အခန်း ၁၅၀
Vol. 15 Ch. 150
150 01
Chapter 150 မင်းကံကောင်းသွားတယ်။
ဒါဟာ ပထမဆုံးအကြိမ် သူ့သားရဲ့ကောင်မလေး အိမ်ကို လာလည်တာ။ နန်ကော စိတ်လှုပ်ရှားလား မရှားလားတော့ မသိပေမဲ့ သူတော့ စိတ်လှုပ်ရှားနေခဲ့တာ။
“ပါးတို့ နည်းနည်း စိတ်ပူနေတာ။ ပါးတို့ တစ်ခုခု လစ်လျူရှုသလိုမျိုး ဖြစ်သွားမှာကို စိုးရိမ်နေတာ။ သူ ခုနကမှ ဒီအကြောင်း လာပြောသွားပြီး မင်းကို မေးကြည့်ဖို့ ပြောသွားတာ။ သူ အဓိက စိတ်ပူတာက ပထမဆုံးတွေ့ဆုံမှုက သာမန်ဆန်သွားပြီး မင်းကို ဒုက္ခဖြစ်စေမှာ စိုးတာ”
ရှန်ရန်ချင်းဟာ ခေါင်းကို အသာခါပြတယ်။
တကယ်တော့ သူ့ရဲ့ပါးနဲ့ အန်တီက ကောင်းကောင်း လုပ်ခဲ့ပြီးပြီ။သူမရဲ့ကောင်လေးက သူဆိုပေမဲ့ သူတို့ကတောင်မှ သူ့ထက် ပိုပြီးစဉ်းစား ပေးနေသေးတယ်။
“မင်း နန်လေးကို မေးကြည့်ပြီးပြီလား?”
“အဲလိုတော့ မဟုတ်ဘူး။ အန်တီ၀မ်က ကောင်းကောင်း ပြင်ဆင်ပေးတတ်ပြီး တွေးပေးတတ်တယ်ဆိုတဲ့အကြောင်း သူ ချီးကျူးနေသံ ကြားတာ”
“အရင်က သူ မားနဲ့ မတော်တဆ တစ်ခါ ဆုံဖူးတယ်။ အဲတုန်းက သူ မားနဲ့ ကောင်းမွန်တဲ့ တွေ့ဆုံမှုမျိုး မရှိခဲ့ဘဲ ကြောက်နေခဲ့တာ”
“.....” မစ္စတာရှန်ဟာ အံ့ဩသွားတယ်။
သူ ဒါကို လုံး၀မသိတာ။သူ့သား ရည်းစားရှိနေတယ်ဆိုတာ သူက နောက်ဆုံးမှ သိတဲ့လူဖြစ်ပုံ ရတယ်။
ဒါပေမဲ့ ဒါက အရေးမကြီးဘူး။
အရေးကြီးတာက သူ ရှန်ရန်ချင်းရဲ့အမေအကြောင်းကို ကောင်းကောင်း သိတယ်။
သူ တစ်ခုခု ပြောချင်ပေမဲ့ ပြောစရာစကား ပျောက်နေတယ်။
သူ့ဇနီးဟောင်းမှာ ခွင့်လွှတ်ပေးချင်စရာ မကောင်းဆုံး ပါးစပ်ပေါက် ရှိတယ်။
နန်ကော မပြောနဲ့။ယောက်ျားဖြစ်တဲ့ သူကိုယ်တိုင်နဲ့ သားဖြစ်တဲ့ ရှန်ရန်ချင်းတောင်မှ အရင်က သည်းခံနိုင်ခဲ့တာ မဟုတ်ဘူး။
သူဟာ ဒေါသပိုကြီးရင် ကြီးမယ်။ဒါပေမဲ့ ရှန်ရန်ချင်းရဲ့အကျင့်စရိုက်က အသိသာဆုံးပဲလေ။
ရှန်ရန်ချင်းတောင် လက်မခံနိုင်ရင် နန်ကောဆို ပြောနေစရာတောင် မလိုဘူး။
