← Chapters

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း ၁၅၈

Vol. 16 Ch. 158

158 01

အပိုင်း (၁၅၈) ငါတို့ကို နှောက်ယှက်မဲ့အစား မင်းကိုယ်မင်း စောင့်ရှောက်ဖို့ အကြံပေးချင်ပါတယ်

အဘွားကြီး၏ မွေးနေ့ပွဲမှာ အလွန် မြန်မြန် ရောက်ရှိလာသည်။

မွေးနေ့ပွဲ မတိုင်ခင် ညက နန်ကောသည် ကျန်း‌မြို့တော်သို့ ပြန်လာကာ အိမ်အိုကြီးတွင် ကြိုတင် ရောက်ရှိနေသည်။

ရှန်ရန်ချင်းကမူ နောက်တစ်နေ့မှသာ ပို့သို့ ရောက်လာနိုင်လိမ့်မည်။

ထိုညတွင် နန်ကော စားပြီးသည့် နောက်တွင် နန်ကျဲ့က လမ်းလျှောက်ထွက်ရန် သူမကို ခေါ်ထုတ်လိုက်သည်။

နန်ကောသည် အစကတော့ မသွားချင်‌ခဲ့ပေ။ ထိုအချိန်တွင် သူမသည် သက်တောင့်သက်သာနှင့် ရေသာချိုးချင်နေသည်။ သို့သော်လည်း သူမ အစ်ကိုသည် မကြာသေးခင်ကမှ စိတ်ဓာတ်ကျထားတာကို သူမ သတိရသွားသည်။ မောင်နှမ နှစ်ယောက်တည်း စကားမပြောရတာ အတော်ကြာပြီ ဖြစ်သောကြောင့် သူနှင့် ထွက်လာလိုက်သည်။

နန်ကျဲ့ ထွက်လာသော အချိန်တွင် သူတို့ အဖိုး၏ ကြောင်ကိုတောင် ယူလာလိုက်သေးသည်။

တစ်ခြားလူများက သူတို့၏ ခွေးနှင့် လမ်းလျှောက်ကြသော်လည်း သူကတော့ ကြောင်နှင့် လမ်းလျှောက်နေသည်။

သူတို့အဖိုး၏ ကြောင်မှာ ဝနေပြီး အမြဲတမ်းလိုလို အနီးအနားသို့ သယ်သွားလေ့ရှိသည်။ အရင်က လမ်းလျှောက်ဖို့ကို တစ်ခါမှ မခေါ်သွားဖူးပေ။

သို့သော်လည်း နန်ကျဲ့မှာ အိမ်ရှေ့စံ မင်းသားလေး ဖြစ်တာကို သိသောကြောင့် ကမူးရှူးထိုး မလုပ်ရဲပဲ မနက်ဖြန် ရောက်ရင် ကွပ်မျက်ခံရမှာကို ကြောက်နေသည်။ ကြောင်ဝကြီးသည် မြေပေါ်ကို ချလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ထွားကြိုင်းသော ခန္ဓာကိုယ်နှင့် လှည့်ပတ်နေပြီး နန်ကျဲ့နှင့် အတူရှိနေဖို့ရာ အကောင်းဆုံး ကြိုးစားလိုက်သည်။

နန်မိသားစုထဲရှိ လူတိုင်းက အိမ်ရှေ့စံ မင်းသားလေးကို တကယ့်ကို ကြောက်ကြသည်။

“မင်း မနက်ဖြန် ရှန်ရန်ချင်းကို သွားကြိုဦးမှာလား”

မီတာပေါင်း များစွာ လမ်းလျှောက်ပြီးနောက် နန်ကောသည် သူမ၏ အစ်ကို စကားပြောသံကို ကြားလိုက်ရသည်။

သူမ၏ ခေါင်းကို ခါလိုက်သည်။

“မလိုပါဘူး။ ဖိတ်စာမှာ လိပ်စာ ပါတယ်မလား။ သူ့ကို လာကြိုဖို့ မလိုဘူးလို့ သူ ပြောထားတယ်။ မနက်ဖြန် သူရောက်တဲ့ အချိန်မှ ပွဲခန်းမ ရှေ့ကို ထွက်ကြိုယုံပဲ”

“ကောင်းပြီ”

