနာမည်ဟာ ၀မ်လို့ ရှန်ရန်ချင်း ပြောပြခဲ့တယ်။သူ ပုံမှန်အားဖြင့် သူမကို အန်တီ၀မ်လို့သာ တိုက်ရိုက် ခေါ်ပြီး သူမကိုလည်း အဲလို‌ခေါ်ဖို့ ပြောခဲ့တယ်။

တစ်ဖက်လူဟာ သူမအတွက် လက်ဖက်ရည် ထည့်ပေးမှာကို မြင်တော့ နန်ကောဟာ အလျင်အမြန် လက်ကို လှမ်းဆွဲလိုက်တယ်။ “အန်တီ၀မ် သမီးဟာ သမီး လုပ်လို့ ရပါတယ်”

“ရတယ် ရတယ် ထိုင်” အန်တီ၀မ်ဟာ ပြုံးပြီး သူမကို ခွက်ကမ်းပေးလာတယ်။ “ရန်ချင်းရဲ့ပါးက ပုံမှန်ဆို လက်ဖက်ရည် သောက်တတ်ပေမဲ့ လူငယ်တွေက သောက်တတ်မယ် မထင်လို့ အန်တီ သစ်သီးလက်ဖက်ရည် ယူလာတယ်။ သောက်ကြည့် အရသာကို သမီးကြိုက်လောက်တယ်”

“ကျေးဇူးပါ အန်တီ၀မ်”

“ရပါတယ်ကွယ် ထိုင် ထိုင် ရပ်မနေပါနဲ့”

“ဟုတ်ကဲ့”

အန်တီ၀မ်ဟာ သူမနဲ့ဆန့်ကျင်ဘက်မှာ ပြန်ထိုင်တယ်။သူမအကြည့်ဟာတော့ နန်ကောဆီမှာ တွယ်ကပ်နေတယ်။သူမကို ကြည့်လေ ပိုသဘောကျလေပဲ။

သူမရဲ့ ပြင်းထန်တဲ့အကြည့်ကို ခံစားမိတဲ့အခါ နန်ကောဟာ ကြောင်တောင်တောင်နဲ့ မျက်တောင် တစ်ချက်ခတ်ပြီး မော့ကြည့်လာတယ်။

အန်တီ၀မ်ဟာ မနေနိုင်ဘဲ ရယ်မိတယ်။ “နန်လေးက စကားနားထောင်ပြီး ချစ်စရာလည်း ကောင်းတယ်။ မျက်လုံးလေးတွေကလည်း အရမ်းလှတယ်။ သမီး အန်တီ့ကို ကြည့်ရင် အန်တီ ရှက်သလိုလိုတောင် ခံစားရတယ်”

နန်ကောဟာ ရှက်သွေး ဖြာသွားပြီး ရှက်ကိုးရှက်ကန်းနဲ့ ပြုံးတယ်။

အန်တီ၀မ် နန်‌ကောကို ကြည့်လေ သူမကို ပိုသဘောကျမိလေပဲ။သူမတို့ စားနေတဲ့အချိန်လည်း သူမဟာ သူမပန်းကန်ထဲ အစားအသောက်တွေကို တောက်လျှောက် ထည့်ပေးတယ်။ဒါကြောင့် ကောင်‌လေးဖြစ်တဲ့ ရှန်ရန်ချင်းမှာ ကူညီဖို့ အခွင့်အရေးတောင် မရလိုက်ဘူး။

ရှန်မိသားစုမှာ ကိုယ်ပိုင်စားဖိုမှူး ရှိတယ်။

ဒါပေမဲ့ ဒီနေ့ ရှန်ရန်ချင်းတစ်ယောက် သူ့ကောင်မလေးကို ခေါ်လာမယ်ဆိုတော့ အန်တီ၀မ်ဟာ လွန်ခဲ့တဲ့၂ရက်ထဲက ဟင်းချက်ပစ္စည်းတွေကို သီးသန့် ကြိုမှာထားပြီး နေ့လည်ကတည်းက မီးဖိုချောင်ထဲ အလုပ်ရှုပ်နေတော့တယ်။

“ဘယ်လို နေလဲ။ ကြိုက်ရဲ့လား?”

