← Chapters

အခန်း ၁၄၈

Vol. 15 Ch. 148

အခန်း ၁၄၈

Vol. 15 Ch. 148

148 01

Chapter 148 မင်း ဖွင့်ပြောပြီးပြီလား။

မားရဲ့ စနောက်တာကို ကြားတော့ နန်ကျဲ့ဟာ စိတ်ဆိုးသွားပေမဲ့ ဘာမှတော့ မပြောရဲဘူး။

“မင်းရဲ့မားလည်း ဒါမျိုး ကျော်ဖြတ်လာခဲ့ဖူးပါတယ်။ အရင်တုန်းကဆို မင်းပါးနဲ့ မားနဲ့က လွတ်လပ်တဲ့ ဆက်ဆံရေးတွေ။ မား မင်းကို အကြံတစ်ခု၊ နှစ်ခုလောက်တော့ ပေးနိုင်မယ်ဆိုတာ သေချာပါတယ်”

မစ္စနန်ဟာ သူ အမှန်အတိုင်း မပြောပြမချင်း လွှတ်ပေးမယ့်ပုံ မပေါ်တော့ဘူး။နန်ကျဲ့မှာ ရွေးချယ်စရာ မရှိဘဲ အမှန်အတိုင်း ပြောပြရတော့တယ်။ကြားပြီးတဲ့နောက်မှာတော့ မစ္စနန်ဟာ အနည်းငယ်ထူးဆန်းတယ်လို့ ခံစားရတယ်။

“ဒီတော့ သား သူ့ကိုကြိုက်လား မကြိုက်ဘူးလား?*

“မသိဘူး”

“.....” မစ္စနန်ဟာ သီးသွားတယ်။သူမဟာ ဂရုတစိုက် စဉ်းစားကြည့်ပြီး ပြောတယ်။ “ဒါဆို မင်း သူ့ကို ကြိုက်လောက်ပါတယ်။ ဟုတ်တယ်မလား။ မင်း သူ့ကို အရမ်းအာရုံစိုက်မိနေတယ် မလား?”

နန်ကျဲ့ဟာ ပြန်ခံပြောတယ်။ “ညီအစ်ကိုတွေဆိုတာ ဒီလိုပဲ မဟုတ်ဘူးလား?”

“ဒါပေမဲ့ မင်း ယွမ်ချီနဲ့ ယွီယွီကိုတော့ စိတ်ပူတာမျိုး မား မမြင်ဖူးဘူးရော်” မစ္စနန်ဟာ မတတ်နိုင်ဘဲ သူ့ကို မရေမရာ ဖြစ်သွားစေရတယ်။

နန်ကျဲ့ဟာ ဘာမှတော့ပြောမလာတော့ဘူး။

မစ္စနန်ဟာ စက္ကန့်အနည်းငယ်လောက် နန်ကျဲ့ကို စိုက်ကြည့်နေခဲ့ပြီး တဖြည်းဖြည်းချင်း တုံ့ပြန်လာကာ သဘောပေါက် သွားတော့တယ်။ “မင်း သူ့ကို ကြိုက်တာကို မင်းသိပေမဲ့ သူ မင်းကို မကြိုက်လို့ ၀န်ခံရမှာကို ရှက်နေတာလား?”

နန်ကျဲ့ “.....”

သူ့ရဲ့အမေအရင်း ဆိုတဲ့အတိုင်းပဲ အမှန်တရားကိုမှ သိသွားတာပဲ။

သူ့မျက်နှာထားကို မြင်တဲ့အခါ မစ္စနန်ဟာ သူမခန့်မှန်းတာ မှန်သွားပြီဆိုတာကို သိလိုက်တယ်။

နန်ကျဲ့ကို မကြိုက်တဲ့ လူရှိသေးတဲ့အကြောင်းကို တွေးမိတော့ မစ္စနန်ဟာ တကယ်ကို ရယ်ချင်သွားတယ်။

