← Chapters

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း ၁၅၇

Vol. 16 Ch. 157

157 01

အပိုင်း (၁၅၇) အစွဲအလမ်း

နန်ကော၏ မျက်တောင်များပင် လှုပ်သွားသည်။ ဘေးဘက်ကို ကိုင်ထားသော သူမ၏ လက်က ကြောက်လန့်တကြားဖြင့် သူ၏ အင်္ကျီ အနားကို ဆွဲလိုက်သည်။ သူမ၏ ဆုပ်ကိုင်မှုကြောင့် မီးပူ တိုက်ထားသော ဝတ်စုံမှာ ကြေမွသွားသည်။

ရှန်ရန်ချင်း၏ အနမ်းမှာ သူ့လိုပင် ဖြစ်သည်။ နူးညံ့ကာ ကြီးစိုးခြင်းများ မရှိပေ။

သို့သော်လည်း ခဏတာတော့ သူမ အဆင်မပြေသလို ခံစားလိုက်ရသည်။ ထို့နောက် နန်ကောသည် နာခံကာ သူမ၏ မျက်လုံးကို ပိတ်လိုက်သည်။

ညဉ့်နက်ချိန်တွင် ပင်လယ်ထဲ၌ ရွက်လွင့်နေသော လှေတစ်စီး ကဲ့သို့ပင် လှိုင်းလုံးများက ကျူးကျော်ဝင်ရောက်လာရန် ခွင့်ပြုလိုက်ပြီး သူတို့နှင့်အတူ ပြိုလဲသွားနိုင်သည်။

နန်ကောသည် သူတို့ ဘယ်လောက်ကြာကြာ နမ်းမိသွားလဲ ဆိုတာကို မသိလိုက်ပေ။ သူမသည် မှင်တက်သွားကာ သူမ၏ ဂုတ်ရှိ နူးညံ့သော နေရာကို ညှစ်ထားတာကိုသာ သူမ သတိရနိုင်တော့သည်။ သူ၏ နှုတ်ခမ်းပါးလေးများက သူမကို အသက်ရှူဖို့ အခွင့်အရေး ပေးရန် ခွါလိုက်သည်။ သူ၏ လေပူများကို သူမ၏ နားဘေးသို့ မှုတ်ထုတ်လိုက်သည်။ စက္ကန့် အနည်းငယ် ကြာပြီးနောက် သူ၏ ခေါင်းကို စောင်းကာ သူမကို ထပ်နမ်းလိုက်သည်။

သူတို့ နှစ်ယောက် အတူတူရှိနေကတည်းက စုဟွေ့နှင့် တစ်ခြားလူများက သူမနှင့် ရှန်ရန်ချင်း၏ တိုးတက်မှု အကြောင်းကို စပ်စပ်စုစုနှင့် မေးကြသည်။

သူတို့နှစ်ယောက် နမ်းနေသည့် မြင်ကွင်းကို သူမ ပုံဖော်ကြည့်နေသည်။ ရှန်ရန်ချင်း၏ ကိုယ်ရည်ကိုယ်သွေးအရ သူတို့၏ ပထမဦးဆုံး အနမ်းက သေချာပေါက် ပေါ့ပါးတဲ့ အနမ်းဖြစ်လိမ့်မည်ဟု စုဟွေ့က ပြောသည်။

သူမက သဘောတူကာ ခေါင်းညိတ်လိုက်သည်။

သို့သော်လည်း ၎င်းက ပေါ့ပါးသော အနမ်း မဟုတ်ပေ။

သူက နူးညံ့တာ မှန်ကန်သော်လည်း အနမ်းမှာ အလွန် ဆွဲဆောင်မှု ရှိတာလည်း အမှန်တရား ဖြစ်သည်။

သူမသည် သူ့ကို ကိုင်ပြီး ဘယ်နှစ်ကြိမ်တောင် နမ်းခဲ့လဲဆိုတာကို မမှတ်မိတော့ပေ။ နန်ကောသည် မှင်သက်စွာ သူ၏ ပခုံးပေါ်သို့ မှီလိုက်ပြီး အသက်မြန်မြန် ရှူလိုက်သည်။