“ဒါကြောင့် မလာခင်တုန်းက သူ အဲ့လိုပြဿနာမျိုး ထပ်ဖြစ်မှာကို စိုးရိမ်နေတာ ကျွန်တော် သတိထားမိတယ်”
“ဒါပေမဲ့ အဆင်ပြေသွားပါတယ်။ ပါးရော အန်တီ၀မ်ရော နှစ်ယောက်လုံး အဆင်ပြေခဲ့တယ်။ ကျေးဇူးတင်ပါတယ်”
မစ္စတာရှန်ဟာ သူ့သားကို ငေးကြည့်မိသွားတယ်။အတော်ကြာတော့မှ သူဟာ ပြုံးလာပြီး “ဘာလို့ ပါးကို ကျေးဇူးတင်နေတာလဲ။ မလိုပါဘူး”
“နန်လေးကလည်း မိန်းမကောင်းလေးပါ။ မင်း ကံကောင်းတယ်။ သူ့ကို ကောင်းကောင်း ဆက်ဆံ”
“မိသားစုကတော့ မင်း စိတ်ချထားလို့ ရတယ်။ ပါးတို့ မင်းအတွက် ပြဿနာ ဖြစ်စေမှာ မဟုတ်ဘူး။ ပြီးတော့ ပါးတို့လည်း နန်ကောကို သဘောကျပါတယ်။ ဒီကလေးက တက်ကြွပြီး အသိဉာဏ်ရှိတယ်။ ပါးတို့ မင်းအတွက် ၀မ်းသာတယ်”
“ဒီတော့ မင်းတို့ အခြား ဘာအန္တရာယ်ကိုမှ စိုးရိမ်စရာမလိုဘူး။ ပါးတို့ မင်းတို့ကို မနှောင့်ယှက်ဘူး”
“လိုအပ်လာရင် ပြော မပူနဲ့။ ပါးတို့ သူ့ကို မျှမျှတတပဲ ဆက်ဆံမှာပါ”
ရှန်ရန်ချင်းဟာ သူ့ပါးနဲ့ စကားပြော ဖြစ်တာ ရှားတယ်။ငယ်ငယ်လေးကတည်းက ဒီလိုပဲ ဖြစ်ခဲ့တာ။
သူငယ်ငယ်တုန်းက သူ့အဖိုးနဲ့ အတူနေခဲ့တာ။သူ့မှာ ကစားဖော်တွေရယ်လို့လည်း မရှိခဲ့ဘူး။နေ့တိုင်းနေ့တိုင်း သူဟာ အဖိုးဖြစ်သူနဲ့ပဲ ကျားထိုးတယ်။လက်ရေးလှ ကျင့်တယ်။နောက်ပြီး စာဖတ်တယ်။ဒါကြောင့် သူ့ရဲ့လက်ရှိအလေ့အကျင့်တွေ ဖြစ်လာခဲ့တာ။
သူ့အဖိုး ထွက်သွားခဲ့တဲ့ နောက်မှာတော့ သူ သူ့မိဘတွေနဲ့ နေခဲ့တယ်။သူ့ရဲ့အကျင့်စရိုက်ကြောင့် အဖေနဲ့ သားဖြစ်သူဟာ ဘယ်တော့မှ ခံစားချက်တွေကို ရှင်းရှင်းလင်းလင်း ထုတ်မပြခဲ့ဘူး။
သူ့မှတ်ဉာဏ်ထဲမှာတော့ သူ့ပါးဟာ အမြဲတည်ငြိမ် နေခဲ့တယ်။
သူ့အကျင့်ကနေ သွေဖယ်ခဲ့တဲ့ အချိန်တစ်ခုဆိုလို့ မားနဲ့ ကွာရှင်းခဲ့တဲ့အချိန်ပဲ။
သူ့မားဟာ ထွက်သွားချင်ခဲ့လို့ မဟုတ်ဘဲ သူ့ကြောင့် ဖြစ်ခဲ့တာ။
