← Chapters

အခန်း ၁၅၄

Vol. 16 Ch. 154

အခန်း ၁၅၄

Vol. 16 Ch. 154

154 01

အပိုင်း (၁၅၄) ငါ့အတွက် ခက်ခဲတဲ့ အရာတွေကို မလုပ်ပါနဲ့။

ယွမ် ချီက ပုံမှန် မောင်းလာသည်။ သူကားထဲမှ ထွက်လာလာချင်းမှာပင် နန်ကောက သူ့ကို သတိပြုမိသည်။

“အစ်ကို ယွမ်ချီ”

သူမက သူ့ကို မြန်မြန် လက်ယမ်းပြလိုက်သည်။

ယွမ်ချီက ရှေ့သို့ လှမ်းလိုက်ပြီး သူ၏ လက်ဖြင့် သူမ၏ ခေါင်းကို ခေါက်လိုက်သည်။

“ကလေးမ မင်းအစ်ကိုက ဒီည မင်းနဲ့ အတူတူ သောက်ခဲ့တာပေါ့လေ”

“မဟုတ်ဘူး မဟုတ်ဘူး”

နန်ကောက သူ၏လက်ကို ယမ်းလိုက်သည်။

“သူက သူ့ကိုယ်သူ သောက်တာ။ သူ ဘာဖြစ်နေလဲ မသိဘူး”

သူမသည် ဒုတိယ စကားကို ကျယ်ကျယ် မပြောရဲပေ။

သူ၏ ခေါင်းကို ငုံ့ပြီး ကား၏ ရှေ့တွင် ငြိမ်သက်နေသော နန်ကျဲ့ကို ကြည့်ကာ ယွမ် ချီသည် မနေနိုင်တော့ပဲ ခြေလှမ်းကို နောက်ပြန်ဆုတ်လိုက်သည်။ သူသည် နန်ကော၏ ဘေးသို့ ပြန်ရောက်လာပြီး သူ၏ ခေါင်းကို စောင်းကာ ညင်ညင်သာသာ မေးလိုက်သည်။

“မင်းရဲ့ အစ်ကိုနဲ့ ဒီနေ့ ဘာဖြစ်ထားတာလဲ”

နန်ကောက ပခုံးတွန့်လိုက်သည်။

“ငါလည်း မသိဘူး။ အခုထိကို နားမလည်သေးဘူး”

သူမက မှင်သက်နေဆဲ ဖြစ်သည်။

“ကောင်းပြီ မင်းကို အရင်ဆုံး ကျောင်းကို ပြန်ပို့ပေးရမလား”

နန်ကောက လှည့်လိုက်ပြီး သူမ၏ ပစ္စည်းယူကာ စားသောက်ဆိုင်ထဲမှ ပြန်ထွက်လာသော ရှန်ရန်ချင်းကို ညွှန်ပြလိုက်သည်။

“ရှန်ရန်ချင်း ကျွန်မကို ပြန်ပို့ပေးလိမ့်မယ်”

“ဥက္ကဌ ရှန်”

ရှန်ရန်ချင်းကို မြင်တော့ ယွမ်ချီက အလွန် ယဉ်ကျေးနေဆဲဖြစ်သည်။

ယွမ်ချီ က ပြုံးကာ လက်ဆွဲ နှုတ်ဆက်ရန် သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။

“ဟယ်လို”

“ကောင်းပြီ ငါ မင်းရဲ့ အစ်ကိုကို ပြန်လိုက်ပို့လိုက်ဦးမယ်”

“ကောင်းပါပြီ”

နန်ကောက ခေါင်းညိတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် အစ်ကို ယွမ်ချီ”

ကားထဲသို့ ဝင်ပြီးနောက် နန်ကောသည် သူမ စောင့်ဆိုင်းနေသော မေးခွန်းကို နောက်ဆုံးတွင် မေးဖို့ အခွင့်အရေး ရခဲ့သည်။

“ကျွန်မ အစ်ကို ဘာဖြစ်ထားတာလဲ။ ရှင်တို့တွေ ဘာအကြောင်း ပြောထားတာလဲ။ ရှင်တကယ်ပဲ သူ့ကို စိတ်ဓာတ်ကျအောင် လုပ်လိုက်တာလား”