နန်ကျဲ့က ပြန်ပြောလိုက်ပြီး ဘာတစ်ခုမှ မပြောတော့ပေ။

နန်ကောသည် ဘာအကြောင်းကို ပြောရမလဲဆိုတာကို မသိသောကြောင့် သူ့နောက်မှ လိုက်သွားသည်။

ကျန်းမြို့တွင် နွေဦး ရောက်နေပြီ ဖြစ်သည်။ ချင်းမင် မတိုင်ခင်နှင့် အပြီးတွင် မိုးပြတ်တောင်းပြတ်တောင်း ရွာခဲ့သော်လည်း ချမ်းအေးခြင်း မရှိပေ။ နန်ကောသည် ကုတ်အင်္ကျီ ပါးပါးလေးကို ဝတ်ထားသော်လည်း ညအချိန်တွင် အေးတယ်လို့ မခံစားရပေ။

နန်ကောသည် သူတို့ရှေ့ရှိ အသံကြောင့် ရုတ်တရက် မဆွဲဆောင်ခံရခင်အထိ သူတို့နှစ်ယောက်နှင့် ကြောင်ကလေးသည် အချိန်အတော်ကြာ လမ်းလျှောက်နေခဲ့သည်။

မနီးမဝေးတွင် ခြံဝင်ပေါက်၌ ကားတစ်စီး ရပ်လိုက်သည်။ ကား၏ အရှေ့တွင် ပုံရိပ်နှစ်ခု ရှိနေသည်။ သူတို့၏ ပုံရိပ်များအရ အမျိုးသမီးများ ဖြစ်လိမ့်မည်။

နန်ကော၏ မျက်လုံးများက စူးစူးစိုက်စိုက် ကြည့်နေသည်။ နန်ကျဲ့သည် ဂရုမစိုက်ဘဲ သူတို့ကို ကြည့်တောင် မကြည့်ပေ။

ကားဖြတ်သွားသော အချိန်တွင် မောင်နှမ နှစ်ယောက်သည် ရင်းနှီးသော နာမည် တစ်ခုကို ကြားလိုက်သောကြောင့် တစ်ညီတစ်ညွတ်တည်း လှည့်ကြည့်လိုက်ကြသည်။

မောင်နှမ နှစ်ယောက်၏ မျက်လုံးများက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပြီး သူတို့၏ ဆန့်ကျင်ဘက်ရှိ လူက သူတို့၏ ဦးတည်ရာကို မြန်မြန် ကြည့်လိုက်သည်။ နန်ကောသည် အံ့အားသင့်သွားသောကြောင့် ကျင့်ဝတ်ကို ခဏတာ အာရုံမစိုက်နိုင်တော့ပေ။ တစ်ဖက်တွင် နန်ကျဲ့သည် စိတ်မြန် လက်မြန်ရှိပြီး အကြောက်တရား ကင်းမဲ့သည်။

“နန်ကောလား”

ကား၏ ရှေ့ဘက်ရှိ အမျိုးသမီးက နန်ကောကို အရင်‌ဆုံး မှတ်မိသည်။ သူမသည် ပြုံးကာ မတ်မတ်ရပ်လိုက်သည်။

158 02

“ဘယ်လိုတောင် တိုက်ဆိုင်တာလဲ။ ငါတို့ ထပ်တွေ့ပြန်ပြီ။ မင်းငါ့ကို မှတ်မိလား။ ငါက ရှန်ရန်ချင်းရဲ့ ဝမ်းကွဲလေ”

“အော်”

နန်ကောက မျက်တောင်ခတ်လိုက်သည်။

“မင်္ဂလာပါ”

သူမ၏ နောက်ရှိ အမျိုးသမီးကြီးကို ကြည့်ရန် လှည့်လိုက်သည်။ သူမ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသေးခင်မှာပင် သူမသည် ဆိုးရွားသော ခံစားချက် တစ်ခုကို ခံစားလိုက်ရသည်။

တစ်ယောက်နှင့် တစ်ယောက် ကြည့်ပြီးနောက်တွင် သူမ၏ နှုတ်ခမ်းကို ဖိလိုက်သည်။ မျှော်လင့်ထားသလိုပင် သူမသည် ရှန်ရန်ချင်း၏ အမေဖြစ်သည်။

ဘယ်လို တိုက်ဆိုင်တာလဲ။

သူတို့ နောက်ဆုံးအကြိမ် တွေ့ခဲ့တုန်းက သိပ်မသာယာသော်လည်း သူမကို နှုတ်ဆက်ရသည်။ သူမက ရိုသေစွာ ခေါင်းညိတ်လိုက်သည်။

“ဟယ်လို အန်တီ”

“အဟမ်း”

အမျိုးသမီးကြီး၏ အကြည့်က သူမ၏ မျက်နှာပေါ်ကို ကျော်ဖြတ်သွားကာ နန်ကျဲ့ဆီသို့ ရောက်သွားသည်။