ရှန်ရန်ချင်းက သူ၏ လက်ကို သူမ၏ နောက်တွင် ထားလိုက်ပြီး သူမ၏ အဝတ်အစားကို ကျော်ကာ လိပ်ပြာရိုးကို ညင်သာစွာ ပွတ်သပ်ပေးနေသည်။

သူမသည် စိတ်အေးအေးထားပြီး အသက်ရှူရန် လိုအပ်နေသည်။ ရှန်ရန်ချင်းလဲ အလားတူပင် ဖြစ်သည်။

နန်ကောသည် သူ၏ ပခုံးကို ငုံ့ကြည့်လိုက်ပြီး မ‌နီးမဝေး နံရံပေါ်ရှိ နာရီကို ကြောင်တောင်တောင်နှင့် စိုက်ကြည့်နေသည်။

မှင်သက်နေချိန်တွင် ရှန်ရန်ချင်းက သူမ၏ နာမည် ခေါ်လိုက်တာကို ကြားလိုက်ရသည်။

“နန်ကော”

“ဟမ်”

ကြောင်သွားပြီး သူမ၏ ခေါင်းကို စောင်းကာ သူ၏ ဘေးတိုက်ပုံစံကို ကြည့်လိုက်သည်။

“ကိုယ်က မင်းအတွက် အဆင်ပြေစေရမယ်”

“တကယ်လား”

“ကိုယ့်မှာ တစ်ခြားလူတွေကို တားပိုင်ခွင့်မရှိဘူး။ ဒါပေမဲ့ ကိုယ်တို့ အတူတူ ရှိနေတဲ့ အချိန်မှာ ကိုယ်မင်းကို သေချာပေါက် ကာကွယ်ပေးမယ်လို့ အာမခံနိုင်တယ်”

ရှန်ရန်ချင်း ပြောပြီးသည့်နောက်တွင် သူ၏ ပခုံးပေါ်ရှိ လူက ဘာမှ မတုံ့ပြန်တော့ပေ။

မသိစိတ်ဖြင့် သူ၏ ခေါင်းက ငုံ့လိုက်ပြီး သူမကို လှည့်ကြည့်ချင်နေသည်။

သို့သော်လည်း သူ၏ ခေါင်းကို ငုံ့ငုံချင်းမှာပင် အာမေဍိတ်သံ တစ်ခုကို ကြားလိုက်ရသည်။

“ရှန်ရန်ချင်း ရှင့်နားထဲမှာ မှည့်လေးတစ်ခု ရှိနေတယ်။ အဲဒါက အရမ်း ချစ်စရာ ကောင်းတယ်”

ထို့နောက် ချက်ချင်းပင် ရင်းနှီးသော အသံ တစ်ခုနှင့် အတူ တစ်စုံတစ်ယောက်က ညင်သာစွာ ပုတ်တာကို ခံစားလိုက်ရသည်။

“ကျွန်မ အဲဒါကို အရင်က ဘာလို့ သတိမပြုမိပါလိမ့်။ တစ်ခြား သိတဲ့လူ ရှိသေးလား”

“ဝေါင်း”

157 02

အထူးသဖြင့် သူမသည် သူ၏ ထိုကဲ့သို့ မထင်ရှားသော မဲ့ကို နှစ်သက်ပုံ ပေါ်သည်။ ပထမဆုံး သူမက ၎င်းကို ထိလိုက်သည်။ ထို့နောက် သူမက ဆက်လက်၍ မေးလိုက်သည်။

“တကယ်လို့ ကျွန်မ ရှင့်ရဲ့ ဒီနေရာကို နမ်းရင် အသေရိုက်မှာလား”

သူက လှည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် အံ့ဩခြင်းများဖြင့် သူမကို ကြည့်လိုက်သည်။

အဆုံးတွင် ရှန်ရန်ချင်းက မြန်မြန် ရှောင်လိုက်သောကြောင့် သူမ ဆန္ဒရှိသလို မှဲ့သေးသေးလေးကို နမ်းဖို့ရာ မစီမံနိုင်တော့ပေ။ သူ၏ မျက်နှာပေါ်ရှိ အမူအရာကို မမြင်ရသော်လည်း သူ၏ နီနေသော နားကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

