အခန်း ၁၅၆
Vol. 16 Ch. 156
156 01
အပိုင်း (၁၅၆) ငုံ့ငုံ့၍ နမ်းခြင်း
နန်မိသားစု၏ အဖွားကြီး မွေးနေ့ပွဲမှာ နောက်တစ်ပတ်တွင် ဖြစ်သည်။ အားလပ်ရက်တွင် မိသားစုပွဲများ ကျင်းပရင်း သူမ၏ အဒေါ်က ဖိတ်စာများ လိုက်ဖိတ်နေသည်ဟု နန်ကော ကြားထားသည်။
နန်မိသားစုသည် ကျန်းမြို့တွင် ထူးခြားသော အဆင့်အတန်း ရှိသည်။ သူတို့ကို ဂုဏ်ပြုလက်ဆောင် ပို့ပေးဖို့တောင် လက်ဆောင်မရှိကြသော လူအချို့ရှိသည်။
စားသောက်ပွဲအတွင်း အဘွားကြီးက သူမနှင့် ရှန်ရန်ချင်း၏ အကြောင်းကို အစပျိုးလိုက်သည်။
ရှန်ရန်ချင်းက သူမကို နှစ်သစ်မှာ ချစ်ရေးဆိုခဲ့တယ်လို့ နန်ကျဲ့က သူတို့ကို ပြောပြသည်။ သူတို့သည် တစ်စုံတစ်ခုကို ကြားထားပြီး သူတို့ အတူတူ နေတယ်ဆိုတာကို သိသည်။
ထို့ကြောင့် အဘွားကြီးက ပြောပြီးသည့် နောက်တွင် အဒေါ်နှစ်ယောက်က သံယောင် လိုက်နေသည်။ သူတို့သည် ကြိုတင်ဆွေးနွေးထားသလိုပင် သူမက ရှန်ရန်ချင်းကို ပွဲသို့ ဖိတ်ချင်တယ်ဟု ပြောလိုက်သည်။
ထိုကိစ္စကို ငြင်းပယ်ဖို့ရာ သိပ်မလွယ်ကူသော်လည်း သူမက တိုက်ရိုက်ကြီး သဘောမတူခဲ့ပေ။
သူမ၏ အစ်ကိုက သူမအတွက် ပြောပေးလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း သူမ၏ အစ်ကိုက ရှန်ရန်ချင်း ရောက်လာဖို့ကို အလွန် ထောပ်ခံသူ ဆိုတာ ဘယ်သူက သိမှာလဲ။
တကယ်တော့ ရှန်ရန်ချင်း သူတို့အိမ်ကို လာတာက ငြင်းပယ်စရာ ဒါမှမဟုတ် စိတ်အနှောက်အယှက် ဖြစ်စရာ မဟုတ်ပေ။ တစ်ဖက်တွင်တော့ ထိုကိစ္စကို သူနှင့် ဆွေးနွေးပြီးမှသာ ဆုံးဖြတ်ချက် တစ်ခု ချနိုင်လိမ့်မည် ဖြစ်သည်။ တစ်ခြားတစ်ဖက်တွင် သူမ၏ အဖိုးအဖွားများက သူမအား မကြိုက်သောကြောင့် သူမကြောင့် ရှန်ရန်ချင်းကို ငြိစွန်းသွားနိုင်ကြောင်း သူမ ခံစားမိသည်။
အရင်က သူမ ရှန်းမိသားစုကို ဧည့်သည်အဖြစ် သွားတုန်းက သူတို့က အလွန် ငဲ့ညှာကြသည်။ မိသားစုရှိ လူတိုင်းက သူမကို ကောင်းကောင်း ဆက်ဆံကြသည်။
ရှန်ရန်ချင်း သူမ၏ အိမ်သို့ ရောက်လာပြီး အဘိုးကြီး၏ ပစ်မှတ်ကို ခံရပါက….