147 02

“ဟုတ် ဟုတ် အန်တီ၀မ် အန်တီ့အချက်အပြုတ်စကေးက တကယ်အံ့ဩစရာပဲ!” နန်ကောမှာ အထင်ကြီးမှုအပြည့်။

“သမီးကြိုက်တယ်ဆိုရင်ပေါ့” အန်တီ၀မ်ဟာ စိတ်သက်သာရာ ရသွားတယ်။

သူမ မစ္စတာရှန်ကို အကူအညီ တောင်းခဲ့တယ်လေ။ရှန်ရန်ချင်းကို နန်ကော အကြိုက်ဆုံးဟင်းပွဲတွေနဲ့ သူမ မစားတာတွေ ရှိလားဆိုတာ ကြိုမေးပေးထားဖို့ကိုပေါ့။

ဒါပေမဲ့ ရှန်ရန်ချင်းပြောလာတာက နန်ကောဟာ အစားမရွေးသလို သူမ မကြိုက်တာလည်း မရှိဘူးတဲ့။

ဒါဟာ သူမကို ခက်ခဲသွားစေတယ်။နန်ကော ကောင်းကောင်းမစားမှာကို စိုးရိမ်ပြီး မနက်အစောပိုင်းတုန်းက အိမ်ကစား ဖိုးမှူးနဲ့ ဘယ်လိုဟင်းပွဲမျိုးတွေ ချက်ရမလဲဆိုတာ သူမ တိုင်ပင်ခဲ့သေးတယ်။

အခြေခံအားဖြင့် အားလုံးကို သူမကိုယ်တိုင် လုပ်ခဲ့တာ။သစ်သီးလက်ဖက်ရည်ရော အပါအ၀င်ပေါ့။သူမ နန်ကောကို လစ်လျူရှုသလို ဖြစ်သွားမှာကို စိုးရိမ်တာ။

ကံကောင်းစွာနဲ့ ဒီကလေးမလေးဟာ ရှန်ရန်ချင်း ပြောခဲ့သလိုပဲ။သူမဟာ တကယ်အစားမရွေးသလို ဟင်းပွဲတိုင်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ စားသောက်နေတယ်။

ထမင်းစားတုန်း ရှန်ရန်ချင်းရဲ့အဖေ ဖြစ်သူဟာလည်း နန်ကောကို မသိမသာ အကဲခတ်‌နေခဲ့တာ ဖြစ်တယ်။

နန်ကောဟာ နန်မိသားစုရဲ့သမီးဆိုတာ ရှန်ရန်ချင်း သူ့ကို ပြောပြထားပြီးပြီ။

နန်ကျန်းနင်း သူ့သမီးကို ပွဲထုတ်တယ်ဆိုတာမျိုးဟာ မကြားရသလောက် ရှားတယ်။နန်မိသားစုဟာ သူတို့သမီးအငယ်လေးကို အရမ်းအမြတ်တနိုး တန်ဖိုးထားကြတယ်။

အဲဒီလိုမိသားစုက လူတစ်ယောက်အနေနဲ့ မောက်မာတယ်ဆိုတာ ပုံမှန်ပါပဲ။

ဒါပေမဲ့ သူမနဲ့ အချိန်တစ်ခုလောက်အထိ ပြောဆိုဆက်ဆံ ပြီးတဲ့နောက်မှာတော့ သူ အရင်က မြင်ဖူးခဲ့တဲ့ မိန်းကလေးတွေနဲ့ နန်ကောဟာ လုံး၀ကွဲပြားတယ်။

သူ့သားကို ကြည့်ပြန်တော့လည်း သူ့သားမျက်လုံးတွေဟာ ဒီအမျိုးသမီးငယ်လေးဆီ ကော်ကပ်ထားသလိုပဲ။

