အခန်း ၁၆၀
Vol. 16 Ch. 160
160 01
အပိုင်း (၁၆၀) ငါ သူ့ကို လိုက်မမှီနိုင်ဘူး
နန်ကောသည် ကားထဲသို့ ဝင်ပြီးနောက် သူမ၏ ဒုတိယ အစ်ကိုကို လိပ်စာပေးလိုက်သည်။
လမ်းတစ်လျှောက်လုံး သူမနှင့် ဒုတိယ အစ်ကိုသည် ဘာအကြောင်းမှ မပြောခဲ့ကြပေ။ သူတို့နှစ်ယောက်သည် စကားဆယ်ခွန်းအောက်သာ ပြောခဲ့ကြသည်။
သို့သော်လည်း ဒါကလည်း ကောင်းပါသည်။ ၎င်းက အဆင်မပြေမှုများကို တားဆီးနိုင်သည်။
ချီယန် သူမကို ပေးသော လိပ်စာမှာ သိပ်မဝေးလှပေ။ ဆယ်မိနစ် မောင်းရုံလောက်သာ ဝေးသည်။
နန်ကောသည် ကားထဲမှ ထွက်ပြီး ကားမောင်းသူ နေရာကို လှည့်ကြည့်လိုက်သည်။ သူမ မပြောရသေးခင်မှာပင် ဒုတိယ အစ်ကိုက ပြောလိုက်သည်။
“သွားလေ အစ်ကို မင်းကို ဒီမှာစောင့်နေမယ်”
သူမ၏ နှုတ်မှ ထွက်လာမည့် စကားလုံးများကို ပြန်မြိုချလိုက်သည်။
သူမ၏ အစ်ကိုကို ကျေးဇူးတင်စကား ပြောပြီးနောက် နန်ကောသည် စားသောက်ဆိုင်ထဲသို့ ပြေးဝင်သွားသည်။
စားသောက်ဆိုင်မှာ သိပ်မကြီးဘဲ ထိုအချိန်တွင် စားသုံးသူလဲ အများကြီး ရှိမနေခဲ့ပေ။ ၎င်းမှာ အရမ်း ဝေးလွန်းသောကြောင့် ဖြစ်နိုင်သော်လည်း ပုံစံကတော့ ညနှောင်းပိုင်း စားသောက်ဆိုင်နှင့် အနည်းငယ် တူသည်။
နန်ကော ဝင်လာသော အချိန်တွင် ချီယန်ကို ချက်ချင်း တွေ့လိုက်သည်။ သူမသည် တစ်ယောက်တည်းထိုင်ကာ ခေါင်းကို ငုံ့ပြီး သူမ၏ ခေါက်ဆွဲကို တိတ်တဆိတ် စားနေသည်။
သူမသည် ရှေ့သို့ သွားလိုက်ကာ သူမ၏ ဘေးရှိ ဘာမှ မရှိသော နေရာတွင် ထိုင်လိုက်သည်။
“မင်္ဂလာ ညချမ်းပါ”
ချီယန်က သူမကို လှည့်ကြည့်ကာ ပြုံးလိုက်သည်။
“မင်း မြန်မြန် ရောက်လာတာပဲ။ မင်းရောက်မလာခင် ခေါက်ဆွဲ စားပြီးလိမ့်မယ်လို့ ငါထင်ထားတာ”
“ကျွန်မလည်း နီးနီးလေးမှာ ဖြစ်နေလို့လေ”
နန်ကောသည် စားဖို့ရာ ဘာမှ မမှာခဲ့ပဲ သောက်စရာ တစ်ခုကိုသာ မှာလိုက်သည်။
“ကျွန်မ အပြင်မှာ အကြာကြီး နေလို့မရဘူး။ ကျွန်မ ရှင့်ကို တွေ့ဖို့လာတာ အစ်ကို မသိဘူး”
ထူးဆန်းသော ခံစားချက်သည် ပျောက်ကွယ်မသွားခင် ခဏတာ အတွင်း ချီယန်၏ မျက်လုံးကို ဖြတ်ကာ လင်းလက်သွားသည်။
သူမ၏ တူကို ချလိုက်သည်။
“ဒါဆို လိုရင်းပဲ ပြောကြတာပေါ့။ မင်းလည်း စောစော ပြန်လို့ ရတာပဲ”
“ကောင်းပြီ”
“ကျွန်မ အစ်ကိုဘက်က ရပ်တည်ပေးဖို့ ဒီနေရာမှာ ရောက်နေတာ မဟုတ်ဘူးလို့ ပြောပြချင်ပါတယ်။ ဒီကိစ္စမှာ မှန်လား မှားလားဆိုတာကို ကျွန်မ မတွေးပါဘူး။ အဲဒါအပြင် ရှင်တို့ နှစ်ယောက်ကြားမှာ ဘာဖြစ်လဲ ဆိုတာကို ကျွန်မ မသိဘူး”
“ရှင့်ရဲ့ ကိစ္စမှာ ကျွန်မ ဝင်ရောက် မစွက်ဖက်နိုင်ဘူးဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့…..”