“ကျွန်မ အဖွားက ဖိတ်စာတောင် ကိုယ်တိုင်ရေးပြီး ရှင့်ကို ပေးဖို့ ကျွန်မကို တောင်းဆိုခဲ့တာ”
နန်ကောသည် သူမ၏ ဘေးလွယ်အိတ်ထဲမှ တစ်ခုခုကို ထုတ်လိုက်ပြီး သူ့ကို ပေးလိုက်သည်။
သူမ၏ အကြည့်များက သူ၏ မျက်နှာပေါ်သို့ ရောက်သွားကာ သူ့ကို ဂရုတစ်ိုက်နှင့် အကဲဖြတ်နေသည်။
ရှန်ရန်ချင်းက သူ၏ မျက်လုံးကို ငုံ့ကာ ဖိတ်စာကို ယူတော့မည် ဖြစ်သည်။ သူ၏ လက်ထိပ်များက အဖုံးကို ထိထိခြင်းမှာပင် တစ်ဖက်လူ၏ လက်က ရုတ်တရက် ပြန်ရုတ်သွားကာ ဖိတ်စာမှာ ချော်ထွက်သွားသည်။
သူက အံ့အားသင့်စွာ သူမကို ကြည့်လိုက်သည်။
သူမက ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်သည်။
“အရင်ဆုံး ရှင့်ကို ပြောစရာ ရှိတယ်”
နန်ကောက ဖိတ်စာကို ကိုင်ထားသည်။ အားကြောင့် သူမ၏ လက်ဆစ်များမှာ အနည်းငယ် ဖြူဖျော့နေပြီး အဖုံးတွင် အမှတ်အသားတစ်ခု ကျန်နေသည်။
သူမက အမြဲတမ်း အဲ့လိုပင် ဖြစ်သည်။ သူမ၏ စိတ်ခံစားချက် အားလုံးကို သူမ၏ စာမျက်နှာပေါ်တွင် ချရေးတတ်သည်။ ရှန်ရန်ချင်းက ဖြေးဖြေးချင်း မပြောခင်မှာ သူမ၏ ရုန်းကန်မှုကို ခဏတာ စောင့်ကြည့်ပြီး
“အဲဒါ ဟုတ်တယ်။ ကျွန်မမိသားစု အကြောင်း ရှင့်ကို ပြောပြဖို့ အခွင့်အရေး မရှိဘူး”
တကယ်တော့ နန်ကောက အများကြီး တွေးနေသည်။ ရှန်ရန်ချင်းက အခြေခံအားဖြင့် နန်မိသားစု၏ အခြေအနေကို နားလည်သည်။
နန်ကောတွင် ဦးလေး နှစ်ယောက် ဝမ်းကွဲ နှစ်ယောက်နှင့် ဦးငယ်လေး တစ်ယောက် ရှိနေသေးတာကို သူသိသည်။ သို့သော်လည်း နန်ကောက ၎င်းထက် ပို၍ ပြောချင်နေသည်။
သူက သူမကို မနှောက်ယှက်ဘဲ ဘာမှ မသိသလို ဟန်ဆောင်နေသည်။ သူက တိတ်တဆိတ် နားထောင်နေသည်။
“ကျွန်မ အဖိုးမှာ သားသုံးယောက်ရှိတယ်။ ကျွန်မ အဖေက အကြီးဆုံးသား ဖြစ်ပြီး ကျွန်မ အစ်ကိုက မြေးအကြီးဆုံး ဖြစ်တယ်။ ကျွန်မလို မတော်တဆ ရတာက လွဲရင် ကျွန်မ ဦးလေး နှစ်ယောက်ဆီမှာလည်း သားတစ်ယောက်ဆီပဲ ရှိတယ်”
သူမကိုယ် သူမ ပြောသော နည်းလမ်းကို ကြားပြီးနောက် ထိုလူ၏ မျက်လုံးနက်များသည် သူ၏ မျက်မှန်အောက်တွင် မမြင်နိုင်လောက်အောင် ကျဉ်းမြောင်းသွားသည်။
သူ၏ နှုတ်ခမ်းပါးလေးများကို ဖိလိုက်သည်။
156 02
“ခဏလေး”
နန်ကော ခေါင်းညိတ်လိုက်သည်။ သူက သူမကို ကြားဖြတ်လိုက်တာကြောင့် သူမ အံ့ဩသွားသည်။