ရှန်ရန်ချင်းက ရှေ့ကို ကြည့်ပြီး အလေးအနက် ထားကာ မောင်းနေသည်။

ထိုသို့ ကြားပြီးနောက် မပြောခင်မှာပင် ခဏတာ စဉ်းစားလိုက်သည်။

“တကယ်တော့ ကိုယ်ဘာမှ မပြောခဲ့ဘူး။ ပြောရမယ် ဆိုရင် သူက အဲ့မှာ ထိုင်နေပြီး သူ့ဘာသာ ပြောနေတာ။ သူက သောက်နေရင်းနဲ့ စကားတွေကို ထပ်ခါတလဲလဲ ပြောနေတာ”

“ပြီးတော့ သူဘာပြောသေးလဲ”

“အဲဒါက သိပ်တော့ အဆင်မပြေဘူး။ အချစ်ကြောင့် ဖြစ်ဖို့ များတယ်။ ကိုယ်ထင်တာ သေချာပေါက် သူ့အချစ်ရေး ပျက်စီးသွားတာပဲ ဖြစ်မယ်”

ရှန်ရန်ချင်းက နိဂုံးချုပ်လိုက်သည်။

နန်ကျဲ့သည် အရှေ့ ခရီးသည် ထိုင်ခုံ‌တွင် ထိုင်လိုက်ပြီး အနည်းငယ် ပူသလို ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်ကို မတ်လိုက်ပြီး ပြတင်းပေါက်ကို အနည်းငယ် နှိမ့်လိုက်သည်။

လေပြင်းတစ်ချက် တိုက်သွားသည်။ ယွမ်ချီက သူ၏ ခေါင်းကို စောင်းကာ တစ်ချက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက ကြည်လင်နေပြီး မူးနေပုံ မပေါ်တာကို သူ သတိပြုမိသွားသည်။

ထိုကဲ့သို့ တွေးကြည့်လျှင် အဓိပ္ပာယ် ရှိသည်။ ပုံမှန်အားဖြင့် နန်ကောက မမူးတတ်ပေ။ ဘယ်လောက်ပဲ မူးအောင် သောက်နေပါစေ နန်ကောက အဆင်ပြေသည်။

အများစု အနေဖြင့် ပွဲတော် ရာသီအတွင်း သူ့အိမ်ရှိ လူကြီးများနှင့် သောက်သော အချိန်တွင် မူးတတ်သည်ဟု ကြားဖူးသည်။ သို့သော်လည်း ၎င်းမှာ ပုံမှန်အားဖြင့် အရက်ပြင်းများ ဖြစ်သောကြောင့် သူ့အတွက် မူးတာက ပုံမှန်ဖြစ်သည်။

“ဒီည ဘာတွေ ဖြစ်ခဲ့တာလဲ”

ယွမ်ချီက သူ၏ စိတ်ထဲတွင် အများကြီး ရှိနေသလို ခံစားနေရသည်။

နန်ကျဲ့က ဘာမှ မပြောပေ။

ယွမ်ချီက တိတ်တဆိတ် မောင်းနေသည်။ သူ၏ ရှေ့တွင် အနီရောင် အလင်းတန်း ရှိနေသည်။ ကားကို ဖြေးဖြေးလေး ရပ်လိုက်ပြီး မေးဖို့ရန် ပြန်လှည့်လိုက်သည်။

“အစ်ကိုနန် ငါတို့က သူငယ်ချင်းတွေပါ။ မင်းမှာ ပြောဖို့ တစ်ခုခု ရှိတယ်ဆိုရင် အခုပြောလို့ရတယ်။ ပြောဖို့ရာ ရှက်နေတယ် ဆိုရင်လည်း အဆင်ပြေပါတယ် ဆိုရင်တောင် မင်းငါ့ကို ပြောရမယ်။ ဘာလို့ ထိန်းချုပ်ထားတာလဲ။ အဲဒါက အရမ်းကို နေရခက်တယ်”

“ဟိုးအရင် နှစ်ပေါင်းများစွာကတည်းက ငါတို့ တစ်ယောက်ကို တစ်ယောက် သိလာကြတာ။ အကြောင်းအရာတိုင်းကို ငါတို့ မပြောကြဘူးလား”

“မင်းအစ်ကို ဆီကနေ လျှို့ဝှက်ချက်တွေ ဘာလို့ ထားနေသေးတာလဲ။ မင်း အလုပ်တွေ အဆင်မပြေဘူးလား။ အဲဒါက မဖြစ်နိုင်ဘူး ဟုတ်တယ်မလား။ အဲဒါက ဘာလဲ။ အချစ်ရေး ပြသနာလဲ မဖြစ်နိုင်ဘူး ဟုတ်တယ်မလား”