နန်ကောသည် စိတ်ညစ်သော အမူအရာဖြင့် သူမ၏ ဂုတ်ကို ကုတ်လိုက်သည်။
“အစ်မ ကျွန်မကို နန်ကျဲ့ရဲ့ ညီမအနေနဲ့ တွေးစရာ မလိုပါဘူး ပြီးတော့ အစ်မရဲ့ ပုံမှန်သူငယ်ချင်း အနေနဲ့ ကျွန်မကို ဆက်ဆံပေးပါ။ စိတ်မပူပါနဲ့။ ဒီကိစ္စကို ရှင်နဲ့ ရိုးရိုးလေးပဲ စကားပြောချင်တာပါ”
“မင်း ဘာကို ဆိုလိုလည်း ငါနားလည်ပါတယ်”
ချီယန်က ခေါင်းညိတ်လိုက်သည်။
“ငါတို့ ကြားထဲမှာ နားလည်မှု လွဲစရာ မရှိပါဘူး”
“အရိုးသားဆုံး ပြောရရင် အစ်ကိုနန် အဲဒီနေ့က ကျွန်မကို ပြောတဲ့ အချိန် သူ နောက်နေတယ်လို့ ကျွန်မ ထင်နေတာ”
နန်ကော၏ မျက်လုံးများ တောက်ပလာသည်။
“ဆိုလိုတာက….”
သူမ၏ အစ်ကိုတွင် မျှော်လင့်ချက် ရှိနေသေးတာလား။
သူမ ပြီးအောင် မပြောရသေးခင်မှာပင် ချီယန်က ဆက်ပြောလိုက်သည်။
“အဲဒါက နောက်နေတာ ဒါမှမဟုတ် တစ်ခုခု ဆိုရင်တောင် ကျွန်မရဲ့ အဖြေကတော့ အတူတူပါပဲ။ ရလဒ်ကတော့ မပြောင်းပါဘူး”
“ဒါဆို ရှင် သူ့ကို သိတာ ကြာနေတာကြောင့်လား။ ဒါမှမဟုတ် ကျွန်မ အစ်ကိုက ရှင့်ရဲ့ လိုအပ်ချက်တွေနဲ့ မကိုက်ညီလို့လား”
ခဏ ကြာပြီးနောက် နန်ကော၏ မျက်လုံးထောင့်များ မှေးမှိန်သွားသည်။
“ဒါမှမဟုတ် ရှင် သူ့ကို မကြိုက်တာလည်း ဖြစ်နိုင်တာပဲ”
ချီယန်၏ မျက်တောင်များ အနည်းငယ် လှုပ်ခတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူမက ပြောလိုက်သည်။
“ငါတို့ကြားက အကွာအဝေးက အရမ်း ဝေးလွန်းတယ်လို့ ငါထင်တယ်။ ငါတို့ သူငယ်ချင်း ဖြစ်နေတုန်းက ဆိုရင် ငါတို့ကြားမှာ ကျော်ဖြတ်လို့ မရတဲ့ ကွာဟချက်တွေ ရှိတယ်လို့ ဘယ်တုန်းကမှ မခံစားရဘူး”
“ငါတို့ ကျောင်းတက်နေတဲ့ အချိန်တုန်းက ငါတို့ ကြားမှာ ဘာအကွာအဝေးမှ မခံစားရဘူး။ ပြီးတော့ ငါတို့ ထပ်တွေ့တဲ့ အချိန်မှာလည်း အတူတူ ဆိုပေမဲ့ အဲဒါက သူငယ်ချင်း ရှုထောင့်ကနေပဲ”
“တကယ်လို့ ငါတို့က သူငယ်ချင်းသာ မဟုတ်ဘူးဆိုရင် ငါ သူ့ကို တကယ် လိုက်လို့ မမှီနိုင်ဘဲ ငါတို့ရဲ့ ဆက်ဆံရေးက Ders Dectiveရဲ့ အဖော်လိုမျိုး ဖြစ်နေမှာ”
160 02
“မင်း နားလည်လား”
နန်ကောက စဉ်းစားကာ ပြောလိုက်သည်။