“မင်း ပြောတာကို အရင် နားထောင်သင့်ပြီး ကြားမဖြတ်သင့်ဘူး ဆိုတာကို ကိုယ်နားလည်ပါတယ်။ ဒါပေမဲ့ စောနက မတော်တဆ ဆိုတာကို ကိုယ် အခုထိ နားမလည်သေးဘူး။ မင်း ဘာကို ဆိုလိုတာလဲ”
“ကောင်းပြီ။ အဲဒါကို ကျွန်မ ဆက်ပြောပြမယ်”
သူ၏ ထူးဆန်းသော အကြည့်များ အောက်တွင် သူအနည်းငယ် မသက်မသာ ခံစားရသော်လည်း နန်ကောသည် သူမ၏ ခေါင်းကို စောင်းကာ ရှောင်ထွက်သွားသည်။ အပြစ်ရှိသလို သို့မဟုတ် တစ်ခုခု ခံစားရတာလည်း ဖြစ်နိုင်သည်။
အတိုချုပ် ပြောရလျှင် မျက်မှန်ကို ဖြတ်၍ သူ၏ မျက်လုံးများက သူမကို ကြည့်ရင်း နက်မှောင်ကာ နက်နဲနေသည်။ အကြည့်တစ်ချက်ဖြင့် အရာအားလုံးကို ဖြတ်၍ မြင်နိုင်သော အကြည့်မျိုး ဖြစ်သည်။
“အသက်ကြီးတဲ့ ကျွန်မရဲ့ အဖိုးအဖွားတွေကို ပြောချင်တာပါ။ သူတို့က တကယ်တော့ ကျွန်မကို သိပ်မကြိုက်ကြဘူး”
သူမ၏ ဂုတ်ကို ကုတ်ဖို့ သူမ လက်ကို မြှောက်လိုက်ပြီး သူမ၏ အသံက တိမ်ဝင်သွားသည်။
“ကျွန်မ ပြောချင်တာက ကျွန်မနဲ့ ပြန်လိုက်မယ်ဆိုရင် သူတို့က ကြမ်းကြမ်းတမ်းတမ်း တစ်ခုခု ပြောလိုက်မှာကို ကျွန်မ ကြောက်နေတာ”
“ဒါပေမဲ့ ကျွန်မ မိဘတွေက ရှင့်ကို တွေ့ဖို့ တကယ်ကို မျှော်လင့်နေကြတာပါ။ သူတို့က ရှင့်အပေါ်မှာ တကယ်ကို မျှော်လင့်ချက်ကောင်းတွေ ရှိကြတာပါ”
“ကျွန်မ ပြန်မလာခင်က ငါက အရမ်း တွေးနေပြီးတော့ သေချာပေါက် ရှင့်ကို ကြိုဆိုကြမှာပါလို့ ကျွန်မ အစ်ကိုက ပြောတယ်။ ဂရုတစိုက် တွေးကြည့်မယ် ဆိုရင် ရှင်က အရမ်း ထူးချွန်တဲ့ အတွက်ကြောင့် သူတို့ရှင့်ကို သဘောကျလိမ့်မယ်။ ဒါပေမဲ့ ကျွန်မကြောင့် အများကြီး ဒါမှမဟုတ် နည်းနည်းဖြစ်ဖြစ် ရှင့်ကို ထိခိုက်မှာ စိတ်ပူနေတာ ”
“ကျွန်မတို့ မိသားစုမှာ ဘာစိတ်ကူးယဉ် ဇာတ်လမ်းမှ မရှိပါဘူး။ အဖေနဲ့ သူ့ရဲ့ အစ်ကိုတွေက ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကြပါတယ်။ ငါရဲ့ အစ်ကို သုံးယောက် ငယ်ငယ်တုန်းက အရမ်းကို ထူးချွန်ပြီး ပြောင်မြောက်ကြတယ်။ ကျွန်မ ငယ်ငယ်တုန်းကတော့ နည်းနည်းလေး ဉာဏ်ထိုင်းတယ်။ စကား နည်းနည်းထစ်ပြီး နှစ်လိုစရာ မကောင်းဘူးဆိုတော့ ကျွန်မကို သိပ် ဂရုမစိုက်ကြဘူး”