154 02

“ဘာလို့လဲ။ မင်းအမေက ထပ်ပြီး တွန်းအား ပေးပြန်ပြီလား။ သူမ အဲဒါကို ပြောပြန်ပြီလား။ မင်းက အရမ်းကို ထူးချွန်နေတာပဲ။ မိန်းမ ရှာမတွေ့မှာကို စိတ်ပူစရာ မလိုပါဘူး။ သူမလည်း အဲဒါကို သိတယ်။ သူမက မင်းကို ပါးစပ်အရသာ ဆူပူနေပေမဲ့ သူမ အဲ့လို တွေးမှာ မဟုတ်ဘူး ဆိုတာ သေချာပေါက်ပဲ”

“တကယ်လို့ မင်းတစ်ယောက်တည်း အထီးကျန်နေရင် တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမယ် ဘယ်လိုလဲ။ ဟင်း… ဒီလောက် နှစ်တွေ ကြာနေပြီ မင်း ဘယ်လို လူမျိုးကို ကြိုက်လဲ ဆိုတာကို ငါမမေးဖူးသေးဘူး”

“အိုး ဟုတ်တယ်။ ငါသတိရပြီ မင်းနဲ့ အဲ့လူက နောက်ဆုံး အကြိမ်ပဲ ဟုတ်တယ် မလား။ ဟမ်…ချီယန် ဟုတ်တယ်မလား။ ငါတို့ နောက်ဆုံး အကြိမ် တွေ့တာ နှစ်ပေါင်းများစွာ ကြာနေ‌ပြီလေ။ ချီယန် ပြောင်းလဲသွားတာကို တွေ့ခဲ့တယ်။ သူမက အတော်လေး လှတယ်လို့ ငါထင်တယ်။ မင်း သူမကို ကြိုက်လား”

ယွမ်ချီ ပြောပြီးပြီးချင်းမှာပင် နန်ကျဲ့၏ အကြည့်က သူ့ဆီသို့ ရောက်သွားသည်။

သူတို့ မျက်လုံးချင်း ဆုံသွားသည်။ သူ၏ အကြည့်ကို ကြည့်လိုက်ပြီး ယွမ်ချီ ရုတ်တရက် ရယ်လိုက်သည်။

“အရင်က သူမ အကြောင်းကို မင်း ငါ့ကို အမြဲတမ်း ပြောတယ်။ မင်းတို့ နှစ်ယောက် အတူတူ စားနေတာကို နောက်ဆုံး အကြိမ် တွေ့ခဲ့တုန်းက အခွင့်အရေး ရှိတယ်လို့ ငါ ခံစားခဲ့ရတယ်”

“မင်း သူမကို ကြိုက်တယ် ဆိုရင်တော့ အဲ့လို ဖြစ်လိမ့်မယ်။ အဲဒါက ကိစ္စကြီးတော့ မဟုတ်ပါဘူး။ မင်းကို ကူညီပေးစေချင်လား။ နောက်တစ်ခါ တွေ့ဆုံပွဲကျရင် မင်းကို ကူညီပြီး တီးခေါက်ကြည့်မယ်။ ဘယ်လိုလဲ”

“မဟုတ်ဘူး။ ကျေးဇူးတင်တယ်”

ယွမ်ချီ၏ တစ်ကိုယ်တော် ရှိုးပွဲ နောက်ဆုံးတွင် ပြီးဆုံးသွားသည်။

နန်ကျဲ့တွင် တစ်ခြား ပြောစရာ အကြောင်းတစ်ခု ရှိသေးတာကို သူခံစားမိသောကြောင့် သူ့ကို အလျင်စလို မပြောတော့ပေ။ သူသည် မောင်းရင်းဖြင့် ဂရုတစိုက် နားထောင်လိုက်သည်။

“ငါ သူမကို တီးခေါက် ကြည့်ပြီးသား”

“အဆုံးမှာ ဘာဖြစ်သွားလဲ။ အခွင့်အရေး ရှိသေးလား”

သူတို့ နှစ်ယောက်လုံး လုံးဝ သဟဇာတ မရှိဘူးဟု ယွမ်ချီခံစားရသော်လည်း သူတို့က သင့်လျော်သည်။