သူက အမျိုးသမီးငယ်လေး ထက်တောင်မှ ပိုစိတ်လှုပ်ရှားနေပုံ။

မစ္စတာရှန်ဟာ မတတ်နိုင်ဘဲ ရယ်လိုက်မိတော့တယ်။

တစ်ချိန်တည်းမှာပဲ နန်ကျဲ့ဟာ အိမ်မှာနေပြီး ဖုန်းကို ခဏခဏ ကြည့်နေတော့တယ်။

မစ္စနန်ဟာ မျက်နှာမက်စ်ကပ်ပြီး အပေါ်ထပ်ကနေ ဆင်းလာတယ်။သူ အောက်ထပ်မှာ ထိုင်နေတုန်းဖြစ်တာကို မြင်တဲ့အခါ သူမနည်းနည်းထူးဆန်းသလို ခံစားလိုက်ရတယ်။

“နန်ကျဲ့? မင်းပြောတော့ ဒီညအပြင်သွားမယ်ဆို?”

“မသွားတော့ဘူး” နန်ကျဲ့ဟာ ခေါင်းငုံ့ရင်း ဖုန်းနဲ့ ယောက်ယက်ခတ်နေတယ်။

ယွီနဲ့အခြားလူတွေ ဒီညတွေ့ဆုံပွဲရှိပြီး သူ့ကို မနက်အစောပိုင်းတုန်းက ပြောပြလာတယ်။သူ သွားမလို့ပေမဲ့ ညစာ စားပြီးတော့ ရုတ်တရက် သွားချင်စိတ် ပျောက်သွားတယ်။

“ဖုန်းစောင့်နေတာလား?”

“မဟုတ်ပါဘူး” နန်ကျဲ့ဟာ မစ္စနန်ကို မော့ကြည့်ပြီး “အပေါ်တက်ပြီး နားနေပါ”

မစ္စနန်ဟာ သူ့ကို ထူးထူးဆန်းဆန်း ကြည့်လာတယ်။သူမသား ဒီည ရူးကြောင်မူးကြောင် ပြုမူနေတယ်လို့ သူမ ခံစားနေရတယ်။သူ တကယ်ကို မူမမှန်ဘူး။

နန်ကောလို မဟုတ်ဘဲ နန်ကျဲ့ဟာ ငယ်ငယ်ကတည်းက လွတ်လွတ်လပ်လပ်နဲ့ ကြီးပြင်း လာရတာ။

အဲဒါက သူမတို့ နန်ကျဲ့ကို ဂရုမစိုက်တာမျိုး မဟုတ်ဘူး။အဓိကက လူအိုကြီးဟာ နန်ကျဲ့ဘ၀ထဲ ၀င်၀င်ပြီး စွက်ဖက် နေခဲ့လို့။

နန်ကျဲ့ဟာ အကြီးဆုံးမြေး။ သူ ငယ်ငယ်တုန်းက သူဟာ လူအိုကြီးရဲ့အချစ်ကလေးပဲ။လူအိုကြီးဟာ သူ့ကို အစစအရာရာ ကူစီစဉ်ပေးခဲ့တယ်။

ဒါကြောင့် အဲဒီတုန်းကဆို နန်ကျဲ့လုပ်တာမှန်သမျှဟာ လူအိုကြီးနဲ့သာ သက်ဆိုင်တယ်။

နောက်တော့ နန်ကျဲ့လည်း အရွယ်ရောက်လာတယ်။ယောက်ျားလေးတွေဟာ သူတို့ကိုယ်သူတို့ ဖော်ပြတဲ့နေရာမှာ မတော်ဘူး။ပြီးတော့ အဲဒီအရွယ်မှာ မိသားစုနဲ့ ဆက်ဆံရတာကိုလည်း မကြိုက်တတ်ဘူး။တစ်ခါတလေ သူတို့‌မေးလို့ရှိရင် နန်ကျဲ့ဟာ သူတို့ကို စကားနည်းနည်းနဲ့ပဲ ၀တ်ကျေတန်းကျေသာ ဖြေတတ်တယ်။

အထူးသဖြင့် နန်ကျဲ့ နိုင်ငံခြားမှာ ပညာသွားသင်တုန်းကပေါ့။သူတို့ နန်ကျဲ့ကို ပုံမှန်ဖုန်းခေါ်တယ်။ဒါပေမဲ့ သူကတော့ သတင်းကောင်းတွေကိုသာ ပြောပြပြီး သတင်းဆိုးတွေကိုကျ ချန်ထားတတ်တယ်။

ဒါကို တွေးမိတော့ မစ္စနန်ဟာ သူ့ဘေးက ဆိုဖာပေါ်ထိုင်ချလိုက်ပြီး မမေးကြည့်ခင် သေချာ စဉ်းစားကြည့်သေးတယ်။ “သား တစ်ခုခု ဖြစ်နေလို့လား?”