အာ… ရှန်ရန်ချင်းလည်းပဲ ရှက်သွားသည်။

ထိုညတွင် နန်ကောကို ကျောင်းသို့ ပြန်ပို့ပြီးနောက် ရှန်ရန်ချင်းက နန်ကျဲ့ကို အပြန်လမ်းတွင် ဖုန်းခေါ်လိုက်သည်။

နန်ကျဲ့ ဖုန်းခေါ်တာကို လက်ခံရရှိပြီးသော အချိန်တွင် သူသည် အစည်းအဝေး တစ်ခု ပြီးသွားသော်လည်း မစားရသေးပေ။

သူသည် လမ်းလျှောက်ရင်း ဖုန်းကို ဖြေလိုက်သည်။ သူနှင့် အတူ လိုက်ပါလာသော အတွင်းရေးမှူးက သူ့အတွက် ညစာ ပြင်ခိုင်းထားရမလားဟု မေးသော်လည်း သူသည် အတွင်းရေးမှူးကို လက်ဟန် ခြေဟန်ဖြင့် ငြင်းပယ်လိုက်သည်။

“အဲဒါက ဘာဖြစ်လဲ”

နန်ကျဲ့က သူ၏ ကုတ်အင်္ကျီနှင့် ကားသော့ ယူဖို့ ရုံးခန်းကို ပြန်ရန် စီစဉ်လိုက်သည်။

“နန်ကောက ဒီနေ့ င့ါကို ဖိတ်စာ ပေးခဲ့တယ်”

“အို”

နန်ကျဲ့က မအံ့ဩပေ။

“ဘာအချက်အလက်တွေကို မင်း မေးချင်နေတာလဲ ယောက်ဖလေး”

ရှန်ရန်ချင်းက မပြောနိုင်ခင်မှာပင် သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်ပြီး

“မင်းက တကယ့် လူမှန်ကို တွေ့ထားတာပဲ။ ငါ့ရဲ့ အဖေက ဝိုင်ကြိုက်တယ်။ ငါ့အမေက လက်ဝတ်ရတနာတွေ ကြိုက်တယ်။ ငါကတော့ ပိုက်ဆံတွေ ကြိုက်တယ်။ မင်းမြင်တဲ့ အတိုင်း ပြင်ဆင်လို့ရတယ်”

ရှန်ရန်ချင်း

“ကောင်းပြီ နားလည်ပြီ။ မင်းရဲ့ အဖိုး အဖွားတွေကကော ဘယ်လိုလဲ”

“အို သူတို့လား။ အဘွားကြီးက ပိုပြီးတော့ ဇီဇာကြောင်တယ်။ ငါ့လိုပဲ သူမက ဈေးကြီးတဲ့ အရာတွေကို ကြိုက်တယ်။ အဘွားကြီးက ရှေးဟောင်း ပစ္စည်းတွေလည်း ကြိုက်တယ်”

သူပြောပြီးပြီးခြင်းမှာပင် ခေါင်းစဉ်ကို ပြောင်းလိုက်သည်။

“တကယ်တော့ မင်း ဘာပဲ ပေးပေး ဒီအတိုင်းပါပဲ။ ငါ့ရဲ့ အဖိုးနဲ့ တစ်ခြားလူတွေက မင်းအပေါ်ကို ကောင်းကောင်း အထင်ကြီးပြီးသားပါ”

“ဟုတ်တယ် တကယ်တော့ ငါ့မှာ မင်းကို တစ်ခြား မေးစရာ ရှိတယ်”

တကယ်တော့ သူ၏ လှုံ့ဆော်မှုကို နန်ကျဲ့သိသည်။ ယခုမူ သူ့ကို နောက်ပြောင်နေခြင်း ဖြစ်သည်။

ထို့ကြောင့် ရှန်ရန်ချင်း ဆက်မပြောနိုင်သေးခင်မှာပင် နန်ကျဲ့က တိုက်ရိုက် ဖြေလိုက်သည်။

“ငါ့ရဲ့ အဖိုး အဖွားတွေက မိန်းကလေးထက် ယောကျာ်းလေးကို ပိုပြီး သဘောကျကျတယ်။ အဲဒါက ရိုးရိုးလေးပဲ”