“ရှင်တို့ တစ်ယောက်ကိုတစ်ယောက် ကြိုက်နေသ၍ အဆင်ပြေတယ် မဟုတ်ဘူးလား။ အကွာအဝေးက ပြသနာ မဟုတ်ပါဘူး”
“ငါလည်း အဲ့လို တွေးဖူးလို့ သူနဲ့ အေးအေးဆေးဆေး သူငယ်ချင်း လုပ်နိုင်တာပေါ့။ ငါတို့က သူငယ်ချင်း ဖြစ်နေတာကြောင့် သူ့အသိုင်းအဝိုင်းနဲ့ အရမ်း ရင်းနှီးနေတာကြောင့် ငါတို့ အတူတူ ရှိဖို့ မဖြစ်နိုင်ဘူးဆိုတာ ငါ နားလည်တယ်”
“ပြန်တွေ့ပြီးတဲ့ နောက်မှာ ငါတို့ကြားက ကွာခြားချက်ကို တစ်ကြိမ်ထက် ပိုပြီး ခံစားနေရတယ်”
“ပြီးခဲ့တဲ့ ရက်အနည်းငယ်က သူ ပါတီပွဲမှာ ရှိနေခဲ့ပြီး ငါလည်းပဲ ရှိနေခဲ့တယ်။ အဲတ့ာ သူငါ့ကို သတိမထားမိလို့လေ။ သူ့ပတ်ဝန်းကျင်က လူတွေက ငါ့လို မဟုတ်ဘူး”
နန်ကျဲ့က ထိုပွဲတွင် ပါဝင်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
နန်ကျုဲ့သည် သူ့လက်အောက်ရှိ အနုပညာရှင် အချို့နှင့် အတူ တက်ရောက်ရန် ဖိတ်ကြား ခံခဲ့ရသည်။ သူမကတော့ အလုပ်လုပ်ရမဲ့ ငါးပေါက်ကလေး တစ်ကောင် ဖြစ်သွားသည်။
အစကနေ အဆုံးထိ နန်ကျဲ့က သူမကို မမြင်ခဲ့ပေ။
၎င်းမှာ သူသည် လှုပ်ရှားမှု တစ်ခုလုံး၏ အလယ်တွင် တစ်ချိန်လုံး ရှိနေသောကြောင့် ဖြစ်သည်။ သူ့အနီးအနားတွင် လူပျက်ခြင်း မရှိခဲ့ပေ။
သူမကရော။ ထိုအချိန်တုန်းက သူမ ဘယ်မှာလဲ။
သူမသည် မျက်နှာဖုံးကို ဝတ်ဆင်ကာ ရိုးရိုး အလုပ်ဝတ်နှင့် ပစ္စည်း ကိရိယာများကို သယ်ကာ ပွဲ၏ ထောင့်တွင် ပြေးလွှားနေရသည်။
လက်ရာမြောက်သော ညနေခင်း ဝတ်စုံများ ဝတ်ဆင်ထားသည့် သူ့ပတ်ဝန်းကျင်ရှိ အမျိုးသမီးများနှင့် နှိုင်းယှဉ်လျှင် သူမသည် လုံးဝ ဆွဲဆောင်မှု မရှိပေ။
သူတို့သည် မတူညီသော ကမ္ဘာနှစ်ခုမှ ဖြစ်ကြသည်။
အရင်ကလိုသာ သူတို့ သူငယ်ချင်းများ ဖြစ်ခဲ့လျှင် သူမသည် တစ်ခြားလူများ၏ စကားသံများကို ဂရုမစိုက်ဘဲ ဆွံ့အ နားမကြားကဲ့သို့ ဟန်ဆောင်ကာ ဆက်နေနိုင်သည်။
သို့သော်လည်း သူမသည် ရှေ့သို့ နောက်တစ်လှမ်း တိုးလိုက်လျှင် ၎င်းမှာ သူမအတွက် ပေ၁သောင်း ချောက်ကမ်းပါး ဖြစ်သွားနိုင်သည်။ သူမ နိုးထသင့်သည်။