အဲနေ့က သူ မားကို ပြန်ခေါ်မလာနိုင်ခဲ့တဲ့ နေ့က ဟိုက်မြို့ကို သူ ဒရိုင်ဘာနဲ့အတူ ပြန်လာခဲ့တယ်။အိမ်ကို ပြန်ရောက်တော့ သူ သူ့အခန်းထဲမှာ အကြာကြီး ထိုင်နေခဲ့ပြီး ကိစ္စတွေက ဘာလို့ ဒီလိုဖြစ်လာရလဲဆိုတာကို တွေးနေခဲ့တယ်။
150 02
အဲဒါက ဘ၀မှာ ပထမဆုံးအကြိမ် သူ့ရဲ့ပါးဟာ သူနဲ့အတူ ထိုင်ပြီး စကားအကြာကြီး ပြောဖူးတာပဲ။ပြီးတော့ သူ့ရဲ့ပါး ပထမဆုံးအကြိမ် ခံစားချက်တွေကို ထုတ်ပြတာဆိုလည်း ဟုတ်တယ်။
စဉ်းစားကြည့်တော့ အခုက ဒုတိယအကြိမ် သူနဲ့ သူ့ပါး မျက်နှာချင်းဆိုင် စကားပြောကြတာပဲ။
အချိန်တစ်ခုကြာပြီးတဲ့နောက် မစ္စတာရှန်ဟာ အံဆွဲထဲကနေ ဘူးတစ်ဘူးကို ထုတ်ပြီး သူ့အရှေ့ကို တွန်းပို့လာတယ်။ “ဒါ နန်လေးအတွက် လက်ဆောင်”
“ဒီတိုင်း ပို့ပေးလို့ မရဘူး။ သူ လက်မခံရင် ဘယ်လိုလုပ်မလဲ။ မင်းအန်တီ ပြောတာတော့ ဒီတိုင်း ပို့ပေးလိုက်တာက မသင့်တော်ဘူးတဲ့။ ဒီတော့ ပါးတို့ မင်းကနေ တစ်ဆင့် ပေးခိုင်းတာ”
“ဒါ မိန်းကလေးရဲ့ ဒီကို ရောက်တဲ့ ပထမဆုံးအကြိမ်ပဲ။ မင်းအန်တီနဲ့ ပါး အချိန်အကြာကြီး ဂရုတစိုက် ရွေးထားတာ။ သူကြိုက်မယ်လို့ မျှော်လင့်ပါတယ်”
“ဟုတ်ပါပြီ” ရှန်ရန်ချင်းဟာ အတွေးတွေကို ပြန်စုစည်းလိုက်တယ်။
သူ စာကြည့်ခန်းထဲကနေ ထွက်လာတော့ လက်ဖက်ရည်လာပို့ပေးတဲ့ အန်တီ၀မ်နဲ့ ဆုံတယ်။
သူတို့နှစ်ယောက် အချင်းချင်း ကြည့်လိုက်ကြတယ်။အန်တီ၀မ်ဟာ နည်းနည်း မျက်နှာပူသွားတယ်။
“အန်တီ မင်းတို့ကို နှောင့်ယှက်မိသွားလား?”
“ဟင့်အင်း ကျွန်တော် အရင်အောက်ဆင်းတော့မယ်” ရှန်ရန်ချင်းဟာ သူမကို အသာခေါင်းညိတ် ပြတယ်။
အန်တီ၀မ်ဟာ အလျင်အမြန် လမ်းဖယ် ပေးလိုက်ပြီး သူ့နောက်ကျောကို ကြည့်နေတယ်။
ရှန်ရန်ချင်းဟာ ခြေနှစ်လှမ်းလောက် လှမ်းလိုက်ပြီး ရုတ်တရက် ရပ်သွားတယ်။
အန်တီ၀မ်ဟာ လန့်သွားလွန်းလို့ သူမရဲ့လက်တွေပါ တောင့်တင်းသွားတယ်။သူမဟာ သူ့ကို ကြည့်ရင်း “လို...လိုတာ ရှိလား?”