နန်ကျဲ့က အပြင်းပိုင်းတွင် ပုံမှန်အားဖြင့် ကြမ်းတမ်းသော်လည်း အတွင်းထဲတွင် နွေးထွေးသည်။ ချီယန်က ရိုးသားသော်လည်း စကားများက သိပ်အဆင်မပြေပေ။ ယုတ္တိရှိရှိ ပြောရလျှင် သူတို့ နှစ်ယောက်လုံးမှာ အတူတူပင် ဖြစ်သည်။ သို့သော်လည်း သူတို့ အတူတူ ရှိသော အချိန်တွင် တစ်ယောက်ကို တစ်ယောက် လိုက်လျော ညီထွေ ရှိနေဆဲဖြစ်သည်။

သူ ကျောင်းတက်တုန်းကလည်း အတူတူပင် ဖြစ်သည်။

ထို့ကြောင့် သူ၏ အမြင်ထဲတွင် သူတို့ နှစ်ယောက်လုံးက အတူတူ ဖြစ်နေလျှင် လူတွေအတွက် အကုသိုလ် ကင်းသည်ဟု ယူဆနိုင်သည်။

“မဟုတ်ဘူး။ ငါ ငြင်းပယ်ခံခဲ့ရတယ်”

နန်ကျဲ့၏ အသံမှာ ပြီးစလွယ် ပြောနေသကဲ့သို့ ပေါ့ပါးနေသော်လည်း ယွမ်ချီသည် အလွန် တုန်လှုပ်သွားသောကြောင့် ဘရိတ်ကို ရုတ်တရက် နင်းလုနီးပါးပင် ဖြစ်သွားသည်။

“တကယ် မဟုတ်ဘူးမလား”

ယွမ်ချီက မျက်မှောင်ကြုတ်လိုက်သည်။

“မင်း သူမကို ဖွင့်ပြောလိုက်တာလား။ ဘယ်အချိန်ကလဲ။ ဒီနေ့လား”

“လက်‌တွဲဖော် ရွေးချယ်ဖို့အတွက် သူမမှာ ကိုယ်ပိုင် သတ်မှတ်ချက်တွေ ရှိပြီးသား။ ငါက အဲဒါတွေနဲ့ တစ်ခုမှ မကိုက်ဘူး”

“ဒါပေမဲ့ မင်း မသိခင်ကတည်းက မေးရမှာလေ။ သူမရဲ့ လိုအပ်ချက်‌တွေကြောင့် မင်း လက်လွှတ်လိုက်တော့မှာလား။ အစ်ကိုနန် အဲဒါက မင်းနဲ့ မတူဘူးနော်”

“ဟုတ်တယ်။ အဲဒါကြောင့် ငါ လုပ်ခဲ့တယ်။ ငါ့ကို စဉ်းစားပေးဖို့ သူမကို ပြောခဲ့တယ်”

“သူမက ဘယ်လို တုန့်ပြန်လဲ”

နန်ကျဲ့က ပခုံးတွန့်လိုက်သည်။

“သူမက ငါ့ကို မစဉ်းစားဘူး။ ငါ အငြင်းခံခဲ့ရတယ်လို့ မင်းကို မပြောမိဘူး ထင်တယ်”

ယွမ်ချီက အသက်ပြင်းပြင်း ရှူလိုက်သည်။ ထိုခက်ခဲသော ပြဿနာမျိုးကို သူ ပထမဦးဆုံး အကြိမ် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

အချစ်ရေး ပြဿနာ ကြုံတွေ့ခဲ့ရတယ့် ဘယ်သူမဆို သူက အချို့ အချက်များကို ညွှန်ပြပေးနိုင်သည်။ သို့သော်လည်း နန်ကျဲ့ အငြင်းခံခဲ့လိုက်ရကတည်းက သူသည် အနည်းငယ် ကူကယ်ရာ မဲ့သလို ခံစားလိုက်ရသည်။

သူ၏ မှတ်ဉာဏ်ထဲတွင် ပထမဆုံး အကြိမ် တောင်းဆိုတာ ဖြစ်သင့်ပြီး ပထမဦးဆုံး အကြိမ် အငြင်းခံရတာလည်း ဖြစ်သည်။

“ဟင်း သူမ တစ်ခြား ဘာမှ မပြောဘူးလား”

“တစ်ခြား ပြောတာလား”