“နောက်ပိုင်းမှာ ကျွန်မ အစ်ကိုက သူတို့ကို ပြန်ကလဲ့စား ချေဖို့ ကူညီပေးလို့ ကျွန်မရဲ့ တစ်ခြား အန်တီတွေနဲ့ ဝမ်းကွဲတွေ အပါအဝင် သူတို့နဲ့ သူက စကားများခဲ့ကြတယ်။ အဲဒါအတွက်နဲ့ သူတို့က ကျွန်မအပေါ်မှာ မကောင်းတဲ့ အမြင်တွေရှိကြတယ်။ ကံကောင်းထောက်မစွာနဲ့ ကျွန်မ အခု ကြီးပြင်းလာခဲ့ပြီ။ အဲ့ဒါအပြင် အဖေ အမေနဲ့ အစ်ကိုက အမြဲတမ်းလိုလို ကူညီပေးခဲ့တာကြောင့် ကိစ္စတွေက ပိုကောင်းမွန်လာခဲ့တယ်။ အဲ့လိုပဲ”
“ရှင် အများကြီး စိတ်ပူစရာ မလိုပါဘူး။ ကျွန်မတို့ မိသားစုက အထူး ရှုပ်ထွေးတာတော့ မရှိပါဘူး
ဘယ်လိုပဲ ဖြစ်ဖြစ်ကျွန်မ ရှင့်ကို သေချာပေါက် ကာကွယ်မှာပါ”
၎င်းမှာ ရုပ်မြင်သံကြား ဒရမ်မာ ထဲကလို ပုံကြီးချဲ့ခြင်း မရှိသော်လည်း နာကျည်းမှုလည်း သိပ်မရှိပေ။
သူမ၏ စကားကို ကြားပြီးနောက် ရှန်ရန်ချင်း၏ မျက်မှောင်က ဘယ်တော့မှ မလျော့တော့ပေ။
တကယ်တော့ နန်ကော၏ စကားများက သိပ်ပြီး ရှုပ်ထွေးနေစရာ မလိုတော့ပေ။ စကားလုံး လေးလုံးဖြင့်သာ အကျဉ်းချုပ်နိုင်သည်။
လိမ္မာ ပါးနပ်စွာ သူမက ပြောတာတောင်မှ သူက နားလည်သည်။
နေ့တစ်နေ့၏ အဆုံးတွင် မိန်းကလေးများထက် ယောကျာ်းလေးကို မျက်နှာသာပေးသော ဖြစ်စဉ် တစ်ခုရှိသည်။
နန်မိသားစု၏ အကြီးများက ပဒေသရာဇ် အတွေးများ ရှိလိမ့်မည်ဟု ရှန်ရန်ချင်းက မမျှော်လင့်ထားပေ။ သူတို့က မြေးမလေးကို မကြိုက်တာလား။
နန်ကောက ထိုကဲ့သို့ အရင်က တစ်ခါမှ မပြောဖူးသလို နန်ကျဲ့ကလည်း တစ်ခါမှ မပြောဖူးပေ။
သို့သော်လည်း မကြာခင်ကမှ အံ့ဩခြင်းက နှလုံးနာခြင်းဖြင့် အစားထိုးလိုက်သည်။
“ကျွန်မက ရှင့်ကို မပြောပြချင်ပေမဲ့ ရှင့်ကို ပြစ်မှတ်ထားလိုက်ရင် ကျွန်မမိသားစုက ရှင့်ကို မကြိုက်ဘူးလို့ ထင်မှာကို ကြောက်လို့ပါ။ ကျွန်မ ရှင့်ကို ကြိုပြီး ပြောပြထားချင်တာပါ”
“သူတို့ ပြောတာ တစ်ခုခုကို ရှင် မကြိုက်တာ ရှိရင် ရင်ထဲမှာ မထားနဲ့နော်”
156 03
“အထူးသဖြင့် ကျွန်မရဲ့ အဖိုးအဖွားတွေ။ ကျွန်မရဲ့ ဘဝတစ်လျှောက်လုံး ကျွန်မအစ်ကိုကို ကောင်းကောင်း ဆက်ဆံပြီး သူ့ကို အလိုလိုက်ကြပေမဲ့ ကျန်တဲ့လူတွေကိုတော့ အတူတူ ဆက်ဆံတယ်”
သူ အချိန်အတော်ကြာ စကားမပြောတာကို မြင်ပြီး နန်ကောက အဝေးကို ကြည့်လိုက်သည်။ သူ၏ လက်ချောင်းများဖြင့် သူမ၏ မျက်နှာကို သပ်လိုက်ပြီး စကား ပြန်မပြောရဲတော့ပဲ သူမ၏ နှုတ်ခမ်းကို စေ့ထားသည်။