“မဟုတ်ပါဘူး။ သားက ဘာဖြစ်ရမှာလဲ။ အပေါ်သာ မြန်မြန်တက်ပါ”

မျှော်လင့်ထားတဲ့အဖြေပဲ။

မစ္စနန်ဟာ နှုတ်ခမ်းကို ဖိလိုက်ပြီး သူမမျက်နှာထားဟာလည်း တည်တံ့သွားတယ်။ “သားငယ် မင်း ဘာလို့ မင်း မားရှေ့မှာ ဟန်ဆောင်နေတာလဲ။ မားကို ပြောပြ မားကူပြီး ဖြေရှင်းပေးမယ်”

နန်ကျဲ့တစ်ယောက် ရယ်ပဲ ရယ်ရမလား ငိုပဲ ငိုရမလား မသိတော့။

ခဏလောက် တိတ်ဆိတ်နေပြီးတဲ့နောက် သူဟာ ဆင်ခြေတစ်ခု ရှာတွေ့သွားတယ်။ “နန်ကော ရှန်မိသားစုဆီ သွားတော့ သား နည်းနည်း စိတ်ပူနေတာပါ”

“အဲဒါအကုန်ပဲလား?” မစ္စနန်ဟာ အခြားတစ်ခုခု ကြီးကျယ်တာမျိုးလို့ ထင်ခဲ့တာ။ “သူ မိဘတွေနဲ့ သွားတွေ့တာလေးကို မင်း ဒီလို ဖြစ်နေတာ ရော့ရော့လက်ထပ်လို့ကတော့ မင်းက အရင်ဆုံးငိုမယ့်လူ မဖြစ်လောက်ဘူးလား?”

နန်ကျဲ့ “.....”

147 03

မစ္စနန်ကို အရူးလုပ်ဖို့ မလွယ်ဘူး။ခဏလောက်ကြာတော့ သူမဟာ တည့်သာ ပြောလိုက်တယ်။ “မားကို အမှန်တိုင်းပြော။ မင်းမျက်နှာ ဘာလို့ရှုံ့တွနေတာလဲ?”

“လောလောဆယ် ကုမ္ပဏီက ဒေဝါလီမခံရသေးဘူး ဟုတ်။ အလုပ်က အဆင်ပြေနေတယ်ဆိုရင် မင်းအချစ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာရှိနေတာမလား?”

နန်ကျဲ့ဟာ မတ်မတ်ထိုင်ပြီး သတိလက်လွတ် ခွန်းတုံ့ပြန်လိုက်ချင်တယ်။ဒါပေမဲ့ မစ္စနန်ဟာ သူ့ကို စကားပြောဖို့ အခွင့်အရေးမပေးဘဲ ဆက်ပြောတယ်။ “ကုမ္ပဏီက ချီကျားဆိုတဲ့တစ်ယောက်နဲ့ မင်း ဘာပတ်သက်မှုမှ မရှိဘူး။ ဒါဆို မင်းကြိုက်တဲ့ နောက်မိန်းကလေးတစ်ယောက် ရှိနေတာမလား?”

“သားလည်း မသေချာဘူး” နန်ကျဲ့ဟာ ဒီစကားလုံးတွေကို ထုတ်မပြောခင် အကြာကြီး ထိန်းထားခဲ့တယ်။

မစ္စနန်ဟာ ပြန်ပြောတယ်။ “ဘာလို့ မသေချာတာလဲ။ သား သူ့ကို ကြိုက်လား မကြိုက်လားဆိုတာ သား မပြောနိုင်ဘူးလား? သားလည်ပင်းက ဟာက ဒီတိုင်း အလှတပ်ထားတာလား?”

******

All Chapters