နန်ကျဲ့သည် သူ၏ မျက်လုံးနက်များကို ကျဉ်းမြောင်းလိုက်ပြီး ဂရုတစိုက်ဖြင့် စဉ်းစားလိုက်သည်။

“ချီယန် မင်း င့ါကို မစဉ်းစား ပေးချင်ဘူးလား”

ချီယန်က သူ၏ ကျပန်း စကားကြောင့် ကြောင်သွားသည်။

“ဘာလဲ”

“ငါ ပြောတာက မင်း ကောင်လေး ရှာတော့မယ် ဆိုရင် ငါ့ကို စဉ်းစားပေးနိုင်မလားလို့”

“အစ်ကိုနန် ရှင် နောက်နေတာလား။ အာ အစ်ကိုနန် ကျွန်မတို့က မသင့်တော် ဘူးမလား။ ဟား ဟား ဟား”

ချီယန်က ခြောက်ကပ်စွာ ရယ်လိုက်သည်။ သူ၏ တုံ့ပြန်ချက်ကို သူမ မကြားရသော အချိန်တွင် သူက အလေးအနက် ပြောတာကို သူမ သတိပြုမိသွားပြီး သူမ၏ အသံများ တဖြည်းဖြည်း‌ခြင်း ရပ်သွားသည်။

154 03

အချိန်အတော်ကြာပြီးနောက် သူမ၏ အသံ ထပ်ထွက်လာသည်။

“ကျွန်မတို့ နှစ်ယောက်က သူငယ်ချင်း ဖြစ်ဖို့ ပိုသင့်တော်တယ်။ အဲ့လို ပြောင်းလဲဖို့က ကောင်းမွန်တဲ့ အကြံဉာဏ်လို့ ကျွန်မ မထင်ဘူး။ ကျွန်မ …..”

“အစ်ကိုနန်”

သူမက သက်ပြင်း ချလိုက်သည်။

“ကျွန်မကို အခက်တွေ့စေမဲ့ အရာတွေ မလုပ်ပါနဲ့”

ကျွန်မကို အခက်တွေ့စေမဲ့ အရာတွေ မလုပ်ပါနဲ့။

ထိုစကားက တကယ်ကို သေစေလောက်သည်။

သူသည် တိုက်ရိုက် အငြင်းခံရပြီးနောက် နန်ကျဲ့က အလွန် အဆင်မပြေသလို မခံစားရပေ။

သို့သော်လည်း သူမ၏ နောက်ဆုံး စကားလုံးက သူ၏ နှလုံးသားကို တကယ်ပင် ဖောက်ထိုးလိုက်သည်။

နန်ကျဲ့၏ စကားကို ကြားပြီးနောက် နန်ကျဲ့က လုံးဝ ငြိမ်ကျသွားသည်။

သူသည် နန်ကျဲ့၏ ကလေးဘဝ သူငယ်ချင်း ဖြစ်သည်။ သူတို့ နှစ်ယောက်လုံးက အတူတကွ ကြီးပြင်းလာကြသည်။ နန်ကျဲ့ ဘယ်လောက် ဂုဏ်ယူစရာ ကောင်းလဲဆိုတာကို သူ ကောင်းကောင်း သိသည်။

ချီယန်၏ စကားများက နန်ကျဲ့၏ မာနပေါ်သို့ လုံးဝ လွှမ်းခြုံသွားသည်။

“အစ်ကို စိတ်ထဲ မထားပါနဲ့။ ချီယန်ကို အစ်ကို သိပါတယ်။ သူမက ရိုးရိုးသားသားပါပဲ။ သူမက မပြောခင် မစဉ်းစားလိုက်ဘူး။ မင်း ကောင်းကောင်း မသိဘူးလား”

ယွမ်ချီက သူ၏ နှုတ်ခမ်းကို ဖိလိုက်သည်။ ထိုသို့ ပြောပြီးနောက် ၎င်းမှာ ရိုင်းစိုင်းသည်ဟု သူခံစားရသောကြောင့် တစ်စက္ကန့် ရုန်းကန်လိုက်ရသည်။

“ငါတို့ ဘာလို့ တစ်နေရာရာမှာ မသောက်တာလဲ။ အဲဒါကြောင့် သူမက မင်းကို မကြိုက်တာ ဖြစ်နိုင်တယ်။ ဆိုရိုးစကားလိုပဲ နောက်တစ်ခုက ပိုကောင်းလာလိမ့်မယ်”

******

All Chapters