“ဒါပေမဲ့ သူမက သူတို့ရဲ့ တကယ့်ကို မြေးအရင်းပဲ။ သူတို့ ဘယ်လောက်ပဲ သူမကို မကြိုက်နေပါစေ နန်ကောရဲ့ အထောက်အထားအရ သူတို့ အသိအမှတ် ပြုကြတာကြောင့် ကိစ္စ မရှိပါဘူး”

“နန်ကော ငယ်ငယ်တုန်းကတော့ နည်းနည်း ခံစားခဲ့ရ‌တာပေါ့။ အဘွားကြီးနဲ့ တစ်ခြားလူတွေက သူမအပေါ် နည်းနည်း တင်းကြပ်ကြတယ်။ သူတို့ အပြင်မှာရှိတဲ့ သူတို့ရဲ့ ရွယ်တူ ယောကျာ်းလေးတွေနဲ့ သူမကို နှိုင်းယှဉ်ရတာကို နှစ်သက်တယ်။ အခုခေတ်မှာဆိုရင် ဒါကို စိတ်ပိုင်းဆိုင်ရာ အလွဲသုံးစား လုပ်မှုလို့ ငါကတော့ ယူဆတယ်”

“ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့က သူမ အပေါ်မှာ ဘယ်တုန်းကမှ မကောင်းခဲ့ဘူး”

“နန်ကောရဲ့ ခေါင်းက အများကြီး ဒါမှမဟုတ် နည်းနည်းတော့ မူမမှန်ဘူးဆိုတာကို မင်း ကောင်းကောင်း သိလိမ့်မယ်လို့ ငါထင်တယ်။ သူမ ငယ်ငယ်တုန်းက စကား စပြောတာ နောက်ကျခဲ့တယ်။ သူမရဲ့ ရွယ်တူများက “ဒယ်ဒီ” “မာမီ”ကို ဘယ်လို ပြောရမလဲဆိုတာကို သိတာ ကြာပြီ ဖြစ်ပေမဲ့ သူမက ဗလုံးဗထွေးပဲ ပြောတတ်သေးတာ။ အဲ့ဒီ အချိန်မှာ အဘွားကြီးက သူမရဲ့ ဉာဏ်ရည်ကို စစ်ဆေးဖို့ ခေါ်သွားခဲ့တယ်”

“အရက်က သူမရဲ့ အတန်းတွေက သိပ်မကောင်းခဲ့ဘူး။ သူမက တကယ့်ကို သာမန်ပါပဲ။ သူမက အထက်တန်း ကျောင်းမှာပဲ ပိုကောင်းခဲ့တာ။ ဒါပေမဲ့ အဘွားကြီးနဲ့ တစ်ခြားလူတွေက သူမကို ဖိအားအများကြီး ပေးခဲ့ပြီး နောက်ပိုင်း အဆင့်တွေမှာ သင်ယူနိုင်စွမ်း မရှိအောင် ဖြစ်‌သွားစေပြီး နောက်ဆုတ်သွားစေခဲ့တယ်။ ငါမင်းကို အဲဒါတွေ ပြောပြမယ်။ ငါ့အတွက်သာ မဟုတ်ဘူးဆိုရင် မင်း အခု သူမနဲ့ နေနိုင်မှာတောင် မဟုတ်ဘူး”

နန်ကျဲ့က ရွှတ်ရွှတ်နောက်နောက် ပြောလိုက်သည်။

“ငါ နိုင်ငံခြားကနေ ပြန်လာတုန်းက သူမရဲ့ ကျောင်းနားမှာ တိုက်ခန်းတစ်ခု ဝယ်ထားပြီး သူမရဲ့ ပညာရေးကို စောင့်ကြည့်နေတာကို မင်း သိမှာပါ။ အဲဒီ အချိန်တုန်းက သူမက ငါ့ကို မုန်းခဲ့တယ်။ သူမ ငယ်ငယ်တုန်းက ငါနဲ့ အရင်းနှီးဆုံးပဲ။ အဲ့ဒီ အတိတ်က အချိန်တွေတုန်းက သူမ ငါ့ကို ဘယ်တော့မှ ထပ်မတွေ့ရဖို့ကို ဆန္ဒရှိခဲ့တယ်”