ရှန်ရန်ချင်းဟာ အနောက်လှည့်ကာ ပြုံးပြပြီး “ကျွန်တော် အန်တီ့ကို ကျေးဇူးမတင်ရသေးဘူး။ ဒီနေ့ အန်တီ့ကို အလုပ်များသွားစေရလို့ အားနာပါတယ်”
“အော်ကွယ် အလုပ် မများရပါဘူး။ ဒါ အန်တီ လုပ်သင့်တာပဲမဟုတ်ဘူးလား။ ကလေး မင်း...ဟူး ဒီဟာ...အန်တီ...” အန်တီ၀မ်ဟာ သူ့ရဲ့ ရုတ်တရက် ပြောလာတဲ့ စကားတွေအတွက် မပြင်ဆင်ထားတာမို့ စကားကောင်းကောင်း မပြောနိုင်ဘူး။
“အန်တီ့ကို ကျေးဇူးတင်တာက မှန်တဲ့ကိစ္စပါ။ ဒီနေ့ ဒီကို မလာခင်တုန်းက နန်ကောတစ်ယောက် အရမ်းစိတ်မသက်မသာ ဖြစ်နေခဲ့တာ ကံကောင်းလို့ အန်တီက အရမ်းဂရုစိုက်ပေးခဲ့တယ်။ ကျွန်တော် မမှတ်မိတဲ့ဟာတွေလည်း ရှိပေမဲ့ ဘာပဲ ဖြစ်ဖြစ် အန်တီ ကိုင်တွယ်ပေးသွားတာပဲ ကျေးဇူးတင်ပါတယ်”
အန်တီ၀မ်ဟာ လင်ဗန်းကို ကိုင်ထားရင်း သူ အောက်ထပ် ဆင်းသွားတာကို ကြည့်နေခဲ့တယ်။သူမဟာ တခဏတာ ခံစားချက်တွေနဲ့ ပြည့်သွားရတယ်။
ရှန်ရန်ချင်းအဖေနဲ့ သူမ လက်ထပ်ခဲ့တုန်းက သူမတို့လက်ထပ်တာကို စာရင်း သွင်းခဲ့တယ်ဆိုတာ သူမရဲ့ခံစားချက်တွေကို ထည့်သွင်း စဉ်းစားခဲ့လို့သာ။လက်ထပ်ပွဲရယ် အခမ်းအနားရယ်လို့ မရှိခဲ့ဘူး။စစချင်း၂နှစ်မှာဆိုရင် သူမတို့ လက်ထပ်တာကို လူသိရှင်ကြားတောင် ထုတ်မကြေငြာခဲ့ဘူး။
လက်ထပ်ပြီးတဲ့နောက် သူမ တကယ်ကို စိုးရိမ်ပူပန် ခဲ့ရတယ်။ရှန်ရန်ချင်းရဲ့အကျင့်စရိုက်အကြောင်း ကြားထားပြီးသားဆိုပေမဲ့ သူမအခြေအနေက ကို့ရို့ကားယား နိုင်တယ်လေ...။ ဒါကြောင့် သူမ သူ့ကို အမြဲ အနည်းငယ် ကြောက်နေခဲ့တာ။
အစကတော့ ဘာကိစ္စပဲ ရှိရှိ သူမ ရှန်ရန်ချင်းနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ရမယ်လို့ တွေးခဲ့တယ်။သူမက မိထွေးဖြစ်ရင် ဖြစ်မယ်။ဒါပေမဲ့ သူမက သူ့အမေပဲလေ။ဒီတော့ အမေတစ်ယောက် လုပ်သင့်တာကို သူမ လုပ်ရမယ်။
ဒါပေမဲ့ ရှန်ရန်ချင်းဟာ သူမကို အခွင့်အရေးတောင် မပေးဘဲ နိုင်ငံခြား ထွက်သွားခဲ့တယ်။
အဲအတွေးဟာ အဲဒီလိုနဲ့ပဲ ပျောက်ကွယ် သွားရတယ်။