နန်ကောနှင့် ရှန်ရန်ချင်း ဝမ်းကွဲ၏ ကြားရှိ အပြောအဆိုကို နန်ကျဲ့ကြားပြီးနောက် အမျိုးသမီး၏ အထောက်အထားကို အကြမ်းဖျင်း ခန့်မှန်းမိသည်။

ထိုအကြောင်းကို တွေးလိုက်မိတော့ ရှန်ရန်ချင်းနှင့် သူ၏ အမေတွင် ကောင်းမွန်သော ဆက်ဆံရေး မရှိပေ။ ထို့အပြင် တစ်ဖက်လူ၏ အကြည့်များကို သူ့ကို အလွန် မပျော်မရွှင် ဖြစ်သွားစေသည်။ တစ်ဖက်လူအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ သူ့အတွက် မလိုအပ်ပေ။

သူမကို နှုတ်ဆက်ဖို့ရာ ရည်ရွယ်ချက်မရှိပေ။ သူ၏ လက်တစ်ဖက်က ကြောင်ကို ကိုင်ထားပြီး တစ်ခြားတစ်ဖက်က နန်ကော၏ လက်ကို ဆွဲထားသည်။

“မင်း ဘာကို စောင့်နေတာလဲ။ သွားကြမယ်”

“အို”

နန်ကော၏ ခန္ဓာကိုယ်က စောင်းနေသည်။ သူမ သတိပြန်ဝင်လာသော အချိန်တွင် သူမသည် မြန်မြန် လှည့်လိုက်ပြီး အမျိုးသမီးကြီးကို နှုတ်ဆက်လိုက်သည်။ သူမက ဘာကိုမှ မပြောဘဲ ခေါင်းသာ ညိတ်ပြသည်။

သူမ လှည့်တော့မည့် အချိန်တွင် သူမ၏ နောက်ရှိ အမျိုးသမီးက သူမ၏ နာမည်ကို တကယ် ခေါ်လိုက်သည်။

“နန်ကော ဟုတ်တယ်မလား”

“အာ ဟုတ်ပါတယ်”

နန်ကောနှင့် နန်ကျဲ့သည် တစ်ချိန်တည်းမှာပင် ရပ်လိုက်ပြီး ခြေလှမ်း အနည်းငယ် အကွာမှ အမျိုးသမီးကို လှည့်ကြည့်လိုက်သည်။

နန်ကျဲ့၏ အမူအရာမှာ မပျော်မရွှင် ဖြစ်နေသည်။ သူ၏ အကြည့်များထဲတွင် မောက်မာခြင်းနှင့် ပြောင်ပြောင်တင်းတင်း သတိပေးခြင်းများဖြင့် ပြည့်နေသည်။

သူသည် ထိုညတွင် ပေါ့ပေါ့ပါးပါး ဝတ်စုံကို ဝတ်ဆင်ထားပြီး နောက်ခံကောင်းသော အမျိုးသားငယ် တစ်ဦး၏ ကိုယ်ရောင် ကိုယ်ဝါကို ဖော်ထုတ်ပြသလို ဖြစ်နေသည်။

သူ၏ မျက်နှာပေါ်တွင် “ပြောစရာရှိတယ် ဆိုရင် ပြောပါ” ဟူသော စကားလုံးကို အတိုခုပ် ရေးထားသလို ဖြစ်နေသည်။

“တစ်ခြား ရှိသေးလို့လား အန်တီ”

အမျိူးသမီးက ရှေ့သို့ လှမ်းလိုက်ပြီး ကားနောက်မှ လမ်းလျှောက်ထွက်လာသည်။ သူမက အေးတိအေးစက် မေးလိုက်သည်။

“သိပ်မကြာ‌သေးခင်က နင်နဲ့ ယန်ချင်း သူ့အဖေနဲ့ တွေ့ကြသေးတယ်ဆို”

“ဟုတ်တယ်”

သူမက နားမလည်ပေ။

“ပြသနာ ရှိလို့လား”

“သူရဲ့ မိထွေးနဲ့ကော တွေ့ခဲ့တာလား”

နန်ကောက ခေါင်းထပ်ညိတ်လိုက်သည်။

“သူတို့နှစ်ယောက်က မင်းပေါ်ကို ကောင်းကောင်းဆက်ဆံမှာပါ”