“အဲဒီ အချိန်တုန်းက ငါ့ရဲ့‌အမေက သူမကို တွေ့ဖို့ ညတိုင်း ညစာ ယူလာပေးတယ်။ အစားစားတဲ့ အချိန်တိုင်းမှာ ထမင်းစားခန်းထဲမှာ ပုန်းနေပြီး သူမ ငိုနေတဲ့ အချိန်မှာ ငါ့အမေကို ပွေ့ဖက်ထားခဲ့တယ်။ ငါ ကြားမှာကို ကြောက်လို့ သူမက ကျယ်ကျယ် မငိုရဲဘူး။ ငါ့အမေက အဲဒါကို မေ့ပစ်ဖို့ ပြောခဲ့ပေမဲ့ ငါက အဲဒါကို လက်ခံဖို့ ရိုးရိုးလေး ငြင်းပယ်ခဲ့တယ်။ ငါရဲ့စိတ်ကို ပြင်ဆင်ပြီး သူမကို ဆက်လက်ပြီး စာလေ့လာခိုင်းခဲ့တယ်”

157 03

“တောက်… တကယ်တော့ အခု အဲ့အကြောင်းကို ငါတွေးတိုင်း နည်းနည်းတော့ နောင်တရတယ်”

အဲဒီ အချိန်တုန်းက သူမက မေးခွန်းမေးတဲ့ အချိန်တွေမှသာ နေ့တိုင်း သူနဲ့ စကား အနည်းငယ်သာ ပြောပြီး သူနှင့် အပြန်အလှန် ဆက်ဆံမှု အနည်းငယ်သာ ရှိပြီး သူမသည် ဆွံ့အနေသလို ကျန်တဲ့အချိန်မှာ သူ့ကို မတွေ့လိုသော အမူအရာမျိုး ပေးသည်။

နန်ကျဲ့က ကားထဲသို့ ဝင်လိုက်သည်။ သူ၏ ထိုင်ခုံ ခါးပတ်ကို တပ်ပြီးပြီးချင်းမှာပင် ရှန်ရန်ချင်း မေးတာကို သူကြားလိုက်ရသည်။

“နန်ကော တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာ ဖြည့်တဲ့ အချိန်မှာ သူမရဲ့ မိသားစုက သဘောမတူကြဘူးလို့ ငါ ကြားမိတယ်”

“ဟုတ်တယ် အဲ့လိုမျိုးပဲ။ အဲ့ဒီအချိန်မှာ သူမက အဝေးကို သွားချင်ခဲ့ပြီး ပြည်တွင်း တက္ကသိုလ်ကို လေ့လာဖို့ရာ ငြင်းဆန်ခဲ့သည်။ သူမသာ အစွဲအလမ်း မကြီးဘူးဆိုရင် အခုချိန် မြောက်ပိုင်း တက္ကသိုလ်မှာ ရှိနေပြီး ကောင်လေး ငယ်ငယ်လေး ရှိနေလောက်ပြီ”

ရှန်ရန်ချင်းက သူ၏ နှုတ်ခမ်းကို ဖိလိုက်သည်။ “အစွဲအလမ်း ကြီးတယ်”ဆိုသော စကားကို နန်ကျဲ့ ပြောကတည်းက ဘာကို ပြောမလဲ ဆိုတာကို မမေးဘဲ သိနေသည်။

ထို့ပြင် နောက်ဆုံး စကားက သူ့ကို တိတ်တဆိတ် ထိုးဖောက်ခံလိုက်ရသည်။

နန်ကျဲ့ နောက်ဆုံး မပြောခင်အထိ သူတို့ နှစ်ယောက်သည် ခဏကြာ စကားပြောနေကြသေးသည်။

“တကယ်တော့ မင်း ဘာအကြောင်းကိုမှ စိတ်ပူစရာ မလိုပါဘူး။ အဲဒါတွေ အားလုံးက အတိတ်မှာပါ။ နန်ကောကို ဘယ်တုန်းကမှ ရိုက်နှက်တာ ဆူပူတာမျိုး မလုပ်ဖူးဘူး။ အဲဒါကို စိတ်မပူပါနဲ့။ အတိတ်မှာလည်း မလုပ်ခဲ့သလို အနာဂတ်မှာလည်း ခွင့်ပြုမှာ မဟုတ်ဘူး။

******

All Chapters