နောက်တော့ ရှန်ရန်ချင်း နိုင်ငံထဲ ပြန်ရောက်လာတော့လည်း သူ အိမ်မှာ ပြန်လာမနေခဲ့ဘူး။သူ အိမ်ပြန်လာတဲ့ အကြိမ်အရေအတွက်ကို လက်တစ်ဖက်တည်းနဲ့တောင် ရေလို့ရတယ်။အကြိမ်တိုင်း သူမ သူ့ကို စကား ပြောချင်ခဲ့ပေမဲ့ သူ့ကို နှောင့်ယှက်မိမှာကိုလည်း စိုးခဲ့တယ်။
ဒါကြောင့် အခုမတိုင်ခင်အထိ သူမနဲ့ ရှန်ရန်ချင်းဟာ စကားပြောဆိုဆက်ဆံဖြစ်တာ ရှားတယ်။
ဒီကလေးဟာ သူမအပေါ်လည်း ယဉ်ကျေးပြီး...အရမ်းလည်း ခပ်ခွာခွာ နေတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဒီညတော့ သူဟာ ယဉ်ကျေးနေတုန်းဆိုပေမဲ့ သူမ အနည်းငယ်တော့ ရင်ထဲ ထိသွားရတယ်။
နောက်တစ်နေ့ မနက်ရောက်တော့ နန်ကောဟာ အကြာကြီး မအိပ်ရဲတာမို့ အစောကြီး ထတယ်။
ရှန်ရန်ချင်းရဲ့မိဘတွေနဲ့အတူ စားသောက်ပြီးတဲ့နောက် သူမဟာ သူနဲ့အတူ ပြန်ဖို့ ပြင်တယ်။
တံခါးနားမှာတော့ အန်တီ၀မ်ဟာ သူမရဲ့လက်ကို တတွန့်တွန့် တဆုတ်ဆုတ်နဲ့ ပွတ်ပေးနေပြီး “ပိတ်ရက် စရင် ရန်ချင်းနဲ့ အတူပြန်လာနော်။ အန်တီ့ဆီက ဟင်းချက် သင်ချင်တယ်ဆို။ အန်တီ သမီးကို သီးသန့်သင်ပေးမယ်”
“ဟုတ်ပါပြီ!”
ကားထဲ ရောက်တော့ ရှန်ရန်ချင်းဟာ နန်ကောကို မနေ့ညက သူ့ပါးပေးခဲ့တဲ့ လက်ဆောင်ကို ပေးလိုက်တယ်။
“ဒါ ဘာလဲ?”
“ပါးနဲ့ အန်တီ၀မ် မင်းအတွက် လက်ဆောင် ပြင်ပေးထားတာ။ ကိုယ့်ကို တစ်ဆင့် ပေးပေးပါဆိုလို့”
“ဟမ်?”
150 03
နန်ကောဟာ တုံ့ဆိုင်းစွာနဲ့ ယူလိုက်တယ်။သူမမှာ ငြင်းစရာ အကြောင်းမရှိဘူးလေ။
သူမဟာ လက်ထဲက ဘူးကို လှည့်ပြီး မဖွင့်ခင် အကြာကြီးကြည့်နေခဲ့တယ်။အထဲမှာ တောက်ပတဲ့ လည်ဆွဲတစ်စုံ ရှိနေခဲ့တယ်။
နန်ကောဟာ ကျောက်စိမ်းအကြောင်း သိပ်မသိပေမဲ့ ဒိတ်အောက်တယ်လို့ မခံစားရဘူး။သူမဟာ လည်ဆွဲကို လည်ပင်းနား ထားကြည့်ပြီး လှတယ်လို့တောင် ထင်သေးတယ်။
“ဘယ်လိုနေလဲ?” သူမ ရှန်ရန်ချင်းကို ပြလိုက်တယ်။
“မဆိုးပါဘူး။ ကျောက်စိမ်းက လူတွေအတွက် ကောင်းတယ်” သူ့ပါးနဲ့ အန်တီဟာ အရမ်း စဉ်းစားပေးတတ်တယ်လို့ ရှန်ရန်ချင်း ခံစားရတယ်။ “မင်း နောက်တစ်ခါ ထပ်သွားရင်ရော ထပ်ပြီး စိတ်လှုပ်ရှား နေဦးမှာလား?”
“အိုး ကျွန်မတော့ မထင်ဘူး...။ရှင့်အဖေနဲ့ အန်တီက အဆင်ပြေတယ်ရယ်!”
******