သူမသား ဘယ်လောက် ထောင်လွှားလဲဆိုတာ သူမ ကောင်းကောင်းသိတယ်။သူ့အနားမှာ နတ်သမီးလေးတွေလို ကောင်းမွန်တဲ့ မိန်းကလေးတွေ အများကြီးရှိပေမဲ့ တစ်ယောက်ကမှ သူ့မျက်လုံးကို မဖမ်းစားနိုင်ဘူး။

ကျစ် ကျစ်။ဒါ အပြစ်ဒဏ်ပဲကိုး။

သူမ နန်ကျဲ့ရဲ့ကံမကောင်းမှုအပေါ် ၀မ်းသာနေမိတယ်။

နန်ကျဲ့ရဲ့ ကျိုးပဲ့လွယ်တဲ့ စိတ်ကြောင့်သာ မဟုတ်ရင် သူမ အကျယ်ကြီး အော်ရယ်မိနေလောက်ပြီ။

“အဟမ်း” မစ္စနန်ဟာ ရပ်ပြီး အတည် မေးတယ်။ “သူ့မှာ သူကြိုက်တဲ့လူ ရှိလား?”

“အင်း ဒါပေမဲ့ မသေချာဘူး”

“အော် သူ မင်းကို မကြိုက်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာလား?”

“အင်း”

မစ္စနန်ဟာ အံ့ဩသွားတယ်။ “မင်း ဖွင့်ပြောခဲ့တာလား?”

“ဟင့်အင်း”

“...ဒါဆို သူ မင်းကို မကြိုက်ဘူးဆိုတာ မင်း ဘယ်လိုလုပ် သေချာနေတာလဲ?”

“လက်‌တွဲဖော်ရွေးတဲ့နေရာမှာ ဘယ်လို သတ်မှတ်ချက်တွေရှိလဲလို့ မေးခဲ့တယ်။ ၆၀ရာခိုင်နှုန်းလောက်က သားနဲ့ မကိုက်ဘူး။ ဒါပေါ့ အနာဂတ်မှာ သားတို့မိသားစုသာ မြောက်ပိုင်းမှာ အခြေချဖို့စိတ်ကူးရှိရင်တော့ သားမှာ အနိုင်ရဖို့ ၅၀ရာခိုင်နှုန်းလောက်တော့ ရှိတယ်”

မစ္စနန် “.....”

စကားဆုံးတော့ နန်ကျဲ့ဟာ မစ္စနန်ကို မော့ကြည့်တယ်။သူ့ရဲ့ မထူးမခြားနားမျက်လုံးထဲမှာ သနားစရာ ပန်ကြားမှု ရေးရေးလေး ပါနေတယ်။

ဒါပေမဲ့ မစ္စနန်အမြင်မှာတော့ ဒါဟာ ခြိမ်းခြောက်တာနဲ့ ဘာမှမကွာဘူး။

148 02

ဥပမာအနေနဲ့ နန်ကျဲ့သာ အခုဘ၀မှာ ဘယ်သူနဲ့မှ မချစ်လိုက်ရဘဲ၊ လက်မထပ်လိုက်ရဘဲ သေသွားခဲ့ရင် သူမနဲ့ နန်ကျန်းနင်းမှာ မြောက်ပိုင်းကို မပြောင်းမိလို့ ဆိုပြီးသာ နောင်တ ရနေနိုင်တော့မှာ။

ဘုရား…။

မစ္စနန်ဟာ မေးစေ့ကို ပွတ်မိတယ်။သူ့သား ကောင်မလေးရဖို့အတွက် တစ်မိသားစုလုံး ပြောင်းရွှေ့ဖို့လိုတယ်လို့ သူမ တကယ်မထင်ထားဘူး။

အခုခေတ်ကြီးထဲ မိန်းကလေးတစ်ယောက်ကို ရဖို့အတွက် အဲလောက်တောင် ခက်နေပြီလား?