သူမ၏ အကြည့်များက ပျံ့လွင့်နေပြီး နောက်ဆုံးတွင် အဝေးရှိ စာအုပ်စင်၏ ထောင့်ပေါ်သို့ ရောက်သွားသည်။ ၎င်းပေါ်သို့ သူမ၏ အာရုံကို စူးစိုက်ထားသော်လည်း ကြောင်တောင်တောင်ဖြင့် အထဲတွင် ဘာစာအုပ် ရှိနေလည်း ဆိုတာကို သူမ မမြင်နိုင်သေးခင်မှာပင် သူမ၏ လက်နောက်ရှိ ပေါင်မှာ နွေးသွားသလို ခံစားရသည်။
ထိုလူက သူမ၏ လက်ကို ကိုင်လိုက်သည်။ စက္ကန့် အနည်းငယ် ကြာပြီးနောက် သူ၏ ဆုပ်ကိုင်မှုများ ပြေလျော့သွားကာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
တစ်ခုခုက အဆက်မပြတ် ခုန်နေသလိုပင် ဖြစ်သည်။ သူသည် ဆက်လက် မျှောပါရင်း ရုန်းကန်နေသည်။
သူက ရေမျောကမ်းတင် အပိုင်းအစ တစ်ခုကို ဆုပ်ကိုင်တော့မည့် အချိန်တွင် နန်ကော၏ မသိစိတ်က သူ၏ မျက်လုံးကို ကြည့်လိုက်သည်။
သူ၏ အမြဲတမ်းလိုလို ကြည်လင်နေသော မျက်လုံးများက အနည်းငယ် တိမ်ထူနေပြီး ထိုအခိုက်အတန့်တွင် သူ၏ မျက်လုံးထဲရှိ စိတ်ခံစားချက်များကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။
သို့သော်လည်း ထိုအကြည့်ကြောင့် ထိုလူက ရုတ်တရက် လွှတ်လိုက်ပြီး သူ့ရှေ့တွင် နှစ်မြှုပ်သွားနိုင်သော ရေမျှောကမ်းတင်ကို ပြစ်လိုက်သည်။
နန်ကောက မျက်တောင်ခတ်လိုက်သည်။ သူ၏ လက်ကို ရှာဖို့ရာ သူမ၏ ခေါင်းကို ငုံ့လိုက်သော အချိန်တွင် ရင်းနှီးသော နွေးထွေးမှုက သူမ၏ ဂုတ်ကို ဖိကပ်သွားပြီး သူမကို ရှေ့သို့ တွန်းလိုက်ကာ သူ့ရှေ့က လူကို ချဉ်းကပ်လိုက်သည်။ သူမ၏ မျက်လုံးများက ထိတ်လန့်စွာ ရှောင်ပြေးလိုက်ပြီး နောက်ဆုံးတွင် သူနှင့် အကြည့်ချင်း ဆုံသွားသည်။
“ကိုယ် တောင်းပန်ပါတယ်”
သူ၏ လက်ဖဝါးနှင့် မျက်မှန်ကို ဖယ်လိုက်သည်။
“ဟမ်”
နန်ကောက နားမလည်နိုင်ဘဲ ကြောင်သွားသည်။ သူက ဘာလို့ တောင်းပန်တာလဲ ဆိုတာကို သူမ နားမလည်ပေ။ သို့သော်လည်း နောက်တစ်စက္ကန့်တွင် ရှန်ရန်ချင်းက သူ့အမူအရာဖြင့် အဖြေကို ပြောပြလိုက်သည်။
ရှန်ရန်ချင်းက သူမ၏ ခေါင်းနောက်တွင် သူ၏ လက်ကို ထားလိုက်ပြီး သူမကို သူ့ ဆန့်ကျင်ဘက်သို့ ဖိလိုက်သည်။ တုံ့ဆိုင်းမနေဘဲ ငုံ့ကာ သူမကို နမ်းလိုက်သည်။
သူတို့၏ နှုတ်ခမ်းချင်း ထိသွားသော အခိုက်အတန့်တွင် နန်ကော၏ မျက်လုံးများ ကျယ်လာကာ သူမ၏ နှလုံးခုန်နှုန်းများ ရပ်တန့်သွားပြီး ခန္ဓာကိုယ် တစ်ခုလုံး ပူလာသည်။
အထူးသဖြင့် သူမ၏ နှုတ်ခမ်းပေါ်တွင် ဖြစ်သည်။ သူမကို မနမ်းခင် တစ်စက္ကန့်အတွင်း သူ၏ မျက်လုံးထဲတွင် ပူပြင်းနေသည်။
******