“ငါတို့ ကျောင်းတက်နေတဲ့ အချိန်တုန်းက ငါတို့က ငယ်သေးတယ်။ တစ်ယောက်ကို တစ်ယောက် မိသားစုကို တကယ် ဂရုမစိုက်ခဲ့ကြဘူး။ အဲဒီအချိန်တုန်းက ငါတို့က အရမ်းကို အပြစ်ကင်းစင်ခဲ့ပုံပဲ။ ဒါပေမဲ့ ငါ့ရဲ့ မိသားစုက အရင်အတိုင်းပဲ ရှိနေဦးမယ် ဆိုရင် အခု ငါ့မှာ ယုံကြည်မှု အချို့ ရှိနေသေးတာလဲ ဖြစ်နိုင်တယ်”
ကံမကောင်းစွာဖြင့် အဖြစ်အပျက်များက တကယ်ကို မြန်ဆန်လွန်းသည်။
နန်ကျဲ့နှင့် သူမ ကြားရှိ ကွာခြားချက်မှာ ကြီးမားလွန်းသည်။
သူမ ကျောင်းတက်နေတဲ့ အချိန်တုန်းက နန်ကျဲ့၏ မိသားစုကို လုံးဝ ကောင်းကောင်း မသိသော်လည်း သူ၏ အပြုအမူနှင့် သူငယ်ချင်းများအရ သာမန်လူ မဟုတ်ကြောင်းကို ပြောနိုင်သည်။
“တကယ်တော့ ဒီနှစ် ငါတို့ ပြန်မဆုံခင် ကတည်းက သူ့အသိုင်းအဝိုင်း အကြောင်းကို အနည်းအကျဉ်း မေးဖူးတယ်။ တစ်ခြားလူတွေဆီက မေးတာနဲ့တင် ငါတို့က အရမ်းဝေးကွာလွန်းတယ်လို့ ငါ ထင်နေပြီ။ သူ့လိုလူက ထုံးစံအတိုင်း ဆိုရင် အဆင့်အတန်းတူတဲ့ တစ်ယောက်ယောက်ကို ရှာတွေ့နိုင်တယ်။ အဲဒီတစ်ယောက်ယောက်က ငါမဖြစ်သင့်ဘူး”
ချီယန်သည် သူမ၏ မျက်လုံးကို မှေးလိုက်ပြီး သူမ၏ ခေါင်းထပ်ရှိ မှိန်ပျပျ အလင်းရောင်ကို ကြည့်လိုက်သည်။
“ဒီကမ္ဘာပေါ်မှာ ဒဏ္ဍာရီ ပုံပြင်တွေ မရှိပါဘူး။ စင်ဒရဲလား လေးလည်း ငါ မဖြစ်ချင်ဘူး”
ထိုမှသာ နန်ကော နားလည်သွားသည်။
“ဒါဆို ရှင်က သူ့ကို မကြိုက်တာ မဟုတ်ဘူးပေါ့။ ကျွန်မ အစ်ကို…..ကျွန်မအစ်ကိုက ရှင့်ရဲ့ လိုအပ်ချက်တွေနဲ့ မကိုက်ညီဘူးလို့ တွေးနေတာ”
“အဲဒါနဲ့ ပတ်သတ်ပြီး သတ်မှတ်ထားတဲ့ အထူး လိုအပ်ချက် ဆိုပြီး မရှိပါဘူး။ ငါက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တာပါ”
ချီယန်သည် သူမ၏ တူကို ထပ် ကောက်လိုက်ကာ ခေါက်ဆွဲကို မွှေလိုက်သည်။
“ဒါဆို ရှင်သူ့ကို မကြိုက်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြန်ပြောပေးနိုင်မလား။ ကြီးမားတဲ့ ထိုးနှက်မှုမျိုးကို သူ ခံစားနေတယ်လို့ ကျွန်မ ထင်တယ်”
“ဟင့်အင်း”
သူမက ထိုသို့ ဖြစ်ချင်ရင်တောင် ထိုနေ့က ဖြစ်ပျက်ခဲ့သည်များကို သူမ မမေ့နိုင်ပေ။
“ငါတို့ နှစ်ယောက်က သူငယ်ချင်းဖြစ်ဖို့ ပိုသင့်တော်တယ်လို့ ငါ ပြောခဲ့တယ်။ အဲ့လို ပြောင်းဖို့က အကြံကောင်း ဖြစ်တယ်လို့ ငါမထင်ဘူး။ ဒါပေမဲ့လည်း….”