အထပ်ထပ်အခါခါ စဉ်းစားကြည့်ပြီးတဲ့ နောက်မှာတော့ မစ္စနန်ဟာ ဂရုတစိုက်နဲ့ “မြောက်ပိုင်းကို ပြောင်းဖို့ကတော့ မဖြစ်နိုင်ဘူး။ အဝေးကြီး ပြောင်းဖို့က နည်းနည်း ဒုက္ခများတယ်။ မားတို့ ညှိကြည့်ရင်ရော?”

ဒါဟာ အစကတည်းက ဟာသသက်သက်ပါ။ဒီပြဿနာကို မားတစ်ယောက် တကယ် အတည်ပေါက်ကြီး တွေးလိမ့်မယ်လို့ နန်ကျဲ့ မထင်ထားဘူး။

“မလိုပါဘူး။ သား စနေတာ” နန်ကျဲ့ဟာ ပြုံးပြီး ချက်ချင်းဆိုသလို ခံစားချက် ပိုကောင်းသွားတယ်။

“မား ဘယ်လိုလုပ် သဘောမပေါက်ရတာလဲ။ သား စနေတာကို မသိဘူးလား?”

“ဟင့်အင်း” အမေဖြစ်သူဟာ အဲဒါကို ရယ်ရတယ်လို့တော့ သိပ်မထင်ဘူး။သူမဟာ လက်ခါပြီး လေးလေးနက်နက်နဲ့ ပြောတယ်။ “မင်းတို့ကြား ဖြစ်နေတဲ့ပြဿနာက ရေမြေအကွာအဝေးဆိုရင် ပြဿနာကြီး မဟုတ်ပါဘူး။ ကျော်လွှားလို့ ရတယ်”

“ဒါပေမဲ့ ပြဿနာက အဲတစ်ခုတည်းဆိုတာ သေချာလား?” နန်ကျဲ့မျက်နှာပေါ်က အပြုံးဟာ တောင့်သွားတယ်။

“သား မား မင်းကို နှစ်သိမ့်နေတာ မဟုတ်ဘူးနော်”

မစ္စနန်ဟာ သက်ပြင်းချပြီး သားဖြစ်သူ လက်ကို ကိုင်လိုက်တယ်။သူမဟာ လက်ကို ညင်ညင်သာသာလေး ပွတ်ပေးနေရင်း “သား အဲ့မိန်းကလေးကို သားရဲ့ခံစားချက်တွေ အရင်ပြောနိုင်ဖို့ မျှော်လင့်တယ်”

“တကယ်လို့ ပြဿနာက ရေမြေအကွာအဝေးကြောင့်သာဆိုရင် မားတို့ ဖြေရှင်းလို့ရတယ်။ မင်းလည်း စိတ်အေးအေးနဲ့ ဒိတ်နိုင်တယ်။ ဒါပေမဲ့ ပြဿနာက တစ်ဖက်လူက သားကို မကြိုက်တာဆိုရင်တော့ အရင်ပြဿနာတွေကို ပူနေဖို့ မလိုဘူး”

“ဒါက နည်းနည်း ပြင်းထန်တယ်ဆိုပေမဲ့လည်း ပြဿနာက ဘာလဲဆိုတာ အဖြေရှာမတွေ့ခင်အထိ ၀မ်းမနည်းပါနဲ့”

“ငယ်ငယ်ကတည်းက သားက ကိုယ်ကိုယ့်ကို ဂုဏ်ယူလာခဲ့တာ။ မားလည်း သားကို အခုလိုမျိုး မမြင်ချင်ဘူး”