နန်ကောက မျက်မှောင် ကြုတ်ကာ ဘာမှ မပြောပေ။

“မိန်းကလေးနန် မင်းကို အရမ်းချစ်စရာ ကောင်းပြီး နှစ်လိုဖွယ် ရှိတယ်လို့ နောက်ဆုံး အကြိမ်တုန်းက ငါပြောခဲ့တာကို မှတ်မိနေသေးတယ်။ ဒါပေမဲ့ လူတစ်ယောက် ကြီးပြင်းလာမှုနဲ့ မိသားစု နောက်ခံရဲ့ ရှေ့မှာ ချစ်စရာ ကောင်းတာက အသုံးမဝင်ဘူးဆိုတာကို မင်း သိထားသင့်တယ်”

“ပြတ်ပြတ်သားသား ပြောရမယ်ဆိုရင် မင်းက ချစ်စရာ ကောင်းပေမဲ့ ဒီလောက်ပါပဲ။ ငါရဲ့ စီရင်ချက်ကတော့ အတူတူပဲ ရှိနေသေးတယ်။ သူစိမ်းတစ်ယောက် အနေနဲ့ မင်းအပေါ်မှာ ထင်မြင်ချက် သိပ်မရှိဘူး။ ဒါပေမဲ့ ငါ့သားရဲ့ ကောင်မလေး အနေနဲ့ မင်းကိုတော့ သိပ်ပြီး မကျေနပ်နိုင်ဘူး”

“ငါတို့ နောက်ဆုံးအကြိမ် တွေ့တုန်းက ငါ ဆိုလိုတာကို မင်းနားလည်လိမ့်မယ်လို့ ငါ တွေးထားတာ။ မင်း အဲဒီလောက်မြန်မြန် လှုပ်ရှားလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ မင်းက သူ့အဖေကိုတောင် တွေ့ပြီးသွားပြီ”

“အဲဒါအပြင် သူ့အဖေနဲ့ မိထွေးက မင်းနဲ့ တကယ်ကို ကျေနပ်နေတယ်လို့ တွေးမနေနဲ့ဦး။ သူ့အဖေမှာ နူးညံ့တဲ့ စရိုက် ရှိပေမဲ့ ဘာထူးခြားတဲ့ ထင်မြင်ချက်မှ မရှိဘူး။ ဒီအတိုင်းပဲ ပြောရအောင်။ ရှန်ရန်ချင်းရဲ့ ကောင်မလေးကို လမ်းဘေးက ဖြတ်သွားဖြတ်လာ တစ်ယောက်ကို ရွေးရမယ် ဆိုရင်တောင် သူ့အဖေအတွက်က ကိစ္စမရှိဘူး သူ့မိထွေးပဲ”

“သူ့အဖေကို ငါ ကွာရှင်းထားတာကြောင့် ရှန်မိသားစုထဲကို လွယ်လွယ်ကူကူနဲ့ ဝင်ပြီး လက်ထပ်နိုင်လိမ့်မယ်လို့တော့ မထင်နဲ့။ ငါက ရှန်ရန်ချင်းရဲ့ အမေအဖြစ် ရှိနေသေးတယ်။ မင်းကို ငါ့သားနားကနေ ထွက်သွားအောင် လုပ်ပိုင်ခွင့် ငါ့မှာ ရှိတယ်”

158 03

ရှန်ရန်ချင်း၏ အမေနှင့် သဘောတူညီချက်ရရန် မလွယ်ကူကြောင်းကို နန်ကျဲ့ အတော်ကြာ ကြားလိုက်ရသည်။

သူ ကြားလိုက်ရသည့် အတိုင်း သူမသည် တကယ်ကို အရိုက်ခံရဖို့ တောင်းဆိုနေသည်။

သူ့နောက်ရှိ နန်ကောကို ဆွဲလိုက်ပြီး ကြောင်ကြိုးကို သူမ၏ လက်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူက ရှေ့သို့ လျှောက်သွားသည်။

“ရှန်ရန်ချင်းရဲ့ အမေအရင်းလား”

“တောက် မင်းရဲ့ စကားလုံးတွေက တကယ်ကို ဟန်မဆောင်နိုင်ဘူးပဲ”

“နန်ကောကို ရှန်ရန်ချင်းနားကနေ ထွက်သွားအောင် လုပ်ဖို့က မခက်ပါဘူး။ ဒါပေမဲ့ ရိုးသားမှု အချို့ကိုတော့ ပြသင့်တယ်မလား။ ခင်ဗျားက အပြောပဲ ရှိ‌တာပါ။ တကယ်ဆိုရင် ခင်ဗျားက ကလေးတွေကို ချော့နေတယ်လို့ ထင်တာလား”