“ငါ့ကို ခက်ခဲစေမဲ့ အရာတွေ မလုပ်ပါနဲ့”
ထိုစကားလုံးကို ကြားပြီးနောက် နန်ကော၏ မျက်လုံးများ ကျယ်လာသည်။
သူမက ပြဿနာ ရှာလိုက်ပုံ ပေါ်သည်။
ချီယန်သည် နန်ကျဲ့ကို မကြိုက်ဘူးဟု ဘယ်တုန်းကမှ မပြောခဲ့ဘူးသောကြောင့် ချီယန်သည် မကြိုက်ဘဲ ဖြားယောင်း မခံနိုင်ပေ။
သို့သော်လည်း ချီယန်က ဆင်ခြင်တုံတရား ရှိလွန်းသည်။
“သူ အရမ်း ဝမ်းနည်းနေလိမ့်မယ်။ အဲဲဒီစကားကြောင့် သူ အထိနာသွားနိုင်တယ်”
ချီယန် ထင်တာလဲ မှန်သည်။
“ဘာလို့လဲဆိုတော့ အဲ့လို ပြောပြီးတဲ့ နောက်မှာ ငါ နောင်တရနေတယ်”
“သူငါ့ကို သေလောက်အောင် မုန်းနေတာ ဖြစ်နိုင်တယ်”
“မဟုတ်ဘူး။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
160 03
နန်ကောက စိတ်အားထက်သန်စွာ သူမ၏ ခေါင်းကို ခါလိုက်သည်။
“ဒီရက် အနည်းငယ် အတွင်း သူ့ကို တောင်းပန်ဖို့ တွေးထားပေမဲ့ အဲ့ဒီမြင်ကွင်းကို တွေးလိုက်တဲ့ အချိန်မှာ ကသိကအောက် ဖြစ်သလို ခံစားနေရတယ်။ သူ့ကို ဘယ်လို မျက်နှာချင်း ဆိုင်ရမလဲဆိုတာတောင် ငါ မသိတော့ဘူး။ မက်ဆေ့တောင်မှ ငါမပို့ရဲဘူး”
“အခု ငါတို့က သူငယ်ချင်းတောင် မဖြစ်နိုင်တော့ဘူး”
ချီယန်က သူမ၏ ခေါက်ဆွဲစားပြီးသည်နှင့် သူမကိုယ် သူမ ပြောနေသည်။
နန်ကော ဆို့နစ်သွားသည်။ သူတို့ နှစ်ယောက်လုံးက တကယ်ကို တူသည်။ တူညီသော အရာကိုတောင် ပြောကြသေးသည်။
သူတို့ မပေါင်းစည်းခဲ့ဘူး ဆိုရင်တော့ သနားစရာပဲ။
နန်ရှီသည် ကားထဲတွင် ထိုင်ကာ ပျင်းလာသောကြောင့် သူ၏ ဖုန်းကို ပွတ်နေသည်။ ရုတ်တရက် တစ်စုံတစ်ယောက်က အပြင်မှ ပြတင်းပေါက်ကို လာခေါက်လိုက်သည်။ သူသည် မျက်မှောင်ကြုတ်လိုက်ပြီး ပြတင်းပေါက်ကို ချရန် သူ၏ ခေါင်းကို လှည့်လိုက်သည်။ အပြင်ဘက်ရှိ ပုံရိပ်ကို သူမြင်သော အချိန်တွင် ကြောင်သွားသည်။
“အစ်ကိုကြီး”
******