“ပြီးတော့ မား မင်းကို အမှန်တိုင်းပြောမယ်။ အဲ့မိန်းကလေးသာ မင်းကို တကယ်ကြိုက်ရင် အရင်ပြဿနာတွေက ဖြေရှင်းပြီးသားပဲ။ ရှင်းရှင်းပြောရရင် အဲဒီသတ်မှတ်ချက်တွေက သူမ မကြိုက်တဲ့ကောင်တွေ အတွက်ပဲ”

“သူလည်း သားကို ကြိုက်တယ်ဆိုရင် သူ ပြောတဲ့သတ်မှတ်ချက်တွေ၊လိုအပ်ချက်တွေက အရေးမပါဘူး။ မင်း အဲဒါတွေနဲ့ တစ်ခုမှ မကိုက်ညီဘူးဆိုရင်တောင် အခုကစလို့ မင်းတို့ နှစ်ယောက်အပေါ်ကို သက်ရောက်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မင်းကသာ သူ့ရဲ့တစ်ခုတည်းသောစံနှုန်း ဖြစ်လာမှာမလို့ပဲ”

“သားက ဉာဏ်ကောင်းပါတယ်။ နားလည်သင့်တယ်လေ”

“လက်ရှိပြဿနာက သူ့သတ်မှတ်ချက်တွေ မဟုတ်ဘူး။ သားက နှုတ်ဆိတ်ပြီး အရင် စမပြောရဲလို့လေ”

“သားက အမြဲ တစ်ဖက်လူကိုပဲ အရင်စကား စပြောစေချင်တာ။ ဒါမျိုး အမြဲဆက်သွားလို့ မရဘူး”

အမေတစ်ယောက်အနေနဲ့ သူမသားရဲ့အကျင့်စရိုက်ကို သူမ သိတယ်။

“သားမိသားစုနဲ့ သူငယ်ချင်းတွေက သား မောက်မာပြီး ခေါင်းမာတာကို သိတယ်။ သူတို့က သားနဲ့ ပုံမှန်လိုပဲ အလိုက်အထိုက် နေနိုင်ပြီး သား ဆိုလိုချင်တာကို နားလည်တယ်။ ဒါပေမဲ့ သား အဲမိန်းကလေးနဲ့ ကွဲနေတာ နှစ်တွေကြာပြီလေ...”

“ပိုဆိုးတာက သား ပြောစကားအရဆို အဲတုန်းက တစ်ဖက်လူ မြို့ကနေထွက်သွားတာက မိသားစု ပြဿနာကြောင့်ဆို အဲလိုအခြေအနေမျိုး အဲ့မိန်းကလေးဆီမှာ ဖြစ်ခဲ့တယ်ဆိုရင် သူ့ရဲ့အကျင့်က အနည်းနဲ့ အများတော့ ပြောင်းလဲသွားမှာပဲ”

“အများကြီး ကြုံတွေ့ရပြီးတဲ့နောက် သူ့ရဲ့တည့်တိုးဆန်တဲ့ အကျင့်စရိုက်ကို ဆက်ရှိနေဖို့ မျှော်လင့်လို့မရဘူး မဟုတ်လား?”

“နောက်ပြီး မိန်းကလေးအများစုဟာ အချစ်ရေးနဲ့ ပတ်သက်လာရင် အထိအရှလွယ်ပြီး သိမ်ငယ်တတ်တယ်။ ထပ်ဖြည့်ပြောရရင် သား ကြီးပြင်းလာတဲ့ ပတ်၀န်းကျင်ကလည်း ကွာတယ်လေ။ ဒါကြောင့် သားခံစားချက်တွေနဲ့ ပတ်သက်ပြီး သူ သိပ်မသေချာဘူးဆိုရင် သူ သားကို ကြိုက်နေရင်တောင်မှ သူ့ဘက်က အရင်စပြီး သားကို ထုတ်ပြောရဲမှာ မဟုတ်ဘူး”

“သူနဲ့ ဆက်ပြီး သူငယ်ချင်းပဲ၊ ညီအစ်ကိုပဲ ဖြစ်ချင်တယ်ဆိုရင်တော့ ရတယ် မင်းရဲ့ရူးမိုက်တဲ့မာနကို ဆက်ထိန်းထား။ ဒါပေမဲ့ မင်းက အခုလက်ရှိဆက်ဆံရေးနဲ့ အကွာအဝေးနဲ့တင် မကျေနပ်ဘူးလေ”

“မင်းက ယောက်ျားလေး။ ပြီးတော့ သူ့ကို အရမ်းလည်း ကြိုက်တာပဲ။ အရင်စပြီးမေးတော့ သေသွားမှာ မလို့လား?”