အမျိုးသမီးက သူ့ရှေ့ရှိ ယောကျာ်းကို အကဲဖြတ်ကာ သူ့ကို ရင်းနှီးနေတာကို တွေ့လိုက်သည်။

သို့သော်လည်း ယခု ထိုအကြောင်းကို နက်နက်နဲနဲ တွေးဖို့ရာ စိတ်မဝင်စားသေးသလို သူ၏ ကိုယ်ရေးကိုယ်တာကိုလည်း ဂရုမစိုက်နိုင်သေးပေ။

“မင်း ဘယ်လောက် လိုချင်တာလဲ ငါ့ကိုပြော”

သူမ မျှော်မှန်းထားသည့်အတိုင်း သူမ၏ အိတ်ထဲရှိ ပိုက်ဆံအိတ်ကို ဆွဲထုတ်လိုက်သည်။

“အများကြီး မလိုချင်ပါဘူး။ ၁ဘီလီယံ ဆိုရင် ဘယ်လိုလဲ”

သူတို့၏ မျက်နှာချင်းဆိုင်ရှိ အမျိုးသမီးက အိတ်ကို ကိုင်ကာ အေးခဲသွားပြီး သူမသည် ကစားခံလိုက်ရကြောင်း သိသွားသည်။ သူမ ဒေါသ ထွက်နေပုံ ပေါ်သည်။

“မင်းက တကယ်ကို တောင်းရဲတဲ့ သတ္တိရှိတာပဲ”

“ဒါပေါ့”

နန်ကျဲ့က သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။

“နန်ကောက လက်ထပ်ပြီးသွားရင် ရှန်မိသားစုရဲ့ အမျိုးသမီးငယ်လေး ဖြစ်လာမှာလေ။ တစ်ဘီလီယံကို ထားခဲ့လိုက် သူမက အဲထက်ပိုပြီး ရလာမှာ။ အဲဒါအပြင် ခင်ဗျားရဲ့ သားက နန်ကောကို ဘယ်လောက် ကြိုက်လဲဆိုတာကို သိထားသင့်တယ်။ သူ့ရဲ့ ပင်ကိုယ်စရိုက်ကို တွေးကြည့်မယ်ဆိုရင် သူက ချစ်ခြင်း မေတ္တာကိုပဲ ဂရုစိုက်တတ်တာကြောင့် မင်္ဂလာဆောင် လက်မှတ်ကို ကြိုတင် မထိုးထားတာတောင် ဖြစ်နိုင်တယ်။ အချိန် ရောက်လာပြီ”

“ငါးမီလီယံထက်တော့ မပိုဘူး”

“ခင်ဗျားက သူတောင်းစားကို ငြင်းလွှတ်နေတာလား။ ဒီဂေါ်ဖီထုပ်လေးကို မြေတောင်မြှောက်ပေးဖို့ ငါ့ရဲ့ နှစ်စဉ် ကုန်ကျစရိတ်က ငါးမီလီယံထက် ပိုတယ်”

နန်ကောသည် အနောက်မှ သူ၏ အင်္ကျီလက်ကို ဆွဲကာ ထွက်သွားဖို့ကို ညွှန်ပြနေသည်။ နန်ကျဲ့က သရော်ပြုံး ပြုံးကာ အမျိုးသမီးကို မော့ကြည့်လိုက်သည်။ သူက သူမကို အေးစက်စွာ စိုက်ကြည့်နေသည်။

“မေ့လိုက်တော့။ ကျုပ် ဒီမှာ ခင်ဗျားနဲ့ အချိန်မဖြုန်းချင်ဘူး”

“အတိုချုပ် ပြောရရင် သူတို့ နှစ်ယောက် အတူ ရှိမရှိဆိုတာ ပြောနေဖို့ကို မလိုဘူး။ သူ့ရဲ့ အနာဂတ် မင်္ဂလာဆောင်မှာ ခင်ဗျားကို ဖိတ်ချင်တယ်လို့ ရှန်ရန်ချင်းဆီကနေ ကျုပ် ကြားခဲ့တယ်။ အဲဒါက အခုတော့ မလိုတော့ဘူးလို့ ကျုပ် ထင်တယ်။ နန်မိသားစုက အဲဒါကို သည်းခံမှာ မဟုတ်ဘူး။ ကျုပ်တို့ကို စိတ်အနှောက်အယှက် ပေးနေမဲ့အစား ခင်ဗျားရဲ့ အခြေအနေကို ထိန်းထားသင့်တယ်”

******

All Chapters