နန်ကျဲ့ “.....”

ဒီအချိန် ကျောင်းကို ပြန်ဖို့ အရမ်းနောက်ကျသွားတော့ အန်တီ၀မ်ဟာ နန်ကောကို အိမ်မှာ နေသွားပြီး မနက်ဖြန်မှ ရှန်ရန်ချင်းကို ပြန်လိုက်ပို့ခိုင်းဖို့ အကြံပေးတယ်။

နန်ကောဟာ အကွာအဝေးကို တွက်ချက်လိုက်ပြီး သဘောပဲ တူနိုင်တော့တယ်။

ရှန်မိသားစုရဲ့ အိမ်ဟာ တကယ်ကို ဟိုက်တက္ကသိုလ်နဲ့ နည်းနည်းဝေးတယ်။

သူမ နေဖို့ သဘောတူတာကို ကြားတဲ့အခါ အန်တီ၀မ်ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ အပေါ်ထပ်မှာ အိမ်အကူတွေနဲ့အတူ ဧည့်သည်ခန်းကို ကူသန့်ရှင်းပေးတယ်။

148 03

မစ္စတာရှန်ကတော့ ရုတ်တရက် ဖုန်းတစ်လုံး၀င်လာပြီး ထွက်သွားတယ်။

အချိန်တစ်ခဏလောက် နန်ကောနဲ့ ရှန်ရန်ချင်းသာ ဧည့်ခန်းထဲ ကျန်ခဲ့တယ်။

လူကြီးတွေ အနားမှာ မရှိတော့ နန်ကောတစ်ယောက် သရုပ်မှန်ကို ထုတ်ပြလာတယ်။သူမဟာ ရှန်ရန်ချင်း ပုခုံးပေါ် မှီပြီး သက်ပြင်းချလိုက်တယ်။

ရှန်ရန်ချင်းဟာ မျက်လွှာချကာ သူမရဲ့ပါးလေးကို စာနာစွာနဲ့ ထိလာတယ်။ “မင်း ဘာလို့ စိတ်လှုပ်ရှား နေရပြန်တာလဲ?”

“ကျွန်မ တစ်ချိန်လုံး စိတ်လှုပ်ရှား နေတာပါနော် ဟုတ်ပြီလား?!” နန်ကောဟာ သူ့ကို လက်ဆန့် ထုတ်ပြတယ်။

“ထမင်းစားတုန်းက ကျွန်မလက်ဖဝါးတွေ ချွေးပြန်နေတာ ကြည့်ဦး ကြည့်ဦး!” ရှန်ရန်ချင်းဟာ တစ်ချက်ရယ်ပြီး သူမလက်ကို လက်ကိုင်ပုဝါလေးနဲ့ သုတ်ပေးတယ်။

“ရှင် ဘာလို့ ကျွန်မအတွက် မပြောပေးတာလဲ?” နန်ကောဟာ သူ့ကို စိတ်ပျက် သွားသလိုလိုပုံစံနဲ့ ကြည့်လာတယ်။

“ပြောပေးချင်ပါတယ်။ အဓိကက မင်းက အရမ်းကိုမှ ကောင်းကောင်း လုပ်နေနိုင်ခဲ့ပြီး ကိုယ့်ကို အခွင့်အရေးမှ မပေးတာ”

